Thursday, November 15, 2012

ကျောက်နီမော်ရှိ အစ္စလာမ်ဘာသာဝင်တို့အား ၆ နာရီအတွင်း ရခိုင်အကြမ်းဖက်များ ၃ ကြိမ်တိုက်ခိုက်

ကျောက်နီမော်ရှိ အစ္စလာမ်ဘာသာဝင်တို့အား ၆ နာရီအတွင်း ရခိုင်အကြမ်းဖက်များ ၃ ကြိမ်တိုက်ခိုက်

သတင်း - SK ( မြန်မာမွတ်စလင်မ် မီဒီယာ - MMM )

ကျောက်နီမော်ကျေးရွာရှိ ကမန်တိုင်းရင်း အစ္စလာမ်ဘာသာဝင်များအား ALP တပ်ဖွဲ့ဝင် ရခိုင်အကြမ်းဖက်များနှင့် အခြားဒေသများမှ လူမျိုးရေးဝါဒီ ရခိုင်အကြမ်းဖက်များ စုပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် (၆)
နာရီအတွင်း (၃)ကြိမ်တိုင် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း ခမရ ၃၄၆ နှင့် ခလရ ၅၆၂ တို့၏ ခုခံကာကွယ်မှုကြောင့် ဖျက်ဆီးမရနိုင်ဘဲ ကျောက်နီမော်အနီး ကျောက်ထရံရွာသို့ ဆုတ်ခွာ တပ်စွဲထားကြောင်း ဒေသခံနှင့် တာဝန်ရှိသူအချို့က myanmarmuslim.net သို့ သတင်းပေးပို့သည်။

(ကျောက်နီမော်ကျေးရွာအား ယနေ့နံနက်ပိုင်းတွင် ရခိုင်အကြမ်းဖက်များ ၀င်ရောက်မည့် သတင်းကို နံနက် (၁း၃၀)နာရီ ခန့်ကပင် myanmarmuslim.net က ကျောက်နီးမော် အရေးပေါ်သတင်းအဖြစ် တင်ပြထားပြီး ဖြစ်သည်။)

"(၇)နာရီလောက်ကတည်းက ကျောက်နီမော် အနောက်ဘက် ကျောက်ထရံရွာမှာ လူစုတယ်၊ အင်အား (၃၀၀၀) ၀န်းကျင်ရှိတယ်၊ စစ်တပ်က ပစ်တယ်၊ ခလရ (၅၆၂)ဆိုရင် နံနက်အစောကြီးကတည်းက ရောက်လာပြီး အကာအကွယ်ပေးထားတယ်" ဟု ကျောက်နီမော်ရွာရှိ ကမန်တိုင်းရင်းတစ်ဦးက myanmarmuslim.net သို့ ပြောသည်။

ထို့ပြင် ယနေ့နံနက် (၉)နာရီတွင် ဟုံးဝရွာတွင် စုဝေးကြသည့် ရခိုင်အကြမ်းဖက်များသည် ကျောက်နီမော် ကျေးရွာရှိ ကမန်တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တို့အား အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်ရန် အင်အားအလုံးအရင်းဖြင့် ၀င်ရောက်အကြမ်းဖက်ရန် ကြိုးပမ်းသော်လည်း ယခင်ကာလများထက် ပိုများသည့် စစ်တပ်အင်အားကြောင့် အုပ်စုကွဲ ထွက်ပြေးရကြောင်း သိရသည်။

"ရခိုင်အကြမ်းဖက်သမားတွေထဲက ချောင်းဝရွာက ဟန်ထွန်းချေ ကို စစ်တပ်က သုတ်သင်လိုက်ရတယ်၊ ပြီးတော့ နောက်အကြမ်းဖက်သမားတစ်ယောက်ကတော့ ပေါင်ကို ကျည်ထိတယ်လို့ ကြားတယ်" ဟု တာဝန်သပြည်သူတစ်ဦးက myanmarmuslim.net သို့ ပြောသည်။

ထိုသို့ လုံခြုံရေး အထပ်ထပ်ကာရံထားသည့်ကြားမှ ကျောက်နီမော်ရွာ အတွင်းရှိ ချမ်းမြေ့ရိပ်ငြိမ် ရပ်ကွက်အား ရခိုင်အကြမ်းဖက် ALP တပ်ဖွဲ့ဝင် ရာဇာနေ၀င်းနှင့် ၀င်းဝင်းထွန်းတို့ ဦးဆောင်၍ နေ့လည် (၁၂း၃၀) အချိန်တွင် မီးကွင်းပစ်သဖြင့် ရခိုင်လူမျိုးများဖြင့် ဖွဲ့စည်းထားသည့် မီးသပ်တပ်ဖွဲ့ရောက်ရှိမလာပဲ အစ္စလာမ်ဘာသာဝင်များက ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရသည်။

"မီးကွင်းပစ်တဲ့ ရာဇာနေ၀င်းနဲ့ ၀င်းဝင်းထွန်းတို့ရဲ့ သက်သေခံပစ္စည်းတွေကို သိမ်းထားတယ်၊ အထောက်အထား အပြည့်အ၀ရှိတယ်" ဟု ကျောက်နီမော်ရှိ ကမန်တိုင်းရင်းသားတစ်ဦးက ပြောသည်။

မီးကွင်းပစ်ခံရသည့်အတွက် ချမ်းမြေ့ရိပ်ငြိမ် ရပ်ကွက်နေ ကမန်တိုင်းရင်းသား အစ္စလာမ်ဘာသာဝင် အညီ (ခ) ဦးကြွက်ချေ နှင့် ဦးအောင်ဝင်ချေ တို့၏ နေအိမ်ခေါင်မိုးများ ထက်ဝက်ကျော်ခန့် မီးလောင် ပျက်ဆီး ဆုံးရှုံးခဲ့ကြောင်းလည်း အထက်ပါပုဂ္ဂိုလ်ကပင်ပြောသည်။

ကျောက်နီမော်ကျေးရွာရှိ ကမန်တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များအား အမြစ်ပြတ်သုတ်သင် ချေမှုန်းရန်အတွက် အဓိက ဦးဆောင်ခဲ့သူများမှာ ရခိုင်အကြမ်းဖက် ALP တပ်ဖွဲ့ဝင်များအပါအ၀င် ကျောက်နီမော် စံပြရပ်ကွက်တွင်နေထိုင်သည့် ဦးညီပု (ခေါ်) အောင်မြတ်ဇော် (ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဆန်ခိုးထုတ် တင်ပို့သည့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ) တိုက်နေဆရာဝန် အောင်စစ်ထွန်း နှင့် ရယက စာရေး မြသောင်းတို့က ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ) ၏ ညွှန်ကြားချက် အတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် တပ်အင်အား များပြားနေသဖြင့် ဒေါက်တာအေးမောင်က ၎င်း၏လက်ပါးစေ အကြမ်းဖက် အုပ်စုများအား ခေတ္တခန့် တပ်ဆုတ်ရန် ညွှန်ကြားထားကြောင်း ခိုင်လုံသည့်သတင်းရပ်ကွက်မှ သိရသည်။

"ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာကိုက ALP က ၈၀ ရာခိုင်နှုန်း အနည်းဆုံး ပါဝင်ပတ်သတ်နေတယ်၊ တကယ်ပစ်တဲ့တပ်တွေဆိုရင် ပြည်နယ်ဝန်ကြီးရုံးအမိန့်နဲ့ အကြောင်းရှာပြီး ပြောင်းမှာလေ၊ ခမရ ၃၄၆ နဲ့ ခလရ ၅၆၂ တို့လည်း ဒီလိုပဲဖြစ်ဖို့ရှိတယ်၊ တပ်အင်အားကျမှ သူတို့က အလွယ်တကူဖျက်မှာ၊ အရင်အတိုင်းပဲပေါ့ဗျာ၊ ကျွန်တော်လို့လည်း စိတ်မကောင်းပါဘူး" ဟု အမည်မဖေါ်လိုသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့် ဆက်စပ်၍ ကျောက်နီမော် မြို့ခံတစ်ဦးကလည်း ယနေ့ညပိုင်းတွင် ကျောက်နီမော် ကျေးရွာရှိ အစ္စလာမ်ဘာသာဝင်တို့အား မီးရှို့လူသတ်မှုများကို အခိုင်အကြမ်းဖက်များ ပြုလုပ်နိုင်ဖွယ် ရှိသည်ဟု သုံးသပ်နေကြသည်။

No comments:

Post a Comment