ထိုင်းဘုရင်မိသားစုကို ဝေဖန်ရေးသားမှုနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေး လှုပ်ရှားသူတဦးကို ထိုင်းတရားရုံးက ထောင်ဒဏ် ၁၁ နှစ်ချမှတ်လိုက် ပါတယ်။ သူ့ရဲ့ကြားနာပွဲကို အနောက်နိုင်ငံက သံတမန် ၂၀ လည်း တက်ရောက်ခဲ့ပါတယ်။
၂၀၁၀ခုနှစ်က ထိုင်းနိုင်ငံမှာ ရှပ်နီအဖွဲ့ (တာ့ဆင်ရှင်နာဝတ်ကိုထောက်ခံသူများ) နဲ့ ရှပ်ဝါအဖွဲ့တွေ အပြန်အလှန် အကြမ်းဖက်ခဲ့တဲ့ ပဋိပက္ခဖြစ်ခဲ့ပြီး နောက်ဆုံး တာ့ဆင်ကို ဖြုတ်ချတဲ့အထိ ဖြစ်ခဲ့ပါတယ်။
တာ့ဆင်ရဲ့ အသံလို့ အမည်ရတဲ့ မဂ္ဂဇင်းတည်းဖြတ်သူ စုမ်ရွတ် (Somyot Pruksakasemsuk) က ထိုင်းဘုရင်ကို ဝေဖန်တယ်လို့ ယူဆရတဲ့ ဆောင်းပါး ၂ ပုဒ်ကို တည်းဖြတ်ခဲ့ပါတယ်။
သူ့ကို ထိုင်းဘုရင်ကိုစော်ကားမှုနဲ့ စွဲချက်တင်ပြီး ဗုဒ္ဓဟူးနေ့မှာ ထောင်ဒဏ် စီရင်ခဲ့တာပါ။ စတင်ဖမ်းဆီးခဲ့တဲ့အချိန်ကစပြီး အာမခံမပေးခဲ့ဘူး လို့ သိရပါတယ်။
ဒီစီရင်မှုနဲ့ ပတ်သက်ပြီး EU ဥရောပနိုင်ငံများအဖွဲ့က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ လွတ်လပ်စွာပြောဆိုခွင့်ရေးသားခွင့်တွေကို အလေးဂရု မပြုရာကျနေကြောင်း၊ လွတ်လပ်ပြီး ဒီမိုကရေစီကျတယ်လို့ ဆိုနေတဲ့ ထိုင်းနိုင်ငံအပေါ်နိုင်ငံတကာ အမြင်သဘောထားတွေ ကို ထိခိုက်စေတဲ့အကြောင်း EU ဥရောပနိုင်ငံများအဖွဲ့က ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
စုမ်ရွတ် ဟာ သူ့ကို မဖမ်းခင်ကတည်းက ထိုင်းဘုရင်မိသားစုနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ လှုပ်ရှားခဲ့သူလည်း ဖြစ်ပါတယ်။ အခုလို သူ့ကိုထောင်ဒဏ်နှစ်ရှည် အပြစ်ပေးလိုက်တာဟာ မဂ္ဂဇင်းမှာပါတဲ့
ဆောင်းပါးပါ အချက်တွေထက် သူ့ရဲ့ ဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုကြောင့်ဖြစ်နိုင်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ယူဆပါတယ်။
ပြီးခဲ့တဲ့ နှစ်ကလည်း ၀ဘ်ဆိုဒ်အယ်ဒီတာတဦးဟာ ဘုရင်ကိုဝေဖန်ချက် တခုကို ၀ဘ်စာမျက်နှာပေါ်က အမြန်မဖျက်မိတဲ့ ပြစ်မှုနဲ့ ဘတ်ငွေ ၂ သောင်း နဲ့ ထောင်ဒဏ် ၈ လ အပြစ်ပေးခံခဲ့ရပါတယ်။
MZ(Burma-Newselite)
Source: CNN
(Please Share, Do not Copy)
Burma-Newselite
No comments:
Post a Comment