Monday, December 3, 2012

ဒုံးပျံ အောင်ဆန်းစုကြည်

ဒုံးပျံ အောင်ဆန်းစုကြည်...............(Tim Cahill)

ကျွန်တော် အံ့သြ၍မဆုံး............. ကချင်ပြည်နယ်အရေး ၊ ရခိုင်ပြည်နယ်
အရေး များတွင် မျက်နှာလွှဲ ခဲပစ်နေခဲ့သူ ကျွန်တော်တို့ အမျိုးသားရေး
ခေါင်းရှောင်ကြီး.......... အဲ...... ဆောရီး .... အမျိုးသားရေးခေါင်းဆောင်
ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဘုန်းတော်ကြီး လေး ငါးဆယ်လောက် 
ဒဏ်ရာ ရသွားသောအခါ ကမ္ဘာ့ အမြန်ဆုံး နောက်ဆုံးပေါ်ယာဉ်ကိုစီးပြီးတော့
မုံရွာကြေးနီ စီမံကိန်းကို ဆန္ဒပြရာနေရာသို့ အမြန်ဆုံးနည်းနှင့် ပန်းကန်လုံးစီး
ပြီးတော့ ရောက်ရှိသွားလေသည် ။ ဆေးရုံတက်နေရသော ဘုန်းတော်ကြီး
များကို လည်း ကိုယ်တိုင်သွားရောက် တွေ့ဆုံခဲ့သည်  ................

ဤလူအရေအတွက်မှာ ကချင်ပြည်နယ်  ၊ ရခိုင်ပြည်နယ်တွင် ဒုက္ခခံစားနေရ
သော ခံစားချက်နှင့်နှိုင်းယှဉ်ကြည့်ပါက ဆိတ်နှင့် ဆင်လောက် ကွာခြားသည်

ကချင်ပြည်နယ်တွင် ယခုဖြစ်ပွားနေသော ပြဿနာများကြောင့် လူပေါင်းများ
စွာတို့သည် မိမိတို့၏ အိုးအိမ်များကို စွန့်ခွာထွက်ပြေးနေရသည် ။ မိန်းမများ ၊ 
ကလေးငယ်များ စားစရာမရှိ ၊ နေစရာ မရှိ ၊ အမိုးအကာမရှိ ၊ နေ့စဉ် အဓမ္မ
ကျင့်ခံနေရသည် ၊ နေ့စဉ်သတ်ဖြတ်ခံနေရသည် ။ ဒါမျိုးကိုတော့ စုကြည်က 
မမြင်နိုင် ။ 

ထို့အတူပင် ရခိုင်ပြည်နယ် ပြဿနာတွင်လည်း ဘာတစ်ခွန်းမျှ မပြောပဲနှင့်
ရေငုံနှုတ်ပိတ်နေခဲ့သည်မှာ ဒုက္ခသည်များအဖို့တော့ ကမ္မဋ္ဌာန်း ကျင့်ကြံနေ
သလားအောက်မေ့ရသည် ။ စာနာစိတ်ကင်းမဲ့လှချည်လား စုကြည်..........

အခု ကိုယ်က ပြဿနာ သွားရာလို့ ဟိုက ပစ်လိုက်တော့ စုကြည်လည်း အပြစ်မရှိတဲ့ သူတွေလို့ ပြောမှာလား........

ဒါဆိုရင်တော့ စုကြည် ရထားတဲ့ နိုဘယ်လ်ဆုကို ပြန်ပေးလိုက်ပါ ။ 
စုကြည်နဲ့ မတန်ပါဘူး ။ နိုဘယ်လ် ဆိုတာ မြင့်မြတ်မှုပါ..............
မြင့်မြတ်မှုဆိုတာ လူမျိုးမရွေး ၊ ဘာသာမရွေး ကြည့်ရှု့စောင့်ရှောက်နိုင်မှုပါ။
အခုတော့ စုကြည်က “ကတုံးများ” အတွက်ပဲ ဖြစ်နေသည်လေ.......

အခုတော့ ပြဿနာဖြစ်ပြီး နာရီပိုင်းအတွင်းမှာပင် စုကြည်က ကြေးနီကို
ရောက်သွားသည် ။ ဒါပေမယ့် လနှင့်ချီပြီး ဖြစ်နေတဲ့ ကချင်ပြည်နယ်ပြဿနာ
ရခိုင်ပြည်နယ်ပြဿနာများမှာတော့ စုကြည် သွားဖို့မဆိုနှင့် ပါးစပ်တောင်မဟ။

ဒါကြောင့် နိုင်ငံတစ်ကာမှာ စုကြည် ဟာ အသံကောင်းဟစ်လို့မရတော့ပါဘူး။
စုကြည်က အစောကြီးထဲက ပွင့်ပွင့်လင်းလင်းပြောဖို့ကောင်းတယ်.......
ဘယ်လိုလဲဆိုတော့.........
“ဗုဒ္ဒသာလူမျိုးကလွဲရင် ကျွန်မ ဘယ်လူမျိုးကိုမှ မကြည့်နိုင်ပါဘူး” လို့လေ ။

အခုတော့ စုကြည်အော်နေတဲ့ “လူ့အခွင့်အရေးဆိုတာ ကမ်းစပ်ကသဲသောင်
ပြင်ပေါ်မှာ အရုပ်ရေးသလိုပါပဲ ...... လှိုင်းဆိုတဲ့ ဘာသာရေးဝင်လာကော 
စုကြည်လည်း ပျက်ရတော့တာပါပဲ.......

                                                                     နာကြည်းမှုများဖြင့်
      
                                                                        Tim Cahill........

ကျွန်တော် အံ့သြ၍မဆုံး............. ကချင်ပြည်နယ်အရေး ၊ ရခိုင်ပြည်နယ်
အရေး များတွင် မျက်နှာလွှဲ ခဲပစ်နေခဲ့သူ က
ျွန်တော်တို့ အမျိုးသားရေး

No comments:

Post a Comment