ပြီးခဲ့တဲ့ တနင်္လာနေ့ (၂၈ ဇွန်န၀ါရီ ၂၀၁၃) က အီရန် နိုင်ငံ ရဲ့ အာကာသ အေဂျင်စီက ဒုံးကျည်အား နဲ့ မြေပြင်အထက် (၇၅)မိုင်အကွာ အာကာသ ပတ်လမ်းကြောင်းတစ်ခုပေါ်ကို မျောက်တစ်ကောင် တင်ပို့နိုင်ခဲ့ပြီး အဲဒီမျောက်ဟာ ကျန်းကျန်းမာမာနဲ့ မြေပြင်ပေါ်ကို ပြန်လည်ရောက်ရှိလာခဲ့တယ် ဆိုပြီး အီရန်ရဲ့ နိုင်ငံပိုင်သတင်းဌာန တွေက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီမျောက်ရဲ့ အာကာသမသွားမီပုံနဲ့ မြေပြင်ကို ပြန်ရောက်ပြီးပုံတွေ မှာ ရုပ်ရည်ရူပကာ အနည်းငယ် ကွာခြားနေတဲ့အတွက် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။
မသွားခင်က ဓါတ်ပုံမှာ ဖော်ပြထားတဲ့မျောက်မှာ ညာဘက် မျက်ခုံးပေါ်မှာ မှဲ့နီကြီးတစ်လုံး ပါရှိတယ်။ ပြန်ရောက်တယ်ဆိုပြီး သတင်းဌာနတွေကို တင်ပြတဲ့မျောက်မှာ အဲဒီမှဲ့နီပျောက်နေတဲ့အပြင် အမွှေးအမျှင် တွေရဲ့ အရောင်အသွေးကလည်း အနည်းငယ်ကွာခြားနေပါတယ်။
ဒါတွေကို မီဒီယာတွေက ထောက်ပြပြီးတဲ့နောက်ပိုင်းမှာ အီရန် အာကာသအေဂျင်စီ ရဲ့ အကြီးအကဲ Mohammad Ebrahimi က အေပီသတင်းဌာနနဲ့ အင်တာဗျူးမှာ ရှင်းပြတာကတော့၊ အာကာသခရီးစဉ်မှာ ပါဝင်တဲ့မျောက် သေသွားခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းဆိုသွားခဲ့တယ်။ သူ့ရဲ့ အဆိုအရ မသွားမီပုံမှာ ခရီးသွားဖို့အတွက် လေ့ကျင့်ထားတဲ့မျောက် ငါးကောင်မှာ တည်တည်ငြိမ်ငြိမ်ဖြစ်နေတဲ့ အကောင် (မှဲ့နီရှိတဲ့အကောင်)ကို မီဒီယာ ဓါတ်ပုံအတွက် ပြသခဲ့တာဖြစ်ပြီး တကယ်လိုက်ပါသွားခဲ့တဲ့အကောင်ကို
မိမိတို့ရဲ့ ညူကလီယား အစီအစဉ်တွေဟာ ငြိမ်းချမ်းစွာ အသုံးပြုဖို့ဖြစ်တယ်လို့ အမြဲပြောရင်းကနေ ဒီကိစ္စကို အကြောင်းပြုပြီး နိုင်ငံတကာနဲ့ ခွန်းကြီးခွန်းငယ်စကားများရလေ့ရ
ရခိုင်ပြည်ထဲက ဘင်္ဂါလီခိုးဝင် ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့တဲ့ပစ္စည်းတွေကို အီရန် လခြမ်းနီအသင်း နာမည်နဲ့ မြန်မာနိုင်ငံ နေပြည်တော် လေဆိပ်ကနေ တစ်ဆင့်ပို့ဆောင်ပေးဖူးပါတယ်။ အဲသည် ပစ္စည်းတွေမှာ လက်နက်နဲ့ အန္တရယ်ဖြစ်စေတဲ့ပစ္စည်းတွေ ပါမပါ စစ်ဆေးမှု ရှိမရှိကို မြန်မာအစိုးရ အနေနဲ့ အများပြည်သူသိအောင် ထုတ်ပြန်ပေးမှု မရှိသေးပါဘူး။
============================
ဝဲဘက်ပုံများ - မသွားမီက အီရန်မျောက်၏ ပုံများ
ယာဘက်ပုံများ - သွားပြီးပြန်လာသည်ဆိုသော အီရန်မျောက်၏ ပုံများ
No comments:
Post a Comment