Thursday, April 4, 2013

မြန်မာပြည်သူတစ်ဦး၏ ခံစားချက် (၁၀) "အဓိက တရားခံ"

ရေးသူ- မားဆိုး

ဒီင်္မီးလောင်မှု ကလေး ၁၃ ယောက် သေဆုံးမှု ရဲ့ အဓိက တရားခံကို ကျနော်သိပါတယ်။
post ဆုံးအောင်ဖတ်ယင် တရားခံကို သိမယ်ဗျာ။

ကုလားတွေအများစုဆီမှာ ဗုဒ္ဒ္ဓဘာသာဝင်တွေအပေါ်ကို သံသယ ရှိကြတာချည်ဲးဘဲ ။
(မုန်းတီးမှု လို့ မဆိုလိုပါ၊ သံသယကို ပြောနေတာပါ) အနည်းနဲ့ အများဘဲ ကွာလိမ့်မယ် ။ အထူးသဖြင့် ပြည်မက မွတ်ဆလင်တွေပေါ့ဗျာ။ ခံရပေါင်း များနေတော့လည်း သံသယထားကြတာ အမှားမဆိုသာဘူး။ ဘယ်အချိန် ငါတို့ကို ဆော်ပလော်တီးမလဲဟဲ့ ၊ ငါ့အိမ် ဘယိချိန် မီးကွင်းပစ်မလဲဟဲ့ ဆိုပြီး တထိတ်ထိတ်နဲ့နေရတာဗျ။ အခုခေတ်လို ဖွဘ်ုတ်ဘာညာ ဆိုရှယ်နက်ဝခ်တွေပေါ် သတင်းတွေ အလုအယက်တက်နေလို့ ဘယ်မှာ ဘာဖြစ်နေကြောင်း ကျနော်တို့ သိရတာ။ အယင် စစ်ဖိနပ်အောက် တောက်လျှောက် သတင်းအမှောင်ချထားခံရတာလေ။ တဆင့်စကား တဆင့်နားဘဲ ကြားရတာချည်းရယ်။ အခုလို အခြေအနေတွေမှာ..နှစ်ဘက် အသိုင်းအဝိုင်းကြား သံသယတွေ ပိုကြီးင်္ထွားလာပြီဆိုတာ ကျနော် ယုံတယ်။ ကျနော့်လို အစွဲအလန်းမရှိတဲ့ လစ်ဘရယ်ယောင်ယောင် ဘာယောင်ယောင်ကောင်တောင် ကြောက်နေရပြီ။

ကျနော့်အခန်းကို နေ့တိုင်းလာလည်တဲ့ ---သား မိတ်ဆွေတစ်ယောက်ရှိတယ်ဗျာ။ ဟိုးတခါ ---ပလီကို ဘုန်းကြီးတွေ ဝင်ဖျတ်ဆီးတော့ သူလည်းရှိတယ်။ အဲ့တုန်းက ဘုန်းကြီးတွေ ဖျတ်ဆီးသမျှ လုပ်သမျှကို ဘာမှမတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေခဲ့ရတယ်။ ဒီတော့ သူ့မှာ ဆိုက်ကိုဝင်ပြီ။ ကျနော့်ဆီလာလည်တိုင်း hate speech တွေနဲ့ နား လာလာဝိုက်တော့ ကျနော် တင်းတယ်။ ကျနော် မကြိုက်ဘူး။ နားလည်းမထောင်ချင်ဘူး။ ပြီးတော့ ကျောက်ဆည်ကေ့စ်၊ တောင်ငုူ မန်းလေးကေ့စ်တွေ စသဖြင့် ဖြစ်လိုက်ယင် ခံလိုက်ရတာက ကုလားချည်းဘဲဆိုတော့ ဘယ်သူတွေက (ဘယ်လို လစ်ဘရယ်သမားပါဆိုတဲ့ ကုလားက) ဘယ်အတိုင်းအတာထိ သည်းခံနိုင်ကြမှာလဲဗျာ။

ဒီလို အကြမ်းဖက်တဲ့လုပ်ရပ်တွေဟာ သာမန်လူတန်းစားကိုပါ အစွန်းမရောက်ရောက်အောင် တွန်းပို့ပေးလိုက်သလိုမျိုး၊ အမုန်းမျိုးစေ့ ချပေးလိုက်သလိုမျိုး ဖြစ်သွားတယ်ဗျာ။ အခုဖြစ်ခဲ့တဲ့ကေ့စ်တွေကို အဓိကရုဏ်းလို့ ကျနော်လည်း မယူဆဘူး။ ဒါ အကြမ်းဖက်မှုဘဲ။

တချို့တွေ စွပ်စွဲသလို ကုလားပလီတွေအထဲမှာ အက်ဆစ်ထုပ်တွေ အသင့်ဆောင်ထားတယ် ဘာညာ ပြောကြတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ဖွယ်ရှိပါတယ်။ သေခြာအောင် ရဲအဖွဲ့စုံစမ်းပေါ့။ကိုယ့် ဦးခိုက်ရာ အမြတ်တနိုးနေရာတခုကိုလာဖျက်ဆီးမယ့် အန္တရာယ်အတွက် ကြိုတင်ကာကွယ်ထားတာဖြစ်ပေ မယ့် တရားတော့ မဝင်ဘူးပေါ့ဗျာ။ ။

ပလီတွေမှာ မြေအောက်ခန်းတွေ ဘာတွေ ရှိတယ် လက်နက်တွေ ဝှက်ထားတယ် စွပ်စွဲတာကိုတော့ ရိင်္ချင်တာဘဲ ။ ဗမာပြည်မှာ တာလီဘန်မရှိဘူး။ ဗမာပြည်ဟာလည်း အာဖဂန်မဟုတ်ဘူးလေ။ မန်းလေးမှာ ဦးမောင်တို့ခေါင်းဆောင်ပြီး သံဃာတော် ဆရာတော်ကြီးတွေကို ပလီတွေဆီလိုက်ပြ ရှင်းပြတာတော့ ကြားတယ်။

ဆိုတော့ .. ကလေး ၁၃ ယောက် သေတာ ဘာ့ကြောင့်လဲ သတ္တုချကြည့်ယင် “မယုံသင်္ကာမှု” ဘဲဗျာ။ ဒီ အသိုင်းအဝိုင်း ၂ ခုကြားမှာ တစ်ဘက်နဲ့ တစ်ဘက် အမြဲတမ်း သံသယနဲ့စောင့်ကြည့်နေကြတဲ့ အခြေအနေဆိုးကြီးကဘဲ ဒီဖြစ်ရပ်ရဲ့ တရားခံပါ။ ပလီကို ခံတပ်အသွင် ဆောင်ထားတယ်ချည်း အပြစ်ပြောနေယင် ပြောတဲ့ကောင် ရူးနေလို့သာဘဲဗျာ။ ဘာလို့ဆိုတော့.. ပလီရဲ့ လုံခြုံရေးအတွက် ဝင်ပေါက်ထွက်ပေါက်တွေကို ကန့်သတ်တာ လုံခြုံရေးမြှင့်တာတွေဟာ ကုလားတွေဘက်ကို ကိုယ်ချင်းစာပြီး ဝင်ကြည့်ကြပါ ။ ဒါ .. “သံသယ” အကျိုးဆက်ဘဲ။ ခုလို မီးရေးထင်းရေးဖြစ်တော့ ကလေးတွေခမျာ ထွက်ပေါက်မရှိဘဲ အရှင်လတ်လတ် မီးတိုက်ခံရရှာတယ်။

တစ်ဘက်နဲ့ တစ်ဘက် ငြိမ်းချမ်းေ၇းကို ရှေးရှုပြီး တရားဥပဒေအတွင်းကနေကြမယ်ဆိုရင်၊ခင်ဗျားတို့ကျုပ်တို့ ပြောပြောနေကျ ဗြမ္မစိုရ်တရားလေးပါးနဲ့ နေကြမယ်ဆိုရင်၊ရခိုင်နယ်စပ်ကေ့စ်နဲ့ ပြည်မနေ မူဆလင်တွေကို ရောထွေးမစဉ်းစားရင်၊ဘာသာခြားတွေဟာ တိုင်းတပါးက လူုမျိုးခြား၊ ဒို့တတွေသာ သည်မြေ သည်ရေ သည်စီးပွားရေးကို အချုပ်အခြာပိုင်တယ်ဆိုတဲ့ ၂၀ ရာစုအစောပိုင်း ဂျီစီဘီအေလက်သုံးစကား “အမျိုးသားအကျိုးစီးပွား” ရွှေမှုံဖြူးထားတဲ့ “ဝံသာပေါ” ဝါဒကြီးကိုသာ ကိုင်စွဲမထားရင်“အမျိုးပျောက်မှာစိုးကြောက်စရာ” လို လက်သိပ်ထိုး ဝါဒဖြန့်တဲ့ ဘူမသိကိုးမသိစွပ်စွဲ ချက်တွေကို နားမယောင်ရင်လူမျိုး/ကိုးကွယ်ရာ အစွဲမထားဘဲ civil rights ကို လေးစား တန်ဖိုးထားကြမယ်ဆိုရင်၊

ဟုတ်ကဲ့ ..
ကုလားတွေရဲ့ ပလီတွေ ညဘက်ဆို တံခါးဖွင့်အိပ်ကြပါလိမ့်မယ်
နောက်ထပ်လည်း အခုလို မီးလောင်ပြင်ထဲ လူမမယ်ကလေးတွေ ချောင်ပိတ်ပီး ခံရဖို့လည်း မရှိတော့ပါဘူး။

No comments:

Post a Comment