Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Friday, February 1, 2013

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူ များသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များ မှတစ်ဆင့် ပြောကြားသည့် မိန့်ခွန်း

(၁ - ၂ - ၂၀၁၃)

မိဘပြည်သူများ ခင်ဗျား -

နှစ်သစ်ကူး မိန့်ခွန်းမှာ ရေဒီယိုကနေ တစ်ဆင့် ကျွန်တော်တို့အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက် များကို အခါအခွင့် သင့်တိုင်း ဆက်သွယ် ပြောကြား သွားမယ်လို့ ပြောကြားခဲ့တဲ့ အတိုင်း ယခုလို ဆက်သွယ် ပြောကြားခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့အခုရောက်နေတဲ့ နေရာကနေ ပြန်လှည့်ကြည့်မယ် ဆိုရင် ကျွန်တော်တို့ အစိုးရသက်တမ်း နှစ်နှစ် အတွင်းမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ များစွာ ပြုလုပ် နိုင်ခဲ့တာ ကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တွေက တစ်ဆင့် အောက်ခြေ အဆင့် ပြည်သူလူထု အားလုံးအထိ သက်ရောက်မှု ရှိစေမယ့် ပြည်သူ့ဗဟိုပြု စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရဖို့အတွက် အရေးကြီးတဲ့ အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး သမိုင်းဝင်နေ့ တစ်နေ့ ဖြစ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ ဟာလည်း နိုင်ငံတကာ ချေးငွေများ လျှော့ချနိုင်မှု နှင့် တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံ စီးပွားရေး သမိုင်းမှာ အရေးပါတဲ့ နေ့တစ်နေ့အဖြစ် မှတ်တမ်းတင် ကျန်ရစ်နေမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ငွေကြေးဈေးကွက် များနှင့် စီးပွားရေး အသိုက်အဝန်း ထဲကို ပြန်လည် ဝင်ရောက်နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းသစ် တစ်ခုကို စတင် နိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ လက်ရှိ ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံများဟာ တစ်ချိန်က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကဲ့သို့ နိုင်ငံတကာ ဘဏ်များ၊ အဖွဲ့များမှ ငွေကြေး အကူအညီ ရယူခဲ့ရ ပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတိုင်းနီးပါးဟာ သန်းထောင်ပေါင်း များစွာသော ငွေကြေးအကူအညီကို ရယူခဲ့ရပါတယ်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံကဲ့သို့ နိုင်ငံကြီးများ၊ တောင်ကိုရီးယားနိုင်ငံ၊ အရှေ့တောင် အာရှနိုင်ငံမျာဖြစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံတို့ဟာ လည်း ငွေကြေးအကူအညီများကို ရယူခဲ့ရပါတယ်။ အထီးကျန်ဆန်တဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ဒီလို အကူအညီတွေ မရနိုင်သလို ရှေ့ကို တိုးတက်ဖို့လည်း အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ (၁၀)စုနှစ် များစွာ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် နိုင်ငံတကာချေးငွေ အကူအညီများ ရယူ နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ယခုအခါမှာတော့ ကျွန်တော်တို့နဲ့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်း အားထုတ်မှု တွေကြောင့် အခြေအနေတွေကို ပြောင်းလဲ နိုင်ခဲ့ပြီဖြစ် ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုး တိုးတက်မှုဘဏ် အပါအဝင် နိုင်ငံတကာ ချေးငွေ အကူအညီ အတွက် အရေးကြီးတဲ့ နိုင်ငံကြီးများနှင့်လည်း ညှိနှိုင်းမှု များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ခေတ် အဆက်ဆက်က တင်ကျန်ခဲ့တဲ့ နိုင်ငံတတကာ ကြွေးမြီများထဲမှ ဒေါ်လာ သန်းပေါင်း ခြောက်ထောင်ကျော် ကိုလည်း ဖြေလျော့နိုင်အောင် ညှိနှိုင်းဆောင်ရွက် နိုင်ခဲ့ပြီဆိုတဲ့ သတင်းကောင်း ကိုလည်း ပြည်သူလူထုကြီးကို ပြောကြား လိုပါတယ်။ ယခုလို အရေးကြီးတဲ့ အချိန် အခါမှာ မိတ်ဆွေကောင်း ဖြစ်ကြောင်း ပြသခဲ့တဲ့ နော်ဝေနိုင်ငံနဲ့ ဂျပန်နိုင်ငံ အပါအဝင် ပဲရစ်ကလပ် အဖွဲ့ဝင် နိုင်ငံများရဲ့ အကူအညီ များကိုလည်း အသိအမှတ်ပြု မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ယခုအခါမှာ ကျွန်တော်တို့နိုင်ငံ အနေနဲ့ နိုင်ငံတကာ အကူအညီ ချေးငွေ များကို ပြန်လည် ရရှိနိုင်ပြီး ဖြစ်ပါတယ်။ ဒီလိုရရှိနိုင်မယ့် သန်းပေါင်း များစွာသော ရန်ပုံငွေတွေကို ကမ္ဘာ့နိုင်ငံများ အလယ်မှာ တာဝန်သိတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့၊ အရေးကြီးတဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ လမ်းတံတားတွေ ဆောက်ဖို့၊ လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်ဖို့နဲ့ ရေကောင်းရေသန့်တွေ ရရှိနိုင်ဖို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ယခုလိုဆောင်ရွက်ခဲ့မှုများဟာ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကျွန်တော် ပြောကြားခဲ့သည့် အဆင်းရဲဆုံး LDC နိုင်ငံများ စာရင်းမှ ရုန်းထွက် နိုင်အောင် ဆောင်ရွက်မည်ဆိုတဲ့ ကိစ္စရပ်နှင့် ပတ်သက်၍ ပထမခြေလှမ်းအဖြစ် ရရှိနေပြီဖြစ်တဲ့ တိုးတက်မှုဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ ရရှိလာမယ့် နိုင်ငံတကာ ချေးငွေ အကူအညီတွေကို ပြည်သူ့ အကျိုးစီးပွားအတွက် ပွင့်လင်းမြင်သာမှု ရှိရှိ အသုံးပြုသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံ စီးပွားရေး ခေတ်သစ် တစ်ခုကို ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး ဦးမော့လာစေဖို့နဲ့ ဆင်းရဲမှု လျှော့ချရေးတွေမှာ အလွန်အရေးပါတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ ကိုလည်း အားပေးနိုင်ဖို့ စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကို မြေတောင် မြှောက်ပေးနိုင်ဖို့အတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ နဲ့ လုပ်ငန်းကော်မတီ တို့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းများအတွက် လိုအပ်မယ့်နည်းပညာ၊ အရင်းအနှီး၊ အကြံဉာဏ်တွေကို နိုင်ငံတကာက လုပ်ငန်းတွေနဲ့ ချိတ်ဆက် လုပ်ဆောင်မှုများ စတင်နေပြီ ဖြစ်ပါတယ်။ ယခုလည်း လိုအပ်သော ချေးငွေများကို အသေးစား၊ အလတ်စား စက်မှု ဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးမှုများ ပြုလုပ်ပေး နေပြီ ဖြစ်ပါတယ်။ တစ်စတစ်စပိုပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ထို့အတူ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် လည်း ငွေကြေးနှင့် လိုအပ်သော အထောက်အပံ့များ ရရှိစေရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉-၁-၂၀၁၃ ရက်နေ့မှာ နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် များကို ဖိတ်ခေါ်ပြီး အစိုးရအဖွဲ့ နဲ့အတူ ပြည်တွင်း ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်တဲ့ ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်ကို ကျင်းပနိုင်ခဲ့ပြီး စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ မူဘောင်နဲ့ ပတ်သက်လို့ ဝိုင်းဝန်းဆွေးနွေး အကြံဉာဏ်များ ရယူနိုင်ခဲ့ပါတယ်။ ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး ထိရောက်ဖို့အတွက် နေပြည်တော် သဘောတူညီချက် ကိုလည်း သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့အစိုးရအနေနဲ့ ဆင်းရဲမှုလျှော့ချရေးနဲ့ပတ်သက်လို့ အကောင်အထည် ဖော်နေတဲ့ ကိစ္စတွေလည်းရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ပြည်သူအများစုဟာ စားဝတ်နေရေး အတွက် တစ်ဘဝလုံး ပင်ပန်ကြီးစွာ ရုန်းကန်ဆောင်ရွက် ကြရပါတယ်။ ဒါပေမယ့် မိမိနဲ့ မိမိရဲ့ မိသားစုကို နွေးထွေး လုံခြုံစေမယ့် ကိုယ်ပိုင် အိမ်တစ်လုံး ကိုတောင်မှ မပိုင်ဆိုင်နိုင်ဘဲ ချို့တဲ့စွာ နေထိုင်ရတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ ဒီလိုအိမ်ပိုင်ယာပိုင် မရှိတဲ့ အခြေအနေ မျိုးတွေကို လွန်မြောက်စေဖို့ အတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ကိုလည်း ရန်ကုန်မြို့တစ်ဝိုက်မှာ စတင်စီမံဆောင်ရွက် နေပြီ ဖြစ်ပါတယ်။ တခြားပြည်နယ်နဲ့ တခြားမြို့နယ် များမှာလည်း တန်ဖိုးနည်း အိမ်ရာများကို ဆက်လက် ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ အဓိက လုပ်သားအင်အား အများစုဖြစ်တဲ့ တောင်သူလယ်သမား များကိုလည်း အမတော်ကြေး စိုက်ပျိုးစရိတ် လယ်တစ်ဧကကို ကျပ် ၈၀၀၀၀ ကနေ ကျပ် ၁၀၀၀၀၀ နှုန်းအထိ တိုးမြှင့် ထုတ်ပေး နိုင်ခဲ့ပြီဖြစ်ပါတယ်။ ယာတစ်ဧက ကိုလည်း ကျပ် ၁၀၀၀၀ ကနေ ကျပ် ၂၀၀၀၀ နှုန်း အထိ တိုးမြှင့်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုတိုးမြှင့်ပေးနိုင်ခဲ့ပေမယ့်လည်း အမှန် တကယ် လိုအပ်မည့် စိုက်ပျိုးစရိတ် အတွက် ပြည့်မီနိုင်ခြင်း မရှိတာကို သတိပြုမိပါတယ်။ တည်ဆဲ ဥပဒေများအရ လယ်ယာမြေ ပိုင်ဆိုင်ခွင့်များကို ခွင့်ပြုထားပြီ ဖြစ်တဲ့အလျှောက် မိမိတို့ရဲ့ လယ်ယာမြေများကို အာမခံထား၍ လိုအပ်တဲ့ စိုက်ပျိုး စရိတ်အရင်းအနှီးများ ချေးယူ စုဆောင်းနိုင်တဲ့ အခွင့်အလမ်းများ ရရှိစေရန် လယ်ယာမြေ ပိုင်ဆိုင်မှု မှတ်ပုံတင် လုပ်ငန်းကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

လယ်ယာလုပ်ကိုင်သူ လယ်သမားထုကြီးကို မိမိအနေနဲ့ တိုက်တွန်းလိုတာ ကတော့လည်း ပွင့်လင်း လွတ်လပ်လာတဲ့ ဈေးကွက်နှင့် လိုက်လျောညီထွေ ရှိမည့် ငွေကြေး စီမံခန့်ခွဲမှု နည်းလမ်းသစ်များနှင့် အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်ကြိုးပမ်း လုပ်ကိုင်ကြရန် ဖြစ်ပါတယ်။ မိမိတို့ရဲ့ အဓိက ကုန်ထုတ်အရင်းအနှီး ဖြစ်တဲ့လယ်ယာမြေများ တန်ဖိုးမြင့်တက် လာရန်လည်း မိမိတို့ရဲ့ လယ်မြေများကို ပြုပြင်ကြစေလိုပါတယ်။ ရေတို စီမံခန့်ခွဲမှုများဖြင့် မိမိတို့ရဲ့ ကုန်ထုတ် အရင်းအနှီးဖြစ်တဲ့ လယ်မြေများ ဆုံးရှုံးမှု မရှိရန်ကိုလည်း သတိပြုဆောင်ရွက် ကြရန် တိုက်တွန်းလိုပါတယ်။ တစ်ဆက်တည်းမှာပင် လယ်ယာကဏ္ဍကို ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ တိုးတက်စေမယ့် ခေတ်မီလယ်ယာ စိုက်ပျိုးရေး စနစ်သို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

ယခုနိုင်ငံရေးဖြစ်ထွန်းမှုဟာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေနဲ့ ပြည်သူလူထု အားလုံးက ကဏ္ဍအသီးသီးကနေ အားလုံး ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် ဆိုတာ ငြင်းလို့မရပါဘူး။ ဒီမိုကရေစီ ဆိုတာဟာ ရွေးကောက်ပွဲ တွေ ကျင်းပရုံနဲ့ မလုံလောက်ပါဘူး။ အသိအမြင် ကြွယ်ဝတဲ့ ပြည်သူ လူထု တစ်ရပ်လုံးက ပြည်သူတို့ ဘဝအတွက် ရွေးချယ်မှုတွေကို ဖိနှိပ်မှု၊ ချုပ်ချယ်မှု တွေမရှိဘဲ ဆုံးဖြတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သိပ်သည်းကျစ်လျစ်၍ စည်းကမ်းရှိတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း တွေ ပေါ်ပေါက်လာဖို့လည်း အလွန်အရေးကြီးပါတယ်။

ကျွန်တော်တို့ အစိုးရရဲ့ ရည်မှန်းချက်ကတော့ ခေတ်အဆက်ဆက်မှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိခဲ့တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ပြန်လည်အားကောင်းလာဖို့ အတွက် ကြိုးပမ်းဆောင်ရွက် သွားဖို့ပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းလာဖို့က နိုင်ငံသား တစ်ဦးချင်းစီ မှာလည်း တာဝန်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အားလုံး ပူးပေါင်းပါဝင်တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်တစ်ခု စနစ်တကျ ဖြစ်ပေါ်လာစေဖို့အတွက် ၂၀-၁-၂၀၁၃ ရက်နေ့က လူထုအခြေပြု အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တွေ့ဆုံခဲ့ ပါတယ်။ ၂၇-၁-၂၀၁၃ ရက်နေ့ကလည်း သက်ဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့မှ သက်ဆိုင်ရာ ဝန်ကြီးများနဲ့လည်း စားပွဲဝိုင်း ဆွေးနွေးမှုများကို စတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီလို တွေ့ဆုံမှုတွေကနေ အစပြုပြီး ပြည်ထောင်စု အဆင့်၊ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်ကစလို့ အစိုးရယန္တရား အဆင့်ဆင့်မှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေ ပါဝင်တဲ့ အုပ်ချုပ်မှု ဖြစ်စဉ်ကို အကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။

တစ်ဆက်တည်းမှာပင် ကျွန်တော်တို့ ကြိုးပမ်း ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးများ အောင်မြင်စေဖို့ အတွက် နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်မှု တို့ကိုလည်း အလေးထား ဆောင်ရွက်ရမယ့် အချိန်ကာလလည်း ဖြစ်ပါတယ်။ ယခုဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ အကျိုးဆက်တွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများက ပြည်သူအများစု ခံစားနေရတဲ့ စိတ်ဒဏ်ရာ နာကျင်မှုတွေ ဟာလည်း မိမိတို့ လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံး နစ်နာမှုများ ဖြစ်ပါတယ်။ မိမိတို့အစိုးရ အနေနဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက တိုင်းရင်းသား ညီအစ်ကိုများ အားလုံးအတွက် လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ထိရောက်စွာပေးနိုင်ဖို့ အသင့်ပြင်ဆင် လုပ်ကိုင်လျက်ရှိပါတယ်။ သင့်တော်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ဆက်သွယ် ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဖက်မှာလည်း ဆုံးရှုံးနစ်နာမှုများ ရပ်ဆိုင်းနိုင်ဖို့နဲ့ အများပြည်သူ လိုလား တောင့်တနေကြတဲ့ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မိမိတို့အားလုံး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရမယ့် အချိန်အခါကို ကျရောက်နေပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်တဲ့ လူ့အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များအားလုံး စားပွဲဝိုင်းသို့ လာရောက်ပြီး ဆွေးနွေး ညှိနှိုင်းကြရန် ကျွန်တော့်အနေနဲ့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။ မိမိတို့ ကြိုးပမ်း တည်ဆောက်လျက်ရှိတဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဟာ သိမ်မွေ့စွာ ကိုင်တွယ်ရမယ့်၊ ထိလွယ်ရှလွယ် အဆင့်ကို ရောက်ရှိနေ ပြီဖြစ်တဲ့အတွက် တိုက်ရိုက်ပါဝင် ကြိုးပမ်း လုပ်ဆောင်နေသူ များနဲ့ ပြည်သူလူထုတစ်ရပ်လုံး အနေနဲ့ တညီတညွတ်တည်း သဘောထားကြီးကြီးနဲ့ ရုန်းကန် လုပ်ကိုင်မှသာ ဒီအကျပ် အတည်းကို ကျော်လွှား အောင်မြင်နိုင်မှာ ဖြစ်ကြောင်းကိုလည်း ကျွန်တော့်အနေနဲ့ အလေးအနက် ပြောကြားလိုပါတယ်။

နိဂုံးချုပ် အနေနဲ့ ကျွန်တော်ပြောချင်တာ ကတော့ ယခုအချိန်အခါဟာ ကျွန်တော်တို့ နိုင်ငံအတွက် အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကာလအတွင်းမှာ မရဖူးသေးတဲ့ အခွင့်အလမ်း တွေကိုလည်း ရရှိနေပါတယ်။ ပြည်သူ တစ်ရပ်လုံးဟာ ကျွန်တော်တို့နဲ့အတူ ဒီအခက်အခဲတွေကို ဝိုင်းဝန်း ကျော်ဖြတ်ကြဖို့ တိုက်တွန်း ပြောကြားချင်ပါတယ်။ မကြာခင်မှာ ကျရောက်တော့မယ့် (၆၆) နှစ်မြောက် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့မှာ ကျွန်တော်တို့ တစ်မျိုးသားလုံး စုစည်းခဲ့တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပြန်လည်နှိုးဆွပြီး ပြည်သူ တစ်ဦးချင်းစီအနေနဲ့ နိုင်ငံတည်ဆောက်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ် အပ်တယ်။

မိဘပြည်သူများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့နဲ့ ပြည့်စုံနိုင်ကြပါစေ။

ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ကို သာသနာရေးဝန်ကြီး ခန့်ရန် ပြည်ထောင်စု လွှတ်တော် အတည်ပြု

နေပြည်တော်၊ ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေး ဝန်ကြီးအဖြစ် ခန့်အပ်ရန် ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် အားလုံးက သဘောတူသဖြင့် အတည်ပြုကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားသည်။

ဦးဆန်းဆင့်ကို သာသနာရေး ဝန်ကြီး ခန့်အပ်ရန် ကာယကံရှင်၏ ဆန္ဒ သဘောထားကို အရင်ဆုံး မေးမြန်းပြီးမှ ဆုံးဖြတ် သင့်ကြောင်း ပန်းတနော် မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦး မန်းမောင်မောင်ဉာဏ်က လွှတ်တော်ကို အကြံပြုသော်လည်း ပြည်ထောင်စု လွှတ်တော် နာယက က လွှတ်တော်က ခန့်အပ်ခြင်း မခန့်အပ်ခြင်းမှာ နိုင်ငံတော် သမ္မတနှင့် ဆိုင်ပြီး မိမိတို့ တာဝန်မှာ သဘောတူခြင်း မတူခြင်း ဆုံးဖြတ်ပေးရန် သာ ဖြစ်ကြောင်း ပြန်လည် ပြောကြား သည်။

နိုင်ငံတော် သမ္မတက ဦးဆန်းဆင့်ကို သာသနာရေး ဝန်ကြီးအဖြစ် ခန့်အပ်ရန် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။

GSM Sim card များကို ကျပ် ၁၀၀၀၀ ၀န်းကျင်ဖြင့် ဖေဖေါ်ဝါရီ လအတွင်းချပေးမည်

ဒီကိစ္စကြီးက အရမ်းခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘဲ အရမ်းခက်ခဲ တဲ့ပုံစံနဲ့ သူတို့ စားပေါက် ပိတ်မှာ ဆိုးလို့ အချိန်ဆွဲနေကြတာပါ ဗျာ... ။

ကြန့် ကြာနေရခြင်းရဲ့ အဓိက အကြောင်းပြချက်က ပြည်သူလူထု ချွေးနှဲစာကို ဘယ်လို လည်းပင်းညှစ်ယူပြီး သူတို့ အိတ်ကပ်ထဲ ရောက်အောင် လုပ်ရင် ကောင်းမလည်းဆိုတာ ကိုယ်ကျိုး အတ္တအတွက် အမြဲတွေးနေတဲ့ လူတစ်စုကြောင့် ပါ ....... ။

တကယ်ဆို သုံးစွဲသူ များပြားလာတာနဲ့ အမျှ အသုံးပြုခကောက်ခံငွေတွေ ပိုမို တိုးပွားလာနိုင်တယ် ဆိုတာ စီးပွားရေး လုပ်ငန်းရှင်မှ မဟုတ်ပါဘူး သာမန် လူတန်းစားတွေတောင် သိပြီးသား ကိစ္စပါ ။

ဦးသိန်းစိန်ဟာ အခြေခံ လူတန်းစားတွေကို တိုးတက်စေချင်တယ်လို့ ပါးစပ် က ပြောနေပေမယ့် တကယ့် လက်တွေ့မှာ ဘာတခုမှ ထိထိရောက်ရောက် မလုပ်ပေးခဲ့ သေးပါဘူး ။

အကယ်၍များ ဖုန်းတွေကို တနိုင်ငံလုံး ဈေးနှုန်းချိုချို သာသာနဲ့ သုံးစွဲနိုင်ပြီ ဆိုရင် နည်းပညာအားသာချက် တခုကြောင့် အခြေခံ လူတန်းစားတွေ လက်ရှိကြုံတွေ့ နေရတဲ့ အခက်အခဲ တချို့ ပြေလည်သွားနိုင်တယ်ဆိုတာ သိသိကြီးနဲ့ တမင်ညစ်ထားတာပါ ။

သူတို့ မလုပ်နိုင်ရင် လုပ်နိုင်တဲ့ လူက လုပ်မယ်လို့ တရားဝင် ပြောပြီးသားဘဲ.........လုပ်ပိုင်ခွင့် မချပေးတာ ဘာကြောင့် လည်းဆိုတာ မေးစရာ မလိုအောင် ထင်ရှားနေတာဘဲ...... ။

( @[100000010222133:2048:Burma Thwe])
ဒီကိစ္စကြီးက အရမ်းခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘဲ အရမ်းခက်ခဲ တဲ့ပုံစံနဲ့ သူတို့ စားပေါက် ပိတ်မှာ ဆိုးလို့ အချိန်ဆွဲနေကြတာပါ ဗျာ... ။

ကြန့် ကြာနေရခြင်းရဲ့ အဓိက အကြောင်းပြချက်က ပြည်သူလူထု ချွေးနှဲစာကို ဘယ်လို လည်းပင်းညှစ်ယူပြီး သူတို့ အိတ်ကပ်ထဲ ရောက်အောင် လုပ်ရင် ကောင်းမလည်းဆိုတာ ကိုယ်ကျိုး အတ္တအတွက် အမြဲတွေးနေတဲ့ လူတစ်စုကြောင့် ပါ ....... ။

တကယ်ဆို သုံးစွဲသူ များပြားလာတာနဲ့ အမျှ အသုံးပြုခကောက်ခံငွေတွေ ပိုမို တိုးပွားလာနိုင်တယ် ဆိုတာ စီးပွားရေး လုပ်ငန်းရှင်မှ မဟုတ်ပါဘူး သာမန် လူတန်းစားတွေတောင် သိပြီးသား ကိစ္စပါ ။

ဦးသိန်းစိန်ဟာ အခြေခံ လူတန်းစားတွေကို တိုးတက်စေချင်တယ်လို့ ပါးစပ် က ပြောနေပေမယ့် တကယ့် လက်တွေ့မှာ ဘာတခုမှ ထိထိရောက်ရောက် မလုပ်ပေးခဲ့ သေးပါဘူး ။

အကယ်၍များ ဖုန်းတွေကို တနိုင်ငံလုံး ဈေးနှုန်းချိုချို သာသာနဲ့ သုံးစွဲနိုင်ပြီ ဆိုရင် နည်းပညာအားသာချက် တခုကြောင့် အခြေခံ လူတန်းစားတွေ လက်ရှိကြုံတွေ့ နေရတဲ့ အခက်အခဲ တချို့ ပြေလည်သွားနိုင်တယ်ဆိုတာ သိသိကြီးနဲ့ တမင်ညစ်ထားတာပါ ။

သူတို့ မလုပ်နိုင်ရင် လုပ်နိုင်တဲ့ လူက လုပ်မယ်လို့ တရားဝင် ပြောပြီးသားဘဲ.........လုပ်ပိုင်ခွင့် မချပေးတာ ဘာကြောင့် လည်းဆိုတာ မေးစရာ မလိုအောင် ထင်ရှားနေတာဘဲ...... ။

( Burma Thwe)

Thursday, January 31, 2013

ကမန်တိုင်းရင်းသာ နေအိမ်ကို ရခိုင် အကြမ်းဖက် သမားများက မီးရှို့ဖျက်စီး

သတင်း – ပာဆီနာပာ် (မြန်မာမွတ်စလင်မီဒီယာ)
ရန်ကုန်၊ဇန်န၀ါရီ ၂၈
ရွာမကျေးရွာမှာရှိတဲ့ ကမန်တိုင်းရင်းသာ နေအိမ်များကို ရခိုင် အကြမ်းဖက်သမားများက မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေ​ ပြောပြချက်အရ သိရပါတယ်။
ဇန်န၀ါရီလ(၁၉)ရက်နေ့က သံဒေါ်လီကျေးရွာအနီး ရွာမကျေးရွာရှိ ကမန်တိုင်းရင်းသား ဦးအောင်သန်း ရဲ့ နေအိမ်ကို ရခိုင်တွေ ည(၁၀)နာရီခန့်က မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။ ရခိုင်အကြမ်းဖက်(၃၀)ခန့်နဲ့ ရခိုင်ဘုန်းကြီး (အတု၊ အစစ်မသိ) သုံးပါးတို့က မီးရှို့ခဲ့တာဖြစ်ပါတယ်။ မီးရှို့မှုကြောင့် ကမန်တိုင်းရင်းသား ဦးအောင်သန်းရဲ့ နေအိမ်နဲ့ ကောက်ရိုးပုံတစ်ခု မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ ည(၁၁း၃၀)မှာတော့ မီးငြိမ်းသွားခဲ့ပါတယ်။
ပိုင်ရှင်ဦးအောင်သန်းက “ဘာလို့မီးရှို့တာလဲ ကျွန်တော် ကမန်တိုင်းရင်းသားပါ။ ရိုဟင်ဂျာ မဟုတ်ပါဘူးလို့ ပြောတော့ မီးရှို့တဲ့ သူတွေက ကမန်လည်းမင်းတို့ အလ္လာပ်ာကို ရှိခိုးတာပဲ၊ ဒါကြောင့်မီးရှို့တာ” လို့ပြောကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။
ဇန်နဝါရီလ (၁၅)ရက်နေ့ကလဲ ရခိုင်အကြမ်းဖက်သမားတွေ သံဒေါ်လီရွာအနီး ပုဇွန်ကန်နားက အိမ်သုံးလုံးကို မီးရှို့ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ငလျင် လှုပ်ခတ်သွားကြောင်း၊


ဇန်န၀ါရီလ ၃၀ ရက်နေ့ ည ၈ နာရီ ၁၅မိနစ် ၀န်းကျင်ခန့်က ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ငလျင် လှုပ်ခတ်သွားကြောင်း၊ငါးစက္ကန့် မှ ဆယ့်ငါး စက္ကန့် အတွင်း အချိန်ကြာမြင့်ကြောင်း ငလျင်ပြင်းအား ၄.၆ ရစ်ချက်စ်တာစကေး ရှိကြောင်း သိရသည်။
ဇန်န၀ါရီလ ၃၀ ရက်နေ့ ည ၈ နာရီ ၁၅မိနစ် ၀န်းကျင်ခန့်က ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ငလျင် လှုပ်ခတ်သွားကြောင်း၊ငါးစက္ကန့် မှ ဆယ့်ငါး စက္ကန့် အတွင်း အချိန်ကြာမြင့်ကြောင်း ငလျင်ပြင်းအား ၄.၆ ရစ်ချက်စ်တာစကေး ရှိကြောင်း သိရသည်။(Eleven Media Group)
______________________________________________________
ငလျှင်လှုပ်သွားတယ်တဲ့ . . :(
ဆေးခန်းမှာ လူနာကြည့်နေချိန်မို့မသိလိုက်ဘူး အခုမှ သတင်းတွေတက်လာတယ် အတော်ပြင်းတယ်တဲ့
လူက နဂိုကတည်းကခေါင်းမူးနေလို့လားမသိဘူး ငလျှင်လှုပ်တယ်ဆိုတာ ဘာဆိုဘာမှမသိလိုက်ဘူး :) (သက်တန့်ချို)
________________________________________
ငလျင်လှုပ်တော့အရင်ဆုံးသတိရလိုက်တာက သမီးရယ် ကင်မရယ်ပါ
(ကိုအောင်သူရ-7Days News Journal)
_________________________________________
ရန်ကုန်မှာ ၂၀၁၃၊ ဇန်န၀ါရီလ ၃၀ ရက်နေ့ယနေ့ည ၈နာရီ ၆ မိနစ်လောက်တုန်းက ငလျင်လှုပ်သွားပါတယ်။
(ဒေါ်မေသင်္ကြန်ဟိန်-မြစ်မခသတင်းဌာန)
__________________________________________
ရန်ကုန်မှာငလျင်လှုပ်သွားတယ်နော် ဘာတွေဖြစ်တာလဲမသိဝူး ….အားလုံးပဲဘေးအန္တရာယ် ကင်းကြပါစေ ….!!!!!!
(ယုသန္တာတင်)
_______________________________________
ဖိလစ်ပိုင်ကျွန်းစုများအနီးတ၀ိုက်တွင် ဇန်န၀ါရီ ၃၀ရက် ဒေသစံတော်ချိန် ည ၈နာရီ ၅၇ မိနစ်ခန့်က အင်အား ၅.၀ ရှိသော ငလျင်တစ်ခုလှုတ်ခတ်သွားကြောင်းသိရသည်။
(Popular Myanmar News)
____________________________________
ရန်ကုန်တွင် ငလျင်ငယ်တစ်ခုလှုတ်ခတ်သွားခဲ့
===========================
ယနေ့ဇန်န၀ါရီလ ၃၀ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ဝန်းကျင်ခန့်က အင်အားအနည်းငယ်ရှိ ငလျင်ငယ် တစ်ခု ကမာရွတ်မြို့နယ် နှင့် လှည်းတန်း ဗဟိုလမ်း တစ်ဝိုက်တို့တွင် လှုတ်ခတ်သွား ခဲ့ကြောင်းသိရသည်။
လှည်းတန်းဗဟိုလမ်းတွင်နေထိုင်သူတစ်ဦးက “ငလျင်က သိသိသာသာ လှုပ်သွားပါတယ် ကျွန်တော်တို့က ၆ လွှာဆိုတော့ စိတ်ချရအောင်အောက် ကိုဆင်းနေလိုက်ပါတယ်” ဟု ပြောကြားသည်။
ယင်းနှင့်ပတ်သက်၍ ရတနာပုံ call center သို့ စုံစမ်းမေးမြန်းရာတွင်လည်း “ငလျင်လှုပ်သွားတာတော့ ဟုတ်ပါတယ် ၊ ဒါပေမယ့် ငလျင်စခန်းက သတင်းအချက်အလက်တွေ မရသေးတဲ့အတွက် ကျွန်မတို့က မပြောနိုင်သေးပါဘူး “ဟု ပြန်လည်ဖြေကြားသည်။
(Yangon Media Group)
________________________________________________
Eleven Media Groupမှရရှိသော
Last Update
ဇန်န၀ါရီလ ၃၀ ရက်နေ့ ည ၈နာရီ ၁၀ မိနစ်ဝန်းကျင် အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် လှုပ်ခတ်သွားသော မြေငလျင်သည် ကမ္ဘာအေး မြေငလျင်စခန်းမှ တောင်ဘက် ၃၅ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အား ရစ်ချက်စ်တာစကေး ၃ ဒဿမ ၇ အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခု ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန  ၊မြေငလျင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
________________________________________________
7Day News Journal မှ ရရှိသော နောက်ဆုံး Update သတင်း
ယနေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်း တောင်ဘက် ၃၅ မိုင်အကွာ မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အား အနည်း ငယ်ရှိသော မြေငလျင်လှုပ်ခတ်သွားကြောင်း နေပြည်တော်ရှိ မြေငလျင်ဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ အဆိုပါ အင်အားအနည်းငယ်ရှိသော မြေငလျင်လှုပ်ရှားသွားသည်ကို ရန်ကုန်မြို့  နေပြည် သူအများ သိရှိခံစားခဲ့ကြရပြီး၊ ငလျင်လှုပ်စဉ်တွင် ကန်ထရိုက်တိုက်အချို့ပေါ် တွင် နေထိုင်သူ များ နေအိမ်အောက်သို့ ဆင်းပြေးခဲ့ကြသည်။
နောက်  ဆက်တွဲ သတင်းများ၊စကားသံများကို ဆက်လက် တင်ဆက်ပေးပါမည်။

Wednesday, January 30, 2013

ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် မြန်မာရဲများ၌အရည်အချင်းပြည့်မီသူမရှိသေး

နေပြည်တော်၊ ဇန်န၀ါရီ-၂၅

ကုလသမဂ္ဂလက်အောက်ရှိ ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တစ်ဖွဲ့အား ခေါ်ယူခဲ့သော်လည်း သတ်မှတ်ထားသော အရည်အချင်းပြည့်မီသူမရှိသဖြင့် စေလွှတ်နိုင်ခဲ့ခြင်းမရှိ
ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ စီမံရေးနှင့် လေ့ကျင့်ရေးညွှန်ကြားရေးမှူး ရဲမှူးကြီးဝင်းခေါင်
ကပြောသည်။

“သတ်မှတ်ထားတဲ့ အရည်အချင်းတွေထဲက အင်္ဂလိပ်စကားအပြင် UN (ကုလသမဂ္ဂ)က အသိအမှတ်ပြုထားတဲ့ တခြားဘာသာစကားတတ်ရမယ်ဆိုတဲ့ အချက်က အခု လောလောဆယ်မှာ အဓိကက အခက်အခဲဖြစ်သွားတယ်” ဟု ရဲမှူးကြီးဝင်းခေါင်က ပြောသည်။

ထိုကဲ့သို့ ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် လွတ်လပ်ရေးရပြီး နောက်ပိုင်း
မြန်မာနိုင်ငံမှရဲတပ်ဖွဲ့များကို ခေါ်ယူခဲ့သော်လည်း မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီခေတ် နောက်ပိုင်းမှစ၍ ကုလသမဂ္ဂ
သည် မြန်မာနိုင်ငံမှ မခေါ်ယူတော့ဘဲ ၂၀၁၂ ခုနှစ်တွင်မှ ပြန်လည်ခေါ်ယူခြင်းဖြစ်သည်ဟု ရဲမှူးကြီးဝင်းခေါင်က ပြောသည်။

“UN ငြိမ်းချမ်းရေးတပ်ဖွဲ့တွေက ပဋိပက္ခဖြစ်တဲ့နေရာမှာ တပ်က ထိန်းသိမ်းပြီးလို့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ အဓိကတာဝန်ယူရတာဖြစ်တယ်” ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ အပစ်အခတ်ရပ်စဲရေး ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောသည်။

“အီးမေဂျာ(အင်္ဂလိပ်စာ)နဲ့ ကျောင်းပြီးပြီး နှစ်ဘာသာ၊ သုံးဘာသာ ပြောနိုင်တဲ့လူတွေရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုတော်တဲ့လူတွေ ကျတော့ လူကြီးတွေက သူတို့နားခေါ်ထားတာ” ဟု ဒုရဲအုပ်တစ်ဦးက ပြောသည်။ သို့သော် မှုခင်းတပ်ဖွဲ့များမှ အရာရှိများထဲတွင် ဘာသာစကားနှင့် အိုင်တီနည်းပညာကျွမ်းကျင်သူ နည်းပါးနေသေးကြောင်း အဆိုပါဒုရဲအုပ်ကပြောသည်။

ထို့ကြောင့် ယခုအခါ ရဲတပ်ဖွဲ့အတွင်း ဘာသာစကား အပါအ၀င် အခြားသော စွမ်းဆောင်ရည်မြှင့်တင့်သည့် လုပ်ငန်းများအား ပိုမိုလုပ်ဆောင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ယခင်ရဲတပ်ဖွဲ့ဝင် အင်အား တစ်သိန်းဝန်းကျင်ရှိရာမှ ယခုအခါ တစ်သိန်းနှစ်သောင်းထိ တိုးချဲ့ဖွဲ့စည်းနေပြီဖြစ်သည်။

ဓာတ်ပုံ- ကျော်ဇင်သန်း
ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် မြန်မာရဲများ၌အရည်အချင်းပြည့်မီသူမရှိသေး

နေပြည်တော်၊ ဇန်န၀ါရီ-၂၅

ကုလသမဂ္ဂလက်အောက်ရှိ   ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တစ်ဖွဲ့အား ခေါ်ယူခဲ့သော်လည်း သတ်မှတ်ထားသော အရည်အချင်းပြည့်မီသူမရှိသဖြင့် စေလွှတ်နိုင်ခဲ့ခြင်းမရှိ
ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ စီမံရေးနှင့် လေ့ကျင့်ရေးညွှန်ကြားရေးမှူး ရဲမှူးကြီးဝင်းခေါင်
ကပြောသည်။

“သတ်မှတ်ထားတဲ့ အရည်အချင်းတွေထဲက အင်္ဂလိပ်စကားအပြင် UN (ကုလသမဂ္ဂ)က အသိအမှတ်ပြုထားတဲ့ တခြားဘာသာစကားတတ်ရမယ်ဆိုတဲ့ အချက်က အခု လောလောဆယ်မှာ အဓိကက အခက်အခဲဖြစ်သွားတယ်” ဟု ရဲမှူးကြီးဝင်းခေါင်က ပြောသည်။

ထိုကဲ့သို့ ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် လွတ်လပ်ရေးရပြီး နောက်ပိုင်း
မြန်မာနိုင်ငံမှရဲတပ်ဖွဲ့များကို ခေါ်ယူခဲ့သော်လည်း မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီခေတ် နောက်ပိုင်းမှစ၍ ကုလသမဂ္ဂ
သည် မြန်မာနိုင်ငံမှ မခေါ်ယူတော့ဘဲ ၂၀၁၂ ခုနှစ်တွင်မှ ပြန်လည်ခေါ်ယူခြင်းဖြစ်သည်ဟု  ရဲမှူးကြီးဝင်းခေါင်က ပြောသည်။

“UN ငြိမ်းချမ်းရေးတပ်ဖွဲ့တွေက ပဋိပက္ခဖြစ်တဲ့နေရာမှာ တပ်က ထိန်းသိမ်းပြီးလို့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ အဓိကတာဝန်ယူရတာဖြစ်တယ်” ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ အပစ်အခတ်ရပ်စဲရေး  ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောသည်။

“အီးမေဂျာ(အင်္ဂလိပ်စာ)နဲ့ ကျောင်းပြီးပြီး နှစ်ဘာသာ၊ သုံးဘာသာ ပြောနိုင်တဲ့လူတွေရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုတော်တဲ့လူတွေ ကျတော့ လူကြီးတွေက သူတို့နားခေါ်ထားတာ” ဟု ဒုရဲအုပ်တစ်ဦးက ပြောသည်။ သို့သော် မှုခင်းတပ်ဖွဲ့များမှ အရာရှိများထဲတွင် ဘာသာစကားနှင့် အိုင်တီနည်းပညာကျွမ်းကျင်သူ နည်းပါးနေသေးကြောင်း အဆိုပါဒုရဲအုပ်ကပြောသည်။

ထို့ကြောင့် ယခုအခါ ရဲတပ်ဖွဲ့အတွင်း ဘာသာစကား အပါအ၀င် အခြားသော စွမ်းဆောင်ရည်မြှင့်တင့်သည့် လုပ်ငန်းများအား ပိုမိုလုပ်ဆောင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ယခင်ရဲတပ်ဖွဲ့ဝင် အင်အား တစ်သိန်းဝန်းကျင်ရှိရာမှ ယခုအခါ တစ်သိန်းနှစ်သောင်းထိ တိုးချဲ့ဖွဲ့စည်းနေပြီဖြစ်သည်။

ဓာတ်ပုံ- ကျော်ဇင်သန်း

ကချင် ပဋိပက္ခ UWSA ကြားဝင် စေ့စပ်ပေးမည်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အစိုးရအကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းသွားစေဖို့အတွက် နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲတွေကို ၀ နယ်မြေတွင်းမှာ ပြုလုပ်ဖို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဖိတ်ခေါ်ထားတာကို KIO ဘက်က လက်ခံလိုက်ပြီဖြစ်ပါတယ်။ အစိုးရဘက်ကလည်း အရင်ရက်တွေကတည်းက လက်ခံထားပြီးဖြစ်တာကြောင့် ပထမ မကြာမှီ ရက်ပိုင်းတွေအတွင်းမှာ KIO နဲ့ အစိုးရကိုယ်စားလှယ်တို့ဟာ ၀ ဒေသရဲ့ မြို့တော် ပန်ဆန်းမှာ တွေ့ဆုံဖို့ရှိနေပါတယ်။ ဒီအကြောင်းသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော် က တင်ပြထားပါတယ်။

KIO နဲ့ အစိုးရတပ်တွေအကြားမှာ စစ်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားနေသလို ငြိမ်းချမ်းရေးအတွက် နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲတွေ ရပ်တန့် နေချိန်မှာ တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ UWSA ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်က ပြီးခဲ့တဲ့ရက်တွေက ဖိတ်ကြားထားတာ ဖြစ်ပါတယ်။

ဝတပ်ဖွဲ့ရဲ့ ဖိတ်ကြားချက်ကို KIO ဘက်က လက်ခံကြောင်း ဒီကနေ့ အကြောင်းပြန်ကြားတယ်လို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောပါတယ်။

“ဟုတ်တယ်။ ဟုတ်တယ်။ ဒီနေ့ပဲ နေ့လည်တုန်းကပဲ သူတို့ဆီက သတင်းပြန်ကြားပါတယ်။ KIO အဖွဲ့အနေနဲ့ နိုင်ငံတော်အစိုးရနဲ့ ၀ ပြည်နယ် ပန်ဆန်းမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ သူတို့ လက်ခံပါတယ် ပြောတယ်။ လက်ခံတယ်။ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ သဘောပါ။ အကြောင်းပြန်ပါပြီ။”

ဒီပန်ကြားစာကိုတော့ လွန်ခဲ့တဲ့ (၆) ရက်လောက်ကတည်းက နှစ်ဘက်စလုံးကို ပေးပို့ထားတာဖြစ်ပါတယ်။ အစိုးရဘက်ကတော့ အရင်ရက်တွေကတည်းက လက်ခံထားပြီး ဖြစ်တာကြောင့် နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲဟာ မကြာခင်ဖြစ်လာဖို့ ရှိနေပါတယ်။

“အစိုးရဘက်ကတော့ သူတို့ လာမယ်။ ဒီ ၀ဒေသမှာ သူတို့ လာပါမယ်။ သဘောတူတယ်။ နှစ်ဘက်ရဲ့သဘောထားကို ကြည့်ရမှာပါ။ ကျနော်တို့ ဆန္ဒကတော့ စောလေကောင်းလေပေါ့။ ဒီတော့ ဒီမှာ တွေ့နိုင်တယ်ဆိုရင် စောစောတွေ့လေ ပြဿနာဖြေရှင်းနိုင်ပေါ့ဗျာ။”
ဦးအောင်မြင့် ပြောသွားခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တဦးဖြစ်တဲ့ ဦးလှမောင်ရွှေကတော့ UWSA ရဲ့ ဖိတ်ကြားချက်နဲ့ပတ်သက်ပြီး အတိအကျ မသိရသေးကြောင်း ပြောပါတယ်။

KIO ဘက်က အတည်ပြုချက်ရယူဖို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်ကို ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်း ခေါ်ဆိုလို့ မရခဲ့ပါဘူး။ UWSA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ပန်ဆန်းမှာ ဘယ်နေ့ တွေ့ဆုံမယ်ဆိုတာကိုတော့ အတိအကျ မသိရသေးကြောင်း ပြောပါတယ်။

မြန်မာအစိုးရ ထိပ်တန်းအရာရှိတွေနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ တယောက်က တော့ လာမယ့် ဖေဖော်ဝါရီလ (၂) ရက်နေ့မှာ KIO နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံဖို့ရှိနေပြီး ဘယ်မှာ တွေ့ဆုံမယ်ဆိုတာကိုတော့ ထုတ်ဖော်မပြောဆိုပါဘူး။

ဒီလ (၁၉) ရက်နေ့ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီက KIO ကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ချိန်မှာ KIO က တဖွဲ့ချင်း အနေနဲ့ ဆွေးနွေးဖို့ကို ငြင်းပယ်ခဲ့ပြီး သူတို့အဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါ် တပ်ပေါင်းစုနဲ့သာ ဆွေးနွေးမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကတော့ မြန်မာအစိုးရတပ်တွေဟာ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက စစ်ရေးအရ အချက်အခြာကျတဲ့ ခရာဘွမ်တောင်ကုန်းကို သိမ်းယူလိုက်ပါတယ်။ ဒီတောင်ကုန်းကို အမြောက်ကြီးတွေ၊ စစ်လေယာဉ်တွေ သုံးပြီး (၂) ပတ်ကျော်ကြာ တိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်။ ဒီလိုသိမ်းယူပြီးတဲ့ နောက် ဒီရက်ပိုင်းမှာတော့ လိုင်ဇာဒေသဘက်မှာ တိုက်ပွဲတွေဟာ အရင်ကလောက် ပြင်းပြင်းထန်ထန် မရှိတော့ပါဘူး။

မြန်မာအစိုးရတပ်တွေနဲ့ KIO အဖွဲ့ကြား တနှစ်ခွဲကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ ချိန်အတွင်း ပြီးခဲ့တဲ့နှစ်ကုန်နဲ့ ဒီနှစ်ဆန်းမှာ တိုက်ပွဲတွေဟာ အပြင်းထန်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒီလို တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် တရုတ်၊ အမေရိကန် အပါအ၀င် နိုင်ငံတကာအသိုင်း အ၀ိုင်းတွေ နဲ့ မြန်မာနိုင်ငံ လွှတ်တော်တွေ အတွင်းမှာပါ ကချင်ဒေသက စစ်ပွဲတွေ ရပ်ဆိုင်းဖို့အတွက် အပူတပြင်း တောင်း ဆိုနေကြတာလည်း ဖြစ်ပါတယ်။

အရင်နှစ်တွေက အစိုးရကိုယ်စားလှယ်တွေနဲ့ KIO ကိုယ်စားလှယ်တွေ အကြားမှာ (၁၀) ကြိမ်ထက်မနည်း တွေ့ဆုံခဲ့ပေမဲ့ တိကျတဲ့သဘောတူညီချက် ရခဲ့တာမျိုးတော့ မရှိပါဘူး။ ဒီတကြိမ် တွေ့ဆုံဆွေးနွေးဖြစ်တယ်ဆိုရင်တော့ စစ်ပွဲတွေ အဆုံးသတ်ရေးအတွက် အဖြေတခုခု ရမယ်လို့ ပြည်သူအများကတော့ မျှော်လင့်နေတာဖြစ်ပါတယ်။

ကြားဖြတ်သတင်း - ဘဂုံးနားတွင်ရိုဟင်ဂျာတစ်ဦးကိုပစ်သတ်ခြင်းနှင့်သောင်းပိုင်ညတွင်ဂေါက်ကွင်း၌မီးရှို့

သေနတ်ဖြင့်ပစ်သတ်ခံရသူအား ဆေးရုံရင်ခွဲရုံမှခွဲစိတ်ပြီးနောက်တွေ့ရစဉ် 
M.S. Anwar 
RB News 
28.1.2013
မောင်တော ။ ။ ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် မောင်တောမြို့နယ်တောင်ပိုင်း၊ ဘဂုံးနားရွာမှ ဆင်းရဲ နွမ်းပါးသော ရိုဟင်ဂျာ လယ်သမား တစ်ဦးအား စစ်တပ်နှင့် ရခိုင်အကြမ်းဖက်များ ပူးပေါင်း၍ ပစ်သတ် လိုက်သည်။ ရခိုင်အကြမ်းဖက် သမားများမှာ ဘဂုံးနားရွာ အနီးရှိ ကန်သာယာကျေးရွာ မှဖြစ်ပြီး၊ စစ်သား များမှာလည်း ကန်သာယာကျေးရွာတွင် အခြေစိုက်သော စခန်းမှဖြစ်သည်။ အဆိုပါ စစ်တပ် စခန်းသည် မောင်တောမြို့တောင်ပိုင်းရှိ ခရမြိုင် စစ်တပ်စခန်းမှ ဗိုလ်မှူး ရဲဝင်းအောင်၏ ကြီးကြပ် မှုအောက်တွင်ရှိ သော စခန်းဖြစ်သည်။ 
“ရဖိခ် (ဘ) ဦးအဒူမဂျီဒ် (အသက် ၂၅ နှစ်) ကဆင်းရဲတဲ့ ရိုဟင်ဂျာ လယ်သမား တစ်ယောက်ပါ။ သူ့ရဲ့ နွားတွေကို သူ့ရဲ့ ရွာမှာ ဘဲကျောင်းနေတာ။ နွားကျောင်းနေတဲ့ အချိန် စစ်သား ၄ ယောက်နဲ့ ရခိုင် အကြမ်း ဖက်သမား ၄ ယောက်က ကန်သာယာရွာ ဘက်ကနေလာပြီး သူ့ရဲ့နွားကို လုဖို့ ကြိုးစား ကြတယ်။ အဲဒီမှာ သူ့ရဲ့နွားနဲ့ ထွက်ပြေးဖို့ ကြိုးစားတဲ့ အချိန်မှာ စစ်သားတွေကသေနတ်နဲ့ ပစ်လိုက်တယ်။ ကျည်ဆံ ၄ တောင့်ထိ သွားတယ်။ 
အဲဒီ ရခိုင် အကြမ်းဖက်သမား ၄ ယောက်က ဖိုးသားထွေး၊ မောင်မောင်၊ မီဒိုနဲ့ စောမောင် တို့ပါ။ ပထမ ၃ ယောက်က ကန်သာယာရွာက၊ စောမောင် ကတော့ ခရေမြိုင်ကပါ။ ကန်သာယာရွာ ကတော့ ၁၉၇၀ ၀န်းကျင်မှာ ဗိုလ်ချုပ်ကြီးနေ၀င်း ဟိုဘက်ကမ်း ကခေါ်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကရခိုင်တွေနေ တဲ့ ရွာ ဖြစ်ပါတယ်။ 
တစ်ချိန်တည်းမှာ နစကတွေက ဘဂုံးနားရွာမှာလူဦးရေ စာရင်းကောက်နေတယ်။ ဒါကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက တစ်နှစ် ကိုနှစ်ကြိမ် လုပ်နေကျပါ။ ဒါပေမယ့် ကွန်ပျူတာနဲ့ လက်ဗွေယူတာတော့မပါ ခဲ့ဘူး။ အဲဒီတော့ အခင်းဖြစ်စဉ်ကို ရွာသားတွေက နစကကို အကြောင်းကြားတော့ နစကနယ်မြေ (၇) လက်အောက်ခံ မကြီးချောင်းစခန်းက ဗိုလ်ကြီးမျိုးထိုက်အောင် ကိုယ်တိုင် အခင်းဖြစ်တဲ့နေရာကို လိုက် သွားတယ်။ 
အဲဒီမှာ နစကက သေနတ်နဲ့ပစ်ခံ ရတဲ့သူကိုဖျောက်ပစ် ဖို့မပေးတော့ နစကနဲ့စစ်တပ်နဲ့ အခြေအတင်ဖြစ် ကြတယ်။ နောက်တော့ ကျည်ဆံလေးတောင့်ထိ ထားတဲ့သူကို မောင်တောဆေးရုံကို ပို့လိုက်တယ်။ အတူ လိုက်သွား တဲ့သူတွေပြောတာ အရဆိုရင် ဆေးရုံရောက်ပြီး ရခိုင် ဆရာဝန်တွေ ကဆေးထိုးလိုက် တာနဲ့သေဆုံး သွားတယ်။ အဲဒီတော့အားလုံးကို အဲဒီဆရာဝန်တွေဆေးထိုး သတ်လိုက်တယ်လို့ သံသယ ဖြစ်နေကြတယ်။ အလောင်းကို ခွဲစိတ်ပြီးတော့ပြန်ပေး လိုက်တယ်” ဟုဘဂုံးနားရွာ အနီးမှဒေသခံ ရိုဟင်ဂျာ တစ်ဦး မှပြောပါသည်။ 
ရခိုင်ပြည်နယ်သည် ရိုဟင်ဂျာနှင့် ကမန်လူမျိုး အတွက် အသံတိတ် လူသတ်ခံရသည့်နေရာ တစ်နေ ရာဖြစ် နေပြီး၊ လူမျိုးတုန်း သတ်ဖြတ်မှုကိုအေးဆေးစွာပြု လုပ်နေလျက် ရှိသည်။ မြန်မာ အစိုးရနှင့် ရခိုင် အစွန်း ရောက်များမှ ဆက်လက်၍ လိမ်မြဲ လိမ်နေပြီး ငြင်းဆိုလျက်ရှိနေ ဦးမည်ဖြစ်သည်။ ကုလသမဂ္ဂ မှနိုင်ငံ တကာငြိမ်းချမ်းရေး တပ်ဖွဲ့များ ရှိနေမှသာ လူမျိုးတုန်း သတ်ဖြတ်မှုကို ရပ်တန့်နိုင် မည်ဖြစ်ပါသည်။ ယခုအချိန် သည် ရိုဟင်ဂျာ လူမျိုးခေါင်းဆောင် များအတွက် လူမျိုးရေး၊ ဘာသာရေး အရ စနစ် တကျဖိနှိပ် သတ်ဖြတ် မှုကိုထိထိရောက်ရောက် ရပ်တန့်ပေးနိုင်ရန်အတွက် အပြင်း ထန်ဆုံး လုပ်ဆောင်ပေး မည့် အချိန် လည်းဖြစ် သည်။

နောက်ဆုံးရသတင်း

ယနေ့ည ၁၀ နာရီခန့်တွင် မောင်တောမြို့နယ်၊ မြို့သူကြီးကျေးရွာ အုပ်စု၊ သောင်းပိုင်ည ရွာမှ ရိုဟင်ဂျာ မွတ်စလင် ၏နေအိမ်တစ်အိမ်အား နတလရွာမှ နတလ ရခိုင်ရွာသားများမှ မီးရှို့ခဲ့သည်။ ရွာများမှ ၀ိုင်းဝန်း၍ မီးငြိမ်းသတ်ရန်ကြိုးစားခဲ့သော်လည်း စစ်တပ်မှ ပစ်ခတ်မှုကြောင့် မီးငြိမ်းသတ်၍ မရခဲ့ကြောင်း သတင်းရရှိပါ သည်။

ထပ်မံဖြည့်စွက်သတင်း

မောင်တောမြို့မှနောက်ဆုံးရ သတင်းအရ သောင်းပိုင် ညရွာတွင် မီးရှို့  ခံရသည့် အိမ်မှာ ရိုဟင်ဂျာနေအိမ် မဟုတ်ဘဲ ဂေါက်ကွင်း တွင်ဂေါက် ကစားသူများ နားနေသည့် အဆောင်ဖြစ်ကြောင်း သိရပါသည်။ မီးရှို့ သူများ မှာ နတလ ရခိုင်အကြမ်းဖက် သမားများဖြစ်ပြီး၊ အစိုးရမှ တဆင့် ရိုဟင်ဂျာများ အပေါ် အကြမ်းဖက် မှုများ ပိုမိုပြု လုပ်ရန် ရည်ရွယ်၍ပြု လုပ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အပြစ်မဲ့သော ရွာသား ရိုဟင်ဂျာများ သည်အစုလိုက်အပြုံ လိုက်ဖမ်းဆီးမည်ကို အလွန်တရာ စိုးရိမ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

မြေပုံမြို့နယ်တွင်အလောင်းများမြှပ်ထားသောကျင်းများရှာဖွေတွေ့ရှိ

ကျင်းထဲရှိအလောင်းများပုံ
မောင်မောင် 
RB News 
29.1.2013 
မြေပုံ ။ ။ ရခိုင်ပြည်နယ် တွင်အောက်တိုဘာလ အတွင်းအကြမ်းဖက်မှု၌ ရိုဟင်ဂျာနှင့်ကမန် မွတ်စလင် များ အ စု  လိုက်အပြုံ လိုက်သတ်ဖြတ် ခံခဲ့ရသည်။ အသတ်ခံခဲ့ရသူများကို ကျင်းများ ထဲ၌ အစုလိုက် အပြုံ လိုက်မြှပ်နှံ ခဲ့သည်။ လွန်ခဲ့သည့်ရက်ပိုင်း တွင်မြေပုံမြို့နယ်တွင် အလောင်းများမြှပ်နှံ ထားခဲ့သောကျင်း အချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ 
ထိုကျင်းများ မှာတောင်ပေါ် ရပ်ကွက်နှင့် အလှမ်းဝေးသောတောင်ခြေ တွင်ရှိပြီး၊ ကျင်း ၅ ကျင်းကို တူးဖော် နိုင်ခဲ့သည်။ ပထမကျင်းတွင် အလောင်း ၅ လောင်း၊ ဒုတိယ ကျင်းတွင် ၃ လောင်းနှင့် ကျန်သည့် ကျင်း ၃ ကျင်း တွင် တစ်လောင်းစီ ကိုတွေ့ရှိခဲ့သည်။ 
ပထမကျင်း တွင်တွေ့ရှိခဲ့သော အလောင်းများမှာ အမျိုးသား (၅) ဦး၏ အလောင်း များဖြစ်ပြီး၊ အမည်များ မှာ - 
(၁) ဦးဘော်ဒီမျာ (ဘ) ဦးဂူသ်ဖန် 
(၂) ဦးလေရာယာ (ဘ) ဦးဘော်ဒီမျာ 
(၃) ဦးမိုဟာမတ်ဆူတွန် (ဘ) ဦးဟာဖီဇ်အဟမတ် 
(၄) ဦးမောင်လှ (ဘ) ဦးဂျော်ရာမွတ် 
(၅) ဦးနော်ဇီရာမတ် (ဘ) ဦးအဒူရာမန် - တို့ဖြစ်သည်။ 
ဒုတိယကျင်းတွင် အမျိုးသမီး (၃) ဦး၏အလောင်းများဖြစ်သည်။ အမည်များမှာ - 
(၁) ဒေါ်ဆော်မာခါတူ (ဘ) ဦးကာဆိမ်း 
(၂) ဒေါ်ဟိုက်ရေနီဆာ (ဘ) ဦးဘော်ဒီမျာ 
(၃) ဒေါ်ဟူစူမ်ဘီ (ဘ) ဦးဘော်ဒီမျာ - တို့ဖြစ်သည်။ 
ကျန်သည့်ကျင်း (၃) ကျင်းတွင် တစ်လောင်း စီမြှပ်နှံ ထားခြင်းဖြစ်သည်။ အမည်များမှာ - 
(၁) ဦးကာဆိမ်း (ဘ) ဦးအာဘော်ရ် 
(၂) ဒေါ်ချင်းမ (ဘ) ဦးအာဘော်ရ် 
(၃) ဦးဖူတီယာ (ဘ) ဦးဘာဆဲရ် - တို့ဖြစ်သည်။ 
ထိုသူများ အားလုံးမှာ အသတ်ခံရခြင်းဖြစ်ပြီး၊ ၀တ်ဆင်ထားသော အ၀တ်အစားများဖြင့် သာမြှပ်နှံ ထား ခြင်းဖြစ်သည်။ ထိုအလောင်းများကို ရှာဖွေတွေ့ရှိပြီးနောက် သက်ဆိုင်ရာသို့ အကြောင်းကြား ခဲ့ကြောင်း သိရပါသည်။

ဒုက္ခသည်များ၏စက်လှေကိုစက်လှေကြီးဖြင့်တိုက်၍တိုက်ခိုက်၊ ငါးဦးသေဆုံးဟုယုံကြည်ရ

RB News 
29.1.2013 
ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ငှက်ချောင်းကျေးရွာမှ ရိုဟင်ဂျာ ဒုက္ခသည် (၁၀) ဦး သည်ငတ်မွတ်ခေါင်းပါး ကျပ်တည်း ဆင်းရဲမှုဒဏ်ကို မခံနိုင်တော့၍ မိသားစု သားသမီး များအတွက် ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ရမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဇန်န၀ါရီလ (၂၇) နေ့ည ၁၀း၃၀ နာရီခန့်တွင် စက်လှေငယ်တစ်စီးဖြင့် ရိုဟင်ဂျာ ဒုက္ခသည် အများစုနေ ထိုင်ရာ ဆင်တက်မော်ကျေးရွာသို့ ထွက်ခွာလာခဲ့သည်။ 
အဆိုပါ စက်လှေ ငယ်သည် ဆင်တက်မော်ကျေးရွာသို့ မရောက်မှီ လမ်းတွင် ရခိုင် အကြမ်းဖက် သမားအုပ်စု တစ်စု စီးလာသော စက်လှေကြီး တစ်စီးနှင့်   တွေ့ရာ ရိုဟင်ဂျာများ စီးနင်း လိုက်ပါလာသော စက်လှေငယ် အား အတင်း တိုက်ခဲ့သောကြောင့် စက်လှေငယ် နစ်မြှပ်သွားပြီး၊ စက်လှေ ငယ်ပေါ်တွင် စီးနင်းလိုက်ပါ လာသော ရိုဟင်ဂျာ(၁၀)ဦး အနက်(၅)ဦးမှာ ရေကူးလွတ်မြောက် ခဲ့ပြီး ပေါက်တောမြို့ နယ်အနောက် ရွဲ့ရွာရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းသို့ရောက်ရှိခဲ့သော်လည်း၊ ကျန် (၅) ဦးမှာ ယခု အချိန် ထိပျောက် ဆုံးနေ ပြီးသေဆုံး သွားပြီဟု ယုံကြည်ရသည်။ 
ပျောက်ဆုံးနေပြီသေဆုံးသွားပြီဟုယုံကြည်ရသူ (၅) ဦးမှာ - 
(၁) ဦးအဒူရှကူရ် (ဘ) ဦးမာဆောန် (အသက် ၂၅ နှစ်) ငှက်ချောင်းဒုက္ခသည်စခန်း 
(၂) ဦးအဗ်ဒူလာလီ (ဘ) ဦးအဒူလာကိမ်း (အသက် ၄၀ နှစ်) မြေပုံဒုက္ခသည်စခန်း 
(၃) မချော (ဘ) ဦးနူရ်ဘော်ရှော်ရ် (အသက် ၃၇ နှစ်) မြေပုံဒုက္ခသည်စခန်း 
(၄) ရှော်မ်ရှီးဒါ (ဘ) ဦးအဗ်ဒူလာလီ (အသက် ၁၃ နှစ်) မြေပုံဒုက္ခသည်စခန်း 
(၅) မင်းမင်းဇော် (ဘ) ဦးအဗ်ဒူလာလီ (အသက် ၆ နှစ်) မြေပုံဒုက္ခသည်စခန်း - တို့ဖြစ်ပါသည်။ 
အသက်ရှင်လွတ်မြောက်လာသူ (၅) ဦးမှာ - 
(၁) ဦးအလီအဟမတ် (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၂၂ နှစ်) ငှက်ချောင်းဒုက္ခသည်စခန်း 
(၂) ဦးမာမတ်ဂျလာလ် (ဘ) ဦးအလီအာမတ် (အသက် ၃၅ နှစ်) ငှက်ချောင်းဒုက္ခသည်စခန်း 
(၃) ဦးနာဂူး (ဘ) ဦးဟာဆောင် (အသက် ၂၆ နှစ်) ငှက်ချောင်းဒုက္ခသည်စခန်း 
(၄) ဦးရဖိခ် (ဘ) ဦးမာမတ်ဆီဒိတ် (အသက် ၂၄ နှစ်) ငှက်ချောင်းဒုက္ခသည်စခန်း 
(၅) ဦးအဒူကော်ယူမ် (ဘ) ဦးရှူနာမျာ (အသက် ၄၀ နှစ်) ငှက်ချောင်းဒုက္ခသည်စခန်း 
အသက်ရှင်၍ လွတ်မြောက် လာသူ (၅) ဦးကို ပေါက်တောမြို့နယ် ရဲစခန်းမှ လာရောက် ၍ခေါ်ဆောင် သွားပြီး ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။

မြေပုံမြို့နယ်တွင်အလောင်းများမြှပ်ထားသောကျင်းများရှာဖွေတွေ့ရှိ.


မြေပုံမြို့နယ်တွင်အလောင်းများမြှပ်ထားသောကျင်းများရှာဖွေတွေ့ရှိ.
ထိုကျင်းများ မှာတောင်ပေါ် ရပ်ကွက်နှင့် အလှမ်းဝေးသောတောင်ခြေ တွင်ရှိပြီး၊ ကျင်း ၅ ကျင်းကို တူးဖော် နိုင်ခဲ့သည်။ ပထမကျင်းတွင် အလောင်း ၅ လောင်း၊ ဒုတိယ ကျင်းတွင် ၃ လောင်းနှင့် ကျန်သည့် ကျင်း ၃ ကျင်း တွင် တစ်လောင်းစီ ကိုတွေ့ရှိခဲ့သည်။ 


RB News   http://bit.ly/WtzSfD

ထိုကျင်းများ မှာတောင်ပေါ် ရပ်ကွက်နှင့် အလှမ်းဝေးသောတောင်ခြေ တွင်ရှိပြီး၊ ကျင်း ၅ ကျင်းကို တူးဖော် နိုင်ခဲ့သည်။ ပထမကျင်းတွင် အလောင်း ၅ လောင်း၊ ဒုတိယ ကျင်းတွင် ၃ လောင်းနှင့် ကျန်သည့် ကျင်း ၃ ကျင်း တွင် တစ်လောင်းစီ ကိုတွေ့ရှိခဲ့သည်။


RB News http://bit.ly/WtzSfD

ဆက်သွယ်ရေးနှင့် သက်ဆိုင်သော ကြားမိသမျှ…

ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးမားဆုံး Sim Card များကို ရောင်းချပေးသည့် မြန်မာနိုင်ငံတွင် နှစ်သိန်းတန် ဖုန်းကတ်များ ထွက်လာသည့် အခါ တန်ဖိုးနည်းဖုန်းများအား တောရောမြို့ပါ မကျန်သုံးနိုင်ကြပြီ ဆိုသည့် ကြော်ငြာ များ၊ ဂုဏ်ပြု ချီးမွမ်းခန်းများ မီဒီယာစာမျက်နှာများတွင် တွေ့ခဲ့ရသည်။ ထိုအချိန် တွင် ရွှေပြည် တံခွန်၏ ငါးထောင်တန် ဖုန်း စီမံကိန်းသည်လည်း ပြည်သူများအကြား စိတ်ဝင်စား မှုကို နှိုးဆွပေးခဲ့သည်။

၂၀၁၃ ခုနှစ် အစောပိုင်းတွင် တစ်သိန်းတန်ဖုန်းများ ထွက်လာမည် ဆိုသဖြင့် လက်ကျန် ဆင်းမ်ကတ်များကို လျော့ဈေးများဖြင့် အပြိုင်အဆိုင်ရောင်းချ လာကြသော်လည်း အကောင်အထည် မပေါ် လာသေး။ ထိုအချိန် တွင် ဆက်သွယ်ရေးမှ တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးပြီ ဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်မှ လတ်တလော ဖြေရှင်းချက်များ မပြုလုပ်သေးသော်လည်း ဆက်သွယ်ရေး မှ ၀န်ထမ်း ၈ ဦးအား အရေးယူထားကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ထို့ပြင် မိမိတစ်ယောက် တည်းတော့ မခံ ဆိုသည့် စကားကြောင့် ကုမဏီများလည်း စစ်ဆေးမေးမြန်းမှု ခံရကြောင်း သတင်းများ ထွက်လာသည်။ ဦးတိုးနိုင်မန်းမှ ထိုကိစ္စများနှင့် ၄င်းတို့ ကုမဏီ မပတ်သက်ကြောင်း တရားဝင် ငြင်း ဆိုခဲ့သည်။ ထို့ပြင် အကြီးဆုံး တာဝန်ရှိသူတစ်ဦးမှ ငါးထောင်တန် ဖုန်းကတ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်သော်လည်း နိုင်ငံခြားတွင် ဒေါ်လာ သန်းပေါင်းများစွာ အပ်ထားကြောင်း ဖော်ထုတ်တွေ့ရှိရသည့် သတင်းများလည်း ဖတ်ရသည်။

ပြည်သူများ မျှော်လင့်သည်ထက် တန်ဖိုးနည်းသည့် ဖုန်းကတ်များ ရောင်းချပေးမည် ဆိုသော စကားကို ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည့်အတွက်လည်း လူအများ မယုံတ၀က် မျှော်လင့် လျှက် ရှိကြသည်။သတင်းစာ တွင် ဆက်သွယ်ရေး လုပ်ငန်းနှင့် ပတ်သက်သော ကြော်ငြာထားချက်အရ ငါးထောင်တန်ဖုန်း နည်းပညာ ပိုင်ဆိုင်ပြီး ထုတ်ဝေရန် ခွင့်ပြုပါက အသင့်ထုတ်နိုင်သည့် ရွှေပြည်တံခွန် ကုမဏီ မှလည်း လျှောက်ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Tuesday, January 29, 2013

ဂုဏ်သိက္ခာရှိပြီး တိုးတက်တဲ့နိုင်ငံဖြစ်ဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဂုဏ်သိက္ခာရှိပြီး တိုးတက်တဲ့နိုင်ငံဖြစ်ဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံဟာ ဂုဏ်သိက္ခာရှိပြီး သာယာဝပြောတဲ့ နိုင်ငံဖြစ်ဖို့ အရေးကြီးတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် က အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီကျွန်း ဟိုနိုလူလူမြို့ Rotary International’s Global Peace ညီလာခံ ငြိမ်းချမ်းရေးဆုလက်ခံတဲ့ အခမ်းအနားမှာ စနေနေ့က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားတွေအားလုံး သင့်သင့်မြတ်မြတ် လက်တွဲနေထိုင်တဲ့ နိုင်ငံဖြစ်ဖို့ လိုအပ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသွားတယ်လို့ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့၊ ယာဝိုင်ယီကျွန်းမှာ နေထိုင်သူ မမီးမီး က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ကဏ္ဍတွေ နိမ့်ကျနေပြီး နိုင်ငံတကာအကူအညီတွေ လိုအပ်နေပြီး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ကူညီပံ့ပိုးဖို့ကိုလည်း မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း ကျင့်ဝတ်သိက္ခာနဲ့အညီ ရင်းနှီးမြှုပ်နှံကြဖို့၊ အကူအညီပေးမယ်ဆိုရင် ရောဂါတိုက်ဖျက်ရေး၊ အခြေခံပညာရေး၊ ပဋိပက္ခဖြေရှင်းရေး၊ လူထုဆက်သွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့ ကဏ္ဍတွေမှာ ပံ့ပိုးကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူထောင်သောင်းချီ နေရပ်စွန့်ခွာနေရပါတယ်။ ဒီပဋိပက္ခကို စေ့စပ်ဆွေးနွေးတဲ့နည်းနဲ့ အဆုံးသတ်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Rotary Global Peace Foundation ကမ္ဘာလုံးဆိုင်ရာ Rotary ငြိမ်းချမ်းရေးဖောင်ဒေးရှင်းဟာ အဖွဲ့ဝင် တစ်သန်းနှစ်သိန်းရှိတဲ့ နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ဂုဏ်သိက္ခာရှိပြီး သာယာဝပြောတဲ့ နိုင်ငံဖြစ်ဖို့ အရေးကြီးတဲ့အကြောင်း ဒေါ်အောင်ဆန်း စုကြည် က အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီကျွန်း ဟိုနိုလူလူမြို့ Rotary International’s Global Peace ညီလာခံ ငြိမ်းချမ်းရေးဆုလက်ခံတဲ့ အခမ်းအနားမှာ စနေနေ့က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားတွေအားလုံး သင့်သင့်မြတ်မြတ် လက်တွဲနေထိုင်တဲ့ နိုင်ငံဖြစ်ဖို့ လိုအပ်တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသွားတယ်လို့ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့၊ ယာဝိုင်ယီကျွန်းမှာ နေထိုင်သူ မမီးမီး က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ကဏ္ဍတွေ နိမ့်ကျနေပြီး နိုင်ငံ တကာအကူအညီတွေ လိုအပ်နေပြီး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ကူညီပံ့ပိုးဖို့ ကိုလည်း မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း ကျင့်ဝတ်သိက္ခာနဲ့အညီ ရင်းနှီးမြှုပ်နှံကြဖို့၊ အကူအညီပေးမယ်ဆို ရင် ရောဂါတိုက်ဖျက်ရေး၊ အခြေခံပညာရေး၊ ပဋိပက္ခဖြေရှင်းရေး၊ လူထုဆက်သွယ်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ ကဏ္ဍတွေမှာ ပံ့ပိုးကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူထောင်သောင်းချီ နေရပ်စွန့်ခွာနေရပါတယ်။ ဒီပဋိပက္ခကို စေ့စပ်ဆွေးနွေးတဲ့နည်းနဲ့ အဆုံးသတ်နိုင် မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Rotary Global Peace Foundation ကမ္ဘာလုံးဆိုင်ရာ Rotary ငြိမ်းချမ်းရေးဖောင်ဒေးရှင်းဟာ အဖွဲ့ဝင် တစ်သန်းနှစ်သိန်းရှိတဲ့ နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကာကွယ်ရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်

၁။ ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းအချို့ သံဃာအချို့နှင့် စာနယ်ဇင်းအချို့တို့မှ မမှန်မကန်သတင်း များနှင့် အစိုးရနှင့် တပ်မတော် အပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေမည့် သတင်းနှင့် ကြေညာချက်များ ထုတ်ပြန် ခဲ့ပါသည်။

၂။ အဆိုပါသတင်းနှင့် ကြေညာချက်တို့တွင် မြန်မာ့တပ်မတော်သည် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးဝန်းကျင်ကို ဆက်လက်၍ စစ်ရေးအရ ထိုးစစ်ဆင်နေကြောင်း သတင်းများကိုသာ တစ်ဖက် သတ် ဇောင်းပေး၍ ဖော်ပြနေပါသည်။ တရားဝင်မီဒီယာများတွင် KIA ဘက်မှ အကြမ်းဖက် တိုက်ခိုက်မှု များနှင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် ဖျက်ဆီးမှုများ၊ ဖမ်းဆီး ခေါ်ဆောင်မှုများ၊ စစ်ရေးနှင့် မဆိုင်သော အရပ်ဘက် လမ်း၊ တံတားများစွာကို ဖျက်ဆီးခဲ့မှု သတင်းများ ထုတ်ပြန်ထားပါလျက် ယင်းအဖြစ်မှန် သတင်းများကို မျက်ကွယ်ပြုပြီး မမှန်မကန် သတင်းများကို သာ ဖော်ပြနေကောင်း တွေ့ ရှိရပါသည်။ ယင်းသို့ တစ်ဖက်စောင်းနင်း ဖော်ပြချက်များသည် အများပြည်သူနှင့် နိုင်ငံတကာ၏ အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေနိုင် ပါသည်။

၃။ နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ဦးထိပ်ထားလျက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး သဘောတူညီမှုများ ရရှိနိုင်ရေးအတွက် စေတနာမှန်ဖြင့် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ KIO/KIA အဖွဲ့မှလွဲ၍ ကျန်အဖွဲ့များနှင့် ငြိမ်းချမ်းရေး သဘောတူညီမှုများ အဆင့်ဆင့် ရရှိထားပြီး ဖြစ်ပါသည်။ ယင်းသို့ သဘောတူညီမှုများ ရနိုင်ရန် တပ်မတော်သည် အစိုးရနှင့်ထပ်တူ ငြိမ်းချမ်းရေးကို လိုလားစွာဖြင့် လိုက်ပါကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

၎။ KIA လက်နက်ကိုင်အဖွဲ့သည် တာပိန်ရေအားလျှပ်စစ် စီမံကိန်း၊ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်မတော်အရာရှိ ၂ ဦးနှင့် စစ်သည် ၁ ဦးတို့အား အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ရာ ၄င်းကိစ္စအား ဖြေရှင်းရန် သွားရောက်ခဲ့သည့် တပ်မတော်မှ အခြေချ စစ်ဗျူဟာမှူး ဦးစီးအဖွဲ့အား စောင့်ကြိုတိုက်ခိုက်ြ ခင်းဖြင့် ပြဿနာ များကို စတင် ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။

၅။ ကချင်ပြည်နယ်အတွင်း ခုခံကာကွယ်ရုံမှအပ ထိုးစစ်ဆင်ခြင်းများ မပြုလုပ်ရန် နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားခဲ့သည့် အချိန်မှစ၍ တပ်မတော်အနေဖြင့် တိကျစွာ လိုက်နာခဲ့ပါသည်။ KIA တို့သည် တပ်မတော်၏ ခုခံကာကွယ်ရုံသာ ဆောင်ရွက်နေမှုအပေါ် အခွင့်အရေးယူ၍ မိမိ တပ်စခန်းများအား လာရောက် နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ပုံမှန်ဆောင်ရွက်သည့် တပ်မတော် စစ်ကြောင်း လှုပ်ရှားမှုများကို မိုင်းအသုံးပြု တိုက်ခိုက်ခြင်း၊ အင်အားစုစည်း၍ စောင့်ကြိုတိုက်ခိုက်ခြင်း တို့ကို ဆောင်ရွက်ခဲ့သဖြင့် တပ်မတော်မှ အရာရှိ/ စစ်သည်အများအပြား ကျဆုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

၆။ KIAတို့သည် ယင်းသို့ တပ်မတော်အား တိုက်ခိုက်ခဲ့သည့်အပြင် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်ဘက် လမ်း၊ တံတား၊ လျှပ်စစ်တာဝါတိုင်နှင့် အစိုးရ အဆောက်အအုံ များစွာတို့ကို တိုက်ခိုက် ဖျက်ဆီးခြင်း၊ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသော အစိုးရဌာနများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ များကို တိုက်ခိုက်ခြင်း၊ ဒေသခံ အရပ်သားများစွာကိုလည်း အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ် ခြင်း များ ဆောင်ရွက် ခဲ့ပါသည်။

၇။ KIA တို့သည် ကချင်ပြည်နယ်အတွင်း အများပြည်သူတို့ အဓိက အားထားသွားလာ နေရသည့် ဆက်သွယ်ရေး လမ်းကြောင်းကြီးများကို ဖျက်ဆီး ထိန်းချုပ်ထားခဲ့ပါသည်။ လမ်းကြောင်း များ ပြတ်တောက် ပိတ်ဆို့နေမှုကြောင့် ကုန်စည် စီးဆင်းမှုမပြုနိုင်တော့ဘဲ ပြည်သူတို့မှာ စားနပ်ရိက္ခာ ရှားပါးခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ ဆေးဝါးမလုံလောက်၍ ရောဂါဘယ ထူပြောခြင်း စသည့် ဒုက္ခမျိုးစုံ တွေ့ကြုံခံစားနေရပါသည်။

၈။ KIA တို့သည် အများပြည်သူ အသုံးပြုသည့် ဆက်သွယ်ရေး လမ်းမကြီး တစ်ခုဖြစ်သော မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီးအား ပိတ်ဆို့ထားသည့်အပြင် ယင်းလမ်းမကြီးအနီး လဂျားယန်ဒေသရှိ မိမိတပ်မတော် စခန်းအားလည်း ၂၀၁၂ ခုနှစ် မတ်လမှ စတင်ကာ ဝိုင်းရံ ပိတ်ဆို့ထားခြင်း၊ စခန်းသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော် စစ်ကြောင်းများကို ချုံခိုတိုက်ခိုက် ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

၉။ ဖော်ပြပါ KIA တို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်၍ ပွိုင့်-၇၇၁ တောင်ကုန်းအပါအဝင် လဂျားယန်ဒေသရှိ KIA ခြေကုပ်စခန်းများအား တပ်မတော်က ရှင်းလင်း တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရပါသည်။ ယင်းသို့ ဆောင်ရွက်ခဲ့ရသော စစ်ဆင်ရေးသည် လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်အား နှောင့်ယှက်ဖျက်ဆီး လျက်ရှိသော KIA လက်နက်ကိုင် အဖွဲ့ကို တပ်မတော်၏ မူလတာဝန်အတိုင်း ဆောင်ရွက်ရခြင်းနှင့် လဂျားယန် တပ်စခန်းရှိ တပ်မတော်သားများ ကြုံတွေ့နေရသော ရိက္ခာ ပြတ်လပ်မှု၊ KIA လက်နက်ကိုင် အဖွဲ့များ ဝိုင်းရံထားမှုတို့မှ ကယ်တင်ခဲ့ရသည့် အကန့်အသတ်ဖြင့် ဆောင်ရွက်ခဲ့သော စစ်ဆင်ရေး တစ်ရပ်သာ ဖြစ်ပါသည်။

၁၀။ တပ်မတော်အနေဖြင့် လဂျားယန်စခန်းရှိ စစ်သည်များ လုံခြုံရေးနှင့် မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီး လုံခြုံရေးအတွက် လိုအပ်သည့် ကန့်သတ် ရည်မှန်းချက်များကို ရရှိပြီး ဖြစ်သောကြောင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ၆ နာရီမှ စတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းထားပြီး ဖြစ်သော်လည်း KIA တို့ဘက်မှ တပ်မတော် စစ်ကြောင်း အခြေပြုရာ နေရာများသို့ လာရောက်နှောင့်ယှက် ပစ်ခတ်မှုများ ရှိနေသည့် အတွက် လိုအပ်သလို ခုခံပစ်ခတ်ခဲ့ရခြင်းသာ ဖြစ်ပါသည်။

၁၁။ ကချင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခအရှိန် လျော့ကျပြီး အပစ်အခတ် ရပ်စဲ၍ ထာဝရ ငြိမ်းချမ်းရေး ဆက်လက်တည်ဆောက်သွားနိုင်ရန် တပ်မတော်မှ အထူးလိုလားပါသည်။ နိုင်ငံတော် အစိုးရနှင့် တပ်မတော်၏ သဘောထားကိုလည်းကြိမ်ဖန်များစွာ ထုတ်ဖော်ပြောကြား ခဲ့ပြီး ဖြစ်ပါသည်။ KIA အနေဖြင့်လည်း နိုင်ငံတော်နှင့် တပ်မတော် ကဲ့သို့ပင် ထာဝရ ငြိမ်းချမ်းရေး အတွက် စိတ်ရင်းမှန်ဖြင့် လိုလားမှုရှိရန် အထူးလိုအပ်ပါသည်။

၁၂။ မြန်မာ့တပ်မတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ ပူးပေါင်းပါဝင် ဖွဲ့စည်းထားသော ပြည်ထောင်စု တပ်မတော်ဖြစ်ခြင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ဦးစားပေးသည့် တပ်မတော် ဖြစ်ခြင်း တို့ကြောင့် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအားလုံး၏ ဘေးကင်း လုံခြုံရေးကိုပို၍ လိုလားပါသည်။

၁၃။ တပ်မတော်သည် ပြည်သူများ၏ အသက်အိုးအိမ် လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ စေရေး၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးအတွက် မိမိကိုယ်ကို ခုခံကာကွယ်မှုနှင့် စစ်ရေးအရ ပြန်လည် တုံ့ပြန်မှုများကို မလွှဲမရှောင်သာ ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါသည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက် ဖြစ်သည့် မိမိကိုယ်ကို ခုခံကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန် ဆိုသည့် အချက်ကို တိကျစွာ လိုက်နာသွားမည် ဖြစ်သလို KIO/ KIA ဘက်မှလည်း နိုင်ငံတော်သမ္မတ၏ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ကမ်းလှမ်းချက်အပေါ် လေးစားလိုက်နာသွားရန် လိုအပ်ပါသည်။

၁၄။ တပ်မတော်အနေဖြင့် နယ်မြေလုံခြုံရေးအရ ယာယီ စောင့်ရှောက်ရေး နေရာများ သို့ ပြောင်းရွှေ့ နေထိုင်ရသူများ အတွက် လိုအပ်သည့် စောင့်ရှောက်မှုများ ပေးနေသကဲ့သို့ အထူးသဖြင့် ပူတာအို ဒေသရှိ ပြည်သူများ အနေဖြင့် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ရင်ဆိုင်နေရသဖြင့် တပ်မတော် လေယာဉ်များနှင့်ပါ ကူညီပို့ဆောင်ပေးလျက် ရှိပါသည်။

၁၅။ ကချင်ပြည်နယ်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရန် အလို့ငှာ တွေ့ဆုံဆွေးနွေးရေး အတွက် တပ်မတော်မှ ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ KIO/ KIA အဖွဲ့ထံသို့ အကြိမ်ကြိမ် ကမ်းလှမ်းလျက် ရှိပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ကချင်ပြည်နယ် အတွင်းသာမက နိုင်ငံအဝန်း ထာဝရငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်နိုင်ရန် KIO/ KIA အဖွဲ့ အပါအဝင် တိုင်းရင်းသား ပြည်သူအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည့် အပေါ် တပ်မတော် အနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်

(နိုင်ငံပိုင်သတင်းစာများမှ ဖော်ပြချက်)

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံအပေါ် တင်ရှိနေသော ကမ္ဘာ့ဘဏ်၏ ကြွေးမြီများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

နေပြည်တော် ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် ၁၉၇၃ ခုနှစ်ခန့်ကစ၍ ကမ္ဘာ့ဘဏ်မှ ဖွံ့ဖြိုးမှုချေးငွေများ ရယူခဲ့ပါသည်။

ယခုအခါ နိုင်ငံတော်အစိုးရသည် အဆိုပါချေးငွေများအနက် ပေးဆပ်ရန် အချိန်စေ့ရောက်ပြီးနောက် ပြန် လည်ပေးဆပ်နိုင်ခြင်း မရှိခဲ့သည့် ကြွေးမြီလက်ကျန်များကို ကမ္ဘာ့ဘဏ်(World Bank)၊ ဂျပန်အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဘဏ်(JBIC)တို့နှင့် ညှိနှိုင်း၍ စာရင်းရှင်းလင်းရေး ကြိုးပမ်းဆောင်ရွက်ခဲ့ ပါသည်။

ယင်းသို့ကြိုးပမ်းခဲ့သည်နှင့်အညီ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဘဏ်ထံမှ အမေရိကန်ဒေါ်လာ ၄၃၀ သန်းကို ပေါင်းကူးချေးငွေရယူ၍ ကမ္ဘာ့ဘဏ် သို့ ပြန်လည်ပေးဆပ်နိုင်ခဲ့ပြီး ကမ္ဘာ့ဘဏ်မှ ပြန်လည် ရရှိသည့် အမေရိကန်ဒေါ်လာ ၄၃၀ သန်းဖြင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဘဏ်၏ ပေါင်းကူး ချေးငွေအား ယင်းနေ့တွင်ပင် ပြန် လည်ပေးဆပ်ခြင်းဖြင့် ကြွေးမြီလက်ကျန်စာရင်း ရှင်းလင်းခြင်းလုပ်ငန်းကို အောင်မြင် စွာ ဆောင်ရွက်နိုင် ခဲ့ပြီး ဖြစ်ပါသည်။

ယင်းသို့အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းတစ်ခုဖြစ်သော ကမ္ဘာ့ဘဏ်၏ ကြွေးမြီလက်ကျန်များကို ရှင်းလင်းနိုင်ခြင်းကြောင့် မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းတွင် တာဝန်သိနိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုခံရမည် ဖြစ်သည့်အပြင် နိုင်ငံတော်အတွက် လိုအပ်နေသော ဖွံ့ဖြိုးမှုဆိုင်ရာ အတိုးနှုန်း သက်သာသည့် ချေးငွေအစီအစဉ်အသစ်များကိုလည်း ပိုမိုတိုးတက် ရရှိလာမည် ဖြစ်ပါသည်။

ကမ္ဘာ့ဘဏ်အနေဖြင့်လည်း မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း (၆၄၀)၌ ကျောင်းများ၊ ကျန်းမာရေးဆေးပေးခန်း များ၊ လမ်းများနှင့် စိုက်ပျိုးရေးလုပ်ငန်း စသည်တို့တွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ National Community-Driven Development Project အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀ ကို (၆)နှစ်ကာလအတွင်း ကူညီထောက်ပံ့မည် ဖြစ်သည်။ ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ ဆင်းရဲမှုလျှော့ ချရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ပြုပြင်ပြောင်းလဲမှုများအတွက် ငွေကြေးနှင့်နည်းပညာ အကူအညီများ ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

(၂၉-၁-၂၀၁၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်မှ)

ပါရီကလပ်နှင့် (၁၆)နာရီကြာ တစ်ဆက်တည်း မရပ်မနား ဆွေးနွေးညှိနှိုင်းပြီးနောက် မြန်မာနိုင်ငံ၏ နိုင်ငံတကာကြွေးမြီ အမေရိကန်ဒေါ်လာ (၆.၁၉၂)ဘီလီယံခန့် လျှော်ပစ်နိုင်ခဲ့

မြန်မာနိုင်ငံက တင်ရှိနေတဲ့ ကြွေးမြီတွေ လျှော်ပစ်ရေးကိစ္စ ဆွေးနွေးညှိနှိုင်းဖို့ အတွက် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့ကို ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ရောက်ရှိခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ မြီရှင်နိုင်ငံတွေဖြစ်ကြတဲ့ ပြင်သစ်၊ ဖင်လန်၊ အီတလီ၊ ဂျပန်၊ နော်ဝေ၊ နယ်သာလန်၊ အင်္ဂလန်၊ ဒိန်းမတ်၊ ကနေဒါ၊ သြစတြီးယား၊ ဂျာမနီနဲ့ အခြား လေ့လာသူနိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊ ဘဲလ်ဂျီယံ၊ ကိုရီးယား၊ ရုရှား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ အမေရိကန်၊ IMF ၊ IDA ၊ ADB ၊ UNCTAD တို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှု အခြေအနေတွေနဲ့ စိန်ခေါ်မှုတွေ၊ ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးရေးဆောင်ရွက်ချက်တွေနဲ့ လိုအပ်ချက်တွေ၊ ပါရီကလပ် က မြန်မာနိုင်ငံအပေါ်တင်ရှိနေတဲ့ ကြွေးမြီ၊ တိုးပွားလာတဲ့ပမာဏ၊ မြန်မာဘက်က ကနဦးတောင်း ဆိုချက်တွေကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

မြန်မာဘက်က ကြွေးမြီအားလုံးရဲ့ ၆၇% လျှော်ပစ်ဖို့၊ ကျန်ကြွေးမြီတွေကို ဆိုင်းငံ့ကာလ (၇)နှစ် အပါအဝင် ပြန်ဆပ်ကာလ (၂၃)နှစ် ခွင့်ပြုပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပါရီကလပ်ဘက်က ကြွေးမြီအားလုံးရဲ့ ၄၀% လျှော်ပစ်ဖို့၊ ကျန်ကြွေးမြီတွေကို ဆိုင်းငံ့ကာလ (၅)နှစ် အပါအဝင် ပြန်ဆပ်ကာလ (၁၅)နှစ် ခွင့်ပြုပေးဖို့ ပြန်လည် အဆိုပြုခဲ့ကြပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီကနေ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၃ နာရီအထိ တစ်ဆက်တည်း တောက်လျှောက် (၁၆)နာရီကြာ မရပ်မနား ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးတော့ အဆုံးသတ် သဘောတူညီချက် ရရှိလာခဲ့ပါတယ်။

နော်ဝေ၊ ဂျပန်နိုင်ငံ(၂)နိုင်ငံက ယင်းတို့ကြွေးမြီ လျှော်ပစ်ရေး အစီအစဉ် တွေနဲ့ ပါရီကလပ်နိုင်ငံတွေ ရဲ့ ကြွေးမြီလျှော်ပစ်ရေး အစီအစဉ်တွေ ပေါင်းစုလိုက်ရင် မြန်မာနိုင်ငံအနေနဲ့ ကြွေးမြီအားလုံးရဲ့ (၆၀%)ခန့်၊ အမေရိကန်ဒေါ်လာ(၆.၁၉၂)ဘီလီယံခန့် သက်သာစေတဲ့ ရလဒ် ရရှိခဲ့ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန် အပါအဝင် ပါရီကလပ် တို့ရဲ့ ကြွေးမြီ ရှင်းလင်းရေးကိစ္စတွေကို စနစ်တကျ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီလို ရှေးယခင်ကတည်းက တင်ရှိခဲ့တဲ့ နိုင်ငံတကာကြွေးမြီ လျှော်ပစ်ရေးအစီအစဉ်တွေဟာ နိုင်ငံတော် သမ္မတကြီး ဆောင်ရွက်နေတဲ့ မက်ခရိုစီးပွားရေး၊ မိုက်ခရိုစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ၊ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေးအစီအစဉ်တွေ အပါအဝင် နိုင်ငံရေး-စီးပွားရေး-လူမှုရေးအုပ်ချုပ်ရေး  ပြုပြင်ပြောင်းလဲ မှုတွေရဲ့ အကျိုးရလဒ်တွေပဲ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကြီး တဖြည်းဖြည်းချင်း လေ့လာသုံးသပ် ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့ အကျိုးရလဒ်တွေဟာ နေ့ချင်းညချင်းပုံစံမျိုး မဟုတ်ဘဲ တဖြည်းဖြည်းချင်း ထွက်ပေါ်လာနေတဲ့ အခြေအနေတွေကို မြင်တွေ့နေရပြီ ဖြစ်ပါကြောင်း ။

Read More : http://www.ministryofinformation.gov.mm/index.php/news/local-news/2150-2013-01-29-03-53-44.html

ရှေ့တန်းရောက် တပ်မတော်သားများအား ဦးတေဇ ကုမ္ပဏီတွေရဲ့ အလှူ

ရှေ့တန်းရောက် တပ်မတော်သားများအား ဦးတေဇ ကုမ္ပဏီတွေရဲ့ 
အလှူ
Monday, January 28, 2013 

မြန်မာအစိုးရ စစ်တပ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ
ရှေ့တန်းရောက် တပ်မတော်သားတွေ အတွက် ဂုဏ်ပြုအလှူငွေ ကျပ်သိန်းပေါင်း ၇၀၀ အား  သူဌေးကြီး ဦးတေဇရဲ့ AGD Bank နှင့် 
Air Bagan တို့ကပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အလှူငွေ ပေးလှူပွဲကိုတော့ ယမန်နေ့ ဇန်န၀ါရီလ ၂၇ ရက်က နေပြည်တော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ဘုရင့်နောင်ရိပ်သာတွင်
ပြုလုပ်ကျင်းပခဲ့ကြောင်း  AGB ဘဏ် ဖေ့စ်ဘုတ်စာမျက်နှာ တွင် ဖော်ပြ
ထားပါတယ်။ 

ဒီအပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲကို ဂုဏ်ပြုတဲ့
အနေနဲ့လည်း AGD Bank နှင့် Air Bagan မှ အလှူငွေ ကျပ်သိန်း ၁၀၀ ကို
ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးမှု ဘဏ် လီမိတက် - AGB ဘဏ်

ဧရာဝတီ

Monday, January 28, 2013

မြန်မာအစိုးရ စစ်တပ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ ရှေ့တန်းရောက် တပ်မတော်သားတွေ အတွက် ဂုဏ်ပြုအလှူငွေ ကျပ်သိန်းပေါင်း ၇၀၀ အား သူဌေးကြီး ဦးတေဇရဲ့ AGD Bank နှင့် Air Bagan တို့ကပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အလှူငွေ ပေးလှူပွဲကိုတော့ ယမန်နေ့ ဇန်န၀ါရီလ ၂၇ ရက်က နေပြည်တော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ဘုရင့်နောင်ရိပ်သာတွင်ပြုလုပ်ကျင်းပခဲ့ကြောင်း AGB ဘဏ် ဖေ့စ်ဘုတ်စာမျက်နှာ တွင် ဖော်ပြထားပါတယ်။

ဒီအပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့လည်း AGD Bank နှင့် Air Bagan မှ အလှူငွေ ကျပ်သိန်း ၁၀၀ ကိုပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးမှု ဘဏ် လီမိတက် - AGB ဘဏ်

ဧရာဝတီ

လေးဝတီအရေးကြီး (၅) မိနစ်သတင်း

(၂၈။၁။၂၀၁၃)မြန်မာစံတော်ချိန်။ ည (၈)နာရီ (၅)မိနစ်

ရခိုင်ပြည်မောင်တော မြို့ အပိုင် (၃)မိုင်ဂေါက်ကွင်းရှိ အစိုးရ အဆောက်အဦးများကို နာရီဝက်အတွင်း ရခိုင်အကြမ်းဖက်သမားများ မီးတိုက်ဖျက်ဆီးနေကြောင်း လေးဝတီတာဝန်ခံ (မောင်တော) မှ သတင်းပေးပို့ လာပါသည်။ မီးရှို့ဖျက်ဆီးသော အဆောက်အဦးများမှာ ပြာကျသွားကြောင်းနဲ့ မောင်တောလုံခြုံရေး တပ်ဖွဲ ဝင် များ မှ သေနပ်ပစ်ဖေါက် လူစုခွဲနေကြကြောင်း သိရှိရပါသည်။ မောင်တောမြို့ ဒေသခံများမှာ အထူးစိုး ရိမ်နေ ရကြောင်း လုံခြုံရေးတပ်ဖွဲဝင်များမှ အပြင်မထွက်ကြစေရန် တားမြစ်နေကြောင်း သတင်းပေး ပို့ပါသည်။

ဆက်လက်ပြီး ထူးခြားသတင်းများကို အချိန်နဲ့ တပြေးညီဖေါ်ပြပေးပါမည်။
လေးဝတီလွတ်လပ်သော သတင်းဌါန
အမေရိက အခြေစိုက်

Monday, January 28, 2013

ဝမ်းနည်းကြေကွဲရတဲ့ ဘရာဇီးရဲ့ တနင်္ဂနွေည

ဝမ်းနည်းကြေကွဲရတဲ့ ဘရာဇီးရဲ့ တနင်္ဂနွေည
Monday, January 28, 2013

တနင်္ဂနွေနေ့ည ဘရာဇီးနိုင်ငံရဲ့ နိုက်ကလပ်တစ်ခုမှာ မီးလောင်ရာမှ လူ ၂၄၅ ဦး သေဆုံးခဲ့ရပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဘရာဇီးရဲ့ Santa Maria မြို့က KISS နိုက်ကလပ်ထဲမှာ နံနက် ၂း၃၀ လောက်မှာ ဂီတတီးဝိုင်းတခုက လွတ်လိုက်တဲ့ မီးတောက်လျှံကနေ စပြီးမီးလောင်ခဲ့တာလို့ သိရပါတယ်။ မီးလောင်တဲ့သတင်းကြောင့် ချီလီနိုင်ငံကိုရောက်နေတဲ့ ဘရာဇီးသမ္မတ Dilma Rousseff က ခရီးစဉ်ဖျက်သိမ်းပြီး ဘရာဇီးကို ပြန်လာခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့ပါတယ်။ "မီးလောင်တာက သိပ်မြန်တယ်၊ မည်းနက်နေတဲ့ မီးခိုးတွေ တခန်းလုံးပြည့်လျှံသွားတယ်။ ကျနော်တို့က VIP အခန်းမှာရှိနေလို့ တံခါးပေါက်နဲ့ နီးတာကြောင့် အမြန်ထွက်ပြေးနိုင်ခဲ့တယ်" လို့ ၂၉ နှစ်အရွယ် Santos Silva က ပြောခဲ့ပါတယ်။ မကြာခင် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား နဲ့ ၂၀၁၆ ခုနှစ်မှာ အိုလံပစ်ပွဲ တို့ကို အိမ်ရှင်အဖြစ်ကျင်းပမဲ့ ဘရာဇီးရဲ့ ကယ်ဆယ်ရေးနဲ့လုံခြုံရေး အဆင့်အတန်းကို ပြစ်တင်ဝေဖန်မှုများ ရှိနေတယ်လို့ သိရပါတယ်။

Myanmar 1

Monday, January 28, 2013

တနင်္ဂနွေနေ့ည ဘရာဇီးနိုင်ငံရဲ့ နိုက်ကလပ်တစ်ခုမှာ မီးလောင်ရာမှ လူ ၂၄၅ ဦး သေဆုံးခဲ့ရပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဘရာဇီးရဲ့ Santa Maria မြို့က KISS နိုက်ကလပ်ထဲမှာ နံနက် ၂း၃၀ လောက်မှာ ဂီတတီးဝိုင်းတခုက လွတ်လိုက်တဲ့ မီးတောက်လျှံကနေ စပြီးမီးလောင်ခဲ့တာလို့ သိရပါတယ်။ မီးလောင်တဲ့သတင်းကြောင့် ချီလီနိုင်ငံကိုရောက်နေတဲ့ ဘရာဇီးသမ္မတ Dilma Rousseff က ခရီးစဉ်ဖျက်သိမ်းပြီး ဘရာဇီးကို ပြန်လာခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့ပါတယ်။ "မီးလောင်တာက သိပ်မြန်တယ်၊ မည်းနက်နေတဲ့ မီးခိုးတွေ တခန်းလုံးပြည့်လျှံသွားတယ်။ ကျနော်တို့က VIP အခန်းမှာရှိနေလို့ တံခါးပေါက်နဲ့ နီးတာကြောင့် အမြန်ထွက်ပြေးနိုင်ခဲ့တယ်" လို့ ၂၉ နှစ်အရွယ် Santos Silva က ပြောခဲ့ပါတယ်။ မကြာခင် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား နဲ့ ၂၀၁၆ ခုနှစ်မှာ အိုလံပစ်ပွဲ တို့ကို အိမ်ရှင်အဖြစ်ကျင်းပမဲ့ ဘရာဇီးရဲ့ ကယ်ဆယ်ရေးနဲ့လုံခြုံရေး အဆင့်အတန်းကို ပြစ်တင်ဝေဖန်မှုများ ရှိနေတယ်လို့ သိရပါတယ်။

မိုဘိုင်းဖုန်းဈေး အဆများစွာ လျော့ချပေးမည်

ရန်ကုန်၊ ဇန်န၀ါရီလ ၂၈

မိုဘိုင်းဖုန်း နှုန်းထားများကို အတိအကျမ ပြောသော် လည်း ပြည်သူအများ မျှော်လင့်ထားသည့် ဈေးနှုန်းနှင့် ကိုက်ညီစေရန် အဆများစွာ ဈေးလျော့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး၊ နည်းပညာနှင့် အချက် အလက် ဝန်ကြီးဌာနမှာ ဒုဝန်ကြီး ဦးဝင်းသန်းက ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် အမျိုးသား လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးတွင် ပြောကြား သွားသည်။

နိုင်ငံတော် လုံခြုံရေးနှင့် မဆိုင်သဖြင့် မိုဘိုင်းဖုန်း ဈေးနှုန်းများကို မည်မျှအထိ လျော့ချပေးမည်ကို သိလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါက်တာ မြတ်ဥာဏစိုးက မေးမြန်းသဖြင့် ၄င်းက ယင်းကဲ့သို့ ဖြေကြားခဲ့သည်။

"ပြည်သူတွေ မျှော်လင့်ထားတဲ့ ဈေးနှုန်း အထိ လျော့ချဖို့ အစီအစဉ်ရှိတဲ့အတွက် ပြည်သူတွေ အံ့သြလက်ခံ မယ်လို့ ထင်ပါတယ်"ဟု ဦးဝင်းသန်းက ဆိုသည်။ မိုဘိုင်းဖုန်းများ ဈေးနှုန်း အဆမတန် လျော့ ချပြီး လျှင် ကျေးလက်တွင် အရစ်ကျဝယ်ယူထားသော ပြည်သူများ သွင်းထားသည့် ပိုငွေများကို ပြန်ပေးရန် စီစဉ်ထားကြောင်း ဦးဝင်းသန်းက ပြောပြသည်။

မြန်မာ့ဆက်သွယ်ရေးသည် ပြည်သူများ မျှော်လင့်ထားသည့် ဈေးနှုန်းချိုသာသော မိုဘိုင်းဖုန်းများရရှိ ရန် ဈေးလျော့ချရေးအပြင် ဈေးနှုန်းချိုသာစွာ လုပ်ကိုင်လိုသည့် မိုဘိုင်းဖုန်း လုပ်ကိုင်ခွင့်များ ကိုလည်း ပေးအပ် သင့်ကြောင်း ဒေါက်တာမြတ်ဥာဏစိုးက အကြံပြုသည်။
____________________________________
Reference and Credit to -The Voice Weekly