Thursday, August 29, 2013

စက်မှုဇုန်မြေကွက်များ မြေကွက်တန်ဖိုး အကျေ မပေးသွင်းပါက ဝယ်ယူခွင့် ပယ်ဖျက်မည်၊ စက်မှုဇုန်မြေကွက်များ ဝယ်ယူထားပြီး (၃)နှစ်အတွကင်း အကောင်အထည် ဖော်ခြင်း မရှိပါက ပြန်လည်သိမ်းယူနိုင်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်မြေကွက် ရယူထားသူများအား မြေကွက်တန်ဖိုး အကျေမပေးသွင်းပါက ၀ယ်ယူခွင့် ပယ်ဖျက်မည်ဖြစ်ပြီး ပေးသွင်းထားသည့်ငွေများ ပြန်အမ်းပေး မည် ဖြစ်ကြောင်းလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဇူလိုင်လ အတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ထူထောင်ပြီး စက်မှုဇုန်များ၌ မြေကွက်တန်ဖိုး အကျေမပေးသွင်းထား သည့် မြေကွက်များနှင့် ၀ယ်ယူပြီး မည်သည့်စက်မှုလုပ်ငန်းမှ မတည်ထောင်သော မြေကွက်အများအပြား ရှိကြောင်းနှင့် စက်မှုဇုန်မြေကွက်များ အဆမတန် မြင့်မားမှုကြောင့် အမှန်တကယ် စက်မှုလုပ်ငန်း တည်ထောင်လိုသော ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ အခက်အခဲ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင် လုပ်ငန်းလည်ပတ်မှု မရှိသည့် စက်မှုဇုန်များ များပြားနေသဖြင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်မြေများ ရယူထားပြီး သုံးနှစ်အတွင်း အကောင်အထည် ဖော်ဆောင်မှု မရှိပါက တည်ဆဲဥပဒေအရ စက်ရုံ၊ အလုပ်ရုံ တည်ထောင်ထားမှု မရှိသည့် စက်မှုဇုန်မြေကွက်များကို ပြန်လည်သိမ်းယူနိုင်ကြောင်း လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန် စီမံခန့်ခွဲရေးရုံးတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များမှ စက်မှုလုပ်ငန်းရှင်များနှင့် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းတို့ မတ်လအတွင်း တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်းလည်း သိရသည်။

No comments:

Post a Comment