Showing posts with label မှုခင်းသတင်း. Show all posts
Showing posts with label မှုခင်းသတင်း. Show all posts

Friday, January 24, 2014

The United Nations has urged Myanmar to investigate recent killings of Rohingya Muslims in Rakhine state

 23.1.2014

On Thursday, the United Nations expressed concern over the growing levels of violence in Myanmar, saying at least 48 Muslims were killed when Buddhist mobs attacked Du Chee Yar Tan village in western Myanmar earlier this month.
UN High Commissioner for Human Rights Navi Pillay said, "I deplore the loss of life in Du Chee Yar Tan and call on the authorities to carry out a full, prompt and impartial investigation and ensure that victims and their families receive justice."
"By responding to these incidents quickly and decisively, the government has an opportunity to show transparency and accountability, which will strengthen democracy and the rule of law in Myanmar," she added.
Tensions have mounted in the region since last month, when monks from a Buddhist extremist movement gave sermons in the area, advocating the removal of all Rohingya Muslims, who comprise 90 percent of the population in the western state of Rakhine.
Myanmar’s government refuses to recognize Rohingya Muslims as citizens and labels them as “illegal” immigrants.
Rohingya Muslims have been denied citizenship since a new citizenship law was enacted in 1982.
Violence originally targeted Rohingya Muslims in western Myanmar, and then spread to other parts of the country, where Muslims who have been granted citizenship are also being attacked.
The Myanmar government has so far refused to release the stateless Rohingyas from their citizenship limbo, despite international pressure to give them a legal status.
Hundreds of Rohingyas are believed to have been killed and thousands displaced in attacks by Buddhist extremists.
The extremists frequently attack Rohingyas and set fire to their homes in several villages in the state of Rakhine.

Wednesday, October 23, 2013

အထည်ချုပ်စက်ရုံအလုပ်သမတစ်ဦးကို အသက် ၆၀ အရွယ် အမျိုးသားကြီးက အဓမ္မပြုကျင့်

ဇော်ဇော်ထွေး

အသက် ၆၀ အမျိုးသားကြီးက အဓမ္မပြုကျင့်လိုက်သည်ဟု ၂၄ နှစ်အရွယ် အထည်ချုပ်စက်ရုံ အလုပ်သမ အမျိုးသမီးငယ်၏ အမှုဖွင့်တိုင်တန်းမှုကို တောင်ဥက္ကလာရဲစခန်းက အောက်တိုဘာ ၂၁ တွင် အမှုဖွင့် ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

အဆိုပါ အမှုကို တောင်ဥက္ကလာပမြို့နယ်နေ အတည်ချုပ်စက်ရုံအလုပ်သမက တိုင်းထားခြင်းဖြစ်သည် ဟုလည်း ရဲတပ်ဖွဲ့က ဆိုထားသည်။

သူမသည် ယင်းနေ့ မွန်းလွဲ ၃ နာရီက အထည်ချုပ်စက်ရုံရှေ့တွင်ရှိနေစဉ် တောင်ဥက္ကလာမြို့နယ် တွင် နေထိုင်သူ ယခင်က သိကျွမ်းသူ အမျိုးသားကြီးက “နင့်သူငယ်ချင်း ငါ့အိမ်ရောက်နေတယ်။ အိမ်မပြန်ရဲ လို့ လာခေါ်ပြီး ပြန်ပို့ပေးရန်နှင့် စီမံကိန်း (၂)ဈေးထိပ်ကို စက်ဘီးနဲ့လာခေါ်မယ်”ဟု ဖုန်းဆက်ချိန်းဆိုခဲ့ သည်ဟု ရဲအားတိုင်တန်းထွက်ဆိုထားသည်။

ထို့ကြောင့် သွားရောက်ခဲ့ပြီး အဆိုပါ အမျိုးသားကြီးနှင့်အတူ ၎င်း၏နေအိမ်သို့ လိုက်ပါသွားခဲ့သည်ဟု လည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် သူငယ်ချင်းဖြစ်သူမှာ နောက်ဖေးမီးဖိုခန်းတွင် ထမင်းစားနေကြောင်း ပြောသဖြင့် သွားကြည့်ခဲ့ သော်လည်းမတွေ့သဖြင့် ပြန်ထွက်လာခဲ့သည်ဟုလည်း တရားလိုက ဆိုထားသည်။

ဘုရားခန်းအနီးအရောက်တွင် အဆိုပါအမျိုးသားကြီးက “နင်လိုချင်တာ အကုန်ဝယ်ပေးမယ်၊ ငါလုပ် တာခံ” ဟု ပြောကာ ကုတင်ပေါ်သို့ တွန်းလှဲပြီး မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

အခင်းဖြစ်အချိန်တွင် သူမ၏ပါးစပ်အတွင်းသို့ အ၀တ်စထိုးထည့်ထားပြီး ရုန်းကန်မရ ဖြစ်နေစဉ်မှာပင် သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်သည်ဟုလည်း တရားလိုအမျိုးသမီးက ရဲထံတွင် ထွက်ဆိုထားသည်။

အဆိုပါ တိုင်တန်းမှုကို ရဲစခန်းက (ပ) ၃၉၁/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲတိုင်တန်းခံထားရသူအား ဖမ်းဆီးရမိရေး လုပ်ဆောင်နေပြီး ပြစ်မှုကျူးလွန်ကြောင်း မှန်ကန်ပါက ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင် မည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးကလည်းဆိုထားသည်။

အလားတူ ယင်းနေ့တစ်နေ့တည်းမှာ ပင် ဥာဏ်ရည်မမီသူ အမျိုးသမီးကြီးတစ်ဦးကို အသက် (၄၈)နှစ် အရွယ် အမျိုးသားကြီးတစ်ဦးက နေအိမ်ထဲ ၀င်ရောက်ပြီး သားမယားပြုကျင့်ခဲ့သည်ဟုဆိုကာ အမှုဖွင့် တိုင်တန်းမှုတစ်ခုကို သာကေတနယ်မြေရဲစခန်းက (ပ)၇၅၀/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၇၆ ဖြင့် တရား စွဲရန် တိုင်တန်းခံရသူအား ဖမ်းဆီးစစ်ဆေးနေသည်ဟု တိုင်းရဲဌာနက ဆိုသည်။

ငါးလောင်းပြိုင် လူသတ်မှု အထောက်အထား မရသေးဟု ပြည်ထဲရေး ဒုတိယဝန်ကြီးဆို

ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ လမ်းအမှတ် ၁၂၆ ရှိ နေအိမ်တွင် ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထောက်လှမ်း စုံစမ်းနေသော်လည်း အထောက်အထား မရ သဖြင့် ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ပြည် ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ပြစ်မှုကို စုံစမ်းဖော်ထုတ်ပြီးပါက ပြည်သူများထံ တရားဝင် ကြေညာပေးသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဒုတိယဝန်ကြီးက နေပြည်တော် လွှတ်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ “ဘာအထောက်အထားမှတော့ မရသေးပါဘူး။ လက်ရှိက စုံစမ်းဆဲပါ။ တစ်ခုခုကို သိတယ်ဆိုရင် ဖော်ထုတ်လိုက်တာ ကြာပြီပေါ့။ ဒီဟာတွေက စုံစမ်းဆဲမို့ လောလောဆယ် ဘာမှပြောလို့ မရသေးပါဘူး” ဟု ၎င်းက ရှင်းပြသည်။ အဆိုပါ အမှုသည် ပျောက်ပျက်သွားမည့် အမှုမဟုတ်ကြောင်း၊ ရရှိသည့် အထောက်အထားများပေါ်တွင် ဆက်လက် စုံစမ်းစစ်ဆေးနေပြီး အမှုမှန် ပေါ်ပေါက်မှု ရှိမရှိကို စုံစမ်းဆဲကာလတွင် ပြောကြား မရနိုင်သေးကြောင်း ၎င်းကဆိုသည်။ ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော အမှုများတွင် စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသည့်အမှု များစွာကျန်ရှိနေသေးကြောင်း၊ ယင်းသို့ မဖော်ထုတ်နိုင်ခြင်းမှာ မြန်မာနိုင်ငံတွင် သာမက အခြားနိုင်ငံတွင်ပါ ကြုံတွေ့နေရကြောင်း ဒုတိယဝန်ကြီးက ပြောဆိုသည်။ ငွေကိုလေလိုသုံးသူဟု စာရေးဆရာ သော်တာဆွေက တင်စားရေးသား ရလောက်အောင် ချမ်းသာခဲ့သည့် မိုးကုတ်သူဌေးကြီး ဦးမြမောင်၏ သမီးဖြစ်သူ အပါအဝင် သမက်၊ မြေးနှစ်ဦးနှင့် အိမ်ဖော်တို့ကို ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်း အမှတ် (၁၂၆) ရှိနေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအမှုကို စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုအဖြစ် လူသိများခဲ့ပြီး အမှုစတင်ဖြစ်ပွားသည့် ၂၀၀၈ ခုနှစ်မှ ယနေ့အထိ ငါးနှစ်ခန့် ကြာမြင့်လာပြီ ဖြစ်သော်လည်း တစ်စုံတစ်ရာ စစ်ဆေးဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ The Voice Weekly

သံတွဲအကြမ်းဖက်မှုများ၌ ခရိုင်ရုံးမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေ

 သံတွဲအကြမ်းဖက်မှုများ၌ ခရိုင်ရုံးမှ ရဲတပ်ဖွဲ့ဝင် တချို့ ပါဝင်ပတ်သက်နေကြောင်း သတင်းရရှိသည်။ ခရိုင်ရဲတပ်ဖွဲ့ရုံးမှ ရဲသား သိန်းကျော်ထွန်းဆိုသူ သည် သံတွဲအကြမ်းဖက်သမားများနှင့် ပူးပေါင်းကာ အကြမ်းဖက်ရန် အစီအစဉ်များ ရေးဆွဲရာတွင် လျှို့ဝှက်စွာ ပါဝင်ပတ်သက်ခဲ့သည်။ ယဉ်ထိန်းရဲ ကိုအေးမောင်ဆိုသူသည်လည်း ၎င်းအကြမ်းဖက်မှုများ၌ လျှို့ဝှက်စွာ ပါဝင် ပတ်သက်ခဲ့ကြောင်းသိရသည်။ အဆိုပါ ခရိုင်ရဲတပ်ဖွဲ့ရုံးမှ ရဲသား သိန်းကျော်ထွန်း နှင့် ယဉ်ထိန်းရဲ ကိုအေးမောင် ဆိုသူ တို့မှာ မင်းသားခေါင်းစွပ်ထားသော အကြမ်းဖက်သမားများသာဖြစ်ကြသည်။ အောက်ပါ ပုံ၌ ယဉ်ထိန်းရဲဝတ်စုံ ဝတ်ထားသော ကိုအေးလွင် / သူ့ဘေးနားက ထိုင်လျက် ခရိုင်ရဲ သိန်းကျော်ထွန်း / ဦးထုပ်ဆောင်းထားပြီး ဖုန်းနှိပ်နေသော ကျော်မိုးလွင်တို့သည် ရခိုင်အကြမ်းဖက်သမားများနှင့် အကြမ်းဖက်ရန် အစီအစဉ်များ လျှို့ဝှက်စွာ စီစဉ်ခဲ့ကြကြောင်း သိရှိရသည်။ အပုချေ ( မာန်အောင်ကျွန်း )

Friday, October 11, 2013

မိန်းမယူဖို့ နဲ့ ဆေးဆိုင် ဖွင့်ဖို့ ကျူးလွန်တဲ့ မန္တလေး ၃လောင်းပြိုင် လူသတ်မှု တရားခံပေါ်ပြီ

 မန္တလေး ချမ်းမြသာစည် မြို့နယ် Panasonic ကုမ္ပဏီရဲ့ ဂိုဒေါင်ဝင်းအတွင်း အောက်တိုဘာလ ၁ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ ၃ လောင်းပြိုင်လူသတ်မှု တရားခံတွေကို ၇ ရက်အကြာမှာ ဖော်ထုတ်နိုင် လိုက်ပြီလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ Panasonic ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
အသတ်ခံလိုက်ရတဲ့သူတွေကတော့ Panasonic ကုမ္ပဏီလုံခြုံရေး ၀န်ထမ်း ဦးတင်လှိုင်၊ ဦးဟန်သောင်းနဲ့ ဒေါ်ခင်ခင်ဝင်း (ခ) မကြည်ဟန် တို့ဖြစ်ပြီး လူသတ်မှု ကျူးလွန်သူတွေ ကတော့ လူငယ် ၂ ဦးဖြစ်ပါတယ်။ အဲဒီလူငယ် ၂ ဦးက Panasonic ကုမ္ပဏီဝန်ထမ်းတဦးဖြစ်တဲ့  ယာဉ်မောင်း အောင်ကျော်ဟိန်း(ခ) အောင်ကျော် နဲ့ သူ့သူငယ်ချင်း သောင်းစုဇင် တို့ဖြစ်ပြီး အောက်တိုဘာလ ၈ ရက်နေ့မှာ သူတို့ လူသတ်ခဲ့တာကို ၀န်ခံလိုက်ကြတာပါ။
၃ လောင်းပြိုင် လူသတ်မှု တရားခံတွေကို စတင်ခြေရာခံမိတာ ကတော့ အခင်းဖြစ်ပွားတဲ့ Panasonic ဂိုဒေါင်နဲ့ မလှမ်း မကမ်း  Omega Alpha ကုမ္ပဏီမှာ တပ်ဆင်ထားသော CCTV မှတ်တမ်းတွေမှာ စတင်ခြေရာခံမိတာဖြစ်ပါတယ်။ ဒါ့အပြင် အခင်းဖြစ်ပွားတဲ့နေရာမှာ ကျန်ခဲ့တဲ့  နံပါတ် ၁၀ ခွဲ ဖိနပ်ကလည်း တရားခံဖော်ထုတ်တဲ့နေရာမှာ အထောက်အကူပြု ပေးခဲ့ပါတယ်။
အခင်း ဖြစ်ပွားတဲ့နေ့က ည ၁၀ နာရီကျော် လောက်မှာ လူ ၂ ဦးစီးနင်းလာတဲ့ မော်တော်ဆိုင်ကယ်တစီး ဖြတ်သန်း မောင်းနှင်ပြီး  Panasonic ကုမ္ပဏီ နေအိမ်ခြံဝင်းရှေ့မှာ ရပ်တန့်သွားတဲ့ မှတ်တမ်းကို ရရှိလိုက်ပါတယ်။ အဲဒီမှတ်တမ်းမှာ ဆိုင်ကယ်ပုံစံနဲ့ ခန္ဓာကိုယ် ၀တုတ်တုတ် ပုံစံရှိတဲ့ ဆိုင်ကယ် မောင်းနှင်သူတို့ရဲ့ ပုံစံကို စတင်ခြေရာခံမိပါတယ်။
ကုမ္ပဏီဝန်ထမ်း တွေကို စနစ်တကျလေ့လာတဲ့အခါမှာ ခန္ဓာကိုယ် ၀တုတ်တုတ်ပုံသဏ္ဍန်ရှိပြီး အခင်း မဖြစ်ပွားမီ မသင်္ကာဖွယ် ရာ အမူအကျင့်တွေ ပြုမူခဲ့တဲ့ ကုမ္ပဏီယာဉ်မောင်း အောင်ကျော်ဟိန်း(ခ)အောင်ကျော်ကို စတင် ခြေရာခံ မိပါတယ်။ သူ့ရဲ့ ဆိုင်ကယ်ကလည်း CCTV မှတ်တမ်းမှာ ကျန်ရှိနေတဲ့ ဆိုင်ကယ်ပုံစံနဲ့ ဆင်တူနေပါတယ်။ အခင်းဖြစ်ပွားတဲ့ ကျန်ခဲ့တဲ့ ဖိနပ်က  အောင်ကျော်ဟိန်း စီးတဲ့  နံပါတ် ၁၀ခွဲ ဖိနပ်နဲ့ အရွယ်အစား တူညီနေတာတွေ့လိုက်ရတယ်။
ဒါကြောင့် မန္တလေးတိုင်းရဲတပ်ဖွဲ့က မသင်္ကာဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ အောင်ကျော်ဟိန်းကို ခေါ်ယူစစ်ဆေးခဲ့ရာမှ လူသတ်မှုကျူးလွန် သူတွေကို ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့တာပါ။
အခင်းဖြစ်ပွားပုံက အောက်တိုဘာလ ၁ ရက်နေ့မှာ အောင်ကျော်ဟိန်းကို သူငယ်ချင်းဖြစ်သူ သောင်းစုဇင်က ဖုန်းဆက် ခေါ်လို့ ဆိုင်ကယ်စီးပြီး သောင်းစုဇင်နေအိမ်ကို သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် သောင်းစုဇင်နေအိမ်ကနေ ကျူံးတပတ် ပတ် ဆိုင်ကယ်စီးပြီး Panasonic ဂိုဒေါင်ရုံးခန်းဆီ သွားခဲ့ကြပါတယ်။
အဲဒီမှာ ကုမ္ပဏီရုံးမှာ လုံခြုံရေး တာဝန်ကျနေတဲ့ ၀န်ထမ်းဦးတင်လှိုင်နဲ့ သောင်းစုဇင်တို့ စကားများရန်ဖြစ်ရာက သောင်းစုဇင်က ဦးတင်လှိုင်ကို ဆံပင်ဆွဲပြီး အင်္ဂတေကြမ်းပြင်နဲ့ဆောင့်၊ အုတ်ခဲကျိုးနဲ့ ဦးတင်လှိုင်ရဲ့ ဦးခေါင်းကို ထုရိုက် ပါတယ်။ ဒါ့အပြင် ကားကြားထဲမှာ အိပ်နေတဲ့ ဦးဟန်သောင်းကို သောင်းစုဇင်က အုတ်ခဲကျိုးနဲ့ ထပ်ထုရိုက်ပါတယ်။
အဲဒီအချိန်မှာပဲ ဂိုဒေါင်မှာ အိပ်ပျော်နေတဲ့ ဦးတင်လှိုင်ရဲ့ ဇနီး ဒေါ်ခင်ခင်ဝင်း(ခ) မကြည်ဟန်က အိပ်နေရာကနေ နိုးထလာတာတွေ့လို့ အောင်ကျော်ဟိန်းက ဆံပင်ဆွဲ တိုင်နဲ့ ဆောင့်ရိုက်ခဲ့ပါတယ်။
အရိုက်ခံရတဲ့ ၃ ဦးစလုံး လှုပ်ရှားမှုမရှိတော့ပေမယ့် မသေမှာစိုးလို့ ကားဘက်ထရီအိုးထဲက အက်စစ်တွေကို ဆေးထိုးအပ်နဲ့ စုပ်ယူပြီး အရိုက်ခံရတဲ့ ၃ ဦးစလုံးရဲ့ ၀ဲရင်အုံနေရာတွေကို ထိုးသွင်းခဲ့ကြပါတယ်။
အဲဒီနောက် အောင်ကျော်ဟိန်း(ခ)အောင်ကျော်နဲ့ သောင်းစုဇင်တို့ ၂ ဦးက ဂိုဒေါင်နေအိမ် အပေါ်ထပ်မှာရှိတဲ့ မီးခံသေတ္တာကို ဖျက်ပြီး ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှ ဖွင့်လို့မရလို့ လက်လျှော့ပြီး ပြန်လာခဲ့ကြတယ်။
အောင်ကျော်ဟိန်းနဲ့ သောင်းစုဇင်တို့က  လူသတ်ခဲ့ပြီး ငွေယူဖို့ ကြိုးစားပေမယ့် မီးခံသေတ္တာ မဖွင့်နိုင်ခဲ့လို့ ငွေတပြား တချက်မှ မယူနိုင်ခဲ့ပါဘူး။
ငွေလိုချင်လို့ လူသတ်ခဲ့တာဖြစ်ပေမယ့် သူတို့ငွေလိုနေတဲ့အကြောင်းအရင်းမှာ သောင်းစုဇင်က မိန်းမယူဖို့ ငွေလိုတာဖြစ်ပြီး အောင်ကျော်ဟိန်းက သူ့ဇနီးအတွက် ဆေးဆိုင်လေးတခုဖွင့်ပေးချင်လို့ လူသတ်မှုကျူးလွန်ခဲ့တာဖြစ်တယ်လို့ သိရကြောင်း Panasonic ကုမ္ပဏီ ဒါရိုက်တာ ဦးလှဘုန်းကျော်က အောက်တိုဘာလ ၁၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုပါတယ်။
အလောင်းတွေကို စစ်ဆေးချက်အရ သေဆုံးသူတွေက  ဖူးယောင်ဒဏ်ရာတွေအပြင်  အဆုတ်တွင် သွေးခဲ ဒဏ်ရာတွေ ကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ လူသတ်မှုကျူးလွန်သူတွေက  လူသတ်ဖို့  ကြိုတင်ပြင်ဆင် လုပ်ဆောင်ခဲ့တာဖြစ်ပြီး  လက်အိတ်၊ ဆေးထိုးအပ်နဲ့ တခြားသော ဖောက်ထွင်းတဲ့  ကိရိယာတန်ဆာပလာတွေပါ ယူဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။


Thursday, September 12, 2013

ရိုဟင်ဂျာ ငါးဖမ်းသမား ၆ ဦးကို ရခိုင်အကြမ်းဖက် သမားများ တိုက်ခိုက်၊ ၅ ဦး သေဆုံးဟု ယုံကြည်ရ

RB News
11.9.2013

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကတင်ပိုက် ကျေးရွာ အုပ်စုမှ ရိုဟင်ဂျာ ငါးဖမ်းသမား ၆ ဦးကို ရခိုင် အကြမ်းဖက် သမား များမှ မြစ်ထဲတွင် ငါးဖမ်း နေစဉ် အကြမ်းဖက် တိုက်ခိုက်ရာ ငါးဦး သေဆုံး သွားသည်ဟု ယုံကြည်ရပြီး တစ်ဦး လွတ်မြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ (အင်္ဂါနေ့) ညနေပိုင်း ၆ နာရီ ကျော်တွင် စစ်တွေမြို့ ကတင်ပိုက်ကြီး ကျေးရွာမှ ရိုဟင်ဂျာ ၄ ဦးနှင့် ကတင်ပိုက်ချေ ကျေးရွာမှ ရိုဟင်ဂျာ ၂ ဦးတို့ ငါးဖမ်းရန် ထွက်ခွာ ခဲ့ကြသည်။ ၎င်းတို့အား ကတင်ပိုက်ကြီး ကျေးရွာမှ ၆ မိုင်ခန့် အကွာတွင် ည ၈ နာရီခန့်၌ ရခိုင် အကြမ်းဖက် သမားများမှ စက်လှေကြီး တစ်စီးဖြင့် စတင် တိုက်ခိုက်ရာ၊ ရိုဟင်ဂျာ ၆ ဦး စီးလာသည့် စက်လှေမှောက် သွားခဲ့သည်။ ရေထဲကျ သွားသည့် ရိုဟင်ဂျာ ငါးဖမ်း သမား များကို ဆယ်ယူ၍ လက်နှင့် ခြေထောက် များကို ကြိုးတုတ်ပြီး အနီးရှိ ဦးရီးပြင် ကျေးရွာသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထိုမှတဖန် ည ၁၀ နာရီ ခန့်တွင် ၎င်းတို့အား စက်လှေ ပေါ်သို့တင်၍ မြစ်ထဲသို့ ခေါ်လာပြီး ၆ ဦးလုံးကို သံတုတ် များဖြင့် လူမဆန်စွာ သေလု မျောပါး ဖြစ်သည့် အထိ ရိုက်နှက်၍ မြစ်ထဲသို့ ပစ်ချ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မြစ်ထဲသို့ ဒဏ်ရာ များဖြင့် ပစ်ချ ခံရသည့် ရိုဟင်ဂျာ ၆ ဦးထဲမှ တစ်ဦးမှာ ချည်နှောင် ထားသည့် ကြိုးကို ဖြုတ်နိုင်ခဲ့ပြီး ရေကူး၍ အသက်ရှင် နိုင်ခဲ့သည်။ အသက်ရှင် နိုင်ခဲ့သူသည် ဗုဒ္ဓဟူးနေ့ (စက်တင်ဘာလ ၁၁ ရက်) နံနက် ၇ နာရီတွင် ကတင်ပိုက်ကြီး ကျေးရွာသို့ ပြန်လည် ရောက်ရှိ ခဲ့ပြီး၊ ရဲစခန်းသို့ ဖြစ်စဉ်ကို အကြောင်းကြား ခဲ့သည်။ ရဲများနှင့် ဒေသခံ ပြည်သူများ အခင်း ဖြစ်ပွား ခဲ့သည့် နေရာကို သွားရောက်၍ ပျောက်ဆုံး နေသူ ငါးဦးကို ရှာဖွေ ခဲ့သော်လည်း အနီးရှိ ရခိုင်ရွာ နားတွင် မှောက်သွားသည့် လှေကို ရှာဖွေ တွေ့ရှိ ခဲ့ပြီး၊ ပျောက်ဆုံး နေသည့် ငါးဦးမှာ သေဆုံး သွားပြီဟု ယုံကြည် ရပါသည်။

ဒဏ်ရာ များစွာဖြင့် အသက်ရှင် လာခဲ့သူမှာ ဦးအဒူမဂျစ် (ဘ) ဦးအဒူမာလစ် (အသက် ၃၀ နှစ်) ဖြစ်ပြီး၊ ပျောက်ဆုံး နေပြီး သေဆုံး သွားပြီဟု ယူဆ ရသူ ငါးဦးမှာ -

(၁) ဦးအဒူအဇစ် (ဘ) ဦးအဒူမာလစ် (အသက် ၄၂ နှစ်)
(၂) ဦးနဘီဟူစိန်း (ဘ) ဦးကာလာမျာ (အသက် ၄၀ နှစ်)
(၃) ရှဖီ အုလ္လာ (ဘ) ဦးနူရူလ္လာ (အသက် ၁၈ နှစ်)
(၄) နဘီဟူစိန်း (ဘ) ဦးဆယာဒ်ဟူစိန်း (အသက် ၂၂ နှစ်)
(၅) ဒိလ်မိုဟာမတ် (ဘ) ဦးမိုဟာမတ်ဟူစိန်း -- တို့ဖြစ်သည်။

RB News Link -- http://bit.ly/14FKqPv

Sunday, September 8, 2013

ဘူးသီးတောင်မြို့တွင် ဓါးပြတိုက်သည့် စစ်သား ၃ ဦးအနက် ၂ ဦးကို ဖမ်းဆီးရမိ

Bottom of Form
RB News
7.9.2013

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ဘဂုံးနား ကျေးရွာ အုပ်စုတွင် စက်တင်ဘာလ ၆ ရက်နေ့ ည ၁၁ နာရီကျော်က စစ်သား (၃) ဦးမှ ရိုဟင်ဂျာ လူမျိုး အိမ်တစ်အိမ်ကို ၀င်ပြီး ဓါးပြတိုက်ရာ ရွာသား များ၏ ၀ိုင်းဝန်း ဖမ်းဆီးမှုကြောင့် စစ်သား ၂ ဦး ဖမ်းဆီး ရမိကြောင်း သတင်း ရရှိပါသည်။ 

သောကြာနေ့ (စက်တင်ဘာလ ၆ ရက်) ည ၁၁ နာရီ ၄၀ မိနစ်တွင် ဘူးသီးတောင် မြို့နယ်၊ ဘဂုံး နား ကျေးရွာ အုပ်စု၊ ဘဂုံးနား တောင်ပိုင်း ရွာရှိ ဦးအမ်နာ ရှားဟ်၏ နေအိမ် တံခါးကို ဖွင့်ပေးရန် လူသုံး ဦးမှ ပြော ဆိုရာ၊ ညအချိန် မတော် ဖြစ်၍ မဖွင့်ပေးဘဲ၊ လာသည့် အကြောင်းရင်းကို မေးရာ ဧည့်စာရင်း စစ် ရန် ဟု အဆိုပါ လူ သုံးဦးမှ ပြောဆိုသည်။ သို့သော်လည်း ဦးအမ်နာ ရှားဟ်မှ သံသယ ဖြစ်၍ တံခါး ဖွင့် မပေးသော အခါ၊ လူသုံးဦးက တံခါးကို ဖျက်၍ အိမ်ထဲသို့ ၀င်ပြီး ဦးအမ်နာ ရှားဟ်အား ချုပ်နှောင် ခဲ့သည်။ ထို့နောက် နေအိမ် အတွင်း ရှာဖွေ၍ ရွှေ ၇ ကျပ်သားခန့်၊ ငွေကျပ် တစ်သောင်းနှင့် လက်ကိုင်ဖုန်း တစ် လုံး ကို ယူဆောင် ခဲ့သည်။ ထိုသို့ ယူဆောင် နေသည့် အချိန်တွင် ဦးအမ်နာ ရှားဟ်မှာ လွတ်မြောက် သွားပြီး ရွာသား များကို အော်ဟစ်၍ အကူအညီ တောင်းခဲ့သည်။ 

“ည ၁၁ နာရီ မိနစ် ၄၀ လောက်မှာ အိမ်တံခါး ခေါက်တော့ ဖွင့်မပေးခဲ့ဘူး။ အဲဒါနဲ့ တံခါးဖျက် ၀င်ပြီး အမျိုးသားကို ချုပ်ထားတယ်။ ပြီးတော့ အိမ်မှာ ရှိတဲ့ အမျိုးသမီး နှစ်ဦးက လုယက်နေ တာကို တားဆီးနေ တဲ့အချိန်မှာ အမျိုးသားက လွတ်သွား ပြီးတော့ ရွာသွား တွေကို အကူအညီ တောင်းတယ်။ ရွာသား တွေက ၀ိုင်းဖမ်း လိုက်တာပါ။ တစ်ယောက် ကတော့ ထွက်ပြေး လွတ်မြောက် သွားတယ်။ ရွှေ ၇ ကျပ် သား၊ ငွေတစ်သောင်းနဲ့ လက်ကိုင်ဖုန်း တစ်လုံး ပါသွားတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြော ပါသည်။ 

ရွာသား များမှ ၀ိုင်းဝန်း ဖမ်းဆီးရာ စစ်ဝတ်စုံ ၀တ်ဆင် ထားသည့် စစ်သား ၂ ဦးကို ဖမ်းဆီး ရမိခဲ့ပြီး တစ်ဦးမှာ ထွက်ပြေး လွတ်မြောက် သွားကြောင်း သိရှိ ရပါသည်။ ဖမ်းဆီး ပြီးနောက် စစ်တပ်နှင့် ရဲစခန်းသို့ အကြောင်းကြားရာ ညသန်းခေါင်ယံ ၁ နာရီ ကျော်ခန့်တွင် ရဲများ ရောက်ရှိ လာပြီး ရဲစခန်းသို့ ခေါ်ဆောင် သွားကြောင်း သိရှိရပါသည်။ ဖမ်းဆီးမိသည့် စစ်ဝတ်စုံ ၀တ်ထားသည့် စစ်သား ၂ ဦးမှာ ဘူးသီးတောင် မြို့ နယ် အခြေစိုက် လျှပ်စစ်နှင့် စက်မှု လက်မှု (ဘီအီးတပ်) တပ်ရင်း ၉၀၈ မှ တပ်မတော် သား များ ဖြစ်ကြောင်း ရဲစခန်း အရောက်တွင် ၀န်ခံ ထွက်ဆိုချက် အရ သိခဲ့ကြောင်း ဗွီအိုအေ သတင်း ဌာနသို့ ဘူးသီးတောင် မြို့နယ် ကိုယ်စားပြု ပြည့်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ပြောသည်။ 

ဘူးသီးတောင် မြို့နယ် အစွန် အဖျားရှိ ရွာများသို့ နယ်စပ်တွင် အခြေစိုက်သော ရခိုင် လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် ALA နှင့် ALP တို့ မကြာခဏ ၀င်၍ ဓါးပြတိုက်မှု များရှိကြောင်း ဒေသခံ များက ဆိုသည်။ ထို့ကြောင့် သောကြာနေ့ ညက ဓါးပြ တိုက်သူ များမှာ စစ်သား အတုများဟု ဒေသခံ များက ယူဆ ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်မှန်သည့် တပ်မတော် များဖြစ်ကြောင်း သိရှိ ခဲ့ရသည်။ 

Wednesday, September 4, 2013

အိန္ဒိယကျောင်သား Drone ကိုတီထွင်အောင်မြင်

အိန္ဒိယကွန်ပျူတာကျောင်းသားဖြစ်တဲ့ အသက်- ၂၁ နှစ်အရွယ် Subhanjan Saha ဟာလူမဲ့ထိန်းချုပ်မောင်းနှင်နိုင်တဲ့ Drone ကိုတီထွင်အောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိ Manindra Chandra College မှာကွန်ပျူတာဘာသာရပ်တက်ရောက်သင်ကြားနေ တဲ့ Saha ကို ကာကွယ်ရေးဆိုင်ရာဖွံ့ဖြိုး တိုး တက်ရေး သုတေသန(DRDO) နှင့် Hindustan Aeronautics Limited (HAL) တို့မှDrone ကို အဆင့်မြင့်တီထွင်ဖန်တီးနိုင်အောင် ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။

ရည်ရွယ်ချက်ကတော့ အနာဂတ်အိန္ဒိယနိုင်ငံ စစ်ရေးအရ၊တိုးတက်စေဖို့နဲ့ကာကွယ်ရေးပိုင်းမှာ အဆင့်မြင့်တင်နိုင် ဖို့ ယခုလိုကူညီထောက်ပံ့ပေးတယ်လို့သိရပါတယ်။

ကနဦးတီထွင်ဖန်တီးမူအရ Remote နဲ့ထိန်းချုပ်ပျံသန်းရမှာဖြစ်ပြီး ရှေ့ကင်မရာ၊နောက်ကင်မရာ တပ်ဆင်ထားသည့်အပြင် မြေပြင်မှပုံရိပ်ကို ဝေဟင်အမြင့် ၁၀ ကီလိုမီတာ မှနေ၍ပုံရိပ်များကို ဖမ်းယူကြည့်ရှုလို့အဆင်ပြေစေမှာဖြစ်ပါတယ်။

ဘက်ထရီအားသွင်းတဲ့ စနစ်ဖြစ်ပြီး အားပြည့်စွာသွင်းထားပါက ပျှမ်းမျှမိနစ် ၆၀ အထိကြာမြင့်စွာ ပျံသန်းနိုင်တယ်လို့ဆိုပါတယ်။

သူ့ရဲ့ တီထွင်မူနဲ့ပတ်သက်ပြီး Saha ကယခုလိုပြောကြားခဲ့ပါတယ်။"ငယ်စဉ်ကတည်းက ကျွန်တော်ဟာ စက်ကရိယာတွေနဲ့ ပတ်သက်ပြီး တီထွင်ဖန်တီးမူတွေ ကိုအမြဲစိတ်အားထက်သန်ခဲ့တဲ့သူပါ။ကွန်ပျူတာနဲ့
ပတ်သက်တဲ့ ချိတ်ဆက်ဖန်တီးမူတွေကိုလည်း ဝါသနာပါတဲ့အတွက် လေ့လာထားတဲ့ ပညာရပ်တွေနဲ့ ပေါင်းပြီး ယခုလိုဖန်တီးတာပါ။ခင်ဗျားလည်း သိတဲ့ အတိုင်းပဲ အိန္ဒိယမှာက လျှပ်စစ်နဲ့ပတ်သက်တဲ့ အပိုပစ္စည်းတွေကဈေးအရမ်းကြီးတယ်လေ။ဒါကြောင့် အွန်လိုင်းမှာရှိတဲ့ သူငယ်ချင်းတွေရဲ့အကူအညီကိုယူပြီး အင်တာနက်ကနေ လိုချင်တဲ့ ပစ္စည်းတွေကို အော်ဒါမှာယူရတာ
ပေါ့။သာမန်လုပ်နေကျအချိန်တွေထက်တော့ ကြာသွားတာပေါ့။ ဒါပေမယ့်အခုတော့ကျွန်တော်လုပ်နိုင်ခဲ့ပါပြီ။အနာဂတ် တိုင်းပြည်လုံခြုံရေးနဲ့ စစ်ရေးတွေမှာ အသုံးပြုဖို့အတွက် ဒီထက်ကောင်းမွန်တဲ့ Droneတွေကို ကျွန်တော်ဆက်လက်ဖန်တီးပေးသွားမှာပါ"လို့ပြောဆိုခဲ့ပါတယ်။

အိန္ဒိယအလံဒီဇိုင်းနဲ့ဖန်တီးထားတဲ့ Drone နှင့်အတူ အသက်-၂၁ နှစ်အရွယ်ကျောင်းသားလေးဖြစ်တဲ့ Subhanjan Saha ကိုယခုလိုမြင်တွေ့ရမှာပါ။

Monday, September 2, 2013

ရွှေပြည်သာတံတား လုံခြုံရေးရဲကင်းတွင် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

ရန်ကုန်၊ စက်တင်ဘာ ၁

လှိုင်သာယာမြိုနယ်နှင့် ရွှေပြည်သာမြို့နယ်ကို ဆက်သွယ်ပေးထားသော ရွှေပြည်သာတံတား၏ လုံခြုံရေးရဲကင်းတွင် သြဂုတ်လ ၃၀ ရက် နံနက် ၃ နာရီခန့်က ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ကာ မိဘနေအိမ်သို့ တစ်ဦးတည်း ပြန်လာသော ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း အဆိုပါ မိန်းကလေး၏ ဆွေမျိုးသားချင်း များက ပြောကြားသည်။

လှိုင်သာယာမြို့နယ် (၂၀) ရပ်ကွက်၊ ဗိုလ်တေဇ ပတ်လမ်းတွင် နေထိုင်သော မိန်းကလေးသည် ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ကာ ယင်းနေ့ နံနက် ၁ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်ရှိ မိဘဖြစ်သူ၏ နေအိမ်ပြန်ရန် ဆိုင်ကယ်ကယ်ရီ မောင်းသမားကို တညင်းကုန်းလမ်းဆုံသို့ ပို့ဆောင် ခိုင်းစဉ် ရွှေပြည်သာတံတား ရဲကင်းအရောက်၌ ဆိုင်ကယ်ပျက်သွားသဖြင့် ဆိုင်ကယ်မောင်းသူက ကယ်ရီခ ငွေတစ်ထောင်ကျပ်ကို တောင်းယူပြီး ရဲကင်းတွင် ထားခဲ့ရာမှ အဆိုပါ ရဲကင်းတွင် တာဝန်ကျသူ ဒုတပ်ကြပ်ဝင်းဌေးက အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါမိန်းကလေး၏ ယောက္ခမဖြစ်သူက ပြောကြားသည်။

“အဲဒီညက မိသားစုတွေ ဒိုးဇက်ကစားရင်း သူ့ယောက်ျားနဲ့ စိတ်ဆိုးပြီး ည ၁ နာရီခွဲလောက်မှာ တစ်ယောက်တည်း ထွက်သွားတာ သူ့ယောက်ျား လိုက်ရှာတော့ မရှိတော့ဘူး။ မနက် ၅ နာရီလောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့က လာအကြောင်းကြားမှ ဒီကိစ္စဖြစ်မှန်း သိရတာ။ သမီးက ပြောတာတော့ အဓမ္မပြုကျင့်ခံရတဲ့ အချိန်မှာ ကျန်တဲ့ရဲနှစ်ဦးက မီးသီးသွားဝယ်နေတယ်လို့ ပြောတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဓမ္မပြုကျင့် ခံရသူသည် ငယ်ရွယ်စဉ်က ငှက်ဖျားပိုး ခေါင်းထဲသို့ရောက်ကာ ဆေးကုသခဲ့ရသောကြောင့် တစ်ခါတစ်ရံတွင် စိတ်လွတ်လေ့ ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆိုင်ကယ်ကယ်ရီ မောင်းသူသည် ဆိုင်ကယ်ကိုတွန်းကာ ပြန်လှည် ထွက်သွားပြီး အလယ်ရွာ ကယ်ရီဂိတ်တွင် ဆိုင်ကယ်ကို အပ်ထားခဲ့၍ ဂိတ်သို့ပြန်ကာ သူငယ်ချင်းများကို ရွှေပြည်သာ တံတားလုံခြုံရေး တာဝန်ကျရဲများက ၎င်းကို ထိုးကြိတ်ပြီး ဆိုင်ကယ်ကို သိမ်းယူကာ ခရီးသည် အမျိုးသမီးကို ရဲကင်းတွင် ခေါ်ထားသည်ဟု ပြောဆိုကြောင်း၊ ယင်းနောက် ဆိုင်ကယ်ကယ်ရီ သမားလေးဦးနှင့်အတူ အဆိုပါရဲကင်းသို့ ပြန်လည် ရောက်ရှိ လာပြီး ရဲများကို ရိုက်နှက်ခြင်း၊ ရဲကင်းတွင် တပ်ဆင်ထားသောမှန်ကို ခဲဖြင့်ထုခွဲ ဖျက်ဆီးခြင်း ပြုလုပ်သဖြင့် ရဲတပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးကုသ ခံယူနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ထုတ်ပြန်သည်။

“တာဝန်ကျ ရဲသုံးဦးကို ရဲစည်းကမ်း ဥပဒေအရ အရေးယူသွားမှာပါ” ဟု လှိုင်သာယာ မြို့မရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်ခံရခြင်းနှင့် ပတ်သက်၍ ဖြစ်စဉ် အမှန်ပေါ်ပေါက်ရန် ထန်းတပင်မြို့ နယ် သောင်ကြီးနှင့် အဖျောက်တို့မှ စခန်းမှူးသုံးဦးတို့ အဖွဲ့ဖြင့် ခုံရုံးဖွဲ့ စစ်ဆေးနေပြီး ဖြစ်ကြောင်း၊ လှိုင်သာယာ မြို့မရဲစန်းက (ပ) ၉၈၀/၁၃၊ ပုဒ်မ ၃၃၂/၁၁၄ ဖြင့်လည်းကောင်း၊ (ပ) ၉၈၁/၁၃၊ ပုဒ်မ ပပက ၆(၁) ဖြင့်လည်းကောင်း စစ်ဆေးလျက် ရှိကြောင်း ၎င်းကထပ်မံပြောကြားသည်။

Thursday, August 29, 2013

တပ်ထိန်းဒုတပ်ကြပ်က ပစ္စတိုနဲ့ ပစ်လို့ စာရင်းစစ်ဝန်ထမ်းတစ်ဦးသေဆုံး

မန္တလေး ၊kolatt (Pabedan): 28.8.2013

ပူတာအိုအခြေစိုက်တပ်မမှာတာဝန်ကျနေတဲ့ ဒုတပ်ကြပ်ခန့် စိန်က ပစ်စတိုနှင့် နားထင်တေ့ ပစ်ရာ စာရင်းစစ်ဝန်ထမ်းတစ်ဦးသေဆုံး သွားကြောင်း သေဆုံးသူရဲ့ ညီဖြစ်သူ ကပြောကြားပါတယ်။

ပူတာအိုခရိုင်စာရင်းစစ်ရုံးအနီး အိန်ကျယ်စားသောက်ဆိုင်တွင် ည(၉)နာရီကျော်ခန့် က အခုလို ဒုတပ်ကြပ်ကပစ်စတိုနဲ့ @ပစ်လိုက် လို့ စာရင်းစစ် ဦးလမင်းမောင်မောင် သေဆုံးခဲ့တာဖြစ်ပါတယ်။

“ညက အကို(သေဆုံးသူ)က သူ့ သူငယ်ချင်းတစ်ယောက်နဲ့ အိန်ကျယ် စားသောက်ဆိုင်မှာ ယမ်ယမ်ခေါက် ဆွဲစားနေကြတာ။ ဆိုင်ရှင်က ည (၉)နာ ရီကျော်လို့ ဆိုင်တံခါးပိတ်ထားလိုက်တယ်။@အဲဒီအချိန်မှာ တပ်ထိန်း ကိုခန့် စိန်ရောက်လာပြီး တံခါးကို ခြေနဲ့  ကန်ဖွင့်တယ်။နောက်ဝင်လာပြီး ဘီယာချပေးဖို့ ပြောတယ်။

ဆိုင်ရှင်က ပိတ်တော့မှာလို့ ပြောတော့ ဒါဆိုလည်း ဟိုကောက်တွေပါ ပြန်ခိုင်း လို့ ပြောတယ်။အဲဒါနဲ့ ခေါက်ဆွဲစားနေတဲ့ (သေဆုံးသူ)က အကို(တပ်ကြပ်) စားလို့ ပြီးတော့မှာပါ။ ဘာဖြစ်လို့  လဲလို့မေးလိုက်တာကို သေနတ်နဲ့ ပစ်သွားတာ ” လို့ သေဆုံးသူရဲ့ ညီဖြစ် သူက ပြန်ပြောပြပါတယ်။

ခရိုင်စာရင်းစစ် အရာရှိက“ညက သေဆုံးသွားတာ မှန်ပါတယ်။ ကျန်တာတွေကိုတော့ ဖြေကြားခွင့် မရှိပါဘူး။ @ရဲစခန်းကိုပဲမေးပါ။ ဒီကိစ္စနဲ့ခေါင်းတွေလည်း ကိုက်လှပြီ။ ”လို့ တယ်လီဖုန်းက တဆင့် ဖြေကြားခဲ့ပါတယ်။

သေဆုံးသူ ဦးလမင်းမောင်မောင်ဟာ အသက်၂၆ နှစ်အရွယ်ရှိပြီး အကွက်(၆) နန်းရှေ့၊ ဒေါနဘွားရပ်၊အောင်မြေသာစံမြို့ နယ်၊မန္တလေးမြို့  မှာ နေထိုင်သူဖြစ်ပါတယ်။ လုပ်သက် ရှစ်လခန့်သာ ရှိသေးပြီး ပူတာအို ခရိုင်စာရင်းရုံးမှာ စာရင်းစစ်ရာထူးနဲ့ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူး (အတွင်းရေးမှူး ) ဦးဇော်သိန်းထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ အစည်းအဝေးခန်းမ တွင်း ရောက်နေလို့ နောက်မှ ပြန်ဆက်ရန် ဖြေကြားခဲ့ပါတယ်။

အတန်းပိုင်ဆရာမက ခုနစ်နှစ်အရွယ် ကျောင်းသားကို နှုတ်ခမ်းပေါက်ပြဲကာ နှာခေါင်းသွေးထွက်အောင် ရိုက်နှက်မှုအပေါ် မိဘများက တိုင်ကြားမည်ဟုဆို

 Wednesday, 28 August 2013 23:16

ဒဂုံမြို့နယ် အ.မ.က(၁) ကျောင်းတွင် ပညာသင်ကြားနေသော ခုနစ်နှစ်အရွယ် ဒုတိယတန်း ကျောင်းသားကို အတန်းပိုင် ဆရာမက ရိုက်နှက်သောကြောင့် အောက်နှုတ်ခမ်းပေါက်ြ ပီး နှာခေါင်းသွေးထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကလေး၏မိခင်ဖြစ်သူ ဒေါ်မြတ်မော်မော်အေးက ဆိုသည်။

သြဂုတ် ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်က မောင်ဖုန်းမြတ်မြတ်အောင်အား အတန်းပိုင်ဆရာမ ဒေါ်အိထွေးဦးက ရိုက်နှက်ခဲ့ကြောင်း ကလေး၏မိခင်က ဆိုသည်။

"ပထမ တစ်ခေါက်ကလည်း အတန်းပိုင် ဆရာမက ကလေးကို စာမပြီးလို့ ငေးလို့ဆိုပြီး လက်နဲ့ခြေသလုံးတွေ ပေါင်တွေမှာ အရှိုးရာထင်အောင် ရိုက်တယ်။ အဲဒီအတွက်ကြောင့် ကျွန်မက အတန်းပိုင် ဆရာမနဲ့ သွားတွေ့ပြီး ဆွေးနွေးဖြစ်ပါတယ်။ ရိုင်းတဲ့ကလေး၊ ပြောမရတဲ့ ကလေးကို ဒေါသထွက်တာ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ အငြိုးတကြီးနဲ့ လက်တွေ၊ ပေါင်တွေ၊ ကျောကုန်းတွေ ခြေသလုံးတွေမှာ အစင်းရာတွေဖြစ်အောင် ရိုက်တာကတော့ မဖြစ်သင့်ပါဘူး" ဟု မိခင်ဖြစ်သူက ပြောကြားသည်။

သြဂုတ် ၂၇ ရက် ည ၁၂ နာရီခန့်တွင် ယင်းကလေးငယ်အား ရန်ကုန်ကလေး ဆေးရုံကြီး တွင် ဆေးကုသခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနတွင်လည်း သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အတန်းပိုင်ဆရာမအား သက်ဆိုင်ရာ ဌာနများသို့ တိုင်ကြားသွားမည်ဟု ကလေး၏မိခင်က ဆိုသည်။

သြဂုတ် ၂၈ ရက် မနက်ပိုင်းက ဒဂုံမြို့နယ် ပညာရေးမှူးနှင့် အ.မ.က(၁)ကျောင်းအုပ်ဆရာမကြီးတို့က ကလေး၏ မိခင်နှင့် ကလေးငယ်တို့အား ကျောင်းသို့ခေါ်၍ တောင်းပန်ခဲ့ကြောင်း၊ တောင်းပန်မှုကို လက်မခံနိုင်ကြောင်း ကလေးမိခင်ထံမှ သိရသည်။

ဒဂုံမြို့နယ် ဒုမြို့နယ်ပညာရေးမှူး ဦးစိုးသန်းက "အခုလောလောဆယ်တော့ ကျွန်တော်တို့ လုပ်ပိုင်ခွင့်ထဲက ကလေးကို ရိုက်နှက်တယ်လို့ အတိုင်ခံခဲ့ရတဲ့ ဒုတိယတန်း အတန်းပိုင်ဆရာမကို သူငယ်တန်း အတန်းပိုင်ဆရာမနဲ့ ပြောင်းလဲတာဝန် ပေးထားပါတယ်။ မိဘတွေဘက်က ဒီအချိန်မှာ စိတ်ပူပန်မှုတွေ များနေနိုင်လို့ လောလောဆယ်တော့ ဆရာမနဲ့ မိဘကို ပေးမတွေ့သေးဘူး" ဟု သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက အ.မ.က (၁) ဒဂုံကျောင်းအတွင်း၌ ပြောကြားသည်။

Wednesday, August 14, 2013

တောင်ကုတ်တွင် မွတ်စလင် ၁၀ ဦးကို သတ်ဖြတ်မှုဖြင့် သံသယရှိသူများကို ရုံးတင်ပြီ

Wednesday, August 14, 2013

အမြင်မတူသော လူအုပ်စုနှစ်ခုကြား ပဋိပက္ခများဖြစ်ပွားမှုကို အရှိန်မြင့်တက်စေခဲ့သည့် လွန်ခဲ့သော တစ်နှစ်ကျော် က တောင်ကုတ်မြို့တွင် မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ သံသယရှိသူများကို သြဂုတ် ၁၃ ရက်က ခရိုင်တရားရုံး၌ စတင်အမှုစစ်ပြီဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းဝေက မဇ္ဈိမ ကိုပြောသည်။

၂၀၁၂ ခုနှစ်၊ ဇွန် ၂ ရက်က ဖြစ်ပွားခဲ့သည့် အဝေးပြေးကားဖြင့် တောင်ကုတ်သို့ ရောက်ရှိလာသော မွတ်စလင် ၁၀ ဦးကို သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ သံသယရှိသူခြောက်ဦးကို ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်တွင် ရဲများက လိုက်လံ ဖမ်းဆီးခဲ့သည်။

လူ ၁၀ ဦး သတ်ဖြတ်မှုတွင် ပါဝင်သူများအဖြစ် သံသယရှိသည့် တောင်ကုတ်မြို့ခံများကို တရားရုံးတင် အမှုစစ်သည်ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက အတည်ပြုသော်လည်း တရားရုံးဆောင်ရွက်များကိုမူ ၎င်းအနေဖြင့် အတိအကျ ပြန်လည် မပြောကြားနိုင်ကြောင်း ဆိုသည်။

သံသယရှိသဖြင့် ဖမ်းဆီးခံထားရသူ တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်မှ ကိုလင်းမောင်၊ ကိုသိန်းရွှေမောင်တို့နှင့် ကံပိုင်ရပ်ကွက်မှ ကိုဝင်းနိုင်၊ ကိုသန်းကျော်၊ ကိုမင်းသိုက်ထွန်း၊ ဦးထွန်းဝင်းတို့ဖြစ်သည်။

ခရိုင်တရားရုံး၌ ၎င်းတို့ကိုအမှုစစ်ဆေးသည်ကို သွားရောက်လေ့လာခဲ့သော ရခိုင်လူမှုကွန်ယက်မှ ဦးမြင့်မိုးက “နေ့လည် ၁ နာရီလောက်မှာ ရုံးထုတ်တယ်။ မိနစ် ၂၀ အကြာမှာပြီးတယ်။ အားလုံးကျန်းကျန်းမာမာ ရှိတဲ့ပုံပါပဲ။ လုံခြုံရေးကတော့ တရားရုံးရဲ့ အတွင်းအပြင်မှာ အနည်းဆုံး ၂၅ ယောက်လောက် ချထားတာတွေ့ရတယ်”ဟု ပြန်လည်ပြောကြားသည်။

ကနဦးတွင် ၎င်းတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ လူသတ်မှု၊ ပုဒ်မ ၁၁၄ ပြစ်မှုကျူးလွန်သည်ကို အားပေးကူညီမှု တို့ဖြင့် တရားစွဲရန် ရဲများက စီစဉ်ခဲ့သော်လည်း ယခုအမှန်တကယ် တရားစွဲသောအခါ ပုဒ်မ ၁၁၄ အစား ပုဒ်မ ၃၄ ပြစ်မှု တစ်ခုကို လူစု၍ကြံစည်ကျူးလွန်မှုဖြင့် ပြောင်းလဲတရားစွဲဆိုကြောင်း ဦးမြင့်မိုးက ဆက်ပြောသည်။

သံသယရှိသဖြင့် တရားစွဲခံထားရသူ ကိုလင်းမောင်၏ ညီ ကိုထွန်းလင်းက ယခင်က ယင်းအမှုကို သြ ဂုတ် ၁၅ ရက်တွင် အမှုစစ်မည်ဟု မိသားစုဝင်များသိထားသော်လည်း သြဂုတ် ၁၃ ရက်တွင် ရုတ်တရက် ပြောင်းလဲ အမှုစစ်လိုက်သဖြင့် သံသယရှိသူများနှင့် မိသားစုဝင်များပင် တွေ့ခွင့်မရလိုက်ကြောင်း ဆို သည်။ ယင်းသို့ပြုလုပ်ခြင်းမှာ “လုံခြုံရေးကြောင့်ပဲ လို့ ထင်တယ်”ဟုလည်း သူက မှတ်ချက်ပြုသည်။

သံတွဲခရိုင်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း သံသယရှိသူများကို ယခုအချိန်တွင် ထောင်တွင်း၌သာ ယာယီထားပြီး လိုအပ်သော စုံစမ်းစစ်ဆေးမှုများလည်း ဆောင်ရွက်နေကြောင်း အတည်ပြုပြောကြားသည်။

Friday, July 19, 2013

သမီးရည်းစားချိန်းတွေ့ရာမှ အလိုမတူပြုကျင့်မှုဖြစ်ပွား

Friday, July 19, 2013

လားရှိုးမြို့အတွင်း ညဉ့်အချိန်မတော် သမီးရည်းစား ချိန်းတွေရာမှ အဓမ္မသားမယား အဖြစ်ပြုကျင့်ခံရပြီး အမှတ်(၁)ရဲစခန်းသို့ တိုင်တန်းအမှုဖွင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၁)၊ ပါရမီလမ်းသွယ်(၇)တွင် နေထိုင်သော အမျိုးသမီးငယ် တစ်ဦးသည်ရပ်ကွက်(၇)ကွက်သစ်နေ ယူစွပ်(ခ) မျိုးဝင်းခိုင်(၂၁)နှစ် ဆိုသူနှင့်သမီးရည်းစားဖြစ်ခဲ့ပြီး ဧပြီလ(၈) ရက်နေ့ ညဥ့် ၁၂နာ ရီခန့်တွင် ပန်းခြံအတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင် အနောက်ဖက် သစ်သားခုံပေါ်တွင်အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့သားမယားအဖြစ် ပြုကျင့်သည်ကို ချက်ချင်းမပြောခဲ့ဘဲနေခဲ့ရာ ကိုယ်ဝန်နှစ်လ ရှိလာသည့် အခါမှ သာ အလိုမတူဘဲ သားမယား ပြုကျင့်သော ရည်းစားဖြစ်သူ ယူစွပ်(ခ) မျိုးဝင်းနိုင်အား အရေးယူပေးပါရန် ဇူလိုင်လ (၇)ရက်နေ့တွင် လားရှိုးမြို့ အမှတ်(၁) ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း ယင်းရဲစခန်းမှ သိရသည်။

ယင်းအမှုကိစ္စနှင့်ပတ်သက်၍ အမှတ်(၁) ရဲစခန်းမှ (ပ) ၃၆၂/၁၃ ပြစ်မှုပုဒ်မ ၃၇၆ဖြင့် ယူစွပ်(ခ)မျိုးဝင်းနိုင်အားအမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။