နေပြည်တော်၊ ဧပြီ ၉
၈-၄-၂၀၁၃ ရက်နေ့ ၀၈၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ်(၃၁၃/၄)နှင့် (၃၁၃/၅)ကြားတွင်
ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သီးကုန်းအမြန်လမ်းရဲစခန်းမှ
တပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးရာ ရန်ကုန်မှ မန္တလေးသို့ လားရှိုးမြို့၊
ရပ်ကွက်ကြီး(၁၂)၊ နယ်မြေ(၁၉)နေ အိုက်ယွန်(ခ) ချင်းဟောက်(၂၁)နှစ်
မောင်းနှင်လာသော ၇ခ/xxxx လိုက်ထရပ် အဖြူရောင်ယာဉ်သည်
တစ်ဘက်ယာဉ်ကြောသို့ကူးရန် ရုတ်တရက်ကွေ့စဉ် အနောက်မှ ၀မ်းတွင်းမြို့နယ်၊
သဖန်းကြီးရွာနေ စိန်သောင်း(၂၈)နှစ် မောင်းနှင်လာသည့် ၈ဈ/xxxx လိုက်ထရပ် အဖြူရောင်ယာဉ်နှင့်တိုက်မိခဲ့သည်။
ထိုသို့တိုက်မိသဖြင့် စိန်သောင်း၏ ယာမျက်ခုံး/ နားနောက်ပေါက်ပြဲဒဏ်ရာ၊ ၀ဲ/ယာလက်ကောက်ဝတ်ဖူးရောင်ပေါက်ပြဲဒဏ်ရာ၊
ယာခြေသလုံး ဖူးရောင်ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး
အိုက်ယွန်(ခ) ချင်းဟောက်တွင် နောက်ကျော နာကျင်ဒဏ်ရာနှင့်ယာဉ်ပေါ်ပါ ၎
ဦးတို့မှာ ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။
ယာဉ်တိုက်မှုကြောင့် ၈ဈ/xxxx
လိုက်ထရပ်ယာဉ်မှာ ရှေ့ခေါင်းခြမ်းကြေ ခန့်မှန်းတန်ဖိုး
ငွေ ကျပ်(၁၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ၇ခ/xxxx လိုက်ထရပ်ယာဉ်မှာ
ဂီယာအုံပြုတ်၊ ဘော်ဒီဝဲဘက်ခြမ်း ပိန်ချိုင့်၊ ခန့်မှန်းတန်ဖိုး
ငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ
ယာဉ်မောင်း အိုက်ယွန်(ခ) ချင်းဟောက်အား သီးကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)
၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိသည်။
ZinYawNews
No comments:
Post a Comment