Friday, February 15, 2013

မြန်မာ့ နိုင်ငံရေး ပြောင်းလဲမှုများကို သတိနဲ့ ကြည့်ဖို့ အကဲခတ်များ သတိပေး

မြန်မာ့ နိုင်ငံရေး ပြောင်းလဲမှုများကို သတိနဲ့ ကြည့်ဖို့ အကဲခတ်များ သတိပေး
2013-02-14

အမေရိကန်နိုင်ငံအနေနဲ့ စစ်တပ်ကြောထောက်နောက်ခံ မြန်မာ အစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မူတွေ အားလုံးကို ရုပ်သိမ်းပေးလိုက်ရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအစီအစဉ်တွေဟာ နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်လို့ Amnesty international နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဝါရှင်တန်ရုံးအကြီးအကဲ Frank Jannuzi က သတိပေး ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မူတွေကို တဖြေးဖြေးချင်း ထိမ်းပြီးတော့ အပေးအယူလုပ် ဆောင်ရွက် သင့်တယ်လို့ အကြံပြုလိုပါကြောင်း မနေ့က ဝါရှင်တန်ဒီစီမြို့တော် ဟယ်ရီတိတ်ခ်ျ ဖေါင်ဒေးရှင် Heritage Foundation မှာပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ Mr Jannuzi က ပြောပါတယ်။

အခုအခါမှာ အမေရိကန်နိုင်ငံအနေနဲ့ ချမှတ်ထားတဲ့ ပိတ်ဆို့မူတွေကို တော်တော်များများ ဖြေလျော့ပေးလိုက်ပြီဖြစ်တာကြောင့် မြန်မာအစိုးရက ပြုပြင် ပြောင်းလဲမူတွေ ဆက်လုပ်သွားဖို့ ဘယ်လို အချက်တွေနဲ့များ အပေးအယူ လုပ်ကြမယ် ဆိုတာ မေးစရာ မေးခွန်းဖြစ်နေတယ်လို့ ပြောသွားပါတယ်။

အလားတူဘဲ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည်အဖွဲ့က ညွှန်ကြားရေးမှူး Tom Malinowski ကလည်း အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့မူတွေကို ဖြေလျော့ပေးတာဟာ မြန်မာအစိုးရကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆွဲဆောင်မူ ရှိပေမဲ့ တုံ့ပြန်ချက် ရလဒ်အဖြေကောင်းကောင်း တွေ့လာရမှ ဆုလဒ်အနေနဲ့ ပေးစရာရှိတာ ပေးသင့်ပါတယ် အချိန်ယူပြီး ဖြေးဖြေးချင်း ဆောင်ရွက်သင့်ပါတယ်လို့ ပြောသွားပါတယ်။

အေးချမ်းမွန်မှ  RFA Burmese တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်။

2013-02-14

အမေရိကန်နိုင်ငံအနေနဲ့ စစ်တပ်ကြောထောက်နောက်ခံ မြန်မာ အစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မူတွေ အားလုံးကို ရုပ်သိမ်းပေးလိုက်ရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအစီအစဉ်တွေ ဟာ နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်လို့ Amnesty international နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ဝါရှင်တန်ရုံးအကြီးအကဲ Frank Jannuzi က သတိပေး ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မူတွေကို တဖြေးဖြေးချင်း ထိမ်းပြီးတော့ အပေးအယူ လုပ် ဆောင် ရွက် သင့်တယ်လို့ အကြံပြုလိုပါကြောင်း မနေ့က ဝါရှင်တန်ဒီစီမြို့တော် ဟယ်ရီတိတ်ခ်ျ ဖေါင်ဒေး ရှင် Heritage Foundation မှာပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ Mr Jannuzi က ပြောပါတယ်။

အခုအခါမှာ အမေရိကန်နိုင်ငံအနေနဲ့ ချမှတ်ထားတဲ့ ပိတ်ဆို့မူတွေကို တော်တော်များ များ ဖြေလျော့ပေး လိုက်ပြီဖြစ်တာကြောင့် မြန်မာအစိုးရက ပြုပြင် ပြောင်းလဲမူတွေ ဆက်လုပ်သွားဖို့ ဘယ်လို အချက်တွေနဲ့များ အပေးအယူ လုပ်ကြမယ် ဆိုတာ မေးစရာ မေးခွန်းဖြစ်နေတယ်လို့ ပြောသွားပါတယ်။

အလားတူဘဲ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည်အဖွဲ့က ညွှန်ကြားရေးမှူး Tom Malinowski ကလည်း အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့မူတွေကို ဖြေလျော့ပေးတာဟာ မြန်မာအစိုးရကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ဆွဲဆောင်မူ ရှိပေမဲ့ တုံ့ပြန်ချက် ရလဒ်အဖြေကောင်းကောင်း တွေ့လာရမှ ဆုလဒ်အနေနဲ့ ပေးစရာရှိတာ ပေးသင့်ပါတယ် အချိန်ယူပြီး ဖြေးဖြေးချင်း ဆောင်ရွက်သင့်ပါတယ် လို့ ပြောသွားပါတယ်။

No comments:

Post a Comment