Sunday, March 31, 2013

WY စာတန်းပါ စိတ်ကြွ ဆေးပြားများ ဖမ်းဆီး ရမိ

တာချီလိတ် မူးယစ် (အထူး) အဖွဲ့မှ ရဲအုပ် ကျော်သူ ဦးစီး ပါဝင်သော ပူးပေါင်း အဖွဲ့သည် မတ် ၂၇ ရက် မွန်းလွဲ ၂ နာရီက သက်သေ များနှင့် အတူ တာ

ချီလိတ်မြို့ ဟောင်လိတ် အုပ်စု ပါလျှံ(၃) ရပ်ကွက်ရှိ တည်းခိုခန်း တစ်ခု၌ မူးယစ် ဆေးဝါး သတင်းအရ ဝင်ရောက် ရှာဖွေရာ ၎င်းအခန်းတွင် တည်းခို နေထိုင်သူ နန်းဆီဖန်း၏ ခါးတွင် ပတ်ထားသော YHAD စာတန်းပါ အညိုရောင် ခါးပတ်အတွင်း အပြာရောင် မိန်းမကိုင် ပိုက်ဆံ အိတ်ငယ်ဖြင့် ထည့်ထားသော အဖြူ ရောင် ပလတ် စတစ် အိတ်ငယ် အတွင်းတွင် WY စာတန်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား ၁၁၆ ပြားပါ တစ်ထုပ်၊ အလေးချိန် ၁၁ ဒသမ ၆ ဂရမ် ကာလ တန်ဖိုးငွေကျပ် ၂၃၂ဝဝဝ နှင့် အိုက်စ်ဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ ၅ ဂရမ်စီပါ ၃ ထုပ် ကာလ တန်ဖိုး ငွေကျပ် ၂၄ဝဝဝဝ စုစုပေါင်း ငွေကျပ် ၄၇၂ဝဝဝ ခန့်ကို ရှာဖွေ တွေ့ ရှိ သဖြင့် ဒုတိယ ရဲအုပ် အောင်ကျော်စိုးက သိမ်းဆည်း ခဲ့သည်။

အဆိုပါ မူးယစ် ဆေးဝါး များနှင့် အတူ ဖမ်းဆီး ရမိသူ နန်းဆီဖန်း ၃၄ နှစ် (ဘ) ဦးစိုင်းရွက် (အရောင်း အဝယ်)အမှတ် (၂၆၂) တော်ကော့ (အတွင်း) ရပ်ကွက် ဟောင် လိတ် အုပ်စု တာချီလိတ်မြို့ နေသူအား တာချီလိတ် ရဲစခန်းမှ မယ (ပ)၂၃/၂ဝ၁၃ မူး/စိတ် ပုဒ်မ ၁၅/ ၁၉(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရ ရှိသည်။

http://bit.ly/121GTZK

No comments:

Post a Comment