(၁ - ၂ - ၂၀၁၃)
မိဘပြည်သူများ ခင်ဗျား -
နှစ်သစ်ကူး မိန့်ခွန်းမှာ ရေဒီယိုကနေ တစ်ဆင့် ကျွန်တော်တို့အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက် များကို အခါအခွင့် သင့်တိုင်း ဆက်သွယ် ပြောကြား သွားမယ်လို့ ပြောကြားခဲ့တဲ့ အတိုင်း ယခုလို ဆက်သွယ် ပြောကြားခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့အခုရောက်နေတဲ့
နေရာကနေ ပြန်လှည့်ကြည့်မယ် ဆိုရင် ကျွန်တော်တို့ အစိုးရသက်တမ်း နှစ်နှစ်
အတွင်းမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ များစွာ ပြုလုပ် နိုင်ခဲ့တာ
ကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တွေက တစ်ဆင့်
အောက်ခြေ အဆင့် ပြည်သူလူထု အားလုံးအထိ သက်ရောက်မှု ရှိစေမယ့် ပြည်သူ့ဗဟိုပြု
စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်
ရှိပါတယ်။
၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရဖို့အတွက် အရေးကြီးတဲ့ အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး သမိုင်းဝင်နေ့ တစ်နေ့ ဖြစ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ ဟာလည်း နိုင်ငံတကာ ချေးငွေများ လျှော့ချနိုင်မှု နှင့် တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံ စီးပွားရေး သမိုင်းမှာ အရေးပါတဲ့ နေ့တစ်နေ့အဖြစ် မှတ်တမ်းတင် ကျန်ရစ်နေမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ငွေကြေးဈေးကွက် များနှင့် စီးပွားရေး အသိုက်အဝန်း ထဲကို ပြန်လည် ဝင်ရောက်နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းသစ် တစ်ခုကို စတင် နိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ လက်ရှိ ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံများဟာ တစ်ချိန်က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကဲ့သို့ နိုင်ငံတကာ ဘဏ်များ၊ အဖွဲ့များမှ ငွေကြေး အကူအညီ ရယူခဲ့ရ ပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတိုင်းနီးပါးဟာ သန်းထောင်ပေါင်း များစွာသော ငွေကြေးအကူအညီကို ရယူခဲ့ရပါတယ်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံကဲ့သို့ နိုင်ငံကြီးများ၊ တောင်ကိုရီးယားနိုင်ငံ၊ အရှေ့တောင် အာရှနိုင်ငံမျာဖြစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံတို့ဟာ လည်း ငွေကြေးအကူအညီများကို ရယူခဲ့ရပါတယ်။ အထီးကျန်ဆန်တဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ဒီလို အကူအညီတွေ မရနိုင်သလို ရှေ့ကို တိုးတက်ဖို့လည်း အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ (၁၀)စုနှစ် များစွာ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် နိုင်ငံတကာချေးငွေ အကူအညီများ ရယူ နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
ယခုအခါမှာတော့ ကျွန်တော်တို့နဲ့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်း အားထုတ်မှု တွေကြောင့် အခြေအနေတွေကို ပြောင်းလဲ နိုင်ခဲ့ပြီဖြစ် ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုး တိုးတက်မှုဘဏ် အပါအဝင် နိုင်ငံတကာ ချေးငွေ အကူအညီ အတွက် အရေးကြီးတဲ့ နိုင်ငံကြီးများနှင့်လည်း ညှိနှိုင်းမှု များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ခေတ် အဆက်ဆက်က တင်ကျန်ခဲ့တဲ့ နိုင်ငံတတကာ ကြွေးမြီများထဲမှ ဒေါ်လာ သန်းပေါင်း ခြောက်ထောင်ကျော် ကိုလည်း ဖြေလျော့နိုင်အောင် ညှိနှိုင်းဆောင်ရွက် နိုင်ခဲ့ပြီဆိုတဲ့ သတင်းကောင်း ကိုလည်း ပြည်သူလူထုကြီးကို ပြောကြား လိုပါတယ်။ ယခုလို အရေးကြီးတဲ့ အချိန် အခါမှာ မိတ်ဆွေကောင်း ဖြစ်ကြောင်း ပြသခဲ့တဲ့ နော်ဝေနိုင်ငံနဲ့ ဂျပန်နိုင်ငံ အပါအဝင် ပဲရစ်ကလပ် အဖွဲ့ဝင် နိုင်ငံများရဲ့ အကူအညီ များကိုလည်း အသိအမှတ်ပြု မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ယခုအခါမှာ ကျွန်တော်တို့နိုင်ငံ အနေနဲ့ နိုင်ငံတကာ အကူအညီ ချေးငွေ များကို ပြန်လည် ရရှိနိုင်ပြီး ဖြစ်ပါတယ်။ ဒီလိုရရှိနိုင်မယ့် သန်းပေါင်း များစွာသော ရန်ပုံငွေတွေကို ကမ္ဘာ့နိုင်ငံများ အလယ်မှာ တာဝန်သိတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့၊ အရေးကြီးတဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ လမ်းတံတားတွေ ဆောက်ဖို့၊ လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်ဖို့နဲ့ ရေကောင်းရေသန့်တွေ ရရှိနိုင်ဖို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ယခုလိုဆောင်ရွက်ခဲ့မှုများဟာ
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကျွန်တော် ပြောကြားခဲ့သည့်
အဆင်းရဲဆုံး LDC နိုင်ငံများ စာရင်းမှ ရုန်းထွက် နိုင်အောင်
ဆောင်ရွက်မည်ဆိုတဲ့ ကိစ္စရပ်နှင့် ပတ်သက်၍ ပထမခြေလှမ်းအဖြစ်
ရရှိနေပြီဖြစ်တဲ့ တိုးတက်မှုဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရအနေနဲ့ ရရှိလာမယ့် နိုင်ငံတကာ ချေးငွေ အကူအညီတွေကို ပြည်သူ့ အကျိုးစီးပွားအတွက် ပွင့်လင်းမြင်သာမှု ရှိရှိ အသုံးပြုသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံ စီးပွားရေး ခေတ်သစ် တစ်ခုကို ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး ဦးမော့လာစေဖို့နဲ့ ဆင်းရဲမှု လျှော့ချရေးတွေမှာ အလွန်အရေးပါတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ ကိုလည်း အားပေးနိုင်ဖို့ စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကို မြေတောင် မြှောက်ပေးနိုင်ဖို့အတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ နဲ့ လုပ်ငန်းကော်မတီ တို့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းများအတွက် လိုအပ်မယ့်နည်းပညာ၊ အရင်းအနှီး၊ အကြံဉာဏ်တွေကို နိုင်ငံတကာက လုပ်ငန်းတွေနဲ့ ချိတ်ဆက် လုပ်ဆောင်မှုများ စတင်နေပြီ ဖြစ်ပါတယ်။ ယခုလည်း လိုအပ်သော ချေးငွေများကို အသေးစား၊ အလတ်စား စက်မှု ဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးမှုများ ပြုလုပ်ပေး နေပြီ ဖြစ်ပါတယ်။ တစ်စတစ်စပိုပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ထို့အတူ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် လည်း ငွေကြေးနှင့် လိုအပ်သော အထောက်အပံ့များ ရရှိစေရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ၁၉-၁-၂၀၁၃ ရက်နေ့မှာ နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းရှင် များကို ဖိတ်ခေါ်ပြီး အစိုးရအဖွဲ့ နဲ့အတူ ပြည်တွင်း
ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်တဲ့ ပထမအကြိမ်
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်ကို
ကျင်းပနိုင်ခဲ့ပြီး စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ
မူဘောင်နဲ့ ပတ်သက်လို့ ဝိုင်းဝန်းဆွေးနွေး အကြံဉာဏ်များ ရယူနိုင်ခဲ့ပါတယ်။
ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး ထိရောက်ဖို့အတွက် နေပြည်တော်
သဘောတူညီချက် ကိုလည်း သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ကျွန်တော်တို့အစိုးရအနေနဲ့ ဆင်းရဲမှုလျှော့ချရေးနဲ့ပတ်သ က်လို့
အကောင်အထည် ဖော်နေတဲ့ ကိစ္စတွေလည်းရှိပါတယ်။ ကျွန်တော်တို့
နိုင်ငံမှာရှိတဲ့ ပြည်သူအများစုဟာ စားဝတ်နေရေး အတွက် တစ်ဘဝလုံး
ပင်ပန်ကြီးစွာ ရုန်းကန်ဆောင်ရွက် ကြရပါတယ်။ ဒါပေမယ့် မိမိနဲ့ မိမိရဲ့
မိသားစုကို နွေးထွေး လုံခြုံစေမယ့် ကိုယ်ပိုင် အိမ်တစ်လုံး ကိုတောင်မှ
မပိုင်ဆိုင်နိုင်ဘဲ ချို့တဲ့စွာ နေထိုင်ရတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။
ဒီလိုအိမ်ပိုင်ယာပိုင် မရှိတဲ့ အခြေအနေ မျိုးတွေကို လွန်မြောက်စေဖို့ အတွက်
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ကိုလည်း ရန်ကုန်မြို့တစ်ဝိုက်မှာ
စတင်စီမံဆောင်ရွက် နေပြီ ဖြစ်ပါတယ်။ တခြားပြည်နယ်နဲ့ တခြားမြို့နယ်
များမှာလည်း တန်ဖိုးနည်း အိမ်ရာများကို ဆက်လက် ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံရဲ့ အဓိက လုပ်သားအင်အား အများစုဖြစ်တဲ့ တောင်သူလယ်သမား
များကိုလည်း အမတော်ကြေး စိုက်ပျိုးစရိတ် လယ်တစ်ဧကကို ကျပ် ၈၀၀၀၀ ကနေ ကျပ်
၁၀၀၀၀၀ နှုန်းအထိ တိုးမြှင့် ထုတ်ပေး နိုင်ခဲ့ပြီဖြစ်ပါတယ်။ ယာတစ်ဧက ကိုလည်း
ကျပ် ၁၀၀၀၀ ကနေ ကျပ် ၂၀၀၀၀ နှုန်း အထိ တိုးမြှင့်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီလိုတိုးမြှင့်ပေးနိုင်ခဲ့ ပေမယ့်လည်း
အမှန် တကယ် လိုအပ်မည့် စိုက်ပျိုးစရိတ် အတွက် ပြည့်မီနိုင်ခြင်း မရှိတာကို
သတိပြုမိပါတယ်။ တည်ဆဲ ဥပဒေများအရ လယ်ယာမြေ ပိုင်ဆိုင်ခွင့်များကို
ခွင့်ပြုထားပြီ ဖြစ်တဲ့အလျှောက် မိမိတို့ရဲ့ လယ်ယာမြေများကို အာမခံထား၍
လိုအပ်တဲ့ စိုက်ပျိုး စရိတ်အရင်းအနှီးများ ချေးယူ စုဆောင်းနိုင်တဲ့
အခွင့်အလမ်းများ ရရှိစေရန် လယ်ယာမြေ ပိုင်ဆိုင်မှု မှတ်ပုံတင် လုပ်ငန်းကို
ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
လယ်ယာလုပ်ကိုင်သူ လယ်သမားထုကြီးကို မိမိအနေနဲ့ တိုက်တွန်းလိုတာ ကတော့လည်း ပွင့်လင်း လွတ်လပ်လာတဲ့ ဈေးကွက်နှင့် လိုက်လျောညီထွေ ရှိမည့် ငွေကြေး စီမံခန့်ခွဲမှု နည်းလမ်းသစ်များနှင့် အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်ကြိုးပမ်း လုပ်ကိုင်ကြရန် ဖြစ်ပါတယ်။ မိမိတို့ရဲ့ အဓိက ကုန်ထုတ်အရင်းအနှီး ဖြစ်တဲ့လယ်ယာမြေများ တန်ဖိုးမြင့်တက် လာရန်လည်း မိမိတို့ရဲ့ လယ်မြေများကို ပြုပြင်ကြစေလိုပါတယ်။ ရေတို စီမံခန့်ခွဲမှုများဖြင့် မိမိတို့ရဲ့ ကုန်ထုတ် အရင်းအနှီးဖြစ်တဲ့ လယ်မြေများ ဆုံးရှုံးမှု မရှိရန်ကိုလည်း သတိပြုဆောင်ရွက် ကြရန် တိုက်တွန်းလိုပါတယ်။ တစ်ဆက်တည်းမှာပင် လယ်ယာကဏ္ဍကို ဈေးကွက်စီးပွားရေးစနစ်နှင့် အညီ တိုးတက်စေမယ့် ခေတ်မီလယ်ယာ စိုက်ပျိုးရေး စနစ်သို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
ယခုနိုင်ငံရေးဖြစ်ထွန်းမှုဟာ
အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေနဲ့ ပြည်သူလူထု
အားလုံးက ကဏ္ဍအသီးသီးကနေ အားလုံး ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် ဆိုတာ
ငြင်းလို့မရပါဘူး။ ဒီမိုကရေစီ ဆိုတာဟာ ရွေးကောက်ပွဲ တွေ ကျင်းပရုံနဲ့
မလုံလောက်ပါဘူး။ အသိအမြင် ကြွယ်ဝတဲ့ ပြည်သူ လူထု တစ်ရပ်လုံးက ပြည်သူတို့
ဘဝအတွက် ရွေးချယ်မှုတွေကို ဖိနှိပ်မှု၊ ချုပ်ချယ်မှု တွေမရှိဘဲ
ဆုံးဖြတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သိပ်သည်းကျစ်လျစ်၍
စည်းကမ်းရှိတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း တွေ ပေါ်ပေါက်လာဖို့လည်း
အလွန်အရေးကြီးပါတယ်။
ကျွန်တော်တို့ အစိုးရရဲ့ ရည်မှန်းချက်ကတော့ ခေတ်အဆက်ဆက်မှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိခဲ့တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ပြန်လည်အားကောင်းလာဖို့ အတွက် ကြိုးပမ်းဆောင်ရွက် သွားဖို့ပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းလာဖို့က နိုင်ငံသား တစ်ဦးချင်းစီ မှာလည်း တာဝန်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အားလုံး ပူးပေါင်းပါဝင်တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး
ဖြစ်စဉ်တစ်ခု စနစ်တကျ ဖြစ်ပေါ်လာစေဖို့အတွက် ၂၀-၁-၂၀၁၃ ရက်နေ့က လူထုအခြေပြု
အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ
တွေ့ဆုံခဲ့ ပါတယ်။ ၂၇-၁-၂၀၁၃ ရက်နေ့ကလည်း သက်ဆိုင်ရာ အရပ်ဘက်
လူ့အဖွဲ့အစည်းများနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့မှ သက်ဆိုင်ရာ
ဝန်ကြီးများနဲ့လည်း စားပွဲဝိုင်း ဆွေးနွေးမှုများကို စတင်နိုင်ခဲ့ပြီ
ဖြစ်ပါတယ်။
ဒီလို တွေ့ဆုံမှုတွေကနေ အစပြုပြီး ပြည်ထောင်စု အဆင့်၊ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်ကစလို့ အစိုးရယန္တရား အဆင့်ဆင့်မှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေ ပါဝင်တဲ့ အုပ်ချုပ်မှု ဖြစ်စဉ်ကို အကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။
တစ်ဆက်တည်းမှာပင် ကျွန်တော်တို့ ကြိုးပမ်း ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးများ အောင်မြင်စေဖို့ အတွက် နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်မှု တို့ကိုလည်း အလေးထား
ဆောင်ရွက်ရမယ့် အချိန်ကာလလည်း ဖြစ်ပါတယ်။ ယခုဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့
အကျိုးဆက်တွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများက
ပြည်သူအများစု ခံစားနေရတဲ့ စိတ်ဒဏ်ရာ နာကျင်မှုတွေ ဟာလည်း မိမိတို့
လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံး နစ်နာမှုများ ဖြစ်ပါတယ်။ မိမိတို့အစိုးရ အနေနဲ့
ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက တိုင်းရင်းသား ညီအစ်ကိုများ အားလုံးအတွက်
လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ထိရောက်စွာပေးနိုင်ဖို့ အသင့်ပြင်ဆင်
လုပ်ကိုင်လျက်ရှိပါတယ်။ သင့်တော်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း
ဆက်သွယ် ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဖက်မှာလည်း ဆုံးရှုံးနစ်နာမှုများ
ရပ်ဆိုင်းနိုင်ဖို့နဲ့ အများပြည်သူ လိုလား တောင့်တနေကြတဲ့ စစ်မှန်သော
ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မိမိတို့အားလုံး စားပွဲဝိုင်းမှာ
ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရမယ့် အချိန်အခါကို ကျရောက်နေပြီ ဖြစ်ပါတယ်။
ဒါ့ကြောင့် သက်ဆိုင်တဲ့ လူ့အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များအားလုံး
စားပွဲဝိုင်းသို့ လာရောက်ပြီး ဆွေးနွေး ညှိနှိုင်းကြရန် ကျွန်တော့်အနေနဲ့
အလေးအနက် တိုက်တွန်းအပ်ပါတယ်။ မိမိတို့ ကြိုးပမ်း တည်ဆောက်လျက်ရှိတဲ့
ငြိမ်းချမ်းရေး တည်ဆောက်မှုဟာ သိမ်မွေ့စွာ ကိုင်တွယ်ရမယ့်၊ ထိလွယ်ရှလွယ်
အဆင့်ကို ရောက်ရှိနေ ပြီဖြစ်တဲ့အတွက် တိုက်ရိုက်ပါဝင် ကြိုးပမ်း
လုပ်ဆောင်နေသူ များနဲ့ ပြည်သူလူထုတစ်ရပ်လုံး အနေနဲ့ တညီတညွတ်တည်း
သဘောထားကြီးကြီးနဲ့ ရုန်းကန် လုပ်ကိုင်မှသာ ဒီအကျပ် အတည်းကို ကျော်လွှား
အောင်မြင်နိုင်မှာ ဖြစ်ကြောင်းကိုလည်း ကျွန်တော့်အနေနဲ့ အလေးအနက်
ပြောကြားလိုပါတယ်။
နိဂုံးချုပ် အနေနဲ့ ကျွန်တော်ပြောချင်တာ ကတော့ ယခုအချိန်အခါဟာ ကျွန်တော်တို့ နိုင်ငံအတွက် အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကာလအတွင်းမှာ မရဖူးသေးတဲ့ အခွင့်အလမ်း တွေကိုလည်း ရရှိနေပါတယ်။ ပြည်သူ တစ်ရပ်လုံးဟာ ကျွန်တော်တို့နဲ့အတူ ဒီအခက်အခဲတွေကို ဝိုင်းဝန်း ကျော်ဖြတ်ကြဖို့ တိုက်တွန်း ပြောကြားချင်ပါတယ်။ မကြာခင်မှာ ကျရောက်တော့မယ့် (၆၆) နှစ်မြောက် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့မှာ ကျွန်တော်တို့ တစ်မျိုးသားလုံး စုစည်းခဲ့တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပြန်လည်နှိုးဆွပြီး ပြည်သူ တစ်ဦးချင်းစီအနေနဲ့ နိုင်ငံတည်ဆောက်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ် အပ်တယ်။
မိဘပြည်သူများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့နဲ့ ပြည့်စုံနိုင်ကြပါစေ။
မိဘပြည်သူများ ခင်ဗျား -
နှစ်သစ်ကူး မိန့်ခွန်းမှာ ရေဒီယိုကနေ တစ်ဆင့် ကျွန်တော်တို့အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက် များကို အခါအခွင့် သင့်တိုင်း ဆက်သွယ် ပြောကြား သွားမယ်လို့ ပြောကြားခဲ့တဲ့ အတိုင်း ယခုလို ဆက်သွယ် ပြောကြားခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့အခုရောက်နေတဲ့
၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရဖို့အတွက် အရေးကြီးတဲ့ အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး သမိုင်းဝင်နေ့ တစ်နေ့ ဖြစ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ ဟာလည်း နိုင်ငံတကာ ချေးငွေများ လျှော့ချနိုင်မှု နှင့် တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံ စီးပွားရေး သမိုင်းမှာ အရေးပါတဲ့ နေ့တစ်နေ့အဖြစ် မှတ်တမ်းတင် ကျန်ရစ်နေမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ငွေကြေးဈေးကွက် များနှင့် စီးပွားရေး အသိုက်အဝန်း ထဲကို ပြန်လည် ဝင်ရောက်နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းသစ် တစ်ခုကို စတင် နိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ လက်ရှိ ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံများဟာ တစ်ချိန်က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကဲ့သို့ နိုင်ငံတကာ ဘဏ်များ၊ အဖွဲ့များမှ ငွေကြေး အကူအညီ ရယူခဲ့ရ ပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတိုင်းနီးပါးဟာ သန်းထောင်ပေါင်း များစွာသော ငွေကြေးအကူအညီကို ရယူခဲ့ရပါတယ်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံကဲ့သို့ နိုင်ငံကြီးများ၊ တောင်ကိုရီးယားနိုင်ငံ၊ အရှေ့တောင် အာရှနိုင်ငံမျာဖြစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံတို့ဟာ လည်း ငွေကြေးအကူအညီများကို ရယူခဲ့ရပါတယ်။ အထီးကျန်ဆန်တဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ဒီလို အကူအညီတွေ မရနိုင်သလို ရှေ့ကို တိုးတက်ဖို့လည်း အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ (၁၀)စုနှစ် များစွာ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် နိုင်ငံတကာချေးငွေ အကူအညီများ ရယူ နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
ယခုအခါမှာတော့ ကျွန်တော်တို့နဲ့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်း အားထုတ်မှု တွေကြောင့် အခြေအနေတွေကို ပြောင်းလဲ နိုင်ခဲ့ပြီဖြစ် ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုး တိုးတက်မှုဘဏ် အပါအဝင် နိုင်ငံတကာ ချေးငွေ အကူအညီ အတွက် အရေးကြီးတဲ့ နိုင်ငံကြီးများနှင့်လည်း ညှိနှိုင်းမှု များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ခေတ် အဆက်ဆက်က တင်ကျန်ခဲ့တဲ့ နိုင်ငံတတကာ ကြွေးမြီများထဲမှ ဒေါ်လာ သန်းပေါင်း ခြောက်ထောင်ကျော် ကိုလည်း ဖြေလျော့နိုင်အောင် ညှိနှိုင်းဆောင်ရွက် နိုင်ခဲ့ပြီဆိုတဲ့ သတင်းကောင်း ကိုလည်း ပြည်သူလူထုကြီးကို ပြောကြား လိုပါတယ်။ ယခုလို အရေးကြီးတဲ့ အချိန် အခါမှာ မိတ်ဆွေကောင်း ဖြစ်ကြောင်း ပြသခဲ့တဲ့ နော်ဝေနိုင်ငံနဲ့ ဂျပန်နိုင်ငံ အပါအဝင် ပဲရစ်ကလပ် အဖွဲ့ဝင် နိုင်ငံများရဲ့ အကူအညီ များကိုလည်း အသိအမှတ်ပြု မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ယခုအခါမှာ ကျွန်တော်တို့နိုင်ငံ အနေနဲ့ နိုင်ငံတကာ အကူအညီ ချေးငွေ များကို ပြန်လည် ရရှိနိုင်ပြီး ဖြစ်ပါတယ်။ ဒီလိုရရှိနိုင်မယ့် သန်းပေါင်း များစွာသော ရန်ပုံငွေတွေကို ကမ္ဘာ့နိုင်ငံများ အလယ်မှာ တာဝန်သိတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့၊ အရေးကြီးတဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ လမ်းတံတားတွေ ဆောက်ဖို့၊ လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်ဖို့နဲ့ ရေကောင်းရေသန့်တွေ ရရှိနိုင်ဖို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ယခုလိုဆောင်ရွက်ခဲ့မှုများဟာ
ကျွန်တော်တို့ အစိုးရအနေနဲ့ ရရှိလာမယ့် နိုင်ငံတကာ ချေးငွေ အကူအညီတွေကို ပြည်သူ့ အကျိုးစီးပွားအတွက် ပွင့်လင်းမြင်သာမှု ရှိရှိ အသုံးပြုသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံ စီးပွားရေး ခေတ်သစ် တစ်ခုကို ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး ဦးမော့လာစေဖို့နဲ့ ဆင်းရဲမှု လျှော့ချရေးတွေမှာ အလွန်အရေးပါတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ ကိုလည်း အားပေးနိုင်ဖို့ စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကို မြေတောင် မြှောက်ပေးနိုင်ဖို့အတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ နဲ့ လုပ်ငန်းကော်မတီ တို့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းများအတွက် လိုအပ်မယ့်နည်းပညာ၊ အရင်းအနှီး၊ အကြံဉာဏ်တွေကို နိုင်ငံတကာက လုပ်ငန်းတွေနဲ့ ချိတ်ဆက် လုပ်ဆောင်မှုများ စတင်နေပြီ ဖြစ်ပါတယ်။ ယခုလည်း လိုအပ်သော ချေးငွေများကို အသေးစား၊ အလတ်စား စက်မှု ဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးမှုများ ပြုလုပ်ပေး နေပြီ ဖြစ်ပါတယ်။ တစ်စတစ်စပိုပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ထို့အတူ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် လည်း ငွေကြေးနှင့် လိုအပ်သော အထောက်အပံ့များ ရရှိစေရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ၁၉-၁-၂၀၁၃ ရက်နေ့မှာ နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်န
ဒါ့အပြင် ကျွန်တော်တို့အစိုးရအနေနဲ့ ဆင်းရဲမှုလျှော့ချရေးနဲ့ပတ်သ
လယ်ယာလုပ်ကိုင်သူ လယ်သမားထုကြီးကို မိမိအနေနဲ့ တိုက်တွန်းလိုတာ ကတော့လည်း ပွင့်လင်း လွတ်လပ်လာတဲ့ ဈေးကွက်နှင့် လိုက်လျောညီထွေ ရှိမည့် ငွေကြေး စီမံခန့်ခွဲမှု နည်းလမ်းသစ်များနှင့် အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်ကြိုးပမ်း လုပ်ကိုင်ကြရန် ဖြစ်ပါတယ်။ မိမိတို့ရဲ့ အဓိက ကုန်ထုတ်အရင်းအနှီး ဖြစ်တဲ့လယ်ယာမြေများ တန်ဖိုးမြင့်တက် လာရန်လည်း မိမိတို့ရဲ့ လယ်မြေများကို ပြုပြင်ကြစေလိုပါတယ်။ ရေတို စီမံခန့်ခွဲမှုများဖြင့် မိမိတို့ရဲ့ ကုန်ထုတ် အရင်းအနှီးဖြစ်တဲ့ လယ်မြေများ ဆုံးရှုံးမှု မရှိရန်ကိုလည်း သတိပြုဆောင်ရွက် ကြရန် တိုက်တွန်းလိုပါတယ်။ တစ်ဆက်တည်းမှာပင် လယ်ယာကဏ္ဍကို ဈေးကွက်စီးပွားရေးစနစ်နှင့်
ယခုနိုင်ငံရေးဖြစ်ထွန်းမှုဟာ
ကျွန်တော်တို့ အစိုးရရဲ့ ရည်မှန်းချက်ကတော့ ခေတ်အဆက်ဆက်မှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိခဲ့တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ပြန်လည်အားကောင်းလာဖို့ အတွက် ကြိုးပမ်းဆောင်ရွက် သွားဖို့ပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းလာဖို့က နိုင်ငံသား တစ်ဦးချင်းစီ မှာလည်း တာဝန်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အားလုံး ပူးပေါင်းပါဝင်တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး
ဒီလို တွေ့ဆုံမှုတွေကနေ အစပြုပြီး ပြည်ထောင်စု အဆင့်၊ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်ကစလို့ အစိုးရယန္တရား အဆင့်ဆင့်မှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေ ပါဝင်တဲ့ အုပ်ချုပ်မှု ဖြစ်စဉ်ကို အကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။
တစ်ဆက်တည်းမှာပင် ကျွန်တော်တို့ ကြိုးပမ်း ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးများ အောင်မြင်စေဖို့ အတွက် နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့
နိဂုံးချုပ် အနေနဲ့ ကျွန်တော်ပြောချင်တာ ကတော့ ယခုအချိန်အခါဟာ ကျွန်တော်တို့ နိုင်ငံအတွက် အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကာလအတွင်းမှာ မရဖူးသေးတဲ့ အခွင့်အလမ်း တွေကိုလည်း ရရှိနေပါတယ်။ ပြည်သူ တစ်ရပ်လုံးဟာ ကျွန်တော်တို့နဲ့အတူ ဒီအခက်အခဲတွေကို ဝိုင်းဝန်း ကျော်ဖြတ်ကြဖို့ တိုက်တွန်း ပြောကြားချင်ပါတယ်။ မကြာခင်မှာ ကျရောက်တော့မယ့် (၆၆) နှစ်မြောက် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့မှာ ကျွန်တော်တို့ တစ်မျိုးသားလုံး စုစည်းခဲ့တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပြန်လည်နှိုးဆွပြီး ပြည်သူ တစ်ဦးချင်းစီအနေနဲ့ နိုင်ငံတည်ဆောက်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ် အပ်တယ်။
မိဘပြည်သူများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့နဲ့ ပြည့်စုံနိုင်ကြပါစေ။
No comments:
Post a Comment