Thursday, January 31, 2013

ကမန်တိုင်းရင်းသာ နေအိမ်ကို ရခိုင် အကြမ်းဖက် သမားများက မီးရှို့ဖျက်စီး

သတင်း – ပာဆီနာပာ် (မြန်မာမွတ်စလင်မီဒီယာ)
ရန်ကုန်၊ဇန်န၀ါရီ ၂၈
ရွာမကျေးရွာမှာရှိတဲ့ ကမန်တိုင်းရင်းသာ နေအိမ်များကို ရခိုင် အကြမ်းဖက်သမားများက မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေ​ ပြောပြချက်အရ သိရပါတယ်။
ဇန်န၀ါရီလ(၁၉)ရက်နေ့က သံဒေါ်လီကျေးရွာအနီး ရွာမကျေးရွာရှိ ကမန်တိုင်းရင်းသား ဦးအောင်သန်း ရဲ့ နေအိမ်ကို ရခိုင်တွေ ည(၁၀)နာရီခန့်က မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။ ရခိုင်အကြမ်းဖက်(၃၀)ခန့်နဲ့ ရခိုင်ဘုန်းကြီး (အတု၊ အစစ်မသိ) သုံးပါးတို့က မီးရှို့ခဲ့တာဖြစ်ပါတယ်။ မီးရှို့မှုကြောင့် ကမန်တိုင်းရင်းသား ဦးအောင်သန်းရဲ့ နေအိမ်နဲ့ ကောက်ရိုးပုံတစ်ခု မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ ည(၁၁း၃၀)မှာတော့ မီးငြိမ်းသွားခဲ့ပါတယ်။
ပိုင်ရှင်ဦးအောင်သန်းက “ဘာလို့မီးရှို့တာလဲ ကျွန်တော် ကမန်တိုင်းရင်းသားပါ။ ရိုဟင်ဂျာ မဟုတ်ပါဘူးလို့ ပြောတော့ မီးရှို့တဲ့ သူတွေက ကမန်လည်းမင်းတို့ အလ္လာပ်ာကို ရှိခိုးတာပဲ၊ ဒါကြောင့်မီးရှို့တာ” လို့ပြောကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။
ဇန်နဝါရီလ (၁၅)ရက်နေ့ကလဲ ရခိုင်အကြမ်းဖက်သမားတွေ သံဒေါ်လီရွာအနီး ပုဇွန်ကန်နားက အိမ်သုံးလုံးကို မီးရှို့ခဲ့ကြပါတယ်။

No comments:

Post a Comment