Friday, February 15, 2013

မင်းပြားမြို့နယ်တွင် ရိုဟင်ဂျာလူမျိုး(၆)ဦး အသတ်ခံရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ ပေါက်တောမြို့နယ်သို့ ၉.၂.၂၀၁၃ တွင် ဈေးဝယ်ရန် ထွက်ခွာသွားသော ရိုဟင်ဂျာ(၆)ဦးသည် ၁၁.၂.၂၀၁၃ နေ့တွင် စက်ကဲပြင်ကျေးရွာ အနီး၌ ရခိုင် အကြမ်းဖက်သမားတစ်စု၏ အကြမ်းဖက် သတ်ဖြတ်ခြင်း ခံရကြောင်း သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ ၂၀၁၂ ခု၊ အောက်တိုဘာလက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဒုတိယအကြိမ် အကြမ်းဖက်မှုများကြောင့် မင်းပြားမြို့နယ်ရှိ ရိုဟင်ဂျာလူမျိုးများ အိုးမဲ့အိမ်မဲ့ဘဝသို့ ရောက်ရှိသွားပြီး ဘက်ပေါင်းစုံတွင် ဒုက္ခမျိုးစုံနှင့်ကြုံတွေ့နေရသည့် အပြင် စားနပ်ရိက္ခာ အခက်ကြုံနေရသည်။

ထို့ကြောင့် မိမိ အသက်အန္တရာယ်ကိုပင် မငဲ့ကွက်နိုင်တော့ဘဲ မိသားစုဘဝ စားဝတ်နေရေးအ တွက် ဈေးဝယ်ရန် မင်းပြားမြို့နယ် နာဂါရာ (ခ) ဖောက်ဆဲဖာရွာမှ ရိုဟင်ဂျာ လူမျိုး(၇)ယောက်သည် ဟွန်ဒါစက်တပ်လှေငယ်ဖြင့် ပေါက်တောမြို့နယ်သို့ ဈေးဝယ်ရန် မင်းပြားမှ ၉.၂.၂၀၁၃ နေ့ ညနေ ၅း၀၀နာရီခန့်မှာ ထွက်ခွာခဲ့ကြောင်း၊ ယင်းသို့ ထွက်ခွာခဲ့ပြီးနောက် ၁၁.၂.၂၀၁၃ နေ့ မနက် ၄း၀၀ နာရီခန့်တွင် ပေါက်တောမြို့နယ်ရှိ ရိုဟင်ဂျာ လူမျိုးများနေထိုင်သော စစ်ကဲပြင်ကျေးရွာအနီး မရောက်မီ ရခိုင်လူမျိုးများ နေထိုင်သော ကြင်ရှင်ရွာမှ ရခိုင်အကြမ်းဖက်လူတစ်စုသည် ယင်းရိုဟင်ဂျာများ ၏ လှေငယ်နောက်သို့ မော်ဘုတ်ဖြင့် လိုက်လာပြီး ဓါးများနှင့် ခုတ်ကြောင်း၊ ယင်းသို့ ဓါးဖြင့် လိုက်လံခုတ်မှုကြောင့် ဟွန်ဒါစက်လှေငယ်ပေါ်ရှိ ရိုဟင်ဂျာလူမျိုး(၇)ယောက်မှ မပြေးနိုင်ဘဲ အကြမ်းဖက် သမားတစ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း၊ ထိုသို့အဖမ်းခံနေရစဉ်တွင်ပင် ကိုဟာဘီအာလာမ် (ဘ) ဦးမာဘူး (၃၅)နှစ်သည် စွန့်စားပြီး ရေထဲခုန်ဆင်း၍ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ ကျန်သော ရိုဟင်ဂျာ(၆)ယောက်မှာမူ ရခိုင် အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှု ခံလိုက်ရကြောင်းသိရသည်။

ထိုထွက်ပြေးလွတ်မြောက်လာသော ကိုဟာဘီအလာမ်က အနီးအနားရှိ လုံခြုံရေးစစ်တပ်ကို အချိန်မီ သတင်းပေးပို့ခဲ့သော်လည်း စစ်တပ်မှအချိန်မီ သွားရောက် အရေးယူမှု မရှိကြောင်းနှင့် အသက်ဘေးမှ လွတ်မြောက်လာသူ ကိုဟာဘီးအာလာမ်ကိုလည်း ယခုအခါ စစ်တပ်မှ ဖမ်းဆီးထားကြောင်းသိရသည်။

ရခိုင်အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံရသော ရိုဟင်ဂျာ(၆)ယောက်မှာ
(၁) နာဂါရာရွာမှ နူရုလ်အာမိန့် (ဘ) နူရ်ဆော်လာမ် အသက်(၃၀)၊
(၂) နဂါရွာမှ အဒူကာဒိရ် (ဘ) အီမာန်ဟူဆန် အသက်(၁၈)နှစ်၊
(၃) လက်မရွာမှ အဒူမာဘူ (ဘ) ဒိလ်မိုဟာမာတ် အသက်(၃၀)နှစ်၊
(၄) ဘေလာလ် (ဘ)နော်ဘီဟူဆာန် အသက်(၁၈)နှစ်
(၅)မော်နီအမာတ် (ဘ)ဂျော်လာလ်အမာတ် အသက်(၂၂)နှစ်၊
(၆) ချော်ဘူလ္လာ (ဘ) မိုဟာမာတ်ဟူဆာန် အသက်(၂၈)နှစ် တို့ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment