Friday, February 8, 2013

Eleven Media Group ၏ အင်တာနက် စာမျက်နှာအား နာမည်ကျော် BHG ဟက်ဟာ အဖွဲ့မှ တိုက်ခိုက်သွားခဲ့

လွန်ခဲ့တဲ့ နာရီပိုင်းက အလဲဗင်းမီဒီယာဂရုကို BHG ဟက်ကာ အဖွဲ့မှ သိမ်းပိုက် တိုက်ခိုက်သွားခဲ့ပါတယ်။ Blink Hacker Group အဖွဲ့မှာ မြန်မာ့အိုင်တီလောကရဲ့ ပထမဆုံးသော ဟက်ကာအဖွဲ့ဖြစ်ခဲ့ပြီး လက်ရှိသမ္မတဦးသိန်းစိန် ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် သွားရောက် ဖွင့်လှစ်ပေးခဲ့သော ရတနာပုံ အမျိုးသားအဆင့် web portal အား တိုက်ခိုက်မှုအပြီး နာမည်ရလာခဲ့သော အဖွဲ့အစည်း ဖြစ်ပါတယ်။ ယင်းအဖွဲ့အား မြန်မာ့ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်များအပေါ် ထောက်ခံ၍
တရားဝင် ဖျက်သိမ်းခဲ့ပြီးဖြစ်သော်လည်း ရခိုင်ဖြစ်စဉ်များနောက်ပိုင်း ယင်းနာမည်ဖြင့် ပြန်လည် ပေါ်ပေါက် လာခဲ့သော်လည်း တရားဝင် သုံးစွဲမှု မပြုခဲ့ဘဲ ယခု EMG စာမျက်နှာအား တိုက်ခိုက်မှုတွင် BHG နာမည်အား တရားဝင် ပြန်လည်သုံးစွဲ၍ တိုက်ခိုက်ခဲ့ခြင်းအပေါ် သုံးသပ်နိုင်ရန် စောင့်စား ရအုံးမည် ဖြစ်ပါတယ်။

ယခု တိုက်ခိုက်မှုအား မည်သည့် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း မသိရသေးသော်လည်း ယခင်ရက်သတ္တပါတ်များအတွင်းက EMG အနေဖြင့် ရင့်သီးသော စကားလုံးများဖြင့် သုံးနှုံး၍ ခြိမ်းခြောက်ခဲ့မှုအပေါ် ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူတချို့မှ သုံးသပ်ကြပါတယ်။

မကြာသေးမီကလည်း အင်တာနက်ပေါ်တွင် EMG မှ ဖေ့စ်ဘွက်စာမျက်နှာအား တိုက်ခိုက်ခံရသည်ဟု အထင်အမြင်လွဲမှားစေရန် ဓာတ်ပုံများ သုံးစွဲခဲ့ပြီး လူမျိုးရေးပြဿနာများအပေါ် တစ်ဖက်စောင်းနင်းဖြစ်ခဲ့ သည်ဟူသော ဝေဖန်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုကြောင့် မိမိတို့သတင်းများအပေါ် အယုံအကြည်မဲ့ လာ၍ ဂုဏ်သိက္ခာထိခိုက်ကျဆင်းခဲ့ရခြင်းများအပေါ် ပြန်လည် အဖတ်ဆည်လိုခြင်းကြောင့် အယောင်ဆောင် ထားသည်ဟူ၍ ဝေဖန်သည့် ဆောင်းပါးများ ပျံ့နှံ့ခဲ့ပေသည်။

No comments:

Post a Comment