Friday, April 26, 2013

ဘောပင် Scanner

26 April 2013 By ရိုးရာလေး

scannerပုံမှာ ပြထားတဲ့ ပစ္စည်းက ရုပ်ရှင်တွေ ထဲမှာပဲ ရှိတာ မဟုတ်ပါဘူး။ တကယ့် အပြင်မှာလည်း ရှိပါတယ်။

ဘောလ်ပင်လို အသုံးပြုလို့ ရမယ်။ ပုံတွေ၊ စာတွေ Scan ဖတ်လို့ ရမယ်။ အသံဖမ်းစက်အနေနဲ့ အသုံးပြုလို့ရမယ်။ ဒါဆိုရင် အတော်လေး စုံနေပါပြီ။ 5 Mega pixel နဲ့ မှန်ဘီးလူးတပ် ကင်မရာ ပါပြီး သူ Scan ဖတ်ချင်တဲ့ နေရာကို ပုံမှာ ပြထားတဲ့ အတိုင်း လေဆာနဲ့ အရင်အနားသပ် ပေးပါတယ်။

1GB flash Memory ပါရှိပြီး JPEG ပုံ တစ်ထောင်လောက်ကတော့ ဆံ့ ပါတယ်။ ဘက်ထရီတစ်ခါအားသွင်းထားရင်လည်း အကြာကြီး အသုံးခံ ပါတယ်။ သူ့ရဲ့  လုပ်ဆောင်နိုင်တဲ့ Function တွေနဲ့တင် အတော်လေး ကောင်းတဲ့ အိုင်တီ Gadget ဖြစ်ကြောင်း သိသာနေပါပြီ။

ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၀ ဝန်းကျင်ထဲ ရှိပြီး အမေဇုန် အွန်လိုင်းစတိုးကနေ ရောင်းချပေးလျက် ရှိကြောင်း သိရပါတယ်။
--
Ref: techblog
ရိုးရာလေး နည်းပညာ

No comments:

Post a Comment