Wednesday, March 13, 2013

၂၀၁၃ အကောင်းဆုံး စမတ်ဖုန်းဆု Samsung Galaxy S3 ဆွတ်ခူး

စပိန်နိုင်ငံ ၊ ဘာစီလိုနာတွင် ကျင်းပလျှက်ရှိသော ၂၀၁၃ မိုဘိုင်းဖုန်း ညီလာခံတွင် တစ်နှစ်တာ အတွက် အကောင်းဆုံး စမတ်ဆုကို Samsung Galaxy S3 က Apple iPhone၊ HTC Droid DNA၊ Nokia Lumia 920နှင့် Samsung Galaxy Note II စသည့် အကောင်းဆုံး ထုတ်ကုန်တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူး ရယူနိုင်ခဲ့သည်။ ၄င်းသည် Samsungမှ ရရှိခဲ့သော အဓိက ဆုကြီး (၄) ခုအနက် တစ်ခုဖြစ်ပြီး၊ Appleသည် နှိုင်းယှဉ်ပြစရာ ဆုမရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်က Samsung၏ S2 က iPhone 4sကို အနိုင်ပိုင်း နိုင်ခဲ့သည်ဟု သိရှိရသည်။ Samsungက တစ်နှစ်တာ၏ ကုန်ပစ္စည်း ထုတ်လုပ်သူ ဖြစ်ခဲ့ပြီး၊ Appleက Tablet အမျိုးအစား ပိုင်းတွင်သာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် ဈေးကွက်ဝင် Entry Level/ Feature Phone ကဏ္ဍတွင် Nokia၏ Ashaက အခြား Nokia ဖုန်းများနှင့် Samsung C3312တို့ကို ကျော်လွန်ကာ ရွေးချယ် ခံခဲ့ရပြီး Tablet ပြိုင်ပွဲတွင်မူ Google၏ Nexus 7က အနိုင်ပိုင်း ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment