အမေရိကန် သမ္မတကြီး အိုဘားမား- မြန်မာနိုင်ငံကို လာရောက်မယ့် ကိစ္စက
မျက်စိလည် လမ်းမှားပြီး လာခြင်း မဟုတ်၊ အာဆီယံ အစည်းအဝေးနဲ့
တိုက်ဆိုင်နေလို့ ခရီးသွားလမ်းကြုံ ၀င်ရောက် လည်ပတ်ခြင်းလည်း မဟုတ်
ရည်ရွယ်ချက် ရှိရှိနဲ့ သွားခြင်း ဖြစ်တယ် ဆိုတာတော့ မြန်မာ အစိုးရ
သိမယ်ထင်ပါတယ်။ (ဒီလောက်မှ မသိရင် လည်း အဲ့လောက် အသိတရား ခေါင်းပါးမှုနဲ့
နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်တွေ လုပ်မနေပါနဲ့တော့။)
သမ္မတကြီး
အိုဘားမားသွားမယ်၊ အီးယူ President သွားမယ်- ဆိုတာ၊ လွန်ခဲ့တဲ့ ၂ လလောက်
ကတည်းက ကျွန်တော်တို့ကို အသိပေးပြီးသားပါ။- အဲ့လို ခရီးမသွားမှီကာလ-၊
မွတ်ဆလင်များနဲ့ ကချင်ကိစ္စမှာ မြန်မာ အစိုးရနဲ့ အစိုးရရဲ့ လက်ကိုင်တုတ်
လူဆိုးလူမိုက် အကြမ်းဖက်ကောင်များ ဘယ်လို လိမ်တယ်၊ ဘယ်လို အကွက်ဆွဲထားတယ်၊
ဆိုတဲ့ နေ့စဉ် စနစ် ဇယားနဲ့ ဖြစ်စဉ် time line ကိုလည်း သမ္မတကြီးက အသေးစိတ်
သိပြီးသားပါ။ နောက်ထပ် ဘယ်လို လိမ်မယ် ဆိုတာများကိုလည်း သမ္မတကြီး သိပြီးသား
ဖြစ်နေတယ် ဆိုတာ တော့ - မျက်ကန်း အယူသည်း အစိုးရနဲ့ နောက်လိုက်များ
သိစေလိုပါတယ်။
(၁) ရခိုင်နယ်က ကိစ္စကို စကားစ မပေါ်အောင်
စကားလမ်းကြောင်းလွှဲမယ်။ (၂) ရခိုင်မျက်ကန်းပါတီနဲ့ အခြား
မျက်ကန်းအုပ်စုတွေကို ပူးပေါင်းပြီး မျက်ရည်ခံထိုး စကားပြောခိုင်းမယ်-
သို့မဟုတ် ဦးသိန်းစိန် အတွက် ရှေ့နေ လိုက်ခိုင်းမယ်။ (၃) မြန်မာနိုင်ငံထဲက
အစ္စလာမ်သာသနာ့ အဖွဲ့အစည်းက လူကြီးများကို ခေါ် “ဒါပဲ ပြောပါ” ဆိုတဲ့
အမိန့်နဲ့ “မွတ်ဆလင်များကို ကောင်းကောင်းမွန်မွန် ထားပါတယ်” လို့
ကြက်တူရွေး နှတ်တိုက် ရွတ်ခိုင်း မယ်၊” သို့မဟုတ် မွတ်ဆလင် လူကြီးများကို
ညှိမရ-ရင် အခြား အိန္ဒိယမျက်နှာနဲ့ လေးငါးယောက်လောက် မွေး ပြီး မွတ်ဆလင်
လူကြီးတွေပါလို့- လိမ်လည်ပြီး စကားပြောခိုင်းမယ်။ (၄) နောက်ဆုံး သမ္မတကြီး
အိုဘားမား ရှိ နေစဉ် သို့မဟုတ် ခရီးမရောက်မှီ သို့မဟုတ် ခရီးက အပြန်
မရှေးမနှောင်းမှာ တာလီဘန် ၀တ်စုံဝတ်တဲ့ တစ် ယောက် နှစ်ယောက်လောက်ကို
အမှိုက်ပုံမှာ ဗုံးခွဲခိုင်းမယ်။- ဒါတွေ အားလုံးကို ကျွန်တော်တို့နဲ့ အတူ
သမ္မတ ကြီး အိုဘားမား သိနေပြီးသားပါ။- သမ္မတကြီး အိုဘားမား လာရင်
မျက်ရည်ခံထိုးခိုင်းဘို့ အစ္စလာမ်သာသနာ က လူကြီးတွေကို ခေါ်ပြီး
နေပြည်တော်ထဲက ဘယ်တည်းခိုခန်းမှာ ထားမယ် ဆိုတာက အစ သိနေပြီးသားပါ။
ကမ္ဘာ့ခေါင်းဆောင်တွေကို ကတိတွေပေး ပြီးရင်လိမ်၊ မွတ်ဆလင်တွေကို
ဗြောင်တိုက်ကြီး သတ်၊ နှိပ်ကွပ်၊ သိမ်ငယ် အောင်လုပ်၊ စီးပွားရေးတွေ
ပိတ်ဆို့ ဒါတွေက နိတ္ထိတံရတော့မှာပါ။
သမ္မတကြီး အိုဘားမားကိုလည်း
ကတိတွေပေးဦးမယ်၊ မွတ်ဆလင်တွေကသာ အကြမ်းဖက်သူတွေ၊ နယ်မြေခွဲ ဘို့
ကြိုးစားသူတွေလို့ လုပ်ကြံဖန်တီး ပြောကြဦးမယ်။- ဒါတွေအားလုံးကို
သမ္မတကြီးကိုယ်တိုင် သိနေပြီးသား ပါ။ ဒီတော့ အရှက်မရှိ ဇွတ်လိမ်ရင်လည်း-
သမ္မတကြီး အိုဘားမားက လူကြီးလူကောင်းပီပီ နားနဲ့တော့ နား
ထောင်လာခဲ့မှာပေါ့--၊ ပြီးရင် ဘာတွေ ဖြစ်လာမလဲ စောင့်ကြည့်လိုက်ပါ။
သမ္မတကြီး အိုဘားမားရဲ့ ခရီးစဉ်ဟာ မြန်မာအစိုးရ အတွက် နောက်ဆုံးသော
အခွင့်အရေး ဆိုတာလောက်ပဲ သတိပေးလိုတယ်။-
(၁) ရခိုင်နယ်
ကျောက်နီမော်မှာ မွတ်ဆလင်တွေကို မုဒိန်းကောင်လို့ ဖြစ်အောင် သိက္ခာချ
ဖန်တီးတယ်။ တရားခံလို့ စွပ်စွဲခံရသူများကို နှတ်ပိတ်လိုက်တယ်။--
(၂) တောင်ကုတ်မြို့လည်မှာ မွတ်ဆလင်တွေကို အကြမ်းဖက် သတ်ဖြတ်တယ်၊ အစိုးရဘက်က
ရူးချင်ယောင် ဆောင်နေပြီး တရားခံတွေကို ဖမ်းမပေးဘဲ ထိန်ချန်ထားတယ်။-
(၃) ပထမ အကြိမ် ရခိုင်နယ်က မွတ်ဆလင်တွေကို သတ်တယ်၊ မောင်းထုတ်တယ်၊
မွတ်ဆလင်ပိုင် ရပ်ကွက် များကို မီးရှို့ပြီး- မြေတွေကို လုယူတယ်-။
အစိုးရကိုယ်တိုင်က မွတ်ဆလင်တွေဟာ ကျူးကျော်လာသူ နိုင်ငံခြား သားများလို့
စွပ်စွဲတယ်၊ တတိယနိုင်ငံကို ပို့ပစ်ရမယ်လို့ ကမ္ဘာမှာ တရားဝင်ပြောဆိုတယ်။
(၄) ဒီကိစ္စများကို စုံစမ်းစေဘို့ ကုလသမဂ္ဂကိုယ်တိုင်က တောင်းဆိုတယ်-၊ မြန်မာအစိုးရက လက်မခံဘဲ ကိုယ် ပိုင် ကော်မရှင်ဖွဲ့တယ်။
(၅) ဒီမတိုင်မှီ ကုလသမဂ္ဂ လူ့အခွင့်အရေး ခေါင်းဆောင် မစ္စတာ ကန်တားနားကို
မောင်းထုတ် ဆန္ဒပြပွဲတွေ လုပ်တယ်- သိက္ခာမဲ့တဲ့ အစိုးရက တမင်ကို
လွှတ်ပေးထားတယ်။
(၆) OIC က ကြားခံ ကမကထ ၀င်ရောက်ဆောင်ရွက်ပေးတယ်။
မတတ်သာလို့ ယာယီ ဆက်ဆံလိုက်တယ်၊ ပြီးတော့ ကုလညီလာခံမှာ မစ္စတာ ဘန်ကီမွန်းကို
မျက်ရည်ခံထိုးပြီး OIC ကို တောင်းပန်ခိုင်းတယ်။ (မြန်မာ မီဒီ ယာတွေက
စကားလုံးပြောင်းပြီး- ဘန်ကီမွန်းက OIC ကို သတိပေးတယ်လို့ လိမ်လည်ရေးသား
ဖေါ်ပြခဲ့တယ်။ တောင်းပန်တာ၊ မေတ္တာရပ်ခံတာနဲ့ သတိပေးတာ တစ်ခြားစီပါ၊)
စာမတတ်ပေမတတ်တဲ့ မြန်မာအစိုးရနဲ့ လူသတ်ဂိုဏ်းဘုန်းကြီးများ “ကုလက OIC ကို
မြန်မာကိစ္စ ၀င်မရှုပ်နဲ့လို့ သတိပေးလိုက်ပြီ၊” ဆိုလိုတာက ငါတို့ ဘက်က
ကုလသမဂ္ဂ ရှိတယ်၊ ဘန်ကီးမွန်းကိုယ်တိုင်က ဗုဒ္ဓဘာသာ ဖြစ်နေတယ်- ငါတို့ဘက်က
ထောက်ခံ နေတယ်လို့ ထင်မှတ်သွားတော့တယ်။)
ဒီမှာ သွေး နထင်
ရောက်သွားပြီး၊ လူသတ်ဂိုဏ်းဘုန်းကြီးများကို မြှောက်ပေးတယ်။ လူသတ်ဂိုဏ်း
ဘုန်းကြီးများ ဦးဆောင်ပြီး တစ်ပြည် လုံးမှာ OIC ဆန့်ကျင် ဆန္ဒပြခိုင်းတယ်၊
ဒီအတွက် ကုန်ကျစားရိတ်ကို အစိုးရက ပေး ခဲ့တယ်။ (ငါတို့ သိ သလောက်
တောင်ကုတ်၊ မြေပုံ၊ မာန်အောင် မြို့တွေကို ကုန်ကျစားရိတ် ကျပ် ၆ သိန်းစီ
ပေးခဲ့တယ်။)
(၇) ရခိုင်တစ်ပြည်လုံးရှိ မွတ်ဆလင်များကို အပြီးသတ်
သတ်ဖြတ် မီးရှို့ မောင်းထုတ်တော့တယ်။ ဒီလို ဖြစ်မယ် ဆိုတာ သတင်းတွေ
ကြိုတင်ရနေတယ်၊ အကာအကွယ်ပေးဘို့ နေပြည်တော်ထိ အကြောင်းကြားတယ်၊ လုံးဝ
မကာကွယ်ပေးတဲ့ အပြင် အောက်ခြေက ရဲတွေကို အကြမ်းဖက်နဲ့ ပူးပေါင်းပြီး
မွတ်ဆလင်များကို သတ်ဖြတ် မောင်းထုတ်ဘို့ စီစဉ်ပေးခဲ့တယ်။ နောက်ဆုံးတော့မှ
နေပြည်တော်က သမ္မတကြီး ဆိုသူ ကိုယ်တိုင်က ပြာသတ် တပ်တွေကို
လွှတ်လိုက်တော့တယ်။ (မီးလောင်ပြီးလို့ ပြာပုံ ဖြစ်မှ ပြာကို သတ်ဘို့
ဖွဲ့ထားတဲ့ တပ်တွေကို လွှတ် ပေးလိုက်တယ်။)
(၈) အပြစ်ရှိသူတွေကို
ဖမ်းဆီး အရေးယူပါမယ် အော်ဟစ်နေပြီး- မွတ်ဆလင်တွေကိုချည်း ဖမ်းဆီး ဒုက္ခပေးနေ
တယ်။ မွတ်ဆလင် မဟုတ်သူများက လက်နက်ကိုင်ကာ စစ်တပ်နဲ့ တိုက်ပွဲ
ဖြစ်နေတာကိုတောင် ဖုံးဖိထားပြီး- အဲ့ဒီ သူပုန်တွေက မွတ်ဆလင်တွေ ဖြစ်သယောင်
တိုင်းပြည်ကို လိမ်ထားတယ်။
တစ်ခုချင်း ပြန်လှန်မှာပါ။ ခုံရုံးမှာ
ရှင်းကြပေါ့။- မွတ်ဆလင်တွေက ဘာမှ ပြန်မလုပ်နိုင်ဘူး၊ OIC ကလည်း ဘာမှ
လုပ်နိုင်မှာ မဟုတ်ပါဘူး- ဆိုတဲ့ ဘ၀င်မြင့် လေဟပ်နေတဲ့ အသိတွေအတွက်
အကြီးအကျယ် နောင်တရစေ ပါမယ်။
ကျွန်တော်တို့
တိုင်းပြည်ပြိုကွဲမှာကို လုံးဝ မလိုလားပါ။ မြန်မာပြည်မှာ မွတ်ဆလင်နဲ့ ဗမာ
ဖြစ်တည်မှုက တူညီ နေတယ်။ တစ်တိုင်းပြည်လုံးရဲ့ ပြည်နယ်တိုင်း နေရာတိုင်းမှာ
ဗမာ ရှိတယ်၊ မွတ်ဆလင် ရှိတယ်။ မွတ်ဆလင် တွေက ရှမ်း၊ ကချင်၊ မွန်တို့လို
သီးခြား ဒေသနဲ့ နေထိုင်ခြင်း မဟုတ်ဘူး။ ဒါကြောင့် တိုင်းပြည်ပြိုကွဲမှာကို
မွတ်ဆလင်တွေဘက်က ပိုတောင် စိုးရိမ်ပါတယ်။ ဒါပေမယ့်-- မဟာဗမာ
လူမျိုးကြီးစိတ်ဝင်နေတဲ့ မျက်ကန်း လူသတ်ဂိုဏ်းကို ဦးထိပ်ပန်ဆင်နေတဲ့
လူတွေကတောင် ဒီမိုကရေစီကို မငဲ့ညှာရင်- ကျွန်တော်တို့ဘက်က ငဲ့ညှာနေစရာ
မလိုတော့ပါ။
မြန်မာစစ်တပ် ဘယ်လောက်ကြီးပါစေ- အဲ့ဒီ
စစ်တပ်ကိုယ်တိုင် ဘာမှ မလုပ်နိုင်တဲ့ နည်းတွေ အများကြီး ရှိနေ ပါတယ်။
ပညာတတ်တွေကို ဘယ်လက်နက်နဲ့မှ ဖိလို့ မရနိုင်ကြောင်း မကြာမှီ
သက်သေတည်ပါတော့မယ်။- ရှိသမျှသော တိုင်းရင်းသားများကိုလည်း အဲ့ဒီ နည်းတွေကို
ကျူရှင်သင်သလို သင်ပေးလိုက်မယ်။- အချိန်ပေး ထားတုံး မပြုပြင်ရင်-
နောက်ကျသွားသူတို့ရဲ့ တောင်းပန်မှု၊ မေတ္တာရပ်ခံမှု၊ ညှိနှိုင်းမှုများကို
လက်ခံတော့မှာ မဟုတ်ဘူး ဆိုတာလည်း ဆက်လက် သတိပေးလိုပါတယ်။
မျက်ကန်း
တစ္စေမကြောက်ဘူး ဆိုရင်လည်း သမ္မတကြီး အိုဘားမားကို ဇွတ်လိမ်ဘို့ ဆက်လက်
ပြင်ဆင်လိုက် ပါ။ ဒါဟာ နောက်ဆုံး အခွင့်အရေး တစ်ခုသာ ဖြစ်ပါမယ်။
------------------------
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
No comments:
Post a Comment