Thursday, April 4, 2013

ပဲခူးမြို့ မြို့ပြ စီမံကိန်းများ အကောင်အထည်ဖော်မည်

ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ မြို့ရွာများ ဖွံ့ဖြိုး တိုးတက်စေရန် မြို့ပြ စီမံကိန်း အဆင့်အဆင့် ရေးဆွဲလျက် ရှိရာ ပဲခူးမြို့၏ Town Plan အား အိုးအိမ် ဦးစီးဌာနမှ ကျွမ်းကျင် ပညာရှင်များဖြင့် ရေးဆွဲခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြို့များ၏ လက်ရှိ အခြေအနေကို လေ့လာခြင်း၊ အနာဂတ် အလားအလာ များကို ဆန်းစစ် တွက်ချက်ခြင်း၊ ရေတိုရေရှည် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် မြို့ပြစီမံကိန်း ပုံစံများ ရေးဆွဲခြင်းတို့ ဆောင်ရွက်လျက် ရှိရာ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့အား ပထမ ဦးစားပေး ရေးဆွဲခဲ့ပြီး ခရိုင်ရုံးစိုက် မြို့များဖြစ်သော ပြည်မြို့ကို ဒုတိယ ဦးစားပေး၊ တောင်ငူ မြို့ကို တတိယ ဦးစားပေးနှင့် သာယာဝတီ မြို့ကို စတုတ္ထ ဦးစားပေး ဆောင်ရွက်မည် ဖြစ်သည်။

ယခုအခါ ပဲခူးမြို့ ဟံသာဝတီ လေယာဉ်ကွင်းပိုင် ဧရိယာ ၉၇၄၂ ဧကအတွင်း ကျူးကျော် နေထိုင်လျက်ရှိ သော အိမ်ထောင်စု ၄ဝ၉ စုအား ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး (၈)၊ မြေတိုင်းရပ်ကွက် (၂၄- သီးသန့်)၊ မြို့ပြ စီမံကိန်း (၂) လယ်မြေသို့ မဲနှိုက်စနစ်ဖြင့် မြေနေရာ ချထား ရွှေ့ပြောင်းပေးလျက် ရှိသည်။ ပဲခူးမြို့ရှောင် လမ်းအား တိုင်းဒေသကြီး ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ ယခုနှစ်အတွင်း အပိုင်းလိုက် စတင် ဖောက် လုပ်ရန် စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment