Saturday, December 22, 2012
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြင်လှရွာကြီးနေ
မော်လ၀ီဆရာဦးမာမတ်အာယုပ် အား တပ်ရင်း (၅၅၁) မှအရာခံဗိုလ်နှင့်တပ်ဖွဲ့ဝင် ၃
ဦးမှရိုက်နှက်ခြင်းကြောင့်ပြင်းထန်စွာဒဏ်ရာရရှိခဲ့ ကြောင်းသတင်းရရှိပါသည်။
ဘူးသီးတောင်မြို့နယ်၊ ပြင်လှရွာကြီးတွင်နေထိုင်သော
မော်ဝလီဆရာဦးမာမတ်အာယုပ် (ဘ) ဦးရာဟမ တုလ္လာကို ဒီဇင်ဘာလ (၂၀) ရက်နေ့ည ၈
နာရီခန့်တွင် တပ်ရင်း (၅၅၁) မှအရာခံဗိုလ်နှင့်တပ်ဖွဲ့ဝင် ၃ ဦးတို့
မော်လ၀ီ၏နေအိမ်သို့ လာရောက်၍ “ဟေ့မော်လ၀ီကုလား မင်းမှာဘင်္ဂလား Mobile
ရှိတဲ့သတင်းရ လို့လာဖမ်းတာ။ ငွေ ၅ သိန်းပေးရင်ပေး
မပေးရင်မင်းကိုငါတို့တပ်ရင်းကိုခေါ်သွားမယ်ကွာ” ဟုပြောပြီး ထိုနေရာတွင် တပ်ဖွဲ့ဝင် ၃ ဦးမှလူမဆန်စွာရိုက်နှက်၍ ခေါ်ဆောင်သွားကြောင်းသိရသည်။
ထိုနေ့မှစ၍ ယမန်နေ့ထိရိုက်နှက်ညှင်းပန်းနှိပ်စက်နေခြင်းကို မိဘများကမခံနိုင်၍ ငွေ ၅ သိန်းသွား ရောက်ပေးအပ်ခဲ့ပြီး၊ မော်လ၀ီဦးမာမတ်အာယုပ်ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့ကိုဖမ်းဖို့အကြောင်းရှာမရရင် ဘင်္ဂလားက Mobile ကိုင်တယ်ဆိုပြီးစွပ်စွဲပြီးဖမ်းတယ်။
သူတို့လိုချင်တဲ့ငွေမရ မချင်းရိုက်မယ်၊ နှိပ်စက်မယ်။ ငွေမပေးနိုင်တဲ့သူကို
ရဲကိုလွှဲပေးပြီးအမှုဖွင့်တယ်။ ပြီးတော့ရှေ့နေတောင်ငှားခွင့်မပေးဘဲ နှစ်ရှည်ထောင်ချမယ်။ ဒါတွေကနေ့စဉ်နေ့တိုင်းကျွန်တော်တို့ကြုံ တွေ့နေရတဲ့အခက်အခဲပါ။” ဟု ပြင်လှရွာကြီးမှ ဒေသခံတစ်ဦးမှ RB News သို့ပြောသည်။
မော်လ၀ီဦးမာမတ်အာယုပ်မှ အရာခံဗိုလ်နှင့်တပ်ဖွဲ့ဝင်များ၏လူမဆန်စွာရိုက်နှက်မှုကြောင့်ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ခရီးသွားလာခွင့်ကန့်သတ်ထားမှုကြောင့်ရွာထဲတွင်လက်လှမ်းမှီ ရာဖြင့်ဆေးကုသခံ လျက်ရှိ ကြောင်းသတင်းရရှိပါသည်။
No comments:
Post a Comment