အခု ရေးသားမည့် အကြောင်းအရာများသည် Foreign Policy မှာ Yun Sun (ယွန်ဆန်) ရေး သားသော ဆောင်းပါး ကို သင့်တော်အောင် "မဟာကြောင်" ဘာသာပြန်ပေး တာဖြစ်ပါ တယ်။ ဒီဆောင်းပါးထဲမှာ ဝေဖန်ဆန်းစစ်မှုများသည် ဆောင်းပါးရေးသူ၏ အာဘော်များ သာ ဖြစ် ပါ သည်။ ဆောင်းပါးရေးသားသူ၏ အာဘော်ကို မရရှိပါက ဘာသာပြန်သူ မဟာကြောင်၏ အားနည်း ချက်သာ ဖြစ်ကြောင်း ၀န်ခံပါသည်။
မြန်မာနိုင်ငံ၏ ၂၀၁၁ ခုနှစ်မှစ၍ ဖြစ်ပေါ်နေသော အရှိန်အဟုန်ပြင်းပြီး မြန်ဆန် လှသော ပြုပြင်ပြောင်း လဲမှုများသည် တရုတ်တို့အတွက် ခေါင်းခဲစရာ ပြဿနာ ဖြစ်နေလေသည်။ တရုတ်တို့သည် ဆယ် စုနှစ်ပေါင်း များစွာကြာအောင် အိမ်နီးချင်း နိုင်ငံမှ အလကားနီးပါး ရရှိသော သဘာဝ သယံဇာတ ပစ္စည်းများကို လက်ဝါးကြီးအုပ် ဝါးမျိုနေသကဲ့သို့ မိမိတို့ဖက် အလေးသာသော သံခင်းတမာန်ခင်းများဖြင့် သာသာယာယာ ရှိခဲ့ပေသည်။ သို့သော် ယခုအခါတွင် မြန်မာပြည်၌ ရှုပ်ထွေးလှသော ဒီမိုကရေစီ စံနစ် ဖော်ဆောင် ပြုပြင် ပြောင်းလဲမှုများကြောင့် ပြည်သူအများသည် ယခင်အခါက စစ်အစိုးရနှင့် ပလဲနံပ
သင့်၍ စီးပွားရေးဆိုင်ရာ လက်ဝါးကြီးအုပ်မှုနှင့် သွေးစုပ်မှုများကြောင့် တရုတ်အစိုးရကို အမျက်သိုနေကြ ကာ တန်ပြန် တော်လှန်နေကြပေပြီ။ ဒေသတွင်းဆိုင်ရာ လုံခြုံမှုများကြောင့် ကချင်မြောက် ပိုင်း မငြိမ်မ သက်မှုများ တရုတ်နိုင်ငံ၏ နယ်မြေများကိုပါ ထိပါးလာနိုင်သည့် အချက်များကြောင့် ဇန်နဝါရီ လဆန်းပိုင်း တွင် တရုတ်ပြည်သူ့တပ်မတော်ကို နယ်စပ်သို့ ပို့လွှတ်ခဲ့ရသည်။
တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံအား အနောက်ဘက် အိန္ဒိယသမုဒ္ဒရာသို့ နည်းဗျူဟာ ကျသော ထွက်ပေါက်တစ်ခုအဖြစ် ယူဆ၍ မရနိုင်တော့ချေ။ ထို့အပြင် အရှေ့တောင် အာရှ ဒေသတွင်း တွင်လည်း ယခင်ကကဲ့သို့ ထောက်ခံမှု ပေးစွမ်းနိုင်သော နိုင်ငံအဖြစ်လည်း ယုံစား၍ မရတော့ချေ။ ဝါရှင်တန် အစိုးရနှင့် ရွှေလမ်း ငွေလမ်း ခင်းနေပြီ ဖြစ်သော နေပြည်တော် အစိုးရကြောင့် တရုတ်တို့သည် အမေရိကန်တို့၏ အာရှဒေသတွင်း ပါဝါချိန်ခွင်လျှာ ညှိလာသည့် အရေးကို စိုးရိမ်တစ်ကြီး စောင့်ကြည့်နေ ရပေပြီ။ လတ်တလော အဖြစ်အပျက်များသည် ပီကင်း အစိုးရအတွက် ကောင်းသော အလားအလာ မဟုတ်ပေ။ တရုတ်လက်နက် ကုမ္ပဏီနှင့် စစ်တပ်ထိန်းချုပ်သော မြန်မာ့ဦးပိုင်လီမိတက်တို့ ပူးပေါင်းဆောင် ရွက်သော မြန်မာနိုင်ငံ အလယ်ပိုင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ရဟန်းရှင်လူ ပြည်သူ အပေါင်းတို့၏ ရက်ပေါင်းများစွာ ကြာရှည်သော ဆန္ဒပြမှုများဖြင့် ကြုံတွေ့နေရသည်။ ဒေါ်လာ ဘီလီယံ ၃.၆ တန်သော မြစ်ဆုံစီမံကိန်းသည် ပြည်သူအများ၏ဆန္ဒကြောင့် ဟု ဆိုကာ သမ္မတ ဦးသိန်းစိန်က ဆိုင်းငံ့ထား ခဲ့ သည်။ လက်ပံတောင်းတောင် အရေးအခင်းသည် တရုတ်ရင်းနှီးမြုပ်နှံမှုအတွက် အန္တရာယ်ရှိသော အလားအလာ ဖြစ်လာနေသည်။
တရုတ်တို့သည် မိမိတို့ အကျိုးစီးပွားအား ကာကွယ်ရန်မှာ နည်းပါးသော အခွင့်အလမ်းသာ ရှိသည်ကို သိနားလည်လာပြီ ဖြစ်သည်။ အရှေ့တောင်အာရှ လေ့လာဆန်းစစ်သူများနှင့် အစိုးရပိုင်းဆိုင်ရာ အကဲဖြတ် များ ပါဝင်သော တရုတ်အစိုးရ၏ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒ အဖွဲ့အစည်းများ အတွင်းတွင် မြန်မာ့အရေးကို တရုတ်တို့၏ သြဇာ အာဏာ ပြန်လည် ကြီးစိုးရေးအတွက် ယခင်က မိတ်ဆွေဟောင်း များ ဖြစ်သော မြန် မာ့ပြည်တွင်း လက်နက်ကိုင် တိုင်းရင်းသားများနှင့် ပြန်လည် ဆက်ဆံရေး ဟူသည့် ဆွေးနွေးချက်များသည် စားပွဲဝိုင်းပေါ်သို့ ကျယ်လောင်စွာ ရောက်လာပေပြီ။ ယူနန် ရဲကောလိပ်မှ နိုင်ငံရေးသိပ္ပံ ပရော်ဖက်ဆာ Liang Jinyun က အငြင်းပွားဖွယ်ရာ သုံးသပ်ချက် တစ်ခုကို တင်ပြခဲ့သည်။ အဆိုပါ မိတ်ဆွေဟောင်း များကို ကိုင်တွယ်တတ်ပါက မြန်မာနိုင်ငံအတွင်း ဖြစ်လာနိုင်သော တရုတ်-အမေရိကန် ဆက်ဆံရေးများ တွင် ဖဲချပ်တစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ်ခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သော ၁၉၄၈ ခုနှစ်မှစ၍ ကိုယ်ပိုင်အုပ်ချုပ်ရေးရရန် လက်နက်ကိုင် တော် လှန်ခဲ့သော ဝ နှင့် ကချင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့်
၁၉၉၀ နှစ်ဦးပိုင်းကာလများတွင် တရုတ်အစိုးရမှ မြန်မာအစိုးရအား အထောက်အပံ့ ပေးနေသော လူသား ချင်း စာနာထောက်ထားမှု အကူအညီများကို ရပ်တန့်ခဲ့သည်။ သို့သော် ယူနန် အစိုးရ ကမူ ဒေသချင်း ထိစပ်လျက် ရှိသောကြောင့် စီးပွားကူးသန်းရောင်းဝယ်မှု ဆိုင်ရာ ဆက်ဆံမှုနှင့် ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးရေး အစီအစဉ်များ ဆက်လက် ထားရှိခဲ့သည်။ ၂၀၁၁ ခု စက်တင်ဘာလ၌ ဝ လက်နက်ကိုင် တပ်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့သော်လည်း ကချင်လက်နက်ကိုင်တပ်များနှင့်မူ
တရုတ်အစိုးရအနေနှင့် လူသိရှင်ကြား ပြောကြားမှုများ ပြုလေ့ ပြုထ မရှိချေ။ အမေရိကန် အစိုးရနှင့် မြန် မာအစိုးရအကြား နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာသည်ကို ကြိုဆိုပါကြောင်း၊ မြန် မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အရေးပါသော အိမ်နီးချင်း နိုင်ငံ တစ်ခု ဖြစ်ပါကြောင်း တရုတ်နိုင် ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာချက်တစ်ရပ် ပြုခဲ့သည်။ သို့သော် လွန်ခဲ့သော ဆယ်စုနှစ်များ စွာကပင် မြန်မာအစိုးရအပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ခြင်းသည် ယခုအခါ တရုတ်အစိုးရက လိုအပ်သော အခြေ အနေရောက်အောင် တွန်းပို့နိုင်ခြင်း မရှိဟု ယူဆသည်။ ထို့အတွက် တရုတ်အစိုးရအနေဖြင့် ယင်းတို့ ၏ ချဉ်းကပ်ပုံ နည်းလမ်းကို ပြန်လည် ဆန်းစစ်သင့်သည်ဟု တရုတ်အစိုးရ၏ နိုင်ငံရေးဆိုင်ရာ သီးသန့် ဆွေးနွေးပွဲတစ်ခုမှ အစိုးရ၏ ဆန်းစစ်သူ တစ်ဦးက ပြောကြားသည်။
ပီကင်းမှ ထင်ရှားသော နိုင်ငံရေး စောင့်ကြည့် လေ့လာသူ တစ်ဦးကမူ တရုတ်အစိုးရအနေဖြင့် ယင်း၏ ဝှက်ဖဲ ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်များကို ယခုအခါတွင် ထုတ်သုံးရန် လိုအပ်လာပြီဟု ထင်မြင်ချက်ပေးခဲ့၏။ ယင်းထင်မြင်ချက်ကို လွန်ခဲ့သော နှစ်ပိုင်းက စာရေးသူ တွေ့ဆုံ ခဲ့သော စောင့်ကြည့်လေ့ လာသူ အများပိုင်းအနေဖြင့် သဘောတူသည့် အရိပ်အရောင် ပြခဲ့သော်လည်း လူသိရှင်ကြား ပြောဆိုခြင်း မပြုကြပေ။
တရုတ်အစိုးရအနေဖြင့် ကချင်နှင့် နေပြည်တော်ကြားဝင်ပေးးခြင်းဖြင်
ထိုအတောအတွင်းတွင် နယ်စပ်ကုန်သွယ်မှုဖြစ်သော ကျွန်း၊ ကျောက်စိမ်းနှင့် တခြား သဘာဝတွင်းထွက် များ ကုန်သွယ်ရေး (ဘိန်းဖြူ၊ ယာဘဆေးဝါးများ သွင်းလာခြင်းကို လက်မခံလိုသော်လည်း ရှောင်လွဲလို မရနိုင်သော နယ်စပ်ပေါက်များမှ ထွက်လာခြင်းကိုလည်း ဆက်လက်ရှိနေပါအုန်မည်။ ) ကို ဆက်လက် ဖွင့်လှစ်ထားရှိနိုင်အောင် တရုတ်ဖက်မှ ပြုလုပ်မည်ဖြစ်သည်။
နိုင်ငံခြားရေးဌာနမှ ကျွမ်းကျင်သူများနှင့် အလွတ်သဘောပြောဆိုရာတွင် ၄င်းတို့မှ ထိုအမြင်ကို သိပ်လက် မခံချင်ပါ။ တရုတ်၏ ရေရှည်ရပ်တည်ချက်ဖြစ်သော တခြားနိုင်ငံ၏အတွင်းရေးများကို ၀င်ရောက်စွက် ဖက်ခြင်းကို မလိုလာသောကြောင့် ထိုကဲ့သို့ နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်မျာြး
တိုင်းရင်သား လက်နက်ကိုင်အဖွဲ့အစည်းများကမူ တရုတ်၏ ၀င်ရောက်ပါဝင်မှုကို ကြိုဆိုကြသည်။ မဟာဗမာကြီးစိုးသည် နေပြည်တော်သည် မည်သည့်သဘောတူညီချက်ကိုမျှ လက်ခံဖို့ ငြင်းဆိုမည်ဖြစ်ပြီး ယခုကဲ့သို့ နိုင်ငံတကာဖိအားရှိမှသာ ၄င်းတို့အား လက်ခံနိုင်လိမ့်မည်ဟု KIA ဘက်မှ ယုံကြည်ထားသည်ဟု အတည်မပြုနိုင်သေးသော နေရာမှ သိရသည်။ အမေရိကန်သည် နေပြည်တော် အစိုးရကို ကူညီရန်ပိုမိုဂရုစိုက်သောကြောင်
လွန်ခဲ့သော နှစ်များအတွင်း KIA မှ သံတမန်အဖွဲ့များ အမေရိကသို့ အကြိမ်ကြိမ် စေလွတ်ကာ အမေရိ ကန် အစိုးရ၏ စိတ်ဝင်စားမှု နည်းပါခဲ့သောကြောင့် စိတ်ပျက်ခဲ့ရပါသည်ဟု KIA မှ ပြောကြားခဲ့သည်။
ဝတိုင်းရင်းသားလက်နက်ကိုင်များမ
မြန်မာသည် တရုတ်နှင့် တဖြေးဖြေး ဝေးကွားနေမှုကို ဘေကျင်း အစိုးရအနေဖြင့် ကြောက်ရွံနေ သည်ဆို သည့်အချက်ကို လက်ခံကာ တရုတ်အနေဖြင့် ကချင်နှင် ၀ လက်နက်ကိုင်များ မြန်မာ အစိုးရ ကို နိုင် ငံရေး ဆွေးနွေးမှု ၄င်းတို့ဘက်ကို ပိုမို ထောက်ခံသင့်သည်ဟု ဆိုသည်။
ထိုကဲ့သို့ လုပ်ရန်မှာ တရုတ်အတွက် အမြင်အားဖြင့် မည်သို့မျှ မကောင်းနိုင်ပါ။ အဘယ်ကြောင့်ဆိုသော တရုတ်တို့ ဖိနှိပ်ခဲ့သော တိဘက်နှင် Uyghurs လူမျိုးများလည်း ထိုကဲ့သို့ တောင်းဆို လာနိုင်သောကြောင့် ပင် ဖြစ်ပေသည်။
တရုတ်အနေဖြင့် ထိန်းချုပ်ရခက်သည် KIA နှင့် ၀ တိုင်းရင်းသား လက်နက်ကိုင်များ ကို ထောက်ခံ မလား ပြည်မအစိုးရ၏ ဖိနှိပ်ထားသော တိဘက်တို့အား ကြည့်မလားဆိုတာကတော့ တရုတ် ချိန်ဆထိုး ရမည်း နိုင်ငံရေးကစားမှုများ လိုအပ်နေပါတော့သည်။
(မဟာကြောင်)
Has China Lost Myanmar?
AS MYANMAR’S MESSY DEMOCRACY TURNS TO THE WEST, BEIJING DEBATES STIRRING UP ETHNIC TENSIONS TO RILE THE GOVERNMENT AND MAINTAIN ITS LEVERAGE.
BY YUN SUN | JANUARY 15, 2013
လင်္ကာ....စာမျက်နှာမှ.......
No comments:
Post a Comment