Sunday, February 3, 2013

ထိုင်း-မြန်မာ နယ်စပ်ဝင်ပေါက်ဂိတ်များတွင် ဆိုက်ရောက်ဗီဇာပေးရန်စီစဉ်

ရန်ကုန် ၊ ၃-၂-၂၀၁၃

ကမ္ဘာလှည့် ခရီးသွားများ အတွက် ထိုင်း - မြန်မာနယ်စပ် ဖြစ်သည့် ကော့သောင်း ၊ မြဝတီ နှင့် တာချီလိတ် နယ်စပ်ဂိတ် များကို တရား ဝင်ဂိတ်များ အဖြစ် ဆောင်ရွက်ကာ ဆိုက်ရောက် ဗီဇာအဖြစ် ဝင် - ထွက် နိုင်ရန် စီစဉ်လျက် ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောကြား ကြောင်းသိရသည်။

အဆိုပါ ဝင်ပေါက်များမှ ဝင်ရောက် လာသူ နိုင်ငံခြား ခရီးသွားများ အနေဖြင့် မိမိ အဆင်ပြေ လွယ်ကူရာ ဂိတ်များမှ ပြန်လည် ထွက်ခွာ နိုင်ကြောင်း ၊ e-Visa စနစ်ကိုလည်း ဘဏ်များ နှင့် ချိတ်ဆက် အကောင် အထည်ဖော် ညှိနှိုင်း ဆောင်ရွက် နေကြောင်း နှင့် ဝက်ဘ်ဆိုက် ထုတ်လွှင့်ရန်သာ ကျန်ရှိတော့ ကြောင်းကို ပြည်ထောင်စု ဝန်ကြီးက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ တွင်လည်း နိုင်ငံခြားသားများ နှစ်ရှည် နေထိုင်ခွင့် PR ( Permit Resident ) ကို သတ်မှတ်ချက် လေးချက် ဖြစ်သည့် နိုင်ငံတကာမှ အသိပညာရှင် ၊ အတတ် ပညာရှင်များ ၊ ရင်းနှီး မြှုပ်နှံသူများ ၊ နိုင်ငံသား ဟောင်းများ ၊ နိုင်ငံနှင့် သွေးစပ် သူများ စသည့် အချက်များနှင့် ကိုက်ညီ သူများကို လပိုင်း အတွင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ဧည့်သည် များသည် ရေကြောင်း နှင့် နယ်စပ်ဒေသ ဝင်ပေါက်ဂိတ် ၂၆ ခုနှင့် အပြည်ပြည် ဆိုင်ရာ လေဆိပ်များမှ နေ့စဉ် ခရီးသည် ၃၀၀၀ ခန့်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment