ဧပြီ ၁ မနက်မှာ The Voice Daily၊ ကြံ့ခိုင်ရေးပါတီရဲ့ ပြည်ထောင်စုနေ့စဉ်၊
ရွှေနိုင်ငံနေ့စဉ်နဲ့ The Standard Time (စံတော်ချိန်) သတင်းစာ လေးစောင်
ထွက်ရှိလာမှာ ဖြစ်ပါတယ်။
အစိုးရက ဧပြီ ၁ က စလို့ ပုဂ္ဂလိက
သတင်းစာတွေ ထုတ်ဝေနိုင်ပြီလို့ ခွင့်ပြု ပြီးနောက်မှာ လောလောဆယ်
ခွင့်ပြုချက်ရ သတင်းစာ ၁၆ စောင်အနက်က လေးစောင်က ပထမဆုံး ထွက်လာကြမှာ
ဖြစ်ပါတယ်။
အခုလို
နှစ်ပေါင်းများစွာအတွင်း လွတ်လပ်တဲ့ ပုဂ္ဂလိကသတင်းစာတွေ ထွက်လာမှာနဲ့
ပတ်သက်လို့ သတင်းစာ ထုတ်ဝေခွင့် ရထားသူတွေ အပါအ၀င် သတင်းစာသမား
အချင်းချင်းက အပြန်အလှန် စောင့်ကြည့် နေကြတယ်လို့ ရန်ကုန်က ဘီဘီစီ
သတင်းထောက်က သုံးသပ်ပါတယ်။
လူထုကတော့ အသွင်ပြောင်းထားတဲ့ တခါ
ဈေးသက်သာပြီး ရောင်စုံနဲ့ ရိုက်နှိပ်ထားတဲ့ အစိုးရထုတ် ကြေးမုံ၊
မြန်မာ့အလင်း သတင်းစာတွေကို ဖတ်နေရသလို လူထုကြား စာဖတ်အားကလည်း
အရင်ခေတ်တွေလို မဟုတ်တော့ဘဲ တခြား ဖျော်ဖြေရေးတွေကလည်း ပေါပေါလောလော
များများစားစား ရှိလာတဲ့ခေတ်မို့ လူထုအနေနဲ့တော့ မနက်ဖြန် ပုဂ္ဂလိက
သတင်းစာတွေ ထွက်လာမယ့်အပေါ် သည်းသည်းလှုပ် စိတ်ဝင်စားမှုမျိုး မတွေ့ရဘူးလို့
ရန်ကုန် ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
နာမည်ကျော် အပတ်စဉ်ထုတ်
သတင်းဂျာနယ် တစောင်ဖြစ်တဲ့ The Voice Weekly ကတော့ မနက်ဖြန်ကစလို့ The
Voice Daily နာမည်နဲ့ ပထမဆုံးထွက်ရှိလာတဲ့ ပုဂ္ဂလိက သတင်းစာတစောင်အဖြစ်
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွေမှာ နေ့ချင်းဖြန့် တပတ်ကို ခြောက်စောင်
ထုတ်ဝေမယ်လို့ သိရပါတယ်။
ပုံမှန် စာမျက်နှာ ၂၀၊ မနက်ဖြန်
ပထမဆုံးထွက်မယ့် The Voice Daily ကိုတော့ စာမျက်နှာ ၂၄ မျက်နှာနဲ့
ဖြန့်ချိဈေးနှုန်း ၁၁၀ ကျပ် ဖြစ်ပြီး၊ သတင်းစာ ၀ယ်ဖတ်သူက ၁၅၀ ကျပ်နှုန်းနဲ့
ဖတ်ရှုနိုင်မယ်လို့ သိရပါတယ်။
No comments:
Post a Comment