မောင်အာသာ
RB News
9.12.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊
မောင်တော မြို့နယ် မြောက်ပိုင်း လက်ဘောဇ ကျေးရွာ (အာရိုစ်ရှာ ဖာရာ) တွင်
ဒီဇင်ဘာလ (၈) ရက်နေ့က ရခိုင်ပြည် လွတ်မြောက်ရေး အဖွဲ့ (ALP) မှ အကြမ်းဖက်
သမား တစ်ဦးကို လက်နက် များဖြင့် လုံထိန်းနှင့် ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီး
ရမိ ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
“ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းမှာ
မောင်တော ရဲစခန်းက နယ်ထိန်းနဲ့ အရင် နစက နယ်မြေ ၆ မှာ ရှိတဲ့ လုံထိန်းတွေက
မောင်တော မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အုပ်စု၊ လက်ဘောဇ ကျေးရွာ
(အာရိုရှာ ဖာ ရာ) မှာ ရခိုင် အကြမ်းဖက် သမား တစ်ယောက်ကို ဖမ်းဆီး ရမိ
ခဲ့တယ်။ အကြမ်းဖက် သမား ဆီက နောက် ဆုံးပေါ် ပစ္စတို တစ်လက်၊ ကျည်ဆံတွေနဲ့
လက်ပစ်ဗုံး တစ်ချို့ သိမ်းဆည်း ရတယ်လို့ သိရ တယ်။ အဲဒီ အ ကြမ်းဖက် သမားကို
စစ်ဆေးတော့ ကျောက်ဖြူ မြို့က ဒေသခံ တစ်ဦး ဖြစ်ပြီး ရခိုင်ပြည်
လွတ်မြောက်ရေး အဖွဲ့ (ALP) ကလို့ ထွက်ဆိုတယ်။ သူ့ရဲ့ နာမည်ကတော့
ထွန်းအောင်ဇံ (ဘ) အောင်ထွန်းကျော် ဖြစ် ပါ တယ်။ နိုင်ငံသား စီစစ်ရေး
ကဒ်ပြား နံပါတ်က ၁၁/ ကဖန (နိုင်) ၀၀၄၅၃၈ ဖြစ်ပါတယ်” ဟု ဒေသခံ တစ်ဦး က RB
News သို့ ပြောပါသည်။
“ALP ကတော့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ
တွေကို အကြမ်း ဖက်တဲ့ အခန်း ကဏ္ဍမှာ အဓိက ပါဝင် နေ တာပါ။ မောင်တော
မြောက်ပိုင်းမှာ အိမ်တွေကို မကြာခဏ ဓါးပြ ၀င်တိုက် လေ့ရှိတယ်။ အခု
ဖမ်းခံရတဲ့ အကြမ်းဖက်သမား ကတော့ ဖမ်းခံ ထားရတဲ့ ALP အဖွဲ့ဝင်
အချို့ထဲကတစ်ဦးဘဲ ဖြစ်ပါတယ်။ အ ခြားသော ALP အဖွဲ့ဝင် တွေက မောင်တော
မြောက်ပိုင်းမှာ တည်ငြိမ် အေးချမ်းမှု တွေပျက်ပြား အောင် အ မြဲ ကြိုးစား
နေကြတယ်။ သူတို့က မြန်မာ အစိုးရကို တပြိုင်တည်း လုပ်ကြံ နေကြတာ ဖြစ်ပါတယ်။”
ဟု အဆို ပါ ဒေသခံမှ ဆက်လက် ပြောပါသည်။
No comments:
Post a Comment