ကိုရီးယား ကျွန်းဆွယ်တွင်
တင်းမာမှု များ ဖြစ်
ပေါ်နေ စဉ် မေလအတွင်းက အမေရိကန် နိုင်ငံရှိ ကုလသမဂ္ဂ ဆိုင်ရာ မြောက်ကိုရီးယား ဒုတိယ သံအမတ်ကြီးနှင့် အမေရိကန် အရာရှိ တစ်ဦးတို့သည် လျှို့ဝှက်စွာ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ CNN သတင်း ဌာန၏ ဧပြီလ ၁ဝ ရက်နေ့ ဖော်ပြချက်အရ ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး ၆ နိုင်ငံ ဆွေးနွေးပွဲဆိုင်ရာ အမေရိကန် ကိုယ်စားလှယ် ကလစ် ဖော့ဟပ်သည် မြောက် ကိုရီးယား ဒုတိယ သံအမတ် ဟန်ဆောင်ရွိုင်နှင့် မတ်လ အလယ်ပိုင်း တွင် တွေ့ဆုံခဲ့ကြောင်း သိရှိ ရပါသည်။
အဆိုပါတွေ့ဆုံ ဆွေးနွေးစဉ်အတွင်း မြောက်ကိုရီးယား အနေဖြင့် ရန်စသော အပြုအမူ များအား ရှောင်ရှားရန် အမေရိကန် အရာရှိက တောင်းဆိုခဲ့ပြီး ၆ နိုင်ငံ ဆွေးနွေးပွဲ များသို့ ပြန်လည် ပါဝင်ရန်လည်း တိုက်တွန်း ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ဆွေးနွေးမှုအား မြောက်ကိုရီးယားနှင့် အမေရိကန် နိုင်ငံအကြား တိုက်ရိုက် ဆက်သွယ်မှု ပြုလုပ်နိုင်သည့် New York Channel ၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ အမေရိကန် အနေဖြင့် မြောက်ကိုရီးယား နှင့်ဆက်သွယ်ရန် လမ်းကြောင်း တစ်ခုရှိကြောင်းနှင့် အဆိုပါ လမ်းကြောင်းအား အကျိုးရှိရှိ အသုံးချ မည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ပြောရေးဆိုခွင့်ရ ဂျေးကာနေးလ် က ပြောကြားခဲ့ပါသည်။
http://www.myawady.com.mm/allnews/global/item/11411-2013-04-11-12-54-11

No comments:
Post a Comment