Friday, December 21, 2012

RNDP ဘာလဲ၊ ဘယ်လဲ ???

RNDP ဘာလဲ၊ ဘယ်လဲ ???

ရခိုင်အရေးအခင်း စတင်ဖြစ်ပေါ်ရာ အကြောင်းခံလို့ ပြောလို့ရတဲ့ မသီတာထွေး ရဲ့ပုံကို RNDP ပါတီက ပြက္ခဒိန်အဖြစ် ထုတ်ဝေခဲ့ပါတယ်။ RNDP ရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ၊ နယ်မြေငြိမ်းချမ်းရေးလား၊ တိုင်းပြည် ငြိမ်းချမ်းရေးလား ... ?
ပဋိပက္ခဆက်လက်ရှင်သန်ရေးလား ? ပါတီရဲ့ လမ်းစဉ်က ဘာလဲ ?

ပါတီခေါင်းဆောင် အေးမောင်ကိုယ်တိုင် အကြမ်းဖက် စကားတွေ ပြောဆိုနေတာ နှစ်ကြိမ် မကတော့ပါဘူး။ အမေရိကန်သမ္မတ အိုဘာမား မိန့်ခွန်းထဲမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းသုံးသွားပြီးမှာ ရခိုင်ဒေသမှာ တတိယလှိုင်း ဖြစ်လာရင် အိုဘာမားမှာ တာဝန်ရှိတယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့ခြင်း။ အလ်ဂျားဇီးယား ရုပ်သံကြောင့် တတိယလှိုင်း ဖြစ်လာမယ်ဆိုပြီး ထပ်မံ ခြိမ်းခြောက်ခဲ့တာ အားလုံးအသိပါ။ အဲဒီစကားလုံးတွေအတွက် တာဝန်ရှိသူတွေအနေဖြင့် ၄င်းအား မည်သည့် အရေးယူမှုမျိုး၊ သတိပေးမှုမျိုး ပြုလုပ်ခဲ့သည်ကို မသိရပါ။ 

သိခဲ့ရတာ တစ်ခုက အလ်ဂျားဇီးယား ရုပ်သံ မထုတ်လွှင့်ခင်မှာ ရခိုင်အရေးအခင်းမှာ ကြိုးကိုင်သူတွေကို ဖော်ထုတ်တော့မယ်လို့ ကြေငြာအပြီး မှာ အေးမောင်ရဲ့ ခြိမ်းခြောက်မှု နောက်တစ်ကြိမ် ထပ်ကြားရတာပါ။ 

အခု ဒီပြက္ခဒိန်ကိစ္စ ..... ။ 
တာဝန်ရှိသူတွေအနေဖြင့် ဤကဲ့သို့ ပဋိပက္ခ မြစ်ဖျားခံရာ ဟု လူအများလက်ခံထားသော အမျိုးသမီးပုံဖြင့် ပြက္ခဒိန် ဘာကြောင့် ထုတ်ခွင့်ပေးတာလဲ။ RNDP အနေနဲ့ရော ပဋိပက္ခတွေ တည်ငြိမ်နေတဲ့အချိန်မှာ ဤပုံအား တစ်နိုင်ငံလုံးသို့ ပြန့်နှံ့အောင် မည်သည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ပါသနည်း။ ကြိုးကိုင်သူတွေကို ဖော်ထုတ်အရေးယူမယ်လို့ ကြေငြာထားတဲ့ကြေငြာချက် ဘယ်ရောက်သွားလဲ ?????

No comments:

Post a Comment