နယ်စပ်ခြံစည်းရိုး တစ်လျှောက် လုံခြုံရေး နစက အဖွဲ့၏ ကင်းစခန်းများ (ဓာတ်ပုံ-၀င်းမောင်(မောတော))
ရခိုင်ပြည်နယ် အတွင်းတွင် ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေသည်မှာ
မဟုတ်မှန်ကြောင်းနှင့် ယင်းသို့ သင်တန်းပို့ချမှုများကို မြန်မာနိုင်ငံ
အတွင်းမှာ လုပ်လို့မရကြောင်း မောင်တော နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု
ဌာနချုပ်မှ သတင်းရရှိသည်။
''စစ်သင်တန်းတွေ ပို့ချနေပြီလို့ ဆိုတဲ့ဟာက မြန်မာနိုင်ငံတွင်းမှာ
လုပ်လို့မရပါဘူး။ ဟုတ်လည်း မဟုတ်ပါဘူး။ မီဒီယာ လုပ်ကွက်တွေပါပဲ။
ကျွန်တော်တို့ ဆီမှာရှိတဲ့ ဘင်္ဂါလီတွေ ကတော့ အေးအေး ဆေးဆေးပါပဲ။ ရိုဟင်ဂျာ
ဆိုတာကိုတော့ မသိပါဘူး။ ဒီဒေသဟာ တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနဲ့
ပြန်လည်နေရာ ချထားရေးကို နိုင်ငံတော်အဆင့် ဖွဲ့စည်းဆောင်ရွက်နေတာ
ဖြစ်ပါတယ်။ တည်ငြိမ် အေးချမ်းရေးမှာတော့ မည်သို့သော အနှောင့်အယက် အတားအဆီး၊
အဖျက်အမှောင့်တွေ လာသော်ရှိ၊ မလာသော်ရှိ လုံခြုံရေးကို နေ့ညမပြတ်
ဆောင်ရွက် လျက် ရှိနေပါတယ်'' ဟု မောင်တော နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး
ကွပ်ကဲမှု ဌာနချုပ်မှ ဒုတိယ ကွပ်ကဲရေးမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး
ထူးလှိုင်က ဇူလိုင် ၁၂ ရက် မွန်းလွဲ ၁၂ နာရီက ပြောကြားခဲ့သည်။
ELEVEN Media gpoup
No comments:
Post a Comment