Saturday, December 22, 2012
ရခိုင်ပြည်နယ်တွင်ဇွန်လ၌အကြမ်းဖက်မှုကြီးစတင်ပြီးနောက်ဖမ်းဆီးခံရပြီးမကြာမှီက ထောင်ဒဏ်(၁၂) နှစ် မတရားသဖြင့်ထောင်ဒဏ်ချခံရသည့်ဒေါက်တာ ထွန်းအောင် ၏သမီးဖြစ်သူ ဒေါ်မြ နန္ဒာအောင်နှင့် ခင်ပွန်းဖြစ်သူဦးမောင်မောင်သန်းတို့သည် ယမန်နေ့ကပြန်လည်လွတ်မြောက်လာကြောင်း သတင်းရရှိပါသည်။
ဇွန်လအကြမ်းဖက်မှုစတင်ပြီးနောက်ပိုင်းတွင် မြန်မာအစိုးရမှမသက်ဆိုင်သည့်သူများကိုဖမ်းဆီးထိန်းသိမ်းခဲ့ သည်။ ကုလသမဂ္ဂ၀န်ထမ်းများကိုလည်းအကြမ်းဖက်မှုနှင့်ဆက်နွယ်မှုရှိသည်ဟုစွပ်စွဲ၍ဖမ်းဆီးခဲ့သည်။ ပြည်တွင်းသတင်းဌာနများနှင့် သမ္မတရုံးညွန်ကြားရေးမှူးဦးဇော်ဌေး (မှူးဇော်) တို့မှရှေးရာစုနှစ်ပေါင်းများ စွာကတည်းအတူယှဉ်တွဲနေထိုင်လျက်ရှိသော
ရိုဟင်ဂျာလူများကို ယခုပင်တဖက်နိုင်ငံမှဝင်ရောက်
ကျူးကျော်နေထိုင်သယောင်ရေးသား၍ အကြမ်းဖက်မှုကြီးကြီးထွားစေ
ရန်လောင်စာထည့်သွင်းပေးခဲ့သည်။
ဒေါ်မြနန္ဒာအောင်ကိုဇွန်လဆန်း၌စစ်တွေလေဆိပ်တွင်ခေါ်ယူစစ်ဆေးပြီးနောက်၊
ခင်ပွန်းသည်ဖြစ်သူ ဦးမောင်မောင်သန်း နှင့်အတူရန်ကုန်မြို့နေအိမ်မှ ဇွန်လ
(၁၅) ရက်နေ့တွင်ဖမ်းဆီးခဲ့သည်။ ဦးမောင်မောင်
သန်းနှင့်ဒေါ်မြနန္ဒာအောင်တို့အား ပြည်ပရှိအစ္စလာမ်ဘာသာဝင်များအားသွေးထိုးလှုံ့ဆော်သည့် ဓါတ်ပုံ မှတ်တမ်းများပေးပို့ခဲ့သည်၊ အယ်လ်ကိုင်ဒါနှင့်ဆက်စပ်နေသည်ဟုစွပ်စွဲ၍
မင်္ဂလာတောင်ညွန့်ရဲစခန်းမှ အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃ (ခ)၊ အရေးပေါ်
စီမံမှုအက်ဥပဒေပုဒ်မ ၅(ဃ)/၅(၃၁) တို့ အပြင် လိမ်လည်မှုပုဒ်မ ၄၂၀/၄၆၈ တို့ဖြင့်အမှုဖွင့်ခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံသို့ဇူလိုင်လအတွင်းလာရောက်ခဲ့သော ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်မစ္စတာ ကွင်းတားနားမှ ဒေါ်မြနန္ဒာအောင်နှင့်ခင်ပွန်းအား အင်းစိန်အကျဉ်းထောင်တွင်သွားရောက်တွေ့ဆုံခဲ့သေး သည်။
ဇွန်လဆန်းမှအကြမ်းဖက်မှုဖြစ်ပွားပြီးနောက် စစ်တွေမြို့မှ AZG တွင်အလုပ်လုပ်နေသော ဦးကျော်လှ အောင်ကိုလည်း မတရားသဖြင့်စွပ်စွဲ၍ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးနောက်ပြန်လည်လွတ်ပေးခဲ့သည်။
ဒေါ်မြ နန္ဒာအောင်သည် UNHCR ၀န်ထမ်းတစ်ဦး ဖြစ်ပြီး၊ ခင်ပွန်းသည်
ဦးမောင်မောင်သန်းမှာ Grand Ocean ကုမ္ပဏီမှဥက္ကဌဖြစ်သည်။
မတရားသဖြင့်ဖမ်းဆီးခံရပြီးနောက် ယမန်နေ့ကပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။
No comments:
Post a Comment