Saturday, July 13, 2013

သံတွဲသတင်း ည ၁၂း၄၅

သပြုချိုင်မွတ်စလင်မ်များအား အကြမ်းဖက်ရန် အုပ်လိုက်တက်လာသည့် ဆင်ခေါင်းရွာသားများ တပ်နှင့်ထိပ်တိုက်တွေ့သဖြင့် အပာုန်တန့်ကာနောက်ပြန်ဆုတ်

မိုးကြယ်စင်၊ ပိာန်းအောင်( ဇူလိုင် ၁၃၊ ၂၀၁၃)

သံတွဲမြို့နယ်၊နတ်မော်အုပ်စု၊ သပြုချိုင်ရွာရှိ အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်တိုက်ခိုက်ရန် အတွက်ဆင်ခေါင်းရွာမှ အကြမ်းဖက်သမား ၅၀ ထက်မနည်းသည် သပြုချိုင်ရွာ ကန်ပေါင်သို့ချီတက်လာရာ လုံခြုံရေးတပ်သား ၃၀ ကျော်နှင့် ထိပ်တိုက်တွေနေကြောင်း ဒေသခံများက မြန်မာမွတ်စလင်မ်မီဒီယာသို့ သတင်းပေးပို့သည်။

"ဆက်မတက်နဲ့၊တက်ရင်ပြစ်မယ်လို့ စစ်သားတွေဘက်ကတော့ အော်ပြောနေတယ်၊ကန်ပေါင်က သပြုချိုင်ကနေ ခြေလျှင်သွားရင် မိနစ် ၂၀ လောက်ပဲကြာမယ်၊ဆင်ခေါင်းဘက်ကတော့ လာတဲ့သူက ၅၀ ကျော်လို့လည်းပြောတယ်၊ ၁၅၀ လောက်လို့လည်းပြောနေကြတယ်"ပာု ဒေသခံတစ်ဦးက ဇူလိုင်လ ၁၂ ရက်နေ့ ည ၁၁ နာရီ အချိန်တွင် မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။

သပြုချိုင်မွတ်စလင်မ်များအား အကြမ်းဖက်မည့် အုပ်စုများသည် တပ်နှင့်ထိပ်တိုက်တွေ့နေသည့် နေရာသို့ ဇူလိုင်လ ၁၂ ရက်နေ့ည ၁၀ နာရီ အချိန်ကတည်းက ရောက်ရှိနေခြင်းဖြစ်ကြောင်းသိရသည်။

"အဓိက ဦးဆောင်လုပ်တာက ရွေလီတံတားဦးက RNDP တာဝန်ခံ စိုးနောင်ဦးနဲ့ ၀င်းကိုလေး တို့ပါ။သူတို့က လူတွေများအောင်စုပေးတာပါ" ပာုဒေသခံတစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာ သို့ပြောသည်။

ဆင်ခေါင်းရွာမှ အကြမ်းဖက်သမားများသည် သပြုချိုင်ရွာတွင် အစ္စလာမ်ဘာသာဝင်တစ်ဦးနှင့် ဗုဒ္ဓဘာသာဝင်တစ်ဦး ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခြင်းကို အခြေခံက RNDP ပါတီဝင်များ ၏ သွေးထိုးလှုံ့ဆော်မှုများဖြင့် ယခုကဲ့သို့ အကြမ်းဖက်ရန် ကျုးကျော်လာကြခြင်းဖြစ်ကြောင်း လည်းသိရသည်။

သံတွဲမြို့နှင့် ၁၇ မိုင်ကွာသည့် သပြုချိုင်ရွာတွင် အစ္စလာမ်ဘာသာဝင်အိမ်ခြေ ၆၀ ၀န်းကျင်(ခန့်မှန်း) နှင့် ဗလီဝတ်ကျောင်းတော်တစ်လုံးရှိကြောင်းသိရသည်။

အကြမ်းဖက်ရန်ချီတက်လာသည့် အုပ်စုများသည် ဇူလိုင်လ ၁၃ ရက် နံနက်(၀၀း ၃၀)မိနစ်ဝန်းကျင် အချိန်တွင်ပြန်လည်ဆုတ်ခွာသွားကြောင်းနှင့် လုံခြုံရေးများမှာမှု မှုလနေရာတွင်ပင် ဆက်လက် စောင့်ကြပ်နေကြောင်း ဒေသခံ တစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ နံနက် ၁း၀၀ နာရီ အချိန်တွင်ပြောသည်။

Myanmar Muslim Media

No comments:

Post a Comment