Myanmar Peace Center မှ စီစဉ် ကျင်းပသော Nation Building & Citizenship
Conference ဆွေးနွေးပွဲ အား ချက်ထရီယံ ဟိုတယ် တွင် စက်တင်ဘာ ၁၆ မှ ၁၇
အထိ နှစ်ရက် ကျင်းပ ခဲ့ကြောင်း မွတ်စလင် သတင်းစဉ် မှ သိရသည်။ အဆိုပါ
ဆွေးနွေးပွဲသို့ ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်
မစ္စတာ Vijay Nambiar ၊ နိုင်ငံတကာ ပညာရှင်များ၊ UN ဌာနေ ကိုယ်စားလှယ် များ ၊
မြန်မာ ပညာရှင် များ ၊ရခိုင် နိုင်ငံရေး ပါတီများမှ တာဝန်ရှိ
ပုဂ္ဂိုလ်များနှင့် အတူ မြန်မာ မွတ်စလင် ကွန်ရက် မှ ဒေါက်တာ မြင့်သိန်း
(ငြိမ်းချမ်းလုလင်) ၊ ရိုဟင်ဂျာရေးရာ ကျွမ်းကျင်သူ ဦးကျော်မင်း (CRPP
ဟောင်း) တို့ တက်ရောက် ဆွေးနွေး ခဲ့ကြ သည်။
ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ရခိုင် မွတ်စလင် ပညာ ရှင် ဦးကျော်မင်းက လည်းကောင်း၊ နိုင်ငံသား ဖြစ်မှု (Citizenship ) နှင့် လူမျိုးရေး အကြမ်းဖက်မှု ဆက်စပ်မှု ကို ဒေါက် တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) က လည်းကောင်း ဆွေးနွေး တင်ပြခဲ့ကြပြီး တက်လာ သူများ၏ မေးမြန်းချက်ကို ဖြေဆိုပေးခဲ့ကြသည်။ နိုင်ငံရေး သင်တန်းဆရာ တစ်ဦးဖြစ်သူ မြန်မာမွတ်စလင်မ် လူငယ် ကိုအောင်ကိုကိုမှ မွတ်စလင် လူငယ်များ ရင်ဆိုင်နေရသော နိုင်ငံရေး စိစစ်ရေး ကဒ် ပြဿနာကို တင်ပြဆွေးနွေးနိုင်ခဲ့သည်။
ရိုဟင်ဂျာအရေး ကျွမ်းကျင်သူ ဦးကျော်မင်း ဆွေးနွေးစဉ်
တက်ရောက်ဆွေးနွေးသူ ဦးသူရ (ခ) ဇာဂနာ က “နမူနာပြောတာပေါ့။ နိုင်ငံသားကတ်မှာ ဗမာမူဆလင်လို့ ရေးတာမျိုး၊ တချို့ဆိုရင် ရခိုင် ခရစ်ယာန်လို့ရေးတာမျိုး၊ ကရင်ခရစ်ယာန် လို့ရေးတာမျိုး ဒါတွေလိုသလား။ ဒါတွေကခွဲခြားနေသလိုပဲ။ နိုင်ငံသားဆိုတာ နိုင်ငံသားပဲ။ သူ့ကိုမွေးတဲ့ဒေသ လို့ပါလာ ရင် တော်ပြီပေါ့။ အဲဒီလိုမျိုးဖြစ်တဲ့ ကိစ္စတွေကို ကျွန်တော် အဓိကထား ဆွေးနွေးတာပါ။ ဒါဟာနိုင်ငံသားဖြစ် တဲ့ ကတ်မှာကိုက ပြဿနာဖြစ်နေပြီလေ။ ဆိုတော့ကျွန်တော်တို့က National Identity ဆိုတာကို ချစ်ပါတယ်။ လိုလည်း လိုချင်ပါ တယ်။ ဒီဟာမျိုးတွေက အရေးကြီးပြီ။ ပြန်ဖော်ထုတ်ဖို့လိုပြီ။ သို့မဟုတ် ပျောက်နေ ရင် ပြန်ဖော်ထုတ်ရမယ်။ မရှိသေးရင် ရှိတာတွေကို ညှိယူရမယ်။ တိုင်းရင်းသား အားလုံး နဲ့ ဆိုတာမျိုးကို ကျွန်တော်တို့ ပြောရဆိုရ ဆွေးနွေးရ ငြင်းလည်း ငြင်းရတယ်ဗျ။ ပျော်စရာကောင်း ပါတယ်။ တစ်ခုတော့ အဖြေထွက်လာလိမ့်မယ်လို့ ထင်ပါတယ်” ဟု ဒုတိယနေ့ ဆွေးနွေးပွဲ အဖွင့်တွင်ပြောကြားခဲ့သည်။
၊ ဦးကိုကိုကြီး၊ ဒေါက်တာအေးမောင် တို့နှင့် အတူ မြန်မာမွတ်စလင်လူငယ် အောင်ကိုကို ဆွေးနွေးစဉ်
ဦးကိုကိုကြီးက “လူမျိုးရေး ဘာသာရေးဆန်ဆန် ပဋိပက္ခဖြစ်နေတာတွေဟာ တကယ်တော့ Identity crisis လို့ပြောလို့ရပါတယ်။ ကျွန်တော်တို့အားလုံးက Citizen rights ဆိုတာကို အခြေခံ အကျဆုံး ကျွန်တော်တို့ရဲ့ Common ground အဖြစ်နဲ့ရှာပြီးတော့ National identity, ကျွန်တော်တို့ရဲ့ common character ကိုကျွန်တော်တို့ ရှာဖွေ တည်ဆောက်နိုင် မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Nation building ဟာ ချောချောမွေ့မွေ့နဲ့ အဆင်ပြေလာလိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု နိုင်ငံသားဖြစ်မှု အရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
မွတ်စလင် သတင်းစဉ်မှ တက်ရောက် သတင်းယူထားသော ဒေါက်တာ မြင့်သိန်း(ငြိမ်းချမ်းလုလင်) ဦးကျော်မင်း (CRPPဟောင်း) ကိုအောင်ကိုကို (Civic Education Trainer) တို့ တင်ပြဆွေးနွေးချက်များ အလျဉ်းသင့်သလို တင်ပြပေးသွားပါမည်။

No comments:
Post a Comment