နေပြည်တော် ဇန်နဝါရီ ၂၈
မြန်မာနိုင်ငံသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် ၁၉၇၃ ခုနှစ်ခန့်ကစ၍ ကမ္ဘာ့ဘဏ်မှ ဖွံ့ဖြိုးမှုချေးငွေများ ရယူခဲ့ပါသည်။
ယခုအခါ နိုင်ငံတော်အစိုးရသည် အဆိုပါချေးငွေများအနက် ပေးဆပ်ရန်
အချိန်စေ့ရောက်ပြီးနောက် ပြန် လည်ပေးဆပ်နိုင်ခြင်း မရှိခဲ့သည့်
ကြွေးမြီလက်ကျန်များကို ကမ္ဘာ့ဘဏ်(World Bank)၊ ဂျပန်အပြည်ပြည်
ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဘဏ်(JBIC)တို့နှင့် ညှိနှိုင်း၍ စာရင်းရှင်းလင်းရေး ကြိုးပမ်းဆောင်ရွက်ခဲ့ ပါသည်။
ယင်းသို့ကြိုးပမ်းခဲ့သည်နှင့်အညီ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဘဏ်ထံမှ
အမေရိကန်ဒေါ်လာ ၄၃၀ သန်းကို ပေါင်းကူးချေးငွေရယူ၍ ကမ္ဘာ့ဘဏ် သို့
ပြန်လည်ပေးဆပ်နိုင်ခဲ့ပြီး ကမ္ဘာ့ဘဏ်မှ ပြန်လည် ရရှိသည့် အမေရိကန်ဒေါ်လာ ၄၃၀
သန်းဖြင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဘဏ်၏
ပေါင်းကူး ချေးငွေအား ယင်းနေ့တွင်ပင် ပြန် လည်ပေးဆပ်ခြင်းဖြင့်
ကြွေးမြီလက်ကျန်စာရင်း ရှင်းလင်းခြင်းလုပ်ငန်းကို အောင်မြင် စွာ
ဆောင်ရွက်နိုင် ခဲ့ပြီး ဖြစ်ပါသည်။
ယင်းသို့အပြည်ပြည်ဆိုင်ရာ
ငွေကြေးအဖွဲ့အစည်းတစ်ခုဖြစ်သော ကမ္ဘာ့ဘဏ်၏ ကြွေးမြီလက်ကျန်များကို
ရှင်းလင်းနိုင်ခြင်းကြောင့် မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းတွင်
တာဝန်သိနိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုခံရမည် ဖြစ်သည့်အပြင်
နိုင်ငံတော်အတွက် လိုအပ်နေသော ဖွံ့ဖြိုးမှုဆိုင်ရာ အတိုးနှုန်း သက်သာသည့်
ချေးငွေအစီအစဉ်အသစ်များကိုလည်း ပိုမိုတိုးတက် ရရှိလာမည် ဖြစ်ပါသည်။
ကမ္ဘာ့ဘဏ်အနေဖြင့်လည်း မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း (၆၄၀)၌ ကျောင်းများ၊
ကျန်းမာရေးဆေးပေးခန်း များ၊ လမ်းများနှင့် စိုက်ပျိုးရေးလုပ်ငန်း
စသည်တို့တွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ National
Community-Driven Development Project အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀ ကို
(၆)နှစ်ကာလအတွင်း ကူညီထောက်ပံ့မည် ဖြစ်သည်။ ကမ္ဘာ့ဘဏ်အနေဖြင့်
မြန်မာနိုင်ငံ၏ ဆင်းရဲမှုလျှော့ ချရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး
ပြုပြင်ပြောင်းလဲမှုများအတွက် ငွေကြေးနှင့်နည်းပညာ အကူအညီများ
ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
(၂၉-၁-၂၀၁၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်မှ)
No comments:
Post a Comment