Tuesday, February 5, 2013

The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာ တိုက်ခိုက်ခံရ


Anonymous Myanmar ဟု အဖွဲ့တဖွဲမှ ပြည်တွင်း ထိပ်တန်းမီဒီယာတခုဖြစ်တဲ့ The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာကို တိုက်ခိုက်ပြီး ၄င်းတို့ အဖွဲရဲ့ ဓါတ်ပုံကို Cover Photo အဖြစ်တင်ထား တာကိုတွေ့ ရပါတယ်။

The Voice Weekly ဂျာနယ်ရဲ့ FaceBook စာမျက်နှာကို Like လုပ်ထားသူပေါင်း 102,634 ရှိပြီး ၄င်းတို့ရဲ့ အက်ဒမင်အကောင့်တွေအားလုံး ဖြုတ်ချခံထားရကြောင်းကို ပေါ်ပြူလာ ဂျာနယ်ရဲ့ FB စာမျက်နှာမှ တဆင့် အောက်ပါအတိုင်း အသိပေးကြေငြာခဲ့ပါတယ်။

လူမှုရေးစာမျက်နှာ The Voice Weekly Facebook account လောလောဆယ် အနှောက်အယှက် Hack ခံနေရပါတယ်။ ဒီကာလအတွင်းမှာ Admin account အားလုံးကို ဖြုတ်ချထားပါတယ်။ အနှောက်အယှက် ခံနေရတဲ့ ကာလအတွင်း The Voice Weekly နာမည်နဲ့ တင်သမျှအားလုံး ကျွန်တော်တို့ တင်တာမဟုတ် တဲ့အကြောင်း လူမှုရေးကွန်ရက်အသုံးပြုသူအားလုံးကို လေးလေး စားစား အသိပေး အကြောင်းကြား အပ်ပါတယ်။
(The Voice Weekly ၀ိုင်းတော်သားများ။)

No comments:

Post a Comment