Monday, 04 February 2013
မြန်မာသို့ လာရောက်သမျှတွင် အကြီးဆုံးဖြစ်သော ဂျပန်၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် ကိုင်ဒန်ရန် Keidanren အမည်ရ အဖွဲ့ တစ်ဖွဲ့ သည် ယနေ့ တနင်္လာနေ့မှ စ၍ မြန်မာနှင့်ကမ္ဘောဒီးယားနိုင်ငံ များ သို့ စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများ ဆွေးနွေးရန် ခရီးထွက်ခွာသွားကြောင်းသိရသည်။
ဂျပန်စီးပွားရေးလုပ်ငန်းအသင်းချုပ် Japan Business Federation ၏ ဥက္ကဌဋ္ဌ ဟီရိုမာဆာ ယိုနီကူရာက ယင်းအဖွဲ့ကို ခေါင်းဆောင်မည်ဖြစ်ပြီး မြန်မာနှင့် ကမ္ဘေဒီးယားမှ အဆင့်မြင့်အရာရှိကြီးများနှင့်
တွေ့ ဆုံဆွေးနွေးခြင်းဖြင့် ဂျပန်ကုမ္ပဏီများအတွက် အခွင့်အလမ်းများ ရလာမည် ဟု မျှော်လင့်ကြောင်း ပြော ကြားသည်။
ဂျပန်စီးပွားရေးလုပ်ငန်းအသင်းချုပ်သည် မြန်မာတွင် အစိုးရနှင့် တရားဝင်ရင်းနှီးမြုပ်နှံမှု စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးပြီးနိုင်ငံတွင်း၌ ဂျပန် ကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းများကို ကာကွယ်ပေးနီုင်မည် ဟု မျှော်လင့်ထားသည်။ ထို့ အပြင် အဖွဲ့ ချုပ်သည် ဂျပန်ကုမ္ပဏီများ၏ လုပ်ငန်း လုပ်ကိုင်မှုများကို ပိတ်ပင်ထားသည့် ဥပဒေတချို့ ဖြေလျှော့ပေးရေးနှင့် တိုင်းပြည်၏ အခြေခံအဆောက်အအုံ ဖွံ့ ဖြိုးရေး အတွက် စီမံကိန်းများတင်ပြသွားမည်ဟု သိရသည်။
ယခု ဂျပန်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ သည် ဂျပန်စီးပွားရေး
လုပ်ငန်းအသင်းချုပ်၏ ထိပ်တန်း အဖွဲ့ ဝင် ၂၀ အပါအဝင် လိုက်ပါသူအဖွဲ့ဝင်
ပေါင်း ၁၄၀ ရှိပြီး မြန်မာသို့ လာရောက်သမျှတွင် အကြီှးဆုံးကိုယ်စားလှယ် အဖွဲ့ ဖြစ်သည်ဟု သိရသည်။
Xinhua
The Myanma Age
No comments:
Post a Comment