န.စ.က ကို ဖျက်သိမ်းလိုက်ပြီလို
့အစိုးရက တရားဝင်ကြေညာလိုက်ပါပြီ။ န.စ.က
မရှိတော့တဲ့အပေါ်မှာ လက်ငင်းကောင်းကျိုးကတော့ ကျွန်တော်တို့ ညီအကို
ရိုဟင်ဂျာမူဆလင်တွေ န.စ.က လက်ချက်နဲ့ သေဆုံးမှု မရှိတော့ပါဘူး။
ဒါပေမဲ့ဆိုးကျိုးကဘာဖြစ်လာနိုင်သလဲ၊ ဒါကိုကျွန်တော်တို့ သုံးသပ်ရပါ့မယ်။ အချို့ အချက် အလက်လေးတွေ ကို အတိုချုံးတင်ပြလိုက်ပါပြီ။
-RSO , အခြားဘင်္ဂလားဒေ့ရှ် ၊ အင်ဒိုစတဲ့လက်နက်ကိုင်တွေဟာ အခုပဲ ရခိုင်ကိုစစ်ခင်းတော့မယ့်ပုံစံ အစိုးရက သတင်းဖွမှုတွေကို ဒီတပတ်အတွင်းရှိလာပါတယ်။
-တဖက်မှာလဲ မူဆလင်တွေလက်နက်ကိုင် စစ်သင်တန်းတက်နေပြီဆိုပြီးတော့ ၀ါဒဖြန့် နေချိန်မှာ ၊ န.စ.ကကိုဖျက်သိမ်းပစ်တာ စဉ်းစားစရာပါ။
- န.စ.က မရှိတဲ့အတွက်တဖက်လည်း ရခိုင်သူပုန်များခေါင်းထောင်လာပြီး မူဆလင်များကို သတ်ဖြတ် လာနိုင်ပါတယ်။
- မူဆလင်လက်နက်ကိုင်နဲ့ ၊ ရခိုင်သူပုန်နဲ့ တိုက်ပွဲဖြစ်တာ ၊ အမဲအမဲ ချင်းတိုက်ပွဲဖြစ်တာ ၊ ကျွန်တော် အစိုးရနဲ့ ဘာမှမဆိုင်ဘူးဆိုပြီး ရခိုင်သူပုန်တွေနဲ့ လက်နက်မဲ့မူဆလင်တွေကို မူဆလင်လက်နက် ကိုင်တွေဟု စွပ်စွဲကာ သုတ်သင်နေမှုကို မသိချင်ယောင်ဆောင်ပြီး ရှောင်ထွက်ချင်တာများလား?
-ဘန်ကီးမွန်းရဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးဖို့ ပြောဆိုမှုနဲ့ နိုင်ငံတကာဖိအားကိုရှောင်လွဲဖို့ အတွက် မတတ်သာတဲ့အဆုံး ၊ တဖက်လက်နဲ့ ရိုဟင်ဂျာမူဆလင်တွေကို လူမျိုးသုဉ်းသတ်ဖြတ်တော့မှာလား?
-ဒါမှမဟုတ် န.စ.က မရှိတဲ့အတွက် တဖက်နိုင်ငံမှ ဘင်္ဂါလီများစက်လှေ ၊ လက်နက်အပြည့်နဲ့  ရခိုင်ပြည်နယ်ကို သိမ်းပိုက်ဖို့ လာနေပါပြီဆိုပြီးတော့ အဆင့်အတန်းမရှိတဲ့ ကလေးသာသာအဆင့်သာရှိတဲ့ ၀ါဒဖြန့် ပြီး မူဆလင်တွေကိုနှိပ်ကွပ်ဖို့ လား?
-ဒါမှ မဟုတ် .. တဖက်နိုင်ငံက အကြမ်းဖက်သမားအချို့ ဝင်လာပြီး ၊ ဘုရား ၊ စေတီတော်တခုခုကို ဗုံးခွဲသွားပါတယ်ဆိုပြီး စွပ်စွဲပြီး မြန်မာနိုင်ငံကို သွေးချောင်းစီးအောင်လုပ်တော့မှာလား?
-မကြာခင် ဦးသိန်းစိန်ပြည်ပခရီးစဉ်ရှိတယ်လို့ သိထားပါတယ်။ ဒါဟာ ကျွန်တော်တို့ မူဆလင်တွေအတွက် မီးနီပြခြင်း ၊ သတိပေးမီးတခုလဲဖြစ်ပါတယ်။
-၁၄၄ကြောင့် စစ်တပ်ရဲ့ ထိန်းသိမ်းမှုအောက် တဖြည်းဖြည်းရောက်နေပြီဆိုတာလဲ သတိထားဖို့ လိုပါတယ်။
-န.စ.က မရှိတော့တ့အတွက် ပြည်သူ့ စစ်ဆိုပြီး ၊ လူခန္ဒာကိုယ်နဲ့ ခွေးစရိုက်သာသာရှိတဲ့ရခိုင်တွေကို လုပ်ချင်တိုင်းလုပ်၊ကိုက်ချင်တိုင်းကိုက်ခွင့်များပေးတော့မှာလား?
-န.စ.က မရှိတော့တဲ့အတွက် ဘင်္ဂလီဗုဒ္ဓဘာသာတွေကို တပြွတ်လိုက်အမိမြေထဲခေါ်သွင်းလာမှာလား?
-ဒါမှမဟုတ် ဘင်္ဂလီတွေခိုးဝင်လာမှုကို ရခိုင်တွေက ကာကွယ်ပါတယ်ဆိုပြီး သတ်ဖြတ်မှုတွေ လွတ်လပ်စွာပေးမှာလား?
ဒါကြောင့် န.စ.က ကိုဖျက်သိမ်းခြင်းဟာလည်း တိုက်စစ်တခုအတွက် လည့်ကွက်တခုလည်းဖြစ် လာနိုင်တယ် ဆိုတာ ကျွန်တော်တို့ သတိချပ်ဖို့ လိုပါတယ်လို့  မူဆလင်အားလုံးကိုယ်စား အာဝါဒါးအဖွဲ့ မှ ဥာဏ်မှီသလောက် သတိပေးတင်ပြလိုက်ပါတယ်။

No comments:
Post a Comment