Friday, April 26, 2013

Samsung Galaxy S4 ဖုန်းအသစ် ရောင်းချရန် နှောင့်နှေးနေမှု အတွက် ပြစ်တင်ခံရခြင်း

Friday 26th April 2013

စမတ်ဖုန်း လောကတွင် နောက်ဆုံးပေါ် နည်းပညာများ ထည့်သွင်း အသုံးပြုထားသည့် အတွက် လူအများ၏ စိတ်ဝင်စားမှုကို ခံနေရပြီးမမျှော်မှန်းထားသည့် ၀ယ်လိုအား ရှိနေကြောင်း ၊ သို့သော် အမေရိကန် ဈေးကွက် သို့ ရောက်မလာသေးသည့် အတွက် Samsung ကုမ္ပဏီအား ပြစ်တင် ဝေဖန်ခြင်း များ ကြုံတွေ့နေရကြောင်း Samsung ကုမ္ပဏီမှ တာဝန်ရှိသူ Lee Don-Joo မှ ပြောကြားခဲ့သည်။

အမှာစာ လက်ခံထားသူများအား စတင် ရောင်းချရမည် ဖြစ်သော်လည်း အံ့သြစရာ ကောင်းလောက်အောင် ၀ယ်လိုအား များလာနေသည့်အတွက် ကမ္ဘာ့ အီလက်ထရောနစ် ဈေးကွက်ကြီး ဖြစ်သည့် ကိုးရီးယားနှင့် အမေရိကန် နိုင်ငံတို့တွင် ရောင်းချရန် နှောင့်နှေးနေရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မိုဘိုင်းဖုန်း ကိုင်ဆောင်သူများ၏ စိတ်ဝင်စားမှုကို ခံနေရသည့် Samsung Galaxy S4 အား ဧပြီလ(၂၄)ရက် နေ့တွင် သြစတြေးလျနိုင်ငံ ၊ ဆစ်ဒနီ အော်ပရာ ပြဇာတ်ရုံတွင် မိတ်ဆက် ရောင်းချခဲ့ပြီး ဖြစ်သည်။ နောက်ဆုံးပေါ် high-tech salvo နည်းပညာဖြင့် မျက်စိဖြင့် ထိန်းချုပ်နိုင်သည့် စနစ် ပါဝင်ပြီး ဗွီဒီယိုဖိုင်များအား မကြည့်တော့ပါက အလိုအလျောက် ရပ်နားပေးထားမည့် စနစ်လည်း ပါဝင်သည်။

No comments:

Post a Comment