Friday, January 18, 2013

(Sea Game ) အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် Wi-Fi အသုံးပြုရန်အတွက် ပြည်တွင်း ကုမ္ပဏီ ၂ ခု ပူးပေါင်းမည်


ရန်ကုန် ၊ ၁၈-၁-၂၀၁၃

၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ တွင် ကျင်းပမည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအတွက် Wi-Fi အသုံးပြု နိုင်ရန်အတွက် လုပ်ငန်း ဆောင်ရွက်မှု များကို ပြည်တွင်း ကုမ္ပဏီ ၂ ခုနှင့် ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်ပြီး SEA Game ကျင်းပမည့် နေပြည်တော် ၊ ရန်ကန် ၊ မန္တလေး နှင့် ငွေဆောင် စသည့် အဓိက နေရာ များတွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အားကစား ကွင်းတည်နေရာ ၊ ကစားသမား တည်းခိုမည့် နေရာများ နှင့် ပတ်ဝန်းကျင် နေရာများ တွင် Wi-Fi စနစ် ရရှိအောင် ပြုလုပ် သွားမည် ဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် အင်တာနက် လိုင်းဆွဲအား များ ပိုမို ကောင်းမွန်အောင် ပြု လုပ် နေကြောင်း သိရသည်။ လက်ရှိ ပြည်တွင်းတွင် မိုဘိုင်းဖုန်း နှင့် အင်တာနက် အသုံးပြု မှုများ အရင်ကထက် ပိုမို များပြား လာပြီး အသုံးပြုသူ ၄ သိန်း နီးပါးခန့် ရှိသည်ဟု သိရှိရသည်။

No comments:

Post a Comment