မြန်မာ့အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က သူမအား သမ္မတရာထူး သို့ ရောက်ရှိစေနိုင် ရန်
နိုင်ငံတော်၏ ဖွဲ့စည်းပုံဥပဒေ ကို ပြင်ဆင်သွားဖို့ စစ်တပ် က
ထောက်ခံလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။
ပါလီမန်တွင်
မြန်မာစစ်တပ်က နေရာအများအပြားရယူထားသော်လည်း ဖွဲ့စည်းပုံအခြေ
ခံဥပဒေပြင် ဆင်ရေးကိုမူ ပါလီမန်က အတည်ပြုပေးလိမ့်မည်ဟု သူမမျှော်လင့်
မိကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။
“ကျမအနေနဲ့
ဒါကိုထူးထူးခြားခြားကြီး စိုးရိမ်နေတာမျိုး မရှိပါဘူး။ မြန်မာစစ်တပ်ထဲက
လူတွေကလည်း တခြားနိုင်ငံသားတွေလိုပဲ၊ မြန်မာပြည်ကြီးကို ပိုပြီးတော့
ပျော်ရွှင်နေတာမျိုး၊ ပိုကြီးတော့ ကြံ့ခိုင်လာတာမျိုး၊ ရိုင်ပင်းကူ
ညီလာတာမျိုး ကို မြင်ချင်ကြတာချည့်ပဲလို့ ကျမထင်ပါတယ်။” ဟု ဒေါ်စုက “ဘားမား”
ဟူသည့် စကားလုံးကို သုံးစွဲ၍ ပြောကြားခဲ့သည်ဟု စီအင်အေက ဆိုသည်။
“ဒါကြောင့်လည်း ကျမအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သတ်ပြီး
ဖြစ်လာနိုင်တဲ့အခြေအနေမျိုး ကို စေ့စပ် ဆွေးနွေးပြီး
အဖြေထုတ်တဲ့ပုံစံမျိုးကို မပစ်ပယ်ခြင်းဖြစ်ပါတယ်။” ဟု ဒေါ်စုက ဟာဝိုင်အီရှိ
East-West စင်တာ၌ သောကြာနေ့က ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဖြစ်လာမည့်သူ၏ သားသမီးများသည် နိုင်ငံခြားသား များဖြစ်မနေစေရဟု ထည့်သွင်းပြဌာန်းထားသည်။
“တစ်စုံတစ်ယောက် စိတ်ထဲမှာ ရည်ရွယ်ပြီးတော့ ဒီလိုမျိုး
တိုင်းပြည်အခြေခံဥပဒေကြီး ကို ရေးဆွဲတယ် ဆိုတာ မှန်ကန်တယ်လို့ ကျမမထင်ဘူး၊
(အဲဒီရည်ရွယ်တဲ့ တစ်စုံတစ်ယောက်ကို) နိုင်ငံတော်ရဲ့ (အုပ်ချုပ်ရေး)
ရုံးတွေကနေ တသက်လုံးဝင်လာလို့မရအောင် တားဆီးထားတာမျိုး၊ ဒါမှမဟုတ် သူ့ကို
နိုင်ငံတော်ရဲ့ (အုပ်ချုပ်ရေး) ရုံးတွေ ဆီ ၀င်လာလို့မရအောင်
ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာမျိုး (ဒါမျိုးတွေက မှန်ကန်တယ်လို့ ကျမ
မထင်ဘူး။) ” ဟု ယခင်က နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ပလဲနံပ သင့်စေမည့် စကားမျိုးများကိုသာ ပြောခဲ့ဖူးသည့် ဒေါ်စုက ဟာဝိုင်အီခရီးစဉ် တွင် ပြောကြား လိုက်ခြင်း ဖြစ်သည်။
တဆက်တည်းသူမက “ဒါမျိုးက လက်သင့်ခံလို့ကို မရဘူး၊ ဒါမျိုးကို ဒီမိုကရေစီလို့ မခေါ်ဘူး၊ ဒါမျိုးကို ဖွဲ့စည်းပုံအခြေခံဥပဒေကြီးပါလို့လည်း ၀ိသေသ ပြု လို့မရဘူး” ဟု ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။
ထို့ပြင် ဒေါ်စုက မြန်မာပြည်ရှိ လူနည်းစု (minorities) များအတွက်
အသက်ရှူချောင်စေဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြုပြင်ရ မည်ဖြစ်ကြောင်း
ပြော ကြားရာ၌ “ဒီလိုမျိုး အသက်ရှူချောင်တဲ့နည်းလမ်းတွေကို
မလုပ်ဘူးဆိုရင် ငြိမ်းချမ်းရေးနဲ့ သဟာဇာတဖြစ်ရေးစ တာတွေ အပေါ်မှာ အခြေခံတဲ့
စစ်မှန်ပြီး အဓွန့်ရှည်မယ့် ပြည်ထောင်စုကို တည်ဆောက်ဖို့ ကျမတို့
ဘယ်တော့မှ မျှော်လင့်နိုင်မှာလည်း မဟုတ်ဘူး။” ဟု ပြောကြားခဲ့သည်။
ဘာမားဟူသည့်စကားလုံးကို ဦးသိန်းစိန်အစိုးရက ကန့်ကွက်နေသော်လည်း ဒေါ်စုကမူ
ဆက်လက် သုံးစွဲနေသေးသည်။ ဤသည်နှင့်ပတ်သတ် ၍မူ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင်ဟု အများက ခေါ်ဝေါ် သမုတ်နေသည့် ဒေါ်အောင်ဆန်းစုကြည်က “နာမည်က
တိုင်းပြည်ကို လုပ်တာမျိုးမဟုတ်ဘူး၊ တိုင်းပြည်က သာ နာမည်ကို ထုတ်ပေးတာ” ဟု
မှတ်ချက်ပေးခဲ့သည်။
No comments:
Post a Comment