Showing posts with label အထူးသတင်း. Show all posts
Showing posts with label အထူးသတင်း. Show all posts

Tuesday, October 28, 2014

အိန္ဒိယ၀န်ကြီးချုပ် မိုဒီ မြန်မာနှင့် သြစတြေးလျသို့ နိုဝင်ဘာတွင် လာမည်

နယူးဒေလီ−အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီ သည် မြန်မာနိုင်ငံနှင့် သြစတြေးလျနိုင်ငံ သို့ နိုဝင်ဘာ လအတွင်း လာရောက်ရန် စီစဉ် ထားပြီး ယင်းခရီးစဉ်မှာ ၎င်းဝန် ကြီးချုပ်ဖြစ် ပြီးနောက် ပိုင်း အရှည် ဆုံး နိုင်ငံခြားခရီးစဉ် တစ်ခုဖြစ် သည်။
နိုဝင်ဘာ ၁၁ မှ ၁၈ ရက်အ ထိ ကြာမြင့်ဖွယ်ရှိသော ၎င်း၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် ကျင်းပမည့် အရှေ့အာရှညီလာခံ ၌ မိုဒီသည် ဒေသတွင်း ဟန်ချက် ညီမှုကို ထိန်းသိမ်းရန်နှင့် တည်ငြိမ်အေးချမ်းမှု သေချာစေရေး ဒေသဆိုင်ရာနှင့် ကမ္ဘာ့ခေါင်း ဆောင်များနှင့်အတူ ဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။
 (၉) ကြိမ်မြောက် ကျင်းပ မည့် ယင်းအရှေ့အာရှညီလာခံ တွင် အရှေ့နှင့် အရှေ့တောင် အာရှရှိ ပင်လယ်ရေလမ်းကြောင်း ဆက်သွယ်ရေးနှင့် လွတ်လပ်စွာ ခရီးသွားလာနိုင်ရေးတို့ အပေါ် အလေးထား ဆွေးနွေးမည်ဖြစ် ကြောင်း အာဏာပိုင်သတင်းရင်း မြစ်များက ပြောသည်။
ယခုခရီးစဉ်မှာ မိုဒီဝန်ကြီး ချုပ်အဖြစ် အရှေ့တောင်အာရှသို့ ပထမဆုံး လာရောက်သည့် ခရီး စဉ်ဖြစ်ပေမည်။ မိုဒီသည် မြန်မာ နိုင်ငံ၏ ခေါင်းဆောင်များနှင့် နှစ် နိုင်ငံ ဆွေးနွေးမှုများအပြင် အိန္ဒိ ယ-အာဆီယံညီလာခံသို့ တက် ရောက်မည်ဖြစ်သည်။
အိန္ဒိယသည် မြန်မာနိုင်ငံအ တွက် အဓိကကျသော ဖွံ့ဖြိုးတိုး တက်ရေး လက်တွဲလုပ်ကိုင်ဖက် နိုင်ငံတစ်ခုဖြစ်သည်။ ပြီးခဲ့သည့် မေလအတွင်းက အရှေ့တောင် အာရှနိုင်ငံများနှင့် အိန္ဒိယနိုင်ငံ ကြား အပြန်အလှန်သွားလာမှုများ ရှိခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆ၀ါရက်ခ်ျသည် မြန်မာ၊ စင်ကာ ပူနှင့် ဗီယက်နမ်နိုင်ငံသို့ သွား ရောက်ခဲ့ပြီး အိန္ဒိယသမ္မတမှာ ဗီ ယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ သည်။ စင်ကာပူနိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများအိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။
ဗီယက်နမ်ဝန်ကြီးချုပ်လည်း လာမည့် သီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။
အရှေ့အာရှညီလာခံအပြင် အိန္ဒိယ-အာဆီယံညီလာခံ၌ မိုဒီ အနေဖြင့် နိုင်ငံခေါင်းဆောင်များ စွာကို တွေ့ခွင့်ရရှိမည်ဖြစ်သည်။
အရှေ့အာရှညီလာခံတွင် ပါဝင်သည့် နိုင်ငံများမှာ အမေရိ ကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစ တြေးလျ၊ နယူးဇီလန်နိုင်ငံတို့အ ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံး ပါဝင်သည်။

Tuesday, January 28, 2014

မောင်တောမှ ရိုဟင်ဂျာများအား သတ်ဖြတ်မှု စုံစမ်းစစ်ဆေးဖို့ မြန်မာ အစိုးရကို ကမ္ဘာဘဏ် ဥက္ကဋ္ဌ တောင်းဆို

 ဇန်နဝါရီ ၂၈၊ ၂၀၁၄ 

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌက မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်း ကျေးရွာက သတ်ဖြတ်ခံ ရတယ်ဆိုတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေး သင့်တယ်လို့ ပြောခဲ့ ပါတယ်။ ဒီလအတွင်းမှာပဲ ရခိုင်ပြည်နယ်၊ ဒုချီးရားတန်းကျေးရွာမှာ ရိုဟင်ဂျာမွတ်ဆလင် အနည်းဆုံး (၄၀) လောက် သတ်ဖြတ် ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အပေါ် မြန်မာအစိုးရ အနေနဲ့ စုံစမ်းစစ်ဆေးရေးလုပ်ဖို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim က တနင်္လာနေ့မှာ တောင်းဆိုပါတယ်။ "အကြမ်းဖက်မှုတွေကို ကျနော်တို့ လျစ်လျှူရှုထားမှာ မဟုတ်ပါဘူး၊ နောက် အစိုးရအနေနဲ့လည်း ဒီကိစ္စ စုံစမ်းစစ်ဆေးရေးအတွက် အတတ်နိုင်ဆုံး နည်းလမ်းပေါင်းစုံ အသုံးပြုဆောင်ရွက်ပြီး သင့်လျော်တဲ့နည်းလမ်းနဲ့ တုံ့ပြန်ဆောင်ရွက်လိမ့်မယ်လို့ ကျနော်တို့မျှော်လင့်တဲ့အကြောင်း" - ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim က ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။ ဒီလ အစောပိုင်းတုန်းကပဲ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာက ဒေသခံ ရိုဟင်ဂျာ မွတ်ဆလင်အနည်းဆုံး (၄၀) လောက် သတ်ဖြတ်ခံရတယ်ဆိုပြီး ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုခဲ့ကြတာပါ။ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကမ်ဟာ နေပြည်တော်မှာ ပြုလုပ်သွားတဲ့ ဒုတိယအကြိမ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ဖော်ရမ်မှာလည်း မိန့်ခွန်းပြောခဲ့ပြီး မနေ့က ညနေပိုင်းမှာတော့ နေပြည်တော် နိုင်ငံတကာ လေဆိပ်က တဆင့် မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။ မြန်မာပြည်ခရီးစဉ် အတွင်းမှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကမ်ဟာ သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း ၂၀၃၀ ခုနှစ်မှာ ပြည်သူအားလုံး လျှပ်စစ်မီးရရှိရေးနဲ့ အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးဆိုတဲ့ မြန်မာအစိုးရရဲ့ ရည်မှန်းချက်အတွက် ကမ္ဘာ့ဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာ သန်း (၂,၀၀၀) ပမာဏရှိတဲ့ နှစ်ရှည်ဖွံ့ဖြိုးရေး အစီအစဉ် ဆောင်ရွက်သွားမယ်လို့ နေပြည်တော်မှာ ပြုလုပ်သွား တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာဘဏ် ဥက္ကဋ္ဌ ပြောကြားခဲ့ကြောင်းကို ဗီအိုအေရဲ့ သတင်းမှာ ဖော်ပြထား ပါတယ်။ ဗီအိုအေ မြန်မာပိုင်းတွင်ဖော်ပြထားသည့် သတင်းမှ ကောက်နှုတ်ဖော်ပြပါသည်။ 

Tuesday, January 7, 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် ပါကစ္စတန်ကျောင်းသူ မာလာလာတို့ အိန္ဒိယနိုင်ငံ ကျောင်းသားညီလာခံတွင် မိန့်ခွန်းပြောကြားမည်

Tuesday, January 7, 2014

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသမီးများ ပညာသင်ကြားခွင့်ရရှိရေး လှုပ်ရှားသူ ပါကစ္စတန်ကျောင်းသူ မာလာလာတို့ အိန္ဒိယနိုင်ငံ Pune မြို့၌ ကျင်းပမည့် ကျောင်းသားညီလာခံ၌ ဇန်န၀ါရီ ၁၀ ရက်တွင် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း India Today သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မာလာလာတို့သည် အိန္ဒိယနိုင်ငံ Maharashtra Institute of Technology က ကြီးမှူး၍ သုံးရက်ကြာ ကျင်းပမည့် အိန္ဒိယကျောင်းသားများ ညီလာခံဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

အိန္ဒိယ ကျောင်းသားညီလာခံ ကျင်းပရေး တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် "မာလာလာ နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ အိန္ဒိယအမျိုးသားညီလာခံ မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်" ဟု ပြောကြား သည်။

တာလီဘန်တို့အား တော်လှန်အာခံခဲ့သူ မာလာလာသည် အမျိုးသမီးများ ပညာသင်ကြားရေး၊ လူငယ်များအကြား နိုင်ငံရေးအရေးပါမှု အစရှိသည်တို့နှင့် ပတ်သက်၍ သူမ၏အမြင်များကို မျှဝေပြောကြားမည် ဖြစ်သည်ဟု သိရသည်။

အသက် ၁၆ နှစ်အရွယ် မာလာလာသည် အမျိုးသမီးများ ပညာသင်ကြားခွင့် ရရှိရေးနှင့် ပတ်သက်၍ လှုံ့ဆော်ခဲ့သူဖြစ်ပြီး ၎င်းအား ၂၀၁၂ ခုနှစ်တွင် တာလီဘန် အကြမ်းဖက်သမားများက ကျောင်းကားပေါ်၌ ပစ်ခတ်လုပ်ကြံခဲ့သည်။ ပစ်ခတ်လုပ်ကြံမှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိ ခဲ့သော်လည်း မာလာလာသည် တစ်ကမ္ဘာလုံး၏ လေးစားမှုနှင့် နာမည်ကြီးလာခဲ့သည်။

အိန္ဒိယကျောင်းသား ညီလာခံသည် နိုင်ငံရေးကဏ္ဍသို့ စွန့်စားဝင်ရောက်လိုသည့် ကျောင်းသားများအတွက် အခြေခံ အဆောက်အအုံဖြစ်ပြီး ယခုလို ကမ္ဘာ့နာမည်ကြီး ပုံရိပ်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မာလာလာတို့အား ဖိတ်ခေါ်ခဲ့ခြင်းမှာ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တွင် လူငယ်များကို အကူအညီပေးရန်နှင့် လမ်းညွှန်ပြသပေးရန် ဖြစ်သည်ဟု သိရသည်။

Thursday, December 19, 2013

အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပထမဆုံးအကြိမ် ခန့်အပ်

အိန္ဒိယ သမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်ခင်စိုးကို ပထမဆုံးသော အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် ပူးတွဲ ခန့်အပ်လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာ ၏ နိုင်ငံရေးရာဌာနမှ အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
“အီရန်မှာက မြန်မာသံရုံးတော့ မရှိသေးဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနှင့် အီရန် နှစ်နိုင်ငံအကြား နိုင်ငံရေးဆိုင်ရာ ဆက်ဆံမှုများ ခိုင်မာလာရေးနှင့် ရခိုင်ပြည်နယ် ကဲ့သို့သော ပဋိပက္ခများတွင် သံရုံးမှတစ်ဆင့် အကူအညီ ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံ သံရုံးကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်နိုင်ရန်ကိုလည်း မြန်မာအစိုးရနှင့် ဆွေးနွေး ထားကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး Mr. Ali Akbar Salehi က ပြောကြားထားသည်။

နျူးကလီးယား ထုတ်လုပ်ရန် ယူရေနီယမ် သန့်စင်မှုများ လုပ်ဆောင်နေသည်ဟု စွပ်စွဲခံထားရသော အီရန်နိုင်ငံကို အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများက ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားသော်လည်း အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံတွင် သမ္မတရိုဟာနီ တက်လာ ပြီး နောက်ပိုင်း အရေးယူ ပိတ်ဆို့မှုများ ဖြေလျှော့ပေးရန် အမေရိကန် အစိုးရနှင့် အီးယူ အဖွဲ့ဝင်များက ပြန်လည် သုံးသပ်နေသည်။

မြန်မာတပ်မတော်သားများ စိတ်ထားပြောင်းရန် ဗြိတိန် သင်တန်းပေးမည်

Thursday, December 19, 2013

မြန်မာ့တပ်မတော်မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူများကို ဗြိတိန်တပ်မတော်မှ သင်တန်းပေးရန်ရှိပြီး တိုက်နည်း ခိုက်နည်းကို သင်ကြားပေးမည်မဟုတ်ဘဲ ထိုသူတို့၏ စိတ်နေစိတ်ထား ပြောင်းလဲရေးအတွက် ဦးတည် သင်ကြားပေးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အန်ဒရူးပက်ထရစ်က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ တပ်မတော်သားတွေကို သင်တန်းပေးတယ်ဆိုတာ ဘယ်လိုတိုက်ရမယ်၊ ခိုက်ရ မယ်ဆိုတာမျိုး သင်ပေးတာမဟုတ်ပါဘူး။ စာသင်ခန်းထဲမှာလိုမျိုး သူတို့နဲ့ဆွေးနွေးပြီး သူတို့တွေရဲ့စိတ် နေစိတ်ထား ပြောင်းပေးဖို့ပဲ ရည်ရွယ်တာပါ”ဟု ဗြိတိန်သံအမတ်က ပြောသည်။

ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မတော်သားများကို ဇန်န၀ါရီလ ၇ မှ စတင်ကာ ၁၀ ရက်ကြာ သင်တန်းပို့ချမှုကို နေပြည်တော်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန် ဗြိတိန်နိုင်ငံသို့ ဇူလိုင်လအတွင်း သွားရောက်စဉ်ကလည်း မြန်မာ့တပ်တော်မှ အရာရှိ ၃၀ ကို ဗြိတိန်နိုင်ငံသို့ ခေါ်ယူလေ့ကျင့်ရန် ကမ်းလှမ်းခဲ့သည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်သ် ၏ဗြိတိန်ပါလီမံသို့တင်ပြသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဗြိတိန်ကကမ်းလှမ်းထားသည့် အဆို ပါသင်တန်းသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ စီမံခန့်ခွဲမှုအတတ်ပညာနှင့်၊ အုပ်ချုပ်ရေးနှင့်သက် ဆိုင်သည့် သင်တန်းများဖြစ်သည်။

ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆာဒေးဗစ်ရစ်ချက် ၂၀၁၃ ခုနှစ်၊ ဇွန်လအတွင်း မြန်မာ ပြည် လာရောက်ခဲ့စဉ်က မြန်မာအစိုးရနှင့် စစ်တပ်ခေါင်းဆောင်များက ဗြိတိန်နိုင်ငံမှ လုံခြုံရေး ပြုပြင် ပြောင်းလဲမှုနှင့်ဆိုင်သောလုပ်ငန်းများ၊ ရဲဝန်ထမ်းများအတွက် သင်တန်းပေးရန်ကို စိတ်အားထက်သန် စွာ လက်ခံကြသည်ဟု ဗြိတိန်အခြေစိုက် Financial Times သတင်းစာကို ပြောကြားခဲ့သည်။

ဗြိတိန်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့တပ်မတော်မှ မျိုးဆက်သစ်များသည် ကူညီအားပေးမှုနှင့်ထောက် ပံ့ပေးမှုတို့နှင့် ထိုက်တန်သည်ဟုလည်း ဆိုခဲ့သည်။

အနောက်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့ စစ်ရေးပူးပေါင်းလုပ်ဆောင်မှုများအတွက် အမေရိကန်ကွန်ဂရက် က ဒီဇင်ဘာလ ပထမပတ်အတွင်း ကန့်ကွက်ခဲ့ပြီး မြန်မာအစိုးရသည် မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ရေး ဆက်ဆံမှုများရှိခြင်း၊ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုမရှိခြင်းတို့အပေါ် ထောက်ပြပြောဆိုခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကလည်းဖြစ်သူ ဦးတင် ဦးကလည်း အနောက်နိုင်ငံများမှ စစ်ရေးထောက်ပံ့မှုများအစား လူသားချင်းစာနာထောက်ထားသည့် အ ကူအညီများကိုသာ ပေးသင့်သည်ဟု မဇ္ဈိမနှင့် တွေ့ဆုံမေးမြန်းမှု တစ်ခုတွင် ပြောဆိုထားသည်။

Wednesday, December 11, 2013

ALP အကြမ်းဖက် သမား တစ်ဦးကို မောင်တောတွင် လက်နက် များဖြင့် ဖမ်းဆီးရမိ

မောင်အာသာ
RB News
9.12.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း လက်ဘောဇ ကျေးရွာ (အာရိုစ်ရှာ ဖာရာ) တွင် ဒီဇင်ဘာလ (၈) ရက်နေ့က ရခိုင်ပြည် လွတ်မြောက်ရေး အဖွဲ့ (ALP) မှ အကြမ်းဖက် သမား တစ်ဦးကို လက်နက် များဖြင့် လုံထိန်းနှင့် ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီး ရမိ ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
“ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းမှာ မောင်တော ရဲစခန်းက နယ်ထိန်းနဲ့ အရင် နစက နယ်မြေ ၆ မှာ ရှိတဲ့ လုံထိန်းတွေက မောင်တော မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အုပ်စု၊ လက်ဘောဇ ကျေးရွာ (အာရိုရှာ ဖာ ရာ) မှာ ရခိုင် အကြမ်းဖက် သမား တစ်ယောက်ကို ဖမ်းဆီး ရမိ ခဲ့တယ်။ အကြမ်းဖက် သမား ဆီက နောက် ဆုံးပေါ် ပစ္စတို တစ်လက်၊ ကျည်ဆံတွေနဲ့ လက်ပစ်ဗုံး တစ်ချို့ သိမ်းဆည်း ရတယ်လို့ သိရ တယ်။ အဲဒီ အ ကြမ်းဖက် သမားကို စစ်ဆေးတော့ ကျောက်ဖြူ မြို့က ဒေသခံ တစ်ဦး ဖြစ်ပြီး ရခိုင်ပြည် လွတ်မြောက်ရေး အဖွဲ့ (ALP) ကလို့ ထွက်ဆိုတယ်။ သူ့ရဲ့ နာမည်ကတော့ ထွန်းအောင်ဇံ (ဘ) အောင်ထွန်းကျော် ဖြစ် ပါ တယ်။ နိုင်ငံသား စီစစ်ရေး ကဒ်ပြား နံပါတ်က ၁၁/ ကဖန (နိုင်) ၀၀၄၅၃၈ ဖြစ်ပါတယ်” ဟု ဒေသခံ တစ်ဦး က RB News သို့ ပြောပါသည်။
“ALP ကတော့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ တွေကို အကြမ်း ဖက်တဲ့ အခန်း ကဏ္ဍမှာ အဓိက ပါဝင် နေ တာပါ။ မောင်တော မြောက်ပိုင်းမှာ အိမ်တွေကို မကြာခဏ ဓါးပြ ၀င်တိုက် လေ့ရှိတယ်။ အခု ဖမ်းခံရတဲ့ အကြမ်းဖက်သမား ကတော့ ဖမ်းခံ ထားရတဲ့ ALP အဖွဲ့ဝင် အချို့ထဲကတစ်ဦးဘဲ ဖြစ်ပါတယ်။ အ ခြားသော ALP အဖွဲ့ဝင် တွေက မောင်တော မြောက်ပိုင်းမှာ တည်ငြိမ် အေးချမ်းမှု တွေပျက်ပြား အောင် အ မြဲ ကြိုးစား နေကြတယ်။ သူတို့က မြန်မာ အစိုးရကို တပြိုင်တည်း လုပ်ကြံ နေကြတာ ဖြစ်ပါတယ်။” ဟု အဆို ပါ ဒေသခံမှ ဆက်လက် ပြောပါသည်။
- See more at: http://burmese.rohingyablogger.com/2013/12/alp.html#sthash.UMF4qEMt.dpuf

Friday, November 15, 2013

မြန်မာနိုင်ငံမှာ ရုံးဖွင့်လှစ်လိုကြောင်း အိုအိုင်စီကိုယ်စားလှယ်အဖွဲ့ ပြောကြား

မြန်မာနိုင်ငံကို လေ့လာရေးခရီးရောက်ရှိနေတဲ့ အိုအိုင်စီခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင် ရွက်ရေး အဖွဲ့ရဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံမှာ အိုအိုင်စီ ရုံးဖွင့်ပြီး အစိုးရနဲ့ပူးပေါင်းကာ အကူအညီပေး ချင်ကြောင်း ဒီကနေ့ နေပြည်တော်မှာ လွှတ်တော်ကိုယ်စား လှယ်တွေ နဲ့ တွေ့ ဆုံပြောကြားခဲ့တယ်လို့ သိရပါတယ်။

အိုအိုင်စီကိုယ်စားလှယ်အဖွဲ့ဟာ လွှတ်တော်ဝင်းအတွင်းက I ဆောင်မှာ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ အပါအ၀င် ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အခုလိုပြောပါတယ်။

“အိုအိုင်စီ ဒီမှာ လာဖွင့်ချင်တဲ့ဆန္ဒရှိတယ်၊ ဖွင့်ချင်တဲ့ရည်ရွယ်ချက်က ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စတွေ၊ ဆုံးရှူံးနေတဲ့ အဆောက်အအုံတွေ၊ လိုအပ်တဲ့ဟာတွေကို သူတို့က ငွေအင်အားနဲ့ ဖြည့်ပေးမယ် ဆိုတဲ့သဘော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုလားပါတယ်၊ ဒါပေမဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုလည်း သိရှိဖို့လိုပါတယ်၊ အဲဒါကြောင့် ဒီအဆုံးအဖြတ်ကိုတော့ အစိုးရဘက်ကရော ပြည်သူတွေကရော ဆုံးဖြတ်ကြပါလိမ့်မယ်”

အိုအိုင်စီအဖွဲ့ မြန်မာနိုင်ငံ မရောက်လာခင်ကတည်းက ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။ အိုအိုင်စီအဖွဲ့ဟာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ စစ်တွေနဲ့ မိတ္ထီလာမြို့က ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

Tuesday, October 29, 2013

အပြစ်ရှိသူတွေကို အရေးယူဖို့ မြန်မာကို ကုလတိုက်တွန်း

VOA News --29.10.2013

မြန်မာနိုင်ငံတွင်း ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက် မှုတွေဖြစ်အောင် အမုန်း တရားတွေ ရေးသားဖြန့်ချိသူတွေ လှုံ့ဆော်သူတွေ ကို ထိထိရောက်ရောက် အရေးယူသွားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာ အစိုးရကို တိုက်တွန်းနေပါတယ်။ မနေ့တုန်းက အတွင်းရေးမှူးချုပ်နဲ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့တို့ တွေ့ဆုံစဉ်မှာ ပြောဆိုသွားတာပါ။ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မနေ့ တနင်္လာနေ့တုန်းက ကုလသမဂ္ဂနဲ့ OIC ပူးပေါင်းဆောင်ရွက်ရေး လုံခြုံရေး ကောင်စီ အဆင့်မြင့် အစည်းအဝေးအတွင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုင်ငံတကာ ငြိမ်းချမ်းရေး လုံခြုံရေးကိစ္စရပ်တွေနဲ့ မွတ်ဆလင်ကမ္ဘာရဲ့ အခြေအနေ စိုးရိမ်ချက်တွေကို ပြောဆိုသွားရာမှာ မြန်မာပြည်အကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာချိန်မှာပဲ ဘာသာရေး၊ လူမျိုးရေး တင်းမာမှုတွေအပေါ် ကိုင်တွယ်ဖြေရှင်း ဖို့ စိန်ခေါ်ချက်ကိုလည်း ရင်ဆိုင်လာရတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ် ဆက်သွားနေချိန်မှာပဲ၊ ဖြစ်လာတဲ့ ဘာသာရေး လူမျိုးရေး တင်းမာမှုတွေနဲ့ပတ်သက်လို့ အကြောင်းအချက်အလက်တွေကို ဖြေရှင်းဖို့ဟာ အဓိက စိန်ခေါ်ချက် တရပ်ဖြစ်လာပါတယ်။ ဒီအထဲ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးမှု မပေးမှုဆိုတာလည်း ပါဝင်ပါတယ်။”

မြန်မာနိုင်ငံဟာဆိုရင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေချိန်မှာ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ရခိုင်ပြည်နယ် အခြေအနေကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာဝင်တွေနဲ့ လူနည်းစုမွတ်ဆလင်တွေအကြား တင်းမာမှုတွေ ကြီးမားလာခဲ့ရာက အကြမ်းဖက်မှုတွေအထိပါဖြစ်ပြီး အခြေအနေတွေ ဆိုးခဲ့တာပါ။ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာအစိုးရအနေနဲ့ အကြမ်းဖက်သူတွေနဲ့ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်မှုမရှိဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာအစိုးရအနေနဲ့ အမုန်းတရားတွေ ဖြစ်အောင် လှုံ့ဆော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားရမယ်လို့ အဲဒီ အစည်းအဝေးအတွင်း တိုက်တွန်းပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ အမုန်းတရားတွေ ရေးသားဖြန့်ချီနေကြသူတွေကို ခိုင်ခိုင် မာမာ အရေးယူသွား ရမှာ ဖြစ်ပါတယ်။ လှုံ့ဆော်သူတွေကို အပြစ်ပေး သွားရပါမယ်။ အခြေခံကျတဲ့ အကြောင်းရပ်တွေကို ကိုင်တွယ် ဖြေရှင်းကြဖို့ မြန်မာအစိုးရကိုရော အဓိကကျတဲ့ခေါင်းဆောင်ပိုင်းတွေကိုပါ ကျနော် တိုက်တွန်းပါတယ်။”

အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စားလှယ်အဖွဲ့အနေနဲ့ မကြာခင် မြန်မာနိုင်ငံကို သွားရောက်မယ်ဆိုတဲ့အပေါ်မှာ သူ့အနေနဲ့ ကျေနပ်အားရမိပြီး တင်းမာမှုတွေ လျှော့ကျသွားစေဖို့ အပြုသဘောဆောင် ကိုင်တွယ်ဖြေရှင်းကြဖို့လည်း မစ္စတာဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။

Wednesday, October 23, 2013

မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာ ကုလထုတ်ပြန်

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေက လူ့အခွင့်အရေး အခြေအနေတွေ သိသိသာသာ တိုးတက်မယ့် အလားအလာကို ဖန်တီးပေးခဲ့တယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကို ပြန်လွှတ်ပေးခဲ့တာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် ပိုပြီးလေးစားမှု ရှိလာတာ၊ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲမှု ရရှိအောင် လုပ်နေတဲ့အပိုင်းမှာ တိုးတက်မှုတွေ ရှိနေတာတွေကို အစီရင်ခံစာထဲမှာ ထည့်သွင်းထားပါတယ်။

တချိန်တည်းမှာပဲ လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေကို ထိခိုက်စေမဲ့ ပြဿနာတွေကိုလည်း မဖြစ်မနေ ဖြေရှင်းဖို့ လိုတယ်ဆိုတာကို Mr. Quintana က အစီရင်ခံစာမှာ မီးမောင်းထိုးပြထားပါတယ်။

ဒီချို့ယွင်းအားနည်းချက်တွေကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံနှုန်းတွေနဲ့အညီ အခုအချိန်မှာ မကိုင်တွယ် မဖြေရှင်းဘူးဆိုရင် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပိုင်းကို ထိခိုက်စေနိုင်တဲ့ အပြင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကိုပါ တဖြည်းဖြည်း အနှောင့်အယှက် ဖြစ်စေလိမ့်မယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြတဲ့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

မြန်မာအစိုးရထဲမှာ လွှမ်းမိုးနေတဲ့ စစ်အတွေး၊ စစ်အမြင်ကနေ လူ့အခွင့်အရေးကို လေးစားတဲ့ ဒီမိုကရေစီ အတွေးအခေါ်အဖြစ်  ပြောင်းလဲနိုင်ဖို့ဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ကတည်းက ရှိနေတဲ့ စိန်ခေါ်မှု ဖြစ်တယ်လို့ Mr. Quintana အထွေထွေညီလာခံကို တင်သွင်းတဲ့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာအပေါ်မှာ အခြေခံပြီး အောက်တိုဘာ ၂၄ ရက်နေ့ ကြာသပတေးနေ့ကျရင် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား လေကြောင်းခရီးဖြင့် အပြန်အလှန် သွားရောက်မှုများအတွက် ဗီဇာ ကင်းလွတ်ခွင့်ပြုရန် ထိုင်းအစိုးရအဖွဲ့ သဘောတူ

လေကြောင်းမှ တစ်ဆင့် အချိန်တို အလည်အပတ် သွားရောက်သည့် မြန်မာနှင့် ထိုင်းနိုင်ငံသားများအား ဗီဇာ ကင်းလွတ်ခွင့် ပေးရန်အတွက် နှစ်နိုင်ငံ သဘောတူညီချက်ကို ထိုင်းအစိုးရအဖွဲ့က ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြခဲ့သည်။

အောက်တိုဘာ ၂၂ ရက်တွင် ပြုလုပ်သော အစိုးရ အဖွဲ့အစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ၏ လေကြောင်းမှတစ်ဆင့် လာရောက်သော ခရီးသည်များကို ၁၄ ရက်ကြာ နေထိုင်ခွင့် ဗီဇာကင်းလွတ်ခွင့်ပေးရန် တင်ပြချက်ကို အစိုးရအဖွဲ့က သဘောတူပေးလိုက်ခြင်းဖြစ်သည်။

သဘောတူညီချက်သည် နှစ်နိုင်ငံလုံးက လက်မှတ်ရေးထိုးပြီးမှသာ သက်ရောက်မည် ဖြစ်ကြောင်းကို အစိုးရ အဖွဲ့အစည်းအဝေးတွင် အစိုးရရုံးမှ ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ ထိုင်းအစိုးရအဖွဲ့က ယခုလို သဘောတူညီ လိုက်သည်ဆိုသော်လည်း နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးမည့်နေ့ကိုမူ သတ်မှတ်ထားခြင်း မရှိသေးပေ။

ယခု ဗီဇာကင်းလွတ်ခွင့် ပေးမည့်အစီအစဉ်သည် သတ်မှတ်ထားသော ထိုင်းလေဆိပ် ၂၃ ခုမှ တစ်ဆင့် ၀င်ထွက်သွားလာသော ခရီးသွားများအတွက်သာ သက်ရောက်မည်ဖြစ်ပြီး နယ်စပ် ဂိတ်များမှ တဆင့် ဖြတ်ကျော်သွားရောက်သော ခရီးသွားများအတွက်မူ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်အကြုံးဝင်မည် မဟုတ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Teerat Ratanasevi က ပြောကြားခဲ့သည်။

ယခု ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို မြန်မာဘက်က သော်လည်းကောင်း၊ ထိုင်းဘက် က သော်လည်းကောင်း ဖျက်သိမ်းနိုင်ခွင့် ရှိသော်လည်း ဖျက်သိမ်းခြင်း မပြုမီ နိုင်ငံခြားရေး ၀န်ကြီးများမှတစ်ဆင့် ရက်ပေါင်း ၆၀ ကြိုတင် သတိပေးရမည်ဖြစ်သည်။ ကျန်းမာရေး သို့မဟုတ် လုံခြုံရေး အခြေအနေများအရ ဗီဇာကင်းလွတ်ခွင့် ၁၅ ရက် ကြိုတင်သတိပေးပြီး ပိတ်ပင်နိုင်သည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ထိုင်းနိုင်ငံသား အများအပြား မှာ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် စိတ်ဝင်စားမှု များပြားလျှက်ရှိနေပြီး လက်ရှိ ဗီဇာသက်တမ်းမှာ ၂၈ ရက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာနှင့် ထိုင်းနိုင်ငံအကြား ဗီဇာကင်းလွတ်မှု သဘောတူညီချက်အရ အကျိုးအမြတ် ရရှိနိုင်မည့်သူများမှာ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များသာ ဖြစ်ဖွယ်ရှိပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ စီးပွားရေး လုပ်ငန်းများအား လာရောက် လေ့လာရာတွင် ဗီဇာကင်းလွတ်ခွင့်ကြောင့် ယခင်ထက် ပိုမိုလွတ်လပ်စွာ လာရောက်နိုင်မည်ဖြစ်သည်။ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များသည် တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားနေကြပြီး မကြာသေးခင် အချိန်ကလည်း စရိတ်နည်းလေကြောင်းလိုင်းဖြစ်သော Nok Air လေကြောင်းလိုင်း၏ ခရီးစဉ်အဖြစ် မဲဆောက်မှ မော်လမြိုင်သို့ စတင်ပြေးဆွဲနေပြီး ထိုင်း စီးပွားရေး လုပ်ငန်းရှင် အများစု လိုက်ပါစီးနင်းလျှက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံသား အများစု လိုက်ပါလာသည့် Nok Air လေကြောင်းလိုင်း မော်လမြိုင်လေဆိပ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည်ကို တွေ့ရစဉ်

Saturday, September 21, 2013

စာနာမှုနဲ့ ကူညီဖို့ နိုင်ငံတကာကို ဒေါ်အောင်ဆန်းစုကြည် ပန်ကြား

မြန်မာ့လူ့အဖွဲ့အစည်းမှာ ပဋိပက္ခတွေဖြစ်တာကို မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတာ လို့မကြည့်ပဲ၊ အကြောက်တရား လွှမ်းမိုးခံခဲ့ ရတာတွေကြောင့် ဖြစ်ရတာလို့ရှုမြင်ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းက စာနာနားလည်မှုနဲ့ကူညီ ဖို့ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ ပြောလိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ဒီနေ့ကျင်းပတဲ့ စီးပွားရေးညီလာခံ မှာ ပြောလိုက်တာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ဆိုရင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြည်ပလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ နိုင်ငံရေးတည်ငြိမ်တဲ့အထိ စောင့်သင့်ပါသလား လို့ မေးမြန်းတဲ့အခါမှာ စီးပွါးရေးကောင်းအောင်လုပ်ဖို့ဆိုရင် အရင်းအနှီးလိုတာပဲလို့ ဒေါ်အောင်ဆန်း စုကြည် ကဆိုပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံထားပြီးသားသူတွေ ပြန်ထွက်သွားဖို့ သူ့အနေနဲ့ အကြံပေးမှာ မဟုတ်ပဲ လုပ်လက်စအတိုင်းဆက်လုပ်ကြဖို့ကိုပဲ ဆန္ဒရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေအနေနဲ့ တာဝန်ယူနိုင်သမျှယူဖို့တော့ လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွါးရေး ပြုပြင်ပြောင်းလဲမှုအရှိန် ရှိနေတယ်ဆိုပေမယ့် လူ့အဖွဲ့အစည်း အတွင်းဖြစ်နေတဲ့ အကြမ်းဖက်ပဋိပက္ခတွေရယ်၊ တရားဥပဒေစိုးမိုးမှု အားနည်းနေတာတွေရယ်ဟာ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေ နောက်တွန့်သွားနိုင်တယ်လို့  သတိပေးပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့  အပစ်အခတ်ရပ်နိုင်နေပြီဆိုပေမယ့်၊ တကယ့်ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်တဲ့အခြေအနေ မရောက်သေးဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

(၂၀၁၃)ခုနှစ် အီဒုလ်အဒ်ွဟာ(ကုရ်ဘာနီ)အီးဒ်ပွဲတော် အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

သတင်း - နိုင်ဦး (M M M)
(၂၁-၉-၂၀၁၃)ရက် (စနေ)နေ့ နံနက်(၉း၃၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌(၂၀၁၃)ခုနှစ် အီဒုလ်အဒ်ွဟာ (ကုရ်ဘာနီ ) အီးဒ်ပွဲတော် အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲမှူးကြီး၊ရန်ကုန်တိုင်းဒေသကြီးသာသနာရေးမှူး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများ၊ ရန်ကုန် အရှေ့ပိုင်း/အနောက်ပိုင်း/တောင်ပိုင်း/မြောက်ပိုင်းခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ (ကုရ်ဘာနီ)ပြုလုပ်ရာ မြို့နယ်များမှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာ နအုပ်ချုပ်ရေးမှူးများနှင့် မြန်မာနိုင်လုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများ တို့သည် ရန်ကုန် တိုင်းဒေသကြီး အတွင်း ယခင်ပြုလုပ်နေကျမြို့နယ်များအားလုံးတွင် ယခု(၂၀၁၃)ခုနှစ် တွင်လည်း ကုရ်ဘာနီ အလှူဒါနပြုသူများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း အစီအမံ များ ညှိနှိုင်းဆွေးနွေးကြပြီး အစည်းအဝေးကို နံနက်(၁၁း၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Monday, September 16, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ 1st Thailand -Myanmar High Level Committee Meeting တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် 1st Thailand -Myanmar High Level Committee Meeting တက်ရောက် ရန်အတွက် ယနေ့ မွန်း တည့် ၁၂ နာရီ တွင် နေပြည်တော် လေဆိပ်မှ မြန်မာ့တပ်မတော် အထူးလေယာဉ် ဖြင့် ထွက်ခွာသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စား လှယ် အဖွဲ့အား ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က နေပြည် တော် လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စား လှယ် အဖွဲ့တွင် အဖွဲ့ဝင်များ အဖြစ် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ လိုက်ပါ သွားကြကြောင်း သတင်း ရရှိသည်။

Sunday, September 15, 2013

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းထားသည့် အမေရိကန်၊ အီးယူ အစရှိသော နိုင်ငံများအနေဖြင့် အကောင်းမြင်မှု မလွန်ကဲစေရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး

Sep . 15. 2013

ဥရောပ သုံးနိုင်ငံ၏ ဒုတိယနိုင်ငံ ခရီးစဉ်ဖြစ်သော ဟန်ဂေရီနိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်း စုကြည်က အမေရိကန်နှင့် အီးယူ(ဥရောပသမဂ္ဂ) နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ အပေါ်တွင် အကောင်းမြင်မှု မလွန်ကဲစေရန် သတိပေး ပြောကြားခဲ့ကြောင်း Vatican Radio ၀က်ဘ်ဆိုက်တွင် စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက သတင်းဖော်ပြခဲ့ပါသည်။

မြန်မာနိုင်ငံသည် စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သော်လည်း ဒီမိုကရေစီနိုင်ငံ မဖြစ်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည် ဟု Vatican Radio သတင်းတွင် ဆိုသည်။

အမေရိကန်၊ အီးယူ အစရှိသော နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများကို ဖယ်ရှားခဲ့သည့် နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းချက်သည် အဆုံးသတ်ရန် ကာလရှည်ကြာစွာ ကျန်ရှိနေသေးသည်ကို သတိထားမိရန် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

"ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးတာ မှန်ကန်တဲ့ လုပ်ဆောင်ချက်ပါ။ ဒါပေမဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ အပါအ၀င် ပိတ်ဆို့မှုတွေ ကို ဖြေလျှော့ပေးခဲ့တဲ့ နိုင်ငံတွေအနေနဲ့ အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေကို ဓမ္မဓိဋ္ဌာန်ကျကျ မြင်တတ်ဖို့နဲ့ အကောင်းမြင်မှု မလွန်ကဲဖို့ဟာ အရင်ကထက် ပိုပြီးအရေးကြီးလာတယ်။ မြန်မာနိုင်ငံဟာ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်သေးသရွေ့ ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်သေးပါဘူး" ဟု ၎င်းကပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၁ ရက်က ပိုလန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၁၃ ရက်တွင် ဟန်ဂေရီနိုင်ငံသို့ ရောက်ရှိခဲ့ကာ ဟန်ဂေရီသမ္မတ Janos Ader နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံခဲ့ပြီးနောက် လာမည့်လ အနည်းငယ် သည် မြန်မာနိုင်ငံအတွက် အလွန်အရေးပါသော ကာလ ဖြစ်လာ လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက် များကို ပြောကြားခဲ့သည်။

ယင်းပြောကြားချက်သည် ယခုနှစ်မကုန်မီ အစီရင်ခံစာ တင်သွင်းရန် ပြင်ဆင်နေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၂ ရက်က ပိုလန်နိုင်ငံ ၀ါဆောတက္ကသိုလ်၌ ပို့ချချက်တစ်ရပ် ပြုလုပ်ခဲ့ပြီး အဆိုပါ ပို့ချချက်တွင် ဒီမိုကရေစီ စံနှုန်းအားလုံးနှင့် ဆန့်ကျင်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား မလွဲမသွေပြင်ဆင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၅ ရက် (ယနေ့) တွင် ချက်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောက်ရှိမည် ဖြစ်သည်။ ၎င်းသည် ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော Forum 2000 ကို တက်ရောက်မည်ဖြစ်သည်။ အဆိုပါဖိုရမ် သို့ ဒေါ်အောင်ဆန်းစုကြည်အား တက်ရောက်ရန် နှစ်စဉ်ဖိတ်ကြား ခဲ့သော်လည်း နေအိမ်အကျယ်ချုပ် ချထားခြင်းခံရစဉ်က တက်ရောက်နိုင်ခြင်း မရှိပေ။

အဆိုပါ ဖိုရမ်သို့ ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

Friday, September 13, 2013

ဒီမိုကရေစီ စံနှုန်းအားလုံးနှင့် ဆန့်ကျင်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား မလွဲမသွေ ပြင်ဆင်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ စံနှုန်းအားလုံးနှင့် ဆန့်ကျင်နေသည့် အတွက် မလွဲမသွေ ပြင်ဆင်ရန် လိုအပ်ကြောင်း ပိုလန်နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်း စုကြည်က စက်တင်ဘာ ၁၂ ရက် ည ၈ နာရီ ၃၀ မိနစ် (ဒေသစံတော်ချိန် ညနေ ၄ နာရီ) ၀ါဆောတက္ကသိုလ်၌ ပြုလုပ်ခဲ့သော Politics and Education (နိုင်ငံရေးနှင့်ပညာရေး) ခေါင်းစဉ်ဖြင့် ပို့ချချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ရွေးချယ်စရာ အခွင့်အလမ်း မရှိပါက ဒီမိုကရေစီ၏ အနှစ်သာရများလည်း ပျောက်ဆုံးမည် ဖြစ်ကြောင်း၊ လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေသည် အဆိုပါ ရွေးချယ်ခွင့်များအား ကန့်သတ်ထားသဖြင့် ပိုမိုကျယ်ပြန့်သည့် ရွေးချယ်ခွင့်များ ဖော်ဆောင်ရန် လိုအပ်ကြောင်း၊ ထို့အပြင် တိုင်းရင်းသားဒေသများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် နိုင်ငံခေါင်းဆောင် တင်မြှောက်ရာတွင် ရွေးချယ်စရာ နည်းပါးနေခြင်းက ဒီမိုကရေစီ၏ အနှစ်သာရကို ထိခိုက်စေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဆက်လက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံရေး၌ တပ်မတော်က ပါဝင်ချုပ်ကိုင်မှု များ ပြုလုပ်နိုင်ရန် ခွင့်ပြုထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် အရပ်သား အစိုးရ တက်လာခဲ့သော်လည်း ယခင်တပ်မတော် အစိုးရအဖွဲ့ ပါဝင်ခဲ့သူများဖြင့် လက်ရှိအစိုးရကို ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

''ဒီမိုကရေစီဆိုတာ လွတ်လပ်တဲ့ ရွေးချယ်မှုမရှိရင် အဓိပ္ပာယ်မရှိပါဘူး။ ဒါပေမဲ့ အသိပညာ မကြွယ်ဝတဲ့သူ တစ်ဦးရဲ့ ရွေးချယ်မှုဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍကို အဆင့်မြှင့်တင်ဖို့ လိုပါတယ်။ တစ်ချိန်က ရန်ကုန်တက္ကသိုလ်ဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံး တက္ကသိုလ်တစ်ခုပါ။ အခုချိန်မှာတော့ အညံ့ဆုံး ဖြစ်နေပါပြီ။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ တက္ကသိုလ် အများစုဟာလည်း ဘွဲ့လွန်အဆင့် မရှိကြပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတော့ တပ်မတော် အစိုးရလက်ထက်မှာ ပြည်သူတွေကို အသိပညာ ဖွံ့ဖြိုးစေမယ့်အစား ထိန်းချုပ်မှုတွေ လုပ်ခဲ့လို့ပါပဲ'' ဟု ၀ါဆောတက္ကသိုလ်တွင် လာရောက်နားထောင်သော ကျောင်းသားများအား ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ထိန်းချုပ်ရခြင်းသည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနှင့် တိုက်ရိုက်သက်ဆိုင်ကြောင်း၊ ရှစ်လေးလုံး လူထုအုံကြွမှုသည် တက္ကသိုလ် ကျောင်းသားများထံမှပင် စတင်ခဲ့ကြောင်း၊ ထို့အတွက်ကြောင့် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာမည်ကို တပ်မတော်အစိုးရက စိုးရိမ်ခဲ့ကြောင်း ၎င်းက ပြောသည်။

''ကျောင်းသားတွေ အထူးသဖြင့် တက္ကသိုလ် ကျောင်းသားတွေကနေ ပြောင်းလဲမှုတစ်ခုကို ဦးဆောင်တယ်ဆိုတာ အဆန်းတော့ မဟုတ်ပါဘူး။ သမိုင်းတစ်လျှောက်မှာ ကျောင်းသားတွေ ကနေ ပြောင်းလဲမှုတွေကို ဦးဆောင်ခဲ့တာတွေ အများကြီး တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ရန်ကုန်တက္ကသိုလ်ဟာ အရင်က လွတ်လပ်ခွင့်တွေကို ဆုံးရှုံးနေပါတယ်။ တကယ်ဆိုရင် အစိုးရတစ်ရပ်အနေနဲ့ ဆန္ဒပြပွဲတွေကို ကြောက်ရွံ့စရာ မလိုပါဘူး။ ကျွန်မ ပိုလန်လွှတ်တော်ကို လာတဲ့အချိန်မှာတောင် ဆန္ဒပြပွဲတစ်ခုကို ကြုံခဲ့ရပါသေးတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ မေးရာတွင် ပြန်လည် ဖြေကြားရာ၌ ''မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ကျွန်မတစ်ဦးတည်း ဖြေရှင်းလို့ မရပါဘူး။ တရားဥပဒေ စိုးမိုးရေးကို စနစ်တကျ တည်ဆောက်ဖို့ အရေးကြီးပါတယ်။ ပြည်သူတွေ ကြားမှာလည်း ၉၆၉ လှုပ်ရှားမှုကို စိုးရိမ်မကင်းနဲ့ စောင့်ကြည့် နေသူတွေ ရှိပါတယ်'' ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဥရောပသုံးနိုင်ငံ ခရီးစဉ်၏ ပထမဆုံး နေ့ဖြစ်သည့် စက်တင်ဘာ ၁၁ ရက်တွင် ဒေါ်အောင်ဆန်း စုကြည်သည် အောက်လွှတ်တော်ဥက္ကဋ္ဌ Ewa Kopacz နှင့်အတူ လွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့သည်။ ထို့ပြင် ပိုလန်အထက် လွှတ်တော်ဥက္ကဋ္ဌ Bogan Borusewicz နှင့် တွေ့ဆုံခဲ့ပြီး ည ၇ နာရီတွင် ပိုလန်ဝန်ကြီးချုပ် Donald Tusk တက်ရောက်သည့် လွှတ်တော်က တည်ခင်းဧည့်ခံသော ညစာစားပွဲ တက်ရောက်ခဲ့သည်။ စက်တင်ဘာ ၁၂ ရက်တွင် ပိုလန်သမ္မတ၊ ၀န်ကြီးချုပ်၊ သမ္မတဟောင်းနှင့် နိုဗယ် ဆုရှင်တစ်ဦး ဖြစ်သူ Lech Walesa တို့နှင့် တွေ့ဆုံခဲ့ပြီး Warsaw တက္ကသိုလ် စာကြည့်တိုက်ဟောင်း၌ Politics and Education (နိုင်ငံရေးနှင့် ပညာရေး) ခေါင်းစဉ်ဖြင့် ကျောင်းသားများအား ပို့ချခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၃ ရက်တွင် ဟန်ဂေရီနှင့် ချက်ပြည်သူ့သမ္မတ နိုင်ငံများသို့ ဆက်လက် ထွက်ခွာမည်ဖြစ်သည်။

ပိုလန်နိုင်ငံ သမ္မတဟောင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် Lech Walesa နှင့် ဒေါ်အောင်ဆန်းစုကြည် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (Photo: AFP)

Thursday, September 5, 2013

"ဆန္ဒပြမယ်ဆိုလဲ ပြကြပါ" ဟု ဆိုသော ဦးဝင်းထိန်

မန္တလေးတိုင်းဒေသကြီး၊ မိတ်္ထီလာမြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဝင်းထိန် အား မြို့သူ/သားများက မကျေ နပ်၍ ဆန္ဒပြသူတွေကို NLD က ကောင်တွေလို့ ပြောဆိုခြင်းသည် သူ့ရဲ့အကျင့်ဖြစ်နေကြောင်း မိတ်္ထီလာပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးဝင်းထိန်က ပြော သည်။

မိတ်္ထီလာမြို့သူမြို့သားများ နာရီ စင်တွင် စုပေါင်းကာ တော်ဝင် လမ်းဘေးအထိ ဆန္ဒပြမည့် အစီ အစဉ်နှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဝင်း ထိန်အား မေးမြန်းရာတွင်
““ကျွန် တော်က ပြောစရာရှိတာကို ဒဲ့ဒိုး ပြောတတ်လေ့ရှိတယ်။ ဒီလိုပြော တာကို တချို့ကလည်း လက်မခံ ဘူး။ အထူးသဖြင့် ကင်တားနား အခု ပြန်ရောက်လာတဲ့အခါ ဒီလို ဖြစ်တာပဲ။ ကျွန်တော်ပြောချင် တာက ဦးရဲထွဋ်ဆိုတာလည်း ကျွန်တော်တို့လိုပါပဲ။ တပ်ကပါ။ အရင်အစိုးရတွေ အဆက်ဆက် ကလုပ်ခဲ့တဲ့ စိတ်နေသဘောထား စစ်တပ်မှာရှိတဲ့ပုံစံတွေ ရုန်းထွက် ကြဖို့ သူသူကိုယ်ကိုယ် မလွယ်ကြ ဘူးဗျ။

ကင်တားနားလာတယ် ဗျာ။ ည(၁၀)နာရီကျော်မှ လူတွေ ခေါ်တယ်။ ကင်တားနားနဲ့ ပတ် သက်ပြီး ကျွန်တော်တို့မှာတာဝန် ရှိပါတယ်ဆိုတာ သူမပြောရဲဘူး။ လူအုပ်ကြီးနဲ့ တွေ့တယ်။ အဲဒီ လူအုပ်က တချို့က လက်တွေ မြှောက်ထားပြီး ပြတယ်ဆိုတာက လက်သီးလက်မောင်းတန်းပြီးပြ ကြတာ။ ကင်တားနားကို အလို မရှိပေါ့ဗျာ။ သို့သော် ကားထဲမှာ နေတဲ့လူအတွက် ညလည်းဖြစ် ပြန် အလိုမရှိတာလည်းဖြစ်နေ တာဆိုတော့ စိုးရိမ်တာပေါ့ဗျာ။ သို့သော် ကင်တားနားအတွက် တာဝန်ရှိသူတွေ အုပ်ချုပ်ရေးမှူး တွေ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေ ည(၁၀)နာရီမှာ ကာဖြူး ထုတ်ထားတာ။အဲဒီလူတွေကို ဘာဖြစ်လို့ အပြင်ထွက်ခွင့်ပြုတာလဲ။ အပြင် ထွက်ပြီး ဆန္ဒပြုခွင့်ပြုတယ်ဆို ကတည်းက တာဝန်ရှိတဲ့လူတွေ ဟာ (၁) တာဝန်ပျက်ကွက်တာ ပဲ။ (၂) က သူတို့ကပဲ သဘောတူ နေသလား။

အဲဒါတော့ စဉ်းစား မရဘူး။ ကျွန်တော်ပြောတာက NLD ကကောင်တွေ (၈၈)က ကောင်တွေလို့ ပြောလိုက်တာက ကျွန်တော့်ရဲ့ အကျင့်ပါပဲ။ ကျွန် တော့်တူတွေ၊ တူမတွေ ၊ သား တွေ၊သမီးတွေလည်း ဟေ့ကောင် ပဲ သုံးတာပါဗျာ။ နောက်တစ်ခုက အရင်က ကျွန်တော်ပြောခဲ့တဲ့ စကား မိတ်္ထီလာမှာ လူတွေသေ ကြ ကျေကြ ပျက်စီးကြတော့ မိတ်္ထီလာသားဖြစ်ရတာ ရင်နာ တယ်ဆိုတာရယ် ပေါင်းပြီး ကျွန် တော့်အပေါ် စိတ်ကွက်ကြတာ ပါ။ တကယ်တော့ ဘယ်အရာကို မှ မပွင့်မလင်းမလုပ်ပါဘူး။ ဘယ် စကားပဲဖြစ်ဖြစ် ရိုးသားစွာနဲ့ပဲ ပြောတာပါ။ ဆန္ဒပြုမယ်ဆိုလည်း ပြကြပါ။ ဒါဟာ ဒီမိုကရေစီပဲ””ဟု ၎င်းအပေါ် ဆန္ဒပြမည့်ကိစ္စနှင့် ပတ်သက်ပြီး ပြောကြားသွားပါ သည်။

http://www.oppositeyes.info/2013/09/blog-post_9884.html

Tuesday, September 3, 2013

မကွေးမြို့တွင် ကောလဟလများဖြင့် အကြမ်းမှုဖြစ်စေရန် လှုံ့ဆော်ဖန်တီး

စက်တင်ဘာ ၃၊ ၂၀၁၃
M-Media
မကွေးတိုင်း ။ ။ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ကောလဟလများလွှင့်၍ အကြမ်းဖက်မှုများဖြစ်ပေါ်စေရန် လှုံ့ဆော်ဖန်တီးမှု တစ်ခု ယနေ့ ၆-နာရီခန့်တွင် ဖြစ်ပွားခဲ့သော်လည်း အကြမ်းဖက်မှုများမဖြစ်ပေါ်စေရန် ၀ိုင်းဝန်းထိမ်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ ယခင်ဖြစ်နေကျပုံစံများအတိုင်း မုဒိမ်းကျင့်မှုဟု သတင်းလွှင့်ကာ အကြမ်းဖက်မှုဖြစ်ပေါ်စေရန် ဖန်တီးခဲ့ကြောင်း မကွေးမြို့ခံ တချို့ထံမှ သိရသည်။

"အခု ကောလဟလလွှင့်လိုက်တာက မုဒိမ်းမှုဖြစ်တယ်ဆိုပြီးလွှင့်ပါတယ်။ ၅-နှစ်သမီးကို မုဒိမ်းကျင့်တယ်လို့ သတင်းလွှင့်လိုက်တာ။ အခုတော့ အဲ့ဒီလူကို ရဲစခန်းက ဖမ်းသွားပါပြီ။ သူက မကွေးမြို့ နွားမွေးမြူရေးခြံရှင် တစ်ဦးပါ။ အသက်က ၅၀-ကျော်ပါပြီ။ သူက ဟိုးအရင်ကတည်း က အေးအေးဆေးဆေးနေထိုင် တဲ့သူတစ်ဦးပါ။ အဲဒီနေရာမှာ သူနေလာတာလည်း အနှစ် ၂၀-ကျော် နေပါပြီ။ ဘာပြဿနာမှလည်း မရှိခဲ့ဘူး။ အခု သူ့ကို ရဲစခန်းက ဖမ်းသွားတယ်ဆိုတော့ သူ့အနီးဝန်းကျင်တ၀ိုက် စုံစမ်းကြည့်တော့လည်း ဘယ်သူကမှ သူ အဲဒါမျိုးလုပ်တယ်လို့ မသိကြဘူး။ မုဒိမ်းကျင့်တယ်ဆိုပြီး တိုင်တာကလည်း ဘယ်သူမှန်းမသိဘူး။ ညနေ ၅-နာရီလောက်မှ သတင်းစထွက်လာတယ်။ ၅း၃၀ နာရီလောက်မှာ သူ့ကို ရဲစခန်းက လာဖမ်းသွားတယ်။

မကွေးမှာ တခြားတော့ ဘာမှ မဖြစ်ပါဘူး။ အဲ့ဒီ ဖမ်းတဲ့အချိန် ရုတ်ရုတ်သဲသဲ ခဏဖြစ်သွားတာပဲရှိပါတယ်။ ကောလဟလသတင်းလွှင့်ပြီး ပြဿနာဖြစ်အောင် ဖန်တီးတာပါ။ ဖြစ်ခါစ ကတော့ လုံခြုံရေးတော့ ရှိလိုက်တယ်။ ရဲအစောင့်ချတာမျိုးပေါ့။ အခုတော့ ထိန်းထားလို့ ဘာမှ မဖြစ်ပါဘူး။ အေးအေးဆေးဆေးပဲ ဖြစ်သွားပါပြီ။

နောက်ထပ်လည်း ဘာပြဿနာမှ မဖြစ်လာစေဖို့ ဆုတောင်းတယ်။ ကျွန်တော့်အနေနဲ့ ဘယ်ဘာသာတရားကိုမှ မစော်ကားသလို ဘယ်ဘာသာဝင်မှ ဒုက္ခရောက်တာမျိုးကို မလိုလားပါဘူး။ ဒါကြောင့် ကောလဟလလွှင့်ပြီး အကြမ်းဖက်မှုဖြစ်အောင် ဖန်တီးမှုအပေါ်မှာ ပြဿနာ မဖြစ်အောင် ၀ိုင်းဝန်းထိန်းသိမ်းကြပါလို့ မကွေးက ဒေသခံတွေကို ကျွန်တော် ပြောချင်ပါတယ်။"လို့ ငြိမ်းချမ်းရေးကို လိုလားသူ မကွေးမြို့ခံတချို့မှ M-Media ကို ပြောပြခဲ့ပါတယ်။

Monday, September 2, 2013

"ပဋိပက္ခများဖြေရှင်းရာတွင် ပွင့်လင်းမြင်သာမှုရှိရန် ကုလအထူး အကြံပေးပုဂ္ဂိုလ် အစိုးရကို တိုက်တွန်း"

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်အမြင်မတူသည့် လူမျိုးနွယ်စုနှစ်ခုအကြား အမြင်လွဲမှားဖွယ်ရှိသည့် သတင်း အချက်အလက်များကြောင့် ပဋိပက္ခများတိုးပွားလာနိုင်ပြီး ပဋိပက္ခများကို ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာမှုရှိရန် ရခိုင်ပြည်နယ်သို့ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ်္ဂိုလ် မစ္စတာဗီဂျေးနမ်ဗီးယားက သတိပေး တိုက်တွန်းလိုက်သည်။

ကုလအကြံပေးပုဂ်္ဂိုလ်သည် စက်တင်ဘာ ၁ ရက်နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိ လာပြီး၊ ပြည်နယ် အစိုးရရုံး၌ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။

လက်ရှိပဋိပက္ခများကို အလွန်စိုးရိမ်ကြောင်းဆိုလိုက်ပြီး ဆက်သွယ်ရေးနည်းပညာများ ကောင်းမွန် လာမှုနှင့်အတူ အမြင်လွဲမှားနိုင်သည့် သတင်းအချက်အလက်များကြောင့် မလိုလားအပ်သည့် ပဋိပက္ခများ တိုးပွားလာနိုင်ခြင်းကြောင့် အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိရန် တိုက်တွန်းသည်ဟုလည်း မစ္စတာနမ်ဗီးယားက ပြောသည်။

ထို့ပြင် မြန်မာအစိုးရအနေဖြင့် မိမိတို့၏ လုပ်ဆောင်ချက်များကို ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အသေးစိတ် ရှင်းလင်းမည်ဟု မျှော်လင့်ပြီး၊ တရားဥပဒေစိုးမိုးရေးအတွက် အောက်ခြေလာဘ်စားမှုများကို အထူးသတိထားရန် လည်း သူက အကြံပြု တိုက်တွန်းခဲ့သည်။

ပြည်နယ်အစိုးရရုံးတွေ့ဆုံပွဲတွင် ကုလအကြံပေးပုဂ်္ဂိုလ်နှင့်အတူ ပါလာသူနိုင်ငံသား စိစစ်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ရခိုင်ပြည်နယ်အတွင်း လူဦးရေ စာရင်းကောက်ယူခြင်းနှင့် ပြန်လည်နေရာချထားရေးတွင် အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ကလည်း ရခိုင်ပြည်နယ်အတွင်း အခြေအနေများကို တင်ပြရာတွင် “ရခိုင်တိုင်းရင်းသားတွေက ဘင်္ဂါလီတွေကို ပိတ်ထားတယ်ဆိုတာ မဟုတ်ပါဘူး။ ရခိုင်တွေက သူတို့ကို အစားအသောက်တွေသွားပြီး ရောင်းချနေကြတယ်။ သူတို့ဆီကလည်း ငါးတွေ ပြန်ဝယ်လာတယ်။ နှစ်ဖက် လူမျိုးစုတွေ အခုဆိုရင်အရင်ထက် ရင်းနှီးမှုရနေကြပါပြီ” ဟု ရှင်းလင်းသည်။

စက်တင်ဘာ ၁ ရက်နေ့လယ်ပိုင်းတွင် မစ္စတာနမ်ဗီးယားသည် မောင်တောမြို့နယ် အလယ်သံကျော် ရခိုင်ဒုက္ခသည် စခန်းနှင့် ပေါက်တောမြို့နယ်၊ ကြယ်နီပြင်ဘင်္ဂါလီ ဒုက္ခသည်စခန်းများသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ပြီး၊ ညနေပိုင်း၌ စစ်တွေမြို့နယ် ဘောဒူဖအပါအ၀င် ဘင်္ဂါလီဒုက္ခသည်စခန်းများသို့ သွားရောက် လေ့လာခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ်္ဂိုလ်သည် စက်တင်ဘာလ ၂ ရက်နံနက်ပိုင်းတွင် သံတွဲမြို့သို့ သွားရောက်မည်ဖြစ်ပြီး၊ နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ် မှ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။

Sunday, September 1, 2013

အမေရိကန်အစိုးရ ဥပဒေရေးရာသံအမတ် မြန်မာနိုင်ငံသို့ စေလွှတ်မည်

ရန်ကုန်၊ သြဂုတ် ၃၁

မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဆယ်စုနှစ် နှစ်စုခန့်ကြာ ရပ်နားခဲ့ပြီးနောက် အသစ်ပြန်လည် စတင်ခဲ့သော အမေရိကန် အစိုးရက အစိုးရအဖွဲ့၏ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် တရားဥပဒေရေးရာ တွဲဖက်အတွင်းရေးမှူး သံအမတ်ကြီး Mr.William Brownfield ကို မြန်မာနိုင်ငံသို့ စေလွှတ် မည် ဖြစ်ကြောင်း အမေရိကန် အစိုးရအဖွဲ့က သြဂုတ်လ ၃၀ ရက်နေ့တွင် တရားဝင် ကြေညာသည်။

ယင်းသို့ စေလွှတ်ရန် စီစဉ်ရခြင်းမှာ မြန်မာနိုင်ငံ၏ လတ်တလော အမျိုးသား လုံခြုံရေး အခြေအနေနှင့် လူ့အခွင့်အရေး အခြေအနေများကို ပြည်တွင်းရှိ အမျိုးသားရေး ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေး လေ့လာ သုံးသပ်နိုင်စေရန် ဖြစ်ကြောင်း ယင်းကြေညာချက် တွင် ဖော်ပြထားသည်။

သံအမတ်ကြီး Brownfield သည် ၎င်း၏ ခရီးစဉ်အပြီး စက်ဘာလ ၆ ရက်နေ့တွင်လည်း ပြည်တွင်း ပြည်ပ မီဒီယာများနှင့် စားပွဲဝိုင်း ဆွေးနွေးပွဲတစ်ရပ် ကျင်းပမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၀ ပြည့်နှစ်တွင် ကျင်းပပြီးစီးခဲ့သော သမိုင်းဝင် ရွေးကောက်ပွဲ အပြီး မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပြည်တွင်းလုံခြုံရေးနှင့် လူ့အခွင့်အရေး အကာအကွယ်ပေးမှုပေါ်တွင်သာ တိုင်းတာလေ့ရှိပြီး အဆိုပါ ရည်ရွယ်ချက်ဖြင့် ပြည်တွင်း တိုးတက် ပြောင်းလဲမှု အခြေအနေကို လေ့လာနိုင်ရန် သံအမတ်ကြီးကို စေလွှတ်ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ချက်ခ်ဟေဂယ်လ်သည် ပြီးခဲ့သည့် အပတ်အတွင်းက ဘရူနိုင်းနိုင်ငံ၌ ကျင်းပခဲ့သော ဒေသတွင်း လုံခြုံရေးဆိုင်ရာ ညီလာခံတွင် မြန်မာ အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံရာ မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံရေး မပြုလုပ်ရန် ထပ်မံတိုက်တွန်း ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ်က သံတမန်ဆက်ဆံရေး စတင်ခဲ့သော်လည်း ၁၉၈၈ ခုနှစ် အရေးအခင်းတွင် အကြမ်းဖက်မှုနှင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ် မပြုခဲ့သောကြောင့် ၁၉၉၆ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးကို ပြန်လည် ရုပ်သိမ်း၍ သံတမန်အဆင့် ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်၌ သံအမတ်ကြီး ဒဲရစ်မစ်ချယ်ကို ခန့်အပ်ကာ ပြန်လည်စတင်ခဲ့သည်။

WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ကျပ်သိန်းပေါင်း ၁၉၆၈ဝ အား ဖမ်းဆီးရမိ

1.9.2013

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြို့နယ်၊ မိုင်းဖုန်း(ခ) အုပ်စု ၊ ပါခုတ် စစ်ဆေးရေးဂိတ် တာဝန်ကျ တာချီလိတ် (မူးယစ်)မှ ရဲအုပ် ဇော်ဝင်းထွန်း နှင့် တပ်ဖွဲ့ဝင် တို့သည် ဝှေလေလန် ကျေးရွာဘက် မှ ဝမ်ပုံဘက်သို့ မူးယစ်ဆေးဝါး များ သယ်ဆောင် လာမည် ဖြစ်ကြောင်း သတင်းရရှိ သဖြင့် သြဂုတ် ၃၁ ရက်နေ့ ညနေ့ ၃ နာရီ ၃ဝ မိနစ်အချိန်တွင် တာချီလိတ် (မူးယစ်)မှ ရဲအုပ် ဇော်ဝင်းထွန်း ဦးစီးအဖွဲ့၊ ခရိုင် အထူးမှုခင်း နှိမ်နင်းရေး ဒုရဲအုပ် အေးလွင် ဦးစီးအဖွဲ့ ၊ နမစ(ဝမ်ပုံ) မှ ဒုရဲအုပ် သန်းစိုး ဦးစီးအဖွဲ့ ၊ သတရ မှ ဒုရဲအုပ် အောင်ကျော်ထွန်း ၊ ပါခုတ် ကျေးရွာ ပြည်သူ့စစ် ခေါင်းဆောင် ဦးတင့်ရွှေ တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများ နှင့်အတူ တာချီလိတ် မြို့နယ် မိုင်းဖုန်း(ခ) အုပ်စု ၊ ပါခုတ် ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် အသင့် စောင့်ဆိုင်း နေစဉ် ကြိုတင် သတင်း ရရှိထားသူ အိုက်အွမ် သည် ၄ဂ/၇၁၈၆ နံပါတ်ပါ တိုယိုတာ ဒိုင်နာ အမျိုးအစား အပြာရောင် မော်တော်ယာဉ် ဖြင့် တာချီလိတ်ဘက် မှ ပါခုတ် စစ်ဆေးရေး ဂိတ်သို့ မောင်းနင် လာသဖြင့် စစ်ဆေး ရှာဖွေရာ ယာဉ်နောက်ဘက် ဘော်ဒီ ကြမ်းခင်း (၂)ထပ် အံဝှက်အတွင်း အဝါရောင် တိပ်ဖြင့် ပတ်ထားပြီး မှိုင်းခံစက္ကူဖြင့် ထုပ်လျက်ျွှ့ စာတမ်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား (၁)ထုပ်လျှင် (၆ဝဝဝ) ပြားစီပါ (၁၆၁၄)ထုပ် ၊ စုစုပေါင်း ဆေးပြား (၉၈၄ဝဝဝ) ၊ အလေးချိန် ၉၈ ဒသမ ၄ ကီလို၊ ကာလတန်ဖိုး ဆေးပြား (၁)ပြားလျင် (၂ဝဝဝိ/-)နှုန်းဖြင့် ကျပ်သိန်းပေါင်း (၁၉၆၈ဝ)သိန်းအား ရှာဖွေတွေ့ရှိသဖြင့် ရဲအုပ် ဇော်ဝင်းထွန်း မှ သက်သေများ ရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်း ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံ အိုက်အွမ် ၃ဝ နှစ် (ဘ)ဦးအိုက်ဆွေ ၁၃/တခလ (နိုင်)ဝ၄ဝ၉၆ဝ ယာဉ်မောင်း၊ ဝှေလေလန် ကျေးရွာ ၊ မိုင်းဖုန်း(ခ) အုပ်စု ၊ တာချီလိတ် မြို့နယ် နေသူအား တာချီလိတ် (မူးယစ်) ရုံးတွင် ကွင်းဆက် ဖော်ထုတ် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။