Friday, July 12, 2013

စစ်တွေပြည်သူဆေးရုံ တာဝန်မဲ့မှု ရိုပာင်ဂျာ ကလေးငယ် သေဆုံး မိခင်ဖြစ်သူအား လုံခြုံရေးရဲများက မုဒိန်းကျင့်

 ၁၁ ဇူလိုင်လ ၂၀၁၃

စစ်တွေ ပြည်သူ့ဆေးရုံကြီးရဲ့ တာဝန်မဲ့မှုကြောင့် ရိုဟင်ဂျာ ကလေးငယ်တစ်ဦးသေဆုံးပြီး မိခင်ဖြစ်သူ အဓမ္မကျင့်ခံရမှု ဇူလိုင် ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက်နေ့တွင် အုန်းတောကြီးဒုက္ခသည် စခန်းမှ လူနာ ရဟာမက် (ဘ) ရှုနာမီရာ အသက်(၃)လကို မိခင်ဖြစ်သူ ဂျာနှုးမှ အဆုတ်ရောဂါ (ခ) အမိုးနီးယားကိုကုသရန် ဒါးပိုင်ယာယီဆေးရုံကို သွားရောက်ပြသခဲ့ပါတယ်။ ဒါးပိုင်ဆေးရုံမှာ လူနာအား ဆေးဝါးကုသမှု မပေးခဲ့ဘူးလို့ သိရပါတယ်။

ဒါးပိုင်ယာယီဆေးရုံ တာဝန်ခံဆေးမှူး ဦးဘခင်မှ လူနာသားအမိကို စစ်တွေဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်ခဲ့ပါတယ်။ မနက်ဆယ်နာရီအချိန်တွင် ဒါးပိုင်ယာယီဆေးရုံမှ အရေးပေါ်လူနာတင်ယဉ် (ဒေသအခေါ် ICRC) ကားနဲ့ စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ခဲ့ရာ ၁၁ နာရီအချိန်တွင် ရောက်ရှိခဲ့ပါတယ်။

ရောက်ရှိတဲ့ အချိန်မှစပြီး နေ့လယ် ၁ နာရီထိ ဆေးဝါးကုသမှု မပေးခဲ့တာကြောင့် လူနာကလေးငယ်မှာ သေဆုံးသွားခဲ့ပါတယ်။

ဆုံးပါးသွားတဲ့ ကလေးငယ်ရဲ့ မိခင်မှာ သွားရေးလာရေး အခက်အခဲကြောင့် စစ်တွေဆေးရုံမှာ တစ်ညနေလိုက်ရတဲ့ အတွက်ကြောင့် ဒုက္ခတွေ ထပ်မံကြုံတွေ့ ခဲ့ရပါတယ်။ ည ၇ နာရီအချိန်ခန့်တွင် စစ်တွေပြည်သူ့ဆေးရုံမှာ အစောင့်အဖြစ်ထားရှိတဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ဦးမှ မိခင်ဖြစ်သူဂျာနှူးကို ဆေးရုံအပြင်ဘက်သို့ အတင်း အဓမ္မဆွဲခေါ်ခဲ့တယ်လို့ သိရပါတယ်။ စစ်တွေဆေးရုံအပြင်ဘက် စစ်တွေစာတိုက်အနီး (စစ်တွေပွိုင့်အနီး) တွင် ဒေါ်ဂျာနှုးကို လက်သီး၊ ခြေထောက်တို့နဲ့ ထိုးနှက် ကန်ကြောက်ခဲ့ပါတယ်။ ပြီးနောက်မှာတော့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှ ဒေါ်ဂျာနှုးကို အဓမ္မကျင့်ခဲ့တယ်လို့ သိရပါတယ်။

“ဘယ်မှ တိုင်လို့မရဘူး၊ အရေးယူပေးမယ့်အဖွဲ့မရှိဘူး၊ သူတို့ကိုယ်တိုင် လုပ်နေတော့ ကျွန်တော်တို့က ဘယ်သူ့သွား တိုင်ရမှာလဲ” ပာု ဒေသခံ ရိုပာင်ဂျာတစ်ဦးက ရင်ဆိုင်နေရသည့် ဖိနိုပ်မှုတစ်ရပ် ကို မြန်မာမွတ်စ်လင်မ် မီဒီယာကိုပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရခိုင်ဗုဒ္ဓဘာသာတွေက ရိုပာင်ဂျာမွတ်စ်လင်မ်တွေ အပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေ အရှိန်ကောင်းနေတုန်း ကာလတွေမှာလည်း ရိုပာင်ဂျာမွတ်စ်လင်မ် အမျိုးသမီး များစွာ မုဒိန်းကျင့်ခံခဲ့ရပေမဲ့ ဗုဒ္ဓဘာသာတွေ ချုပ်ကိုင်ထားတဲ့ မီဒီယာတွေမှာ သတင်းဖေါ်ပြခဲ့ခြင်း အလျှဉ်းမရှိခဲ့ပါဘူး။

စစ်တွေဆေးရုံကြီးပာာ ရခိုင်ပြည်နယ်အတွင်း ရခိုင်ဗုဒ္ဓဘာသာတွေက ရိုပာင်ဂျာမွတ်စ်လင်မ်တွေ အပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေ ပြုလုပ်နေစဉ် ကာလမှာလည်း ရိုပာင်ဂျာတွေ တက်ရောက်ကုသလို့ မရခဲ့တဲ့ဆေးရုံ အဖြစ် နာမည်ဆိုး ထွက်ခဲ့ဖူးပါတယ်။


No comments:

Post a Comment