ရန်ကုန်၊ ဇန်န၀ါရီ-၁၀
မြန်မာနိုင်ငံသည် ပိုလီယိုကင်းစင် နိုင်ငံအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရ
သော်လည်း ယခုနောက်ပိုင်း ပိုလီ ယိုရောဂါပိုး ကူးစက်မှုအနည်း ငယ်
ပြန်လည်တွေ့ရှိလာရကြောင်း ဇန်န၀ါရီ ၉ ရက် ကျင်းပခဲ့သည့် ကာကွယ်ဆေးများနှင့်
ပတ်သက် သော ဆွေးနွေးပွဲမှ သတင်းရရှိ သည်။
“ပြဿနာက အိမ်နီးချင်း နိုင်ငံအားလုံးက ကင်းစင်မှု မရှိ သေးတဲ့အခါ
နယ်စပ်တွေကနေ ကူးစက်တာတွေလည်း ရှိတယ်။ ဒါပေမဲ့ အရင်လိုအခြေအနေဖြစ်
အောင်တော့ ပြန်ကြိုးစားရမယ်” ဟု ကလေးအထူးကုဆရာဝန်
ပါမောက္ခဒေါက်တာရဲမြင့်ကျော် က ပြောသည်။
၂၀၀၀-၂၀၀၅ ခုနှစ်များ တွင်
မြန်မာနိုင်ငံသည် ပိုလီယို ကင်းစင်နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ ရသော်လည်း
၂၀၀၅ ခုနှစ်တွင် လောက်ကိုင်မြို့၌ ပိုးပြန်လည် တွေ့ရှိခဲ့ပြီး
နောက်နှစ်တွင် ပြင်ဦးလွင်၊ ၂၀၀၇ တွင် မောင်တော၊ ဘူးသီးတောင်
မြို့နယ်များနှင့် ၂၀၁၀ပြည့်နှစ်တွင် ရမည်းသင်းမြို့နယ်များတွင်
ပိုလီယိုရောဂါပိုး ကူး စက်ဖြစ်ပွားမှု အနည်းငယ်ပြန် လည်
တွေ့ရှိလာခြင်းဖြစ်သည်။ ပိုလီယိုရောဂါဖြစ်ပွားစေ သော ဗိုင်းရပ်စ်ပိုးသည်
ပတ်ဝန်း ကျင် မသန့်ရှင်းသည့် နေရာများ တွင် လွယ်ကူစွာ ကူးစက်ပြန့်ပွား ပြီး
ပိုလီယိုအကြောသေရောဂါ တစ်ဦးဖြစ်လျှင် ထိုပတ်ဝန်းကျင် ရှိ ကလေးငယ်တစ်ရာမှ
တစ်ထောင်အထိ ပိုလီယို ရောဂါပိုးကူး စက်ခံနေရနိုင်ပြီဖြစ်ကြောင်း
ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက် ရောဂါတိုက်ဖျက်ရေးဌာနမှ ထုတ် ဝေသော
လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။
ပိုလီယိုရောဂါဖြစ်ပွားပါက
အကြောသေသွားသော ခြေလက် များအား ပြန်လည် ကောင်းမွန်ရန် ကုသ၍
မရနိုင်သည့်အတွက် မသန်စွမ်းဘ၀သို့ ရောက်နိုင်သည်။ရောဂါပိုးသည် ရောဂါဖြစ်
နေသော လူနာ၏ မစင်၊ အစာ၊ ရေ နှင့် မသန့်ရှင်းသော လက်များမှ တစ်ဆင့် တစ်ဦးမှ
တစ်ဦးသို့ ကူး စက်ခြင်းဖြစ်ပြီး ကူးစက်ခံရပါက မအီမသာဖြစ်ခြင်း၊
ဖျားခြင်းတို့အ ပြင် ခြေတစ်ဖက်(သို့မဟုတ်)လက် တစ်ဖက်မျှသာ တဖြည်းဖြည်း အ
ကြောသေရာမှ ၁၀ ရက်အတွင်း ခြေလက်နှင့် အသက်ရှူကြွက်သားတို့
ထိခိုက်သေဆုံးပြီး အမြဲတမ်း အကြောသေရောဂါ ခံစားရသဖြင့် စီမံချက်များ
ချမှတ်၍ ကာကွယ် ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ပြီး ရောဂါပပျောက်စေရန် ဆောင်
ရွက်လျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယား၊
ပါကစ္စတန်နိုင်ငံတို့တွင် ပိုလီယို ရောဂါမှာ ကူးစက်နေကြောင်း
ထုတ်ပြန်ထားသည်။
Reference and Credit to -7Days News Journal
No comments:
Post a Comment