Friday, February 15, 2013

မြန်မာနိုင်ငံတွင် အီရန်သံရုံး မကြာမီ ဖွင့်လှစ်မည်။



မြန်မာနိုင်ငံတွင် အီရန်နိုင်ငံသံရုံး ဖွင့်လှစ်ရန် စီစဉ်နေပြီ ဖြစ်ကြောင်းအီရန် ပါလီမန်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးရာ မူဝါဒကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ Hossein Naqavi Hosseini မှ ပြောကြားကြောင်းကို Press TV သတင်း၌ ဖော်ပြထားပါသည်။

ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Mr. Hossein Kamalian နှင့် အီရန် ပါလီမန် အမတ်များပါဝင်သော အဖွဲ့ မြန်မာနိုင်ငံသို့ လည်ပတ်ပြီး ၄ ရက်အကြာတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

အီရန်သံအဖွဲ့သည် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားရာ နေရာများနှင့် ဒုက္ခသည် စခန်းများသို့ သွားရောက်ကြည့်ရှု့ခဲ့ကြသည်။
ရခိုင်ပြည်တွင် အကြမ်းဖက်ခံရသည် မွတ်စလင်မ် နှင့် ရခိုင် ဒုက္ခသည်များ အတွက် အီရန်နိုင်ငံက စားနပ်ရိက္ခာ အကူညီ ၂၄ တန် ကူညီထောက်ပံ့ခဲ့ပြီး ရခိုင်ပြည်နယ် ထူထောင်ရေးအတွက် နောက် ထပ် ဒေါ်လာ ၁၀ သန်း ကူညီသွားရန် အစီအစဉ်ရှိကြောင်းကို ပြည်နယ်အစိုးရနှင့် မွတ်စလင်မ်နှင့် ရခိုင်နှစ်ဘက်ကိုယ်စားလှယ်များ ပါဝင်တဲ့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ကြောင်းကို RFA သတင်းတပုဒ် တွင်ဖော်ပြထားသည်။

  

No comments:

Post a Comment