ဘရာမန်။ ။ ဂျာမနီအနောက်ပိုင်းရှိ
ဘရာမန် (Bremen) ပြည်နယ်တွင် မွတ်စလင်များ၏ ဘာသာရေး ပွဲတော်များအတွက်
အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေး လိုက်ပြီဖြစ်ပါသည်။ ဂျာမနီနိုင်ငံ၌
ပြည်နယ် (၁၆) ခုရှိရာ ဟမ်းဘက်ပြည်နယ်ပြီးနောက် ဒုတိယမြောက် မွတ်စလင်များ၏
ဘာသာရေးပွဲတော်ကို ပိတ်ရက်အဖြစ် သတ်မှတ်ပေးသည့် ဒုတိယမြောက်ပြည်နယ်
ဖြစ်လာပါသည်။ ဒါဟာ ဥရောပနိုင်ငံများတွင် လူနည်းစုဖြစ်တဲ့
မွတ်စလင်များအတွက် အားတက်ဖွယ်ရာ အသိအမှတ်ပြုခံရမှုဖြစ်သည်။
“ကျွန်တော် အရမ်းဝမ်းသာပါတယ်၊
ဘာလို့လဲဆိုတော့ အစ္စလာမ်သာသနာနှင့် အစ္စလာမ်ဘာသာဝင် မွတ်စလင်များ ဟာ
ကျွန်တော်တို့ မြို့ သာမက ကျွန်တော်တို့ ဘ၀တွေရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ”
ဟု မြို့တော်ဝန် Jens Boehrnsen က AFP သတင်းသို့ ပြောကြားခဲ့ပါသည်။
နိုဝင်ဘာ (၃၀) ရက်နေ့ သောကြာနေ့မှာ ဒေသခံ
မွတ်စလင် ခေါင်းဆောင် ကိုယ်စားလှယ်များနဲ့ တွေ့ဆုံ သဘောတူညီမှု
လက်မှတ်ရေးထိုး အပြီးမှာ မွတ်စလင်များရဲ့ ပွဲတော် ပိတ်ရက်များအား
တရားဝင်ရုံး ပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း မြို့တော်ဝန်က
ကြေငြာပေးလိုက်တာဖြစ်ပါသည်။
“ဒီသဘောတူညီချက်ဟာ ဘာကိုဖော်ဆောင် သလဲ
ဆိုရင် အပြန်အလှန် အသိအမှတ်ပြုမှု နဲ့ အပြန်အလှန်တန်ဖိုးထားမှု့ အပေါ်မှာ
လေးစားမှုတို့ ဖြစ်ပါတယ်” လို့ မြို့တော်ဝန်က ထပ်လောင်း
ပြောကြားလိုက်ပါသည်။
ထိုသဘောတူညီမှု အရ ၄င်းရုံးပိတ်ရက်များ
အတွက် လစာ ရမည် မဟုတ်သော်ငြားလည်း မွတ်စလင်တို့၏ ပျော်ပွဲရွှင်ပွဲ
ပိတ်ရက်များ အတွက် တရားဝင် ပိတ်ရက်ပေးဖို့ မွတ်စလင် အဖွဲ့အစည်အား
တင်သွင်းအဆိုပြု ခွင့်ပေးထားပါသည်။
ဒီ အဆိုတင်သွင်းမှု သည် မြို့ရဲ့ အာဏာပိုင်များနဲ့ Bremen ပြည်နယ် ပါလီမန်မှာ အတည်ပြုဖို့ စောင့်နေဆဲဖြစ်သည်။
ဂျာမနီ နိုင်ငံမြောက်ပိုင်းရှိ Hamburg
မြို့ တွင် မွတ်စလင်များရဲ့ ဘာသာရေးဆိုင်ရာ ပွဲတော်ရက်များအား
ရုံးပိတ်ရက်ဖြစ်ကြောင်း အတည်ပြုပြီးဖြစ်ပါသည်။
ထို အဆိုတင်သွင်းမှုအရဆိုလျှင်
“အီဒ်ဿးွလ်ဖွီတာရ် ၊ အီဒ်ဿးွလ်အဒါဟ် နဲ့ အာရှူရာဟ် ” နေ့များကို
ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးမှာ ဖြစ်သည်။
ဂျာမနီနိုင်ငံသည် ဥရောပတိုက် တွင်
ပြင်သစ်နိုင်ငံပြီးလျှင် ဒုတိယမွတ်စလင်အများဆုံးနိုင်ငံဖြစ်ပြီး ၊ ယခုအခါ
နိုင်ငံအတွင်း ကက်သလစ် ခရစ်ယာန်များနှင့် Protestant ခရစ်ယာန် ဘာသာဝင်များ
နောက်တွင် အစ္စလာမ်ဘာသာသည် တတိယမြောက် လူဦးရေ အများဆုံးဘာသာဖြစ်သည်။
အစိုးရ၏ အသေအချာ စစ်တမ်းကောက်ယူမှုများအရ
ဆိုလျှင် မွတ်စလင်ဦးရေ (၃.၈) သန်း နှင့် (၄.၃) သန်းကြားရှိပြီး ၊ လူဦးရေ
စုစုပေါင်း (၈၂) သန်း၏ (၅) ရာခိုင်နှုန်း ရှိပါသည်။
No comments:
Post a Comment