Sunday, March 31, 2013

နိုင်ငံတော်သမ္မတကြီး ဧပြီလ ၁ ရက် ၂ရက် ၃ ရက်နေ့များတွင် Radio Speech ပြောမည်

သမ္မတဦးသိန်းစိန်က တိုင်းပြည်နဲ့ လူထုကို မြန်မာ့နှစ်ကူး မိန့်ခွန်းလို့ ဆိုနိုင်မယ့် မိန့်ခွန်းတရပ်ကို ဧပြီ ၁ ရက်မှာ ပြောမယ်လို့ သမ္မတရုံး အသိုင်းအ၀ိုင်းကနေ သိရပါတယ်။
သမ္မတက လူထုကို မူလအသိပေးထားတဲ့အတိုင်း အခါအားလျော်စွာ ပြောကြားတဲ့ ရေဒီယိုမိန့်ခွန်း မျိုး ဖြစ်ပေမယ့် ထူးခြားတဲ့ သတင်းစကားတွေလည်း ပါလာမယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။

ဧပြီ ၁ မှာတော့ ဆယ်စုနှစ်များစွာအတွင်း ပုဂ္ဂလိက သတင်းစာ လေးစောင် စတင် ထွက်ရှိလာမှာ ဖြစ်သလို လက်ကိုင် တယ်လီဖုန်းတွေကိုလည်း နှစ်ပေါင်းများစွာအတွင်း အလွန်သက်သာတဲ့ နှုန်းထားတမျိုးနဲ့ အစိုးရက ရောင်းပေးမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပါတယ်။

ဧပြီ ၁ ရက်မှာ ရေဒီယိုက ထုတ်လွှင့်မယ့် သမ္မတမိန့်ခွန်းကိုပဲ ဧပြီ ၂ ရက် နဲ့ ၃ ရက်မှာ ပြန်လည် ထုတ်လွှင့်မယ်လို့ သိရပါတယ်။

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး အသုံးပြုတဲ့ ဖေ့စ်ဘုတ် စာမျက်နှာ မှာတော့ မြန်မာ့အသံရေဒီယို၊ မန္တလေး FM၊ ပဉ္စဝတီ FM၊ ရွှေ FM၊ ပတ္တမြား FM၊ FM ပုဂံ၊ သဇင်ရေဒီယိုတွေကနေ နံနက် ၇ နာရီ၊ နေ့လယ် ၁၁ နာရီ၊ ည ၆ နာရီနဲ့ ည ၈ နာရီ၊ တနေ့ လေးကြိမ် ထုတ်လွှင့်မယ်လို့ အသိပေး ထားပါတယ်။

No comments:

Post a Comment