Showing posts with label ရိုဟင်ဂျာသတင်း. Show all posts
Showing posts with label ရိုဟင်ဂျာသတင်း. Show all posts

Friday, January 24, 2014

The United Nations has urged Myanmar to investigate recent killings of Rohingya Muslims in Rakhine state

 23.1.2014

On Thursday, the United Nations expressed concern over the growing levels of violence in Myanmar, saying at least 48 Muslims were killed when Buddhist mobs attacked Du Chee Yar Tan village in western Myanmar earlier this month.
UN High Commissioner for Human Rights Navi Pillay said, "I deplore the loss of life in Du Chee Yar Tan and call on the authorities to carry out a full, prompt and impartial investigation and ensure that victims and their families receive justice."
"By responding to these incidents quickly and decisively, the government has an opportunity to show transparency and accountability, which will strengthen democracy and the rule of law in Myanmar," she added.
Tensions have mounted in the region since last month, when monks from a Buddhist extremist movement gave sermons in the area, advocating the removal of all Rohingya Muslims, who comprise 90 percent of the population in the western state of Rakhine.
Myanmar’s government refuses to recognize Rohingya Muslims as citizens and labels them as “illegal” immigrants.
Rohingya Muslims have been denied citizenship since a new citizenship law was enacted in 1982.
Violence originally targeted Rohingya Muslims in western Myanmar, and then spread to other parts of the country, where Muslims who have been granted citizenship are also being attacked.
The Myanmar government has so far refused to release the stateless Rohingyas from their citizenship limbo, despite international pressure to give them a legal status.
Hundreds of Rohingyas are believed to have been killed and thousands displaced in attacks by Buddhist extremists.
The extremists frequently attack Rohingyas and set fire to their homes in several villages in the state of Rakhine.

Thursday, January 9, 2014

မောင်တောမြို့၌ ၂၀၁၄ သန်းခေါင်စာရင်း အကြောင်း ဟောပြောပွဲများ ကျင်းပ

RB News
8.1.2014


မောင်တော ။ ။ ၂၀၁၄ ခုနှစ် မတ်လတွင် လူဦးရေ စာရင်း ကောက်ခံမည်ဖြစ်သည့် အတွက် လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ် များသည် ရခိုင် ပြည် နယ်၊ မောင်တော မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်စု အလိုက် ကွင်းဆင်း၍ လူဦးရေ စာရင်း ကောက် ခံခြင်းနှင့် ပတ် သက်၍ ရှင်းလင်း ဟောပြောပွဲများ ကျင်းပလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 
လူဦးရေ စာရင်း ကောက်ခံခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဟောပြောပွဲ များကို မောင်တော မြို့ နယ်၊ မြောက်ပိုင်း မြောတောင် ကျေးရွာ အုပ်စုရှိ အထက်တန်း ကျောင်းတွင် ယနေ့ နံနက် (၈း၃၀) နာရီမှ (၁၀) နာရီထိ လည်းကောင်း၊ ဓားကြီးစား ကျေးရွာ အုပ်စုတွင် (၁၁) နာရီမှ (၁၂) နာရီထိ လည်းကောင်း၊ သူဦးလာ ကျေးရွာ အုပ်စုတွင် နေ့လည် (၁) နာရီမှ (၂း၃၀) နာရီထိ လည်းကောင်း ပြုလုပ် ခဲ့ကြောင်း ဒေ သခံ တစ်ဦးက RB News သို့ ပြောပါသည်။
အဆိုပါ ဟောပြောပွဲ များကို မောင်တော မြို့နယ် ကျီးကန်းပြင် ကျေးရွာ အခြေစိုက် မကဖ အဖွဲ့မှ အဖွဲ့ခွဲမှူး လ၀က ဦးစီး အရာရှိ ဦးမောင်မောင်အေး ဦးဆောင်သော အဖွဲ့က ရှင်းလင်း ဟောပြောခြင်း ဖြစ်သည်။ 
မြောတောင် ကျေးရွာအုပ်စုရှိ အထက်တန်း ကျောင်းတွင် ပြုလုပ်သော သန်းခေါင် စာရင်း အကြောင်း ရှင်း လင်းဟောပြောပွဲသို့ဒေသခံရိုဟင်ဂျာ၅၀၀ကျော်တက်ရောက်ခဲ့ပြီး၊တက်ရောက်ခဲ့သူများကိုယ် စား မော်လ၀ီ ဦးအာဇီဇူ ရာမန်က "ကျွန်တော်တို့သည်မျိုးရိုးစဉ်ဆက် ရိုဟင်ဂျာ လူမျိုး များ ဖြစ် ပါ သော်လည်း၊ အစိုးရ ဘင်္ဂလီလို့ရေးသွင်းဖြည့်စွက်လျက်ရှိပါသဖြင့်၊ ကျွန်တော် တို့က ၂၀၁၄ သန်းခေါင် စာရင်းတွင် ရိုဟင်ဂျာ လို့ ရေးသွင်း ဖြည့်စွက် ပါက နိုင်ငံတော် အစိုးရမှ ကျွန်တော် တို့ကို အရေးယူ ပါမည်လား" ဟု လ၀က ဦးစီး အရာရှိ ဦးမောင်မောင်အေး ကိုမေးမြန်းရာ - "ရိုဟင်ဂျာတော့ နည်းနည်း ဘဲ တွေ့ရ ပါတယ်။ အစိုးရ ကတော့ ဘင်္ဂလီလို့ အသိအမှတ် ပြုပါတယ်။ ၂၀၁၄ သန်းခေါင် စာရင်းမှာ အားလုံးက တညီတညွတ် တည်း ရိုဟင်ဂျာလို့ရေးသွင်းဖြည့်စွက်ပါကဘင်္ဂလီပျောက်ဆုံးမှာ ဖြစ် ပါတယ်" ဟု ဦးမောင်မောင်အေး က ဖြေကြား ခဲ့ကြောင်း သိရှိ ရပါသည်။

Tuesday, January 7, 2014

ကာလာ အမည်ရှိ ရိုဟင်ဂျာ မွတ်စလင်တစ်ဦး ထိုင်းနိုင်ငံ ရနောင်းမြို့တွင် လုပ်ကြံခံရ

၂၀၁၄ ခုနှစ်၊ဇန်နဝါရီလ(၆)ရက် အချိန်- ည ၉ နာရီ ၁၅ မိနစ် ရခိုင်ပြည်နယ်မှ ကာလာ အမည်ရှိ ရိုဟင်ဂျာ မွတ်စလင်တစ်ဦး ထိုင်းနိုင်ငံ ရနောင်းမြို့တွင် လုပ်ကြံခံရကြောင်းသတင်းရရှိပါသည်။ ထိုသူသည် ရခိုင်ပြည်နယ်မှ စက်လှေများဖြင့် ရောက်ရှိလာသော ရိုဟင်ဂျာမွတ်စလင်များအား ရောင်းစားနေကြောင်းကို သတင်းဌာနများနှင့် ဘာသာပြန်ပြောဆိုပေးသည့်အပေါ် သတ်ပစ်ခဲ့သည်ဟု ယူဆရသည်။ ထိုသူသည် အီရှာနမားဇ်ဖတ်ပြီးအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်အလာတွင် ဆိုင်ကယ်တစ်စီးပေါ်မှ သေနတ်သမား က သေနတ်ဖြင့်ပစ်သတ်သွားပြီး ဦးခေါင်းတွင် သေနတ်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးသွားခဲ့သည်။ ထိုသူ၏ အမျိုးသမီးမှာလည်း သေနတ်ဒဏ်ရာ ရရှိသွားပြီး ဒဏ်ရာအပြင်းအထန်ရရှိထားကြောင်း သိရသည်။

Sunday, September 22, 2013

ကျီးကန်းပြင် လုံထိန်း ဌာနချုပ် ရှေ့တွင် စခန်းချ၍ ခရီးသွားများထံမှ ငွေတောင်းနေ

RB News
21.9.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ကျီးကန်းပြင်ရှိ ယခင် နစက ဌာနချုပ် နေရာတွင် လုံထိန်း တပ်ရင်း ဌာနချုပ်မှ နေရာ ယူထားသည်။ အဆိုပါ လုံထိန်း ဌာနချုပ် ရှေ့တွင် စစ်ဆေးရေး ဂိတ် ပြုလုပ် ထားပြီး၊ နယ်မြေ (၁) (၂) (၃) (၄) (၅) တို့မှ ရောက်ရှိ လာသော ဘတ်စ်ကား များ၊ ဟိုင်းလတ် ကားများနှင့် ဆိုင်ကယ်ဖြင့် ရောက်ရှိ လာသော ခရီးသည် များကို စစ်ဆေးရေး ဂိတ်နှင့် အလှမ်းဝေး သည့်နေရာတွင် ရပ်ခိုင်း၍ တစ်ဦးချင်း လမ်းလျှောက် လာစေပြီး စစ်ဆေး လျက်ရှိသည်။

စစ်ဆေးရေး ဂိတ်မှ စစ်ဆေး ရာတွင် ယာယီ ကဒ်ပြားနှင့် ခရီးသွား ထောက်ခံစာ ကိုစစ်ဆေး ခြင်းဖြစ် သော်လည်း အထောက် အထား အပြည့်အစုံ ပါသူ များအားလုံး ငွေကျပ် ၅၀၀ စီ ပေးနေ ရသည်။ လုံခြုံရေးကို အကြောင်းပြ၍ စစ်ဆေးခြင်းဟု ပြောဆို နေသော်လည်း ခရီးသွား ပြည်သူများ စိတ်အနှောက် အယှက် ဖြစ်စေရန် ရိုင်းပျစွာ ဆက်ဆံခြင်း၊ ရင့်သီးစွာ ပြောဆိုခြင်း များပြုလုပ် လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရဲတပ်ဖွဲ့ဝင် များ၏ အဓိက တာဝန်မှာ ပြည်သူ လူထု၏ လုံခြုံရေး ဖြစ်သော်လည်း မောင်တော မြို့နယ်တွင်း ယခု လပိုင်းအတွင်း ဖြစ်ပွား ခဲ့သော ဓါးပြ တိုက်မှု များကို ယခု အထိ ဖော်ထုတ်၍ မရသေးဘဲ၊ ဒေသခံ များက လုံထိန်း ၀တ်စုံဖြင့် လာသည့် ဓါးပြ များကို လုံထိန်း ၀တ်စုံဖြင့် မြင်သည်ဟု မထွက်ဆိုရန် အာဏာပိုင် များက ဖိအား ပေးခဲ့သည်။ ထို့အပြင် ဒေသခံ များကို ဓါးပြ တိုက်သည်တွင် ပါဝင်သည်ဟု စွပ်စွဲ၍ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်၍ အချုပ်ခန်းတွင်း တစ်ဦး သေဆုံး ခဲ့ရသည်။ ထိုကဲ့သို့ စွပ်စွဲ၍ ငွေညှစ်ခြင်း များလည်း ပြုလုပ် ခဲ့သည်။

ရဲတပ်ရင်း ဌာနချုပ် ရှေ့တွင် ဖွင့်လှစ် ထားသော စစ်ဆေးရေး ဂိတ်မှာ လုံခြုံရေး အရ စစ်ဆေးရန် ဖြစ်သည်ဟု ဆိုသော်လည်း အမှန်မှာ ဒေသခံ ရိုဟင်ဂျာ များကို ညှဉ်းပန်း နှိပ်စက်ရန်နှင့် ငွေညှစ်ရန် ရည်ရွယ်၍ ဖွင့်လှစ် ထားခြင်း ဖြစ်သည်။

စက်တင်ဘာလ (၁၅) ရက်နေ့တွင် မောင်တော မြို့နယ် မြောက်ပိုင်းသို့ မောင်တော ခရိုင် လ၀က ဦးစီး အရာရှိ၊ ခရိုင် ဥပဒေ အရာရှိ ဦးဆောင်သော အဖွဲ့ လာရောက်၍ ဒေသခံ များကို အစည်း အဝေး ခေါ်ပြီး၊ ယာယီ သက်သေခံ လက်မှတ်ဖြင့် မြို့နယ်တွင်း မည်သည့် နေရာမဆို လွတ်လပ်စွာ သွားလာ နိုင်ကြောင်း၊ ထောက်ခံစာ ယူရန် မလိုအပ်ကြောင်း၊ အကယ်၍ မြို့နယ် ကျော်၍ သွားမည် ဆိုပါက လ၀ကမှ ခရီးသွားခွင့် ထောက်ခံစာ ရယူရန် လိုအပ်ကြောင်း ပြောဆို သွားခဲ့ သော်လည်း၊ ယခု ရဲတပ်ရင်း ဌာနချုပ် စစ်ဆေးရေး ဂိတ်နှင့် အခြားသော စစ်ဆေးရေး ဂိတ်များတွင် ယာယီ ကဒ်ပြား နှင့်အတူ ခရီးသွား ထောက်ခံစာ မပါက၊ ဆဲဆို ကြိမ်းမောင်းခြင်း၊ ကိုယ်ထိ လက်ရောက် ရိုက်နှက်ခြင်းနှင့် ငွေကြေး မြောက်မြားစွာ ညှစ်ယူခြင်းများ ပြုလုပ် လျက်ရှိသည်။

မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းသည် ကျေးရွာ အုပ်ချုပ်ရေးမှူး များခန့်ထား ခဲ့စဉ်က အုပ်ချုပ်ရေးမှူး ရာထူး ရယူချင် သူများထံမှ ငွေ သိန်းပေါင်း များစွာ ရယူခဲ့သည်။ ထို့ကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူး များသည် ၎င်းတို့၏ အရင်း ပြန်ရရန် အတွက် ဒေသခံ ရွာသား များကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ရန် လိုအပ် လာပေသည်။ ဒေသခံ များမှ ခရီးသွား ထောက်ခံစာ လိုသည့် အခါ လုံခြုံရေး ဘန်းပြ၍ ထုတ်ပေးခြင်း မပြုဘဲ ငွေပေးမှသာ ထုတ်ပေး လျက်ရှိသည်။ အချို့သော ရွာများတွင် ထောက်ခံစာ ကြေး ကျပ် တစ်ထောင် သတ်မှတ်၍ တောင်းခံ လျက်ရှိသည်။

“ကောင်းကောင်း မွန်မွန် ခရီးသွားတဲ့ ပြည်သူတွေကို စိတ်အနှောက် အယှက် ပေါင်းစုံ ပေးတယ်။ စစ်ဆေးရေး ဂိတ်တွေမှာ တိရစ္ဆာန်လို ဆက်ဆံတယ်။ လမ်းလျှောက် ခိုင်းတယ်။ ဆဲတယ်။ ဆူပူ ကြိမ်းမောင်းတယ်။ ပြီးတော့ ငွေညှစ်တယ်။ ဒါ လုံခြုံရေး တွေရဲ့ အလုပ်လား။ ဒမြ တိုက်နေတာ တွေကို မကာကွယ် နိုင်တဲ့ အပြင်၊ တရားခံ တွေ မရှာ နိုင်တာလည်း မေးခွန်း ထုတ်စရာ ပါဘဲ။ ကောင်းကောင်း မွန်မွန် နေတဲ့ ဒေသခံ တွေကို အမျိုးမျိုး ညှဉ်းပန်း နှိပ်စက်မယ်၊ ငွေညှစ်မယ်။ ကျွန်တော်တို့ ဒေသခံ တွေကတော့ အာဏာပိုင် တွေရဲ့ အလုပ်က အဲဒါတွေဘဲလို့ မြင်နေတယ်။” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Thursday, September 12, 2013

ရိုဟင်ဂျာ ငါးဖမ်းသမား ၆ ဦးကို ရခိုင်အကြမ်းဖက် သမားများ တိုက်ခိုက်၊ ၅ ဦး သေဆုံးဟု ယုံကြည်ရ

RB News
11.9.2013

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကတင်ပိုက် ကျေးရွာ အုပ်စုမှ ရိုဟင်ဂျာ ငါးဖမ်းသမား ၆ ဦးကို ရခိုင် အကြမ်းဖက် သမား များမှ မြစ်ထဲတွင် ငါးဖမ်း နေစဉ် အကြမ်းဖက် တိုက်ခိုက်ရာ ငါးဦး သေဆုံး သွားသည်ဟု ယုံကြည်ရပြီး တစ်ဦး လွတ်မြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ (အင်္ဂါနေ့) ညနေပိုင်း ၆ နာရီ ကျော်တွင် စစ်တွေမြို့ ကတင်ပိုက်ကြီး ကျေးရွာမှ ရိုဟင်ဂျာ ၄ ဦးနှင့် ကတင်ပိုက်ချေ ကျေးရွာမှ ရိုဟင်ဂျာ ၂ ဦးတို့ ငါးဖမ်းရန် ထွက်ခွာ ခဲ့ကြသည်။ ၎င်းတို့အား ကတင်ပိုက်ကြီး ကျေးရွာမှ ၆ မိုင်ခန့် အကွာတွင် ည ၈ နာရီခန့်၌ ရခိုင် အကြမ်းဖက် သမားများမှ စက်လှေကြီး တစ်စီးဖြင့် စတင် တိုက်ခိုက်ရာ၊ ရိုဟင်ဂျာ ၆ ဦး စီးလာသည့် စက်လှေမှောက် သွားခဲ့သည်။ ရေထဲကျ သွားသည့် ရိုဟင်ဂျာ ငါးဖမ်း သမား များကို ဆယ်ယူ၍ လက်နှင့် ခြေထောက် များကို ကြိုးတုတ်ပြီး အနီးရှိ ဦးရီးပြင် ကျေးရွာသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထိုမှတဖန် ည ၁၀ နာရီ ခန့်တွင် ၎င်းတို့အား စက်လှေ ပေါ်သို့တင်၍ မြစ်ထဲသို့ ခေါ်လာပြီး ၆ ဦးလုံးကို သံတုတ် များဖြင့် လူမဆန်စွာ သေလု မျောပါး ဖြစ်သည့် အထိ ရိုက်နှက်၍ မြစ်ထဲသို့ ပစ်ချ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မြစ်ထဲသို့ ဒဏ်ရာ များဖြင့် ပစ်ချ ခံရသည့် ရိုဟင်ဂျာ ၆ ဦးထဲမှ တစ်ဦးမှာ ချည်နှောင် ထားသည့် ကြိုးကို ဖြုတ်နိုင်ခဲ့ပြီး ရေကူး၍ အသက်ရှင် နိုင်ခဲ့သည်။ အသက်ရှင် နိုင်ခဲ့သူသည် ဗုဒ္ဓဟူးနေ့ (စက်တင်ဘာလ ၁၁ ရက်) နံနက် ၇ နာရီတွင် ကတင်ပိုက်ကြီး ကျေးရွာသို့ ပြန်လည် ရောက်ရှိ ခဲ့ပြီး၊ ရဲစခန်းသို့ ဖြစ်စဉ်ကို အကြောင်းကြား ခဲ့သည်။ ရဲများနှင့် ဒေသခံ ပြည်သူများ အခင်း ဖြစ်ပွား ခဲ့သည့် နေရာကို သွားရောက်၍ ပျောက်ဆုံး နေသူ ငါးဦးကို ရှာဖွေ ခဲ့သော်လည်း အနီးရှိ ရခိုင်ရွာ နားတွင် မှောက်သွားသည့် လှေကို ရှာဖွေ တွေ့ရှိ ခဲ့ပြီး၊ ပျောက်ဆုံး နေသည့် ငါးဦးမှာ သေဆုံး သွားပြီဟု ယုံကြည် ရပါသည်။

ဒဏ်ရာ များစွာဖြင့် အသက်ရှင် လာခဲ့သူမှာ ဦးအဒူမဂျစ် (ဘ) ဦးအဒူမာလစ် (အသက် ၃၀ နှစ်) ဖြစ်ပြီး၊ ပျောက်ဆုံး နေပြီး သေဆုံး သွားပြီဟု ယူဆ ရသူ ငါးဦးမှာ -

(၁) ဦးအဒူအဇစ် (ဘ) ဦးအဒူမာလစ် (အသက် ၄၂ နှစ်)
(၂) ဦးနဘီဟူစိန်း (ဘ) ဦးကာလာမျာ (အသက် ၄၀ နှစ်)
(၃) ရှဖီ အုလ္လာ (ဘ) ဦးနူရူလ္လာ (အသက် ၁၈ နှစ်)
(၄) နဘီဟူစိန်း (ဘ) ဦးဆယာဒ်ဟူစိန်း (အသက် ၂၂ နှစ်)
(၅) ဒိလ်မိုဟာမတ် (ဘ) ဦးမိုဟာမတ်ဟူစိန်း -- တို့ဖြစ်သည်။

RB News Link -- http://bit.ly/14FKqPv

Sunday, September 8, 2013

ဘူးသီးတောင်မြို့တွင် ဓါးပြတိုက်သည့် စစ်သား ၃ ဦးအနက် ၂ ဦးကို ဖမ်းဆီးရမိ

Bottom of Form
RB News
7.9.2013

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ဘဂုံးနား ကျေးရွာ အုပ်စုတွင် စက်တင်ဘာလ ၆ ရက်နေ့ ည ၁၁ နာရီကျော်က စစ်သား (၃) ဦးမှ ရိုဟင်ဂျာ လူမျိုး အိမ်တစ်အိမ်ကို ၀င်ပြီး ဓါးပြတိုက်ရာ ရွာသား များ၏ ၀ိုင်းဝန်း ဖမ်းဆီးမှုကြောင့် စစ်သား ၂ ဦး ဖမ်းဆီး ရမိကြောင်း သတင်း ရရှိပါသည်။ 

သောကြာနေ့ (စက်တင်ဘာလ ၆ ရက်) ည ၁၁ နာရီ ၄၀ မိနစ်တွင် ဘူးသီးတောင် မြို့နယ်၊ ဘဂုံး နား ကျေးရွာ အုပ်စု၊ ဘဂုံးနား တောင်ပိုင်း ရွာရှိ ဦးအမ်နာ ရှားဟ်၏ နေအိမ် တံခါးကို ဖွင့်ပေးရန် လူသုံး ဦးမှ ပြော ဆိုရာ၊ ညအချိန် မတော် ဖြစ်၍ မဖွင့်ပေးဘဲ၊ လာသည့် အကြောင်းရင်းကို မေးရာ ဧည့်စာရင်း စစ် ရန် ဟု အဆိုပါ လူ သုံးဦးမှ ပြောဆိုသည်။ သို့သော်လည်း ဦးအမ်နာ ရှားဟ်မှ သံသယ ဖြစ်၍ တံခါး ဖွင့် မပေးသော အခါ၊ လူသုံးဦးက တံခါးကို ဖျက်၍ အိမ်ထဲသို့ ၀င်ပြီး ဦးအမ်နာ ရှားဟ်အား ချုပ်နှောင် ခဲ့သည်။ ထို့နောက် နေအိမ် အတွင်း ရှာဖွေ၍ ရွှေ ၇ ကျပ်သားခန့်၊ ငွေကျပ် တစ်သောင်းနှင့် လက်ကိုင်ဖုန်း တစ် လုံး ကို ယူဆောင် ခဲ့သည်။ ထိုသို့ ယူဆောင် နေသည့် အချိန်တွင် ဦးအမ်နာ ရှားဟ်မှာ လွတ်မြောက် သွားပြီး ရွာသား များကို အော်ဟစ်၍ အကူအညီ တောင်းခဲ့သည်။ 

“ည ၁၁ နာရီ မိနစ် ၄၀ လောက်မှာ အိမ်တံခါး ခေါက်တော့ ဖွင့်မပေးခဲ့ဘူး။ အဲဒါနဲ့ တံခါးဖျက် ၀င်ပြီး အမျိုးသားကို ချုပ်ထားတယ်။ ပြီးတော့ အိမ်မှာ ရှိတဲ့ အမျိုးသမီး နှစ်ဦးက လုယက်နေ တာကို တားဆီးနေ တဲ့အချိန်မှာ အမျိုးသားက လွတ်သွား ပြီးတော့ ရွာသွား တွေကို အကူအညီ တောင်းတယ်။ ရွာသား တွေက ၀ိုင်းဖမ်း လိုက်တာပါ။ တစ်ယောက် ကတော့ ထွက်ပြေး လွတ်မြောက် သွားတယ်။ ရွှေ ၇ ကျပ် သား၊ ငွေတစ်သောင်းနဲ့ လက်ကိုင်ဖုန်း တစ်လုံး ပါသွားတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြော ပါသည်။ 

ရွာသား များမှ ၀ိုင်းဝန်း ဖမ်းဆီးရာ စစ်ဝတ်စုံ ၀တ်ဆင် ထားသည့် စစ်သား ၂ ဦးကို ဖမ်းဆီး ရမိခဲ့ပြီး တစ်ဦးမှာ ထွက်ပြေး လွတ်မြောက် သွားကြောင်း သိရှိ ရပါသည်။ ဖမ်းဆီး ပြီးနောက် စစ်တပ်နှင့် ရဲစခန်းသို့ အကြောင်းကြားရာ ညသန်းခေါင်ယံ ၁ နာရီ ကျော်ခန့်တွင် ရဲများ ရောက်ရှိ လာပြီး ရဲစခန်းသို့ ခေါ်ဆောင် သွားကြောင်း သိရှိရပါသည်။ ဖမ်းဆီးမိသည့် စစ်ဝတ်စုံ ၀တ်ထားသည့် စစ်သား ၂ ဦးမှာ ဘူးသီးတောင် မြို့ နယ် အခြေစိုက် လျှပ်စစ်နှင့် စက်မှု လက်မှု (ဘီအီးတပ်) တပ်ရင်း ၉၀၈ မှ တပ်မတော် သား များ ဖြစ်ကြောင်း ရဲစခန်း အရောက်တွင် ၀န်ခံ ထွက်ဆိုချက် အရ သိခဲ့ကြောင်း ဗွီအိုအေ သတင်း ဌာနသို့ ဘူးသီးတောင် မြို့နယ် ကိုယ်စားပြု ပြည့်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ပြောသည်။ 

ဘူးသီးတောင် မြို့နယ် အစွန် အဖျားရှိ ရွာများသို့ နယ်စပ်တွင် အခြေစိုက်သော ရခိုင် လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် ALA နှင့် ALP တို့ မကြာခဏ ၀င်၍ ဓါးပြတိုက်မှု များရှိကြောင်း ဒေသခံ များက ဆိုသည်။ ထို့ကြောင့် သောကြာနေ့ ညက ဓါးပြ တိုက်သူ များမှာ စစ်သား အတုများဟု ဒေသခံ များက ယူဆ ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်မှန်သည့် တပ်မတော် များဖြစ်ကြောင်း သိရှိ ခဲ့ရသည်။ 

Sunday, September 1, 2013

ဂျပန်နိုင်ငံတွင် ရိုဟင်ဂျာ ဘာသာ စကား သင်ကြားသည့် ကျောင်း ဖွင့်လှစ်

RB News
1.9.2013

တိုကျို ။ ။ ရိုဟင်ဂျာ ဘာသာ စကား သင်ကြားသည့် ကျောင်းတစ်ကျောင်းကို ဂျပန် နိုင်ငံ၊ တိုကျိုမြို့ အခြေစိုက် မြန်မာ နိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်ပြည်) BRAJ ၏ ပညာရေး ဌာနမှ ကြီးမှူး၍ ဖွင့်လှစ် လိုက်ကြောင်း သတင်း ရရှိပါသည်။

ကျောင်းဖွင့်လှစ်ပွဲ အခမ်းအနား တွင် BRAJ ၏ အထွေထွေ အတွင်းရေးမှူး ဦးဆယာဒုလ် အာမီးန်က ရိုဟင်ဂျာ ဘာသာ စကား၏ သမိုင်းကြောင်း ကိုအကျယ် တ၀န့် ရှင်းလင်း ပြောကြား ပါသည်။ ၎င်းက ရိုဟင်ဂျာ ဘာသာ စကား အရေး အသား ကို ၁၆၅၀ ခုနှစ်တွင် အာရ်ကာန်၏ နာမည်ကျော် ကဗျာဆရာ ရှားဟ် အလ်အ၀ဲလ် က အရဗီ အက္ခရာ ဖြင့် ပထမဆုံး တီထွင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၅၀ ကျော်က ရိုဟင်ဂျာ ဘာသာ စကား ရေးသားရန် တီထွင် ခဲ့သော်လည်း အာရ်ကာန်ကို မြန်မာ ဘုရင်များ သိမ်းပိုက်ပြီးနောက် ရိုဟင်ဂျာ စာပေ ဖွံ့ဖြိုးနိုင်အောင် လုပ်ဆောင် နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ အခြားသော ပညာရှင် များမှ အရဗီ၊ အူရ်ဒူ၊ မြန်မာ နှင့် ဟနီဖီ အက္ခရာများ ဖြင့်တီထွင် ခဲ့ကြပြီး၊ နောက်ဆုံး Rohingyalish ကို ဦးမိုဟာမတ် ဆီးဒိတ်က ၂၀၀၀ ပြည့်နှစ်တွင် လက်တင် အက္ခရာ ၂၈ ခုဖြင့် တီထွင် ခဲ့သည်ဟု ပြောကြားသည်။

Rohingyalish ကို နိုင်ငံတကာ စံနှုန်း သတ်မှတ်သည့် အဖွဲ့မှ ၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ISO 639-3 “rhg” ဟူ၍ သီးခြား သင်္ကေတ ပေး၍ နိုင်ငံတကာတွင် ရှိသော ဘာသာစကား များအနက် ဘာသာ စကား တစ်ခု ဖြစ်သည်ဟု အသိအမှတ် ပြုခြင်း ခံရသည်။

Wednesday, August 14, 2013

"ရိုဟင်ဂျာပြဿနာကို သုံးပွင့်ဆိုင်ဖြေရှင်းဖို့ UNDP ခေါင်းဆောင်ပြောကြား"

RFA မြန်မာပိုင်း
14.8.2013

မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့အတွက် ရိုဟင်ဂျာလူမျိုးတွေ၊ ရခိုင်လူမျိုးတွေနဲ့ အစိုးရအာဏာပိုင်တွေပူးပေါင်းဖြေရှင်းမှ အောင်မြင်မှာဖြစ်တယ်လို့ဝါရှင်တန်ဒီစီ ရောက်ရှိနေ တဲ့ ပြည်ထောင်စု အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ ဥက္ကဌ ကပြောဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကဖိတ်ကြားတဲ့ နိုင်ငံတကာ ခေါင်းဆောင်များ လေ့လာရေးအစီအစဉ် နဲ့ ရောက်ရှိနေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့မှာ ပါဝင်သူ ရိုဟင်ဂျာခေါင်းဆောင် ဦးအဘူတာဟေရ် က အာဖက်အေ ရုံးချုပ်ကို ဒီကနေ့ လာရောက်လည်ပတ်စဉ် အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင်သူက ရိုဟင်ဂျာမရှိဖူးဆိုပြီး ငြင်းပယ်နေလို့ မဖြစ်နိုင်ကြောင်းလည်း ပြောဆိုပါတယ်။

"ရိုဟင်ဂျာတွေက မြန်မာ့သမိုင်းမှာကော ကမ္ဘာ့သမိုင်းမှာကော မြန်မာ့လွတ်လပ်ရေး ရပြီးနောက်ပိုင်း တိုင်းရင်းသားအဖြစ် ရှိခဲ့တာကို ကျွန်တော်တို့ ပြန်လည် ဖော်ထုတ်ဖို့လိုတယ်။၁၉၈၂ နိုင်ငံသားဥပဒေအရ လည်းရိုဟင်ဂျာကို နိုင်ငံသား မဟုတ်ဘူးလို့ ငြင်းဆိုလို့ မရပါဘူး"

အမေရိကန်ပြည်ထောင်စုရဲ့ မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ရေးကဏ္ဍ ကိုလေ့လာဖို့ ရောက်ရှိနေတဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်သူ နောက်တစ်ဦးကတော့ စစ်ကိုင်းတောင်ရိုးရှိ နိုင်ငံတကာ ဗုဒ္ဓဘာသာ သင်ကြားရေးဌာနက အရှင်ဦးသုန္ဒရ ဖြစ်ပါတယ်။
ဆရာတော်က မြန်မာပြည်မှာ လူမျိုးရေးဘာသာရေး ပြဿနာတွေ ဖြေရှင်းရေးအတွက် နိုင်ငံသားတွေရဲ့ အသိဥာဏ်ပညာတိုးတက်ရေးဟာ အဓိကလိုအပ်ချက်ပဲလို့ မိန့်ကြားပါတယ်။

"အမေရိကန် အစိုးရကနေ ဦးဇင်းတို့နိုင်ငံက ဘာသာရေးခေါင်းဆောင်တွေကို ခေါ်ပြီး၊သူတို့နိုင်ငံမှာ လည်းပဲ ဒီလို ဘာသာပေါင်းစုံ နေကြသော်လည်းပဲ ငြိမ်းငြိမ်းချမ်းချမ်းရှိတယ်ဆိုတာ သိစေတဲ့ သဘောပါ။ဒီလိုမျိုး ဖြစ်ရပ်တွေဟာ ဒါတွေဟာ အခြေခံအားဖြင့် ပညာရဲ့ အားနည်းမူလို့ ယူဆတယ်။ပညာရေးကို အားစိုက်လိုက်မယ်ဆိုရင် ဒီလို အနေအထားတွေဟာ တဖြည်းဖြည်းပျောက် ကွယ်သွားမယ်လို့ ဦးဇင်းယူဆတယ်"

အခုလာရောက်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ ခရစ်ယာန်စတဲ့ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေးအတွက် ဆောင်ရွက်နေသူ ဂ ဦး ပါဝင်ပါတယ်။
ဒီအဖွဲ့ဟာ အမေရိကန်ပြည်ထောင် စု မှာ သုံးပတ်ကြာ နေထိုင်ပြီး ဝါရှင်တန် ဒီစီ၊ ဘော်စတွန်၊ နယူးအော်လင်းစ်နဲ့ လော့စ်အိန်ဂျယ်လစ် မြို့တွေကို သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။

Saturday, August 10, 2013

စစ်တွေမြို့တွင် လုံခြုံရေးများ ပစ်ခတ်မှုကြောင့် ၄ ဦးသေဆုံး၊ ၁၂ ဦးခန့် ဒဏ်ရာရ



9.8.2013

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများ ဖြစ်သော အုန်းတောကြီးနှင့် ဘော ဒူဖ တို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင် လုံထိန်း များ၏ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ မွတ်စလင် ၄ ဦး သေဆုံးပြီး၊ ၁၂ ဦးခန့် ဒဏ်ရာ ရရှိကြောင်း သတင်း ရရှိပါသည်။

ဖြစ်ပွားပုံမှာ ယမန်နေ့ ညနေပိုင်းက အုန်းတောကြီး ဒုက္ခသည် စခန်းမှ ငါးမျှားရန် သွားခဲ့သူ ရိုဟင်ဂျာ လူ မျိုး နှစ်ဦးကို လုံထိန်းများမှ ဖမ်းဆီး၍ ရိုက်နှက်ခဲ့ရာ တစ်ဦးမှ ထွက်ပြေး လွတ်မြောက် ခဲ့သော်လည်း တစ်ဦးကို လုံထိန်းများက ရိုက်နှက်ရင်း လက်လွန်၍ ထိုနေရာတွင်ပင် သေဆုံးသွား ခဲ့သည်။ ထိုသတင်းကို ယနေ့ နံနက်ပိုင်းတွင် ရိုဟင်ဂျာ လူမျိုးများ သိရှိသွားပြီး၊ အုန်းတောကြီးရှိ လုံထိန်းစခန်းသို့ သွားရောက် ၍ သေဆုံးသွား၏ အလောင်းကို ပြန်ပေးရန် တောင်းဆို ခဲ့သည်။ သို့သော်လည်း လုံထိန်းများက အလောင်း အား ပြန်မပေးသည့် အပြင် များပြားလာသော လူအုပ်ထဲသို့ သေနတ်ဖြင့် ပစ်ခတ်ရာ ၄ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိ ရပါသည်။

ထိုသို့ ပစ်ခတ်ပြီးနောက် အပြစ်မဲ့ ပြည်သူများကို ပစ်ခတ်ရသည့် အကြောင်းကို အကွက်ဆင် ပြသရန် အ တွက် လုံထိန်းစခန်းကို လုံထိန်းများ ကိုယ်တိုင် မီးရှို့ခဲ့ကြောင်း ဒေသခံ တစ်ဦးမှ ပြောပါသည်။ အဆိုပါ လုံထိန်း စခန်းသည် ယခင်က နစက စခန်း ဖြစ်သည်။

“ကျွန်တော်တို့က မနေ့က လုံထိန်းတွေ သတ်ပစ်ခဲ့တဲ့ အလောင်းကို သဂြိုဟ်ဖို့ အတွက် ကောင်းကောင်း မွန်မွန် တောင်းတယ်။ ဒါပေမယ့် လုံထိန်းတွေက မပေးတဲ့အပြင် ရိုင်းရိုင်း စိုင်းစိုင်း ဆဲတယ်။ တဖြေးဖြေးနဲ့ လူတွေများ လာတော့ လူအုပ်ထဲကို သေနတ်နဲ့ ပစ်တယ်။ အဲဒီနေရာမှာဘဲ ၄ ယောက် ပွဲချင်းပြီး သေတယ်။ ၈ ယောက် ဒဏ်ရာ ရတယ်။ ပြီးတော့ သူတို့ စခန်းကို သူတို့ ကိုယ်တိုင် မီးရှို့ပြီး ကျွန်တော်တို့ ရှို့တယ် ဆိုတဲ့ ပုံစံမျိုး ဖန်တီးတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဒဏ်ရာ ရရှိသူများကို သက္ကေပြင် ဒုက္ခသည် စခန်းရှိ ဆေးခန်းတွင် ဆေးကုသလျက် ရှိပြီး၊ ၄ ဦးမှာ ဒဏ် ရာ ပြင်း ထန်၍ အသက် အန္တရာယ် စိုးရိမ်ရကြောင်း သတင်း ရရှိပါသည်။

နံနက်ပိုင်းမှ စ၍ လုံခြုံရေး လုံထိန်းများ၊ စစ်တပ် များက စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများ အားလုံးမှ ဒုက္ခ သည် များအပြင်သို့ မထွက်နိုင်ရန် ပိတ်ဆို့ ထားပြီး၊ ညနေပိုင်းတွင် ဘောဒူဖ ဒုက္ခသည် စခန်းမှ အမျိုး သား ၆ ဦးနှင့် အမျိုးသမီး ၂ ဦးကို ဖမ်းဆီးရန် ကြိုးစား ခဲ့ရာမှ လုံခြုံရေးများနှင့် ဒုက္ခသည် များအကြား တင်းမာ မှုများ တဖန် ဖြစ်ပွား ခဲ့သည်။

ဒုက္ခသည်များမှ လုံခြုံရေး တပ်ဖွဲ့ဝင် များကို မတရား သဖြင့် ဖမ်းဆီးခြင်းများ မပြုလုပ်ရန်နှင့် အပြစ်မဲ့ ဖမ်း ဆီးခြင်း ခံထားရသော ရှေ့နေ ဦးကျော်လှအောင်အား ပြန်လည် လွှတ်ပေးရန် တောင်းဆို ကြရာ၊ လုံခြုံရေး တပ်ဖွဲ့ဝင် များက မျက်ရည်ယိုဗုံးများ သုံးသည့် အပြင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၄ ဦး ဒဏ်ရာ ရ ရှိကြောင်း သိရှိ ရပါသည်။

ဘောဒူဖ ဒုက္ခသည် စခန်းမှ ဒဏ်ရာ ရရှိသူများကို ဘောဒူဖရှိ ဗလီတွင် ဆေးကုသလျက် ရှိကြောင်း သ တင်း ရရှိပါသည်။

လုံခြုံရေး တပ်ဖွဲ့ဝင် များ၏ လူမဆန်မှုကြောင့် ငါးဖမ်း သမား အပါအ၀င် စုစုပေါင်း ၅ ဦး သေဆုံး ခဲ့ရ သည်။ သေဆုံးသွားသူ များနှင့် ဒဏ်ရာ ရရှိသူများ၏ အမည် စာရင်း များကို အသေးစိတ် ရရှိလျှင် ထပ်မံ၍ တင်ပြ ပေးပါမည်။

ဖြည့်စွက်သတင်း
========

စစ်တွေမြို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွား များမှ ကိုနာဆဲရ် (ဘ) ဦးအဒူမီစီရီ (အသက် ၂၆ နှစ်) သည် သေနတ်ဒဏ်ရာဖြင့် ယနေ့ည ၉း၃၀ နာရီတွင် ကွယ်လွန်သွားကြောင်း သတင်း ရရှိပါသည်။

RB News

စစ်တွေမြို့တွင် ဖုန်းကဒ်ထွက် ၀ယ်သူကို လုံထိန်းက သေနတ်ဖြင့် ပစ်၍ ဒဏ်ရာရ

RB News
10.8.2013

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သဲချောင်း ဒုက္ခသည် စခန်းမှ ဒုက္ခသည် တစ်ဦးက ဖုန်းကဒ် ထွက်ဝယ် သည်ကို လုံထိန်းမှ ပစ်ခတ် သောကြာင့် ခြေထောက်တွင် ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိပါသည်။

ယမန်နေ့ (သြဂုတ်လ ၉ ရက်) ည ၉း၃၀ နာရီတွင် ဖုန်းကဒ် ထွက်ဝယ်သည့် ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည် ကိုနူရ်အာမီးန် (ဘ) ဦးဘော်ဒူမျာ (အသက် ၂၇ နှစ်) အား လုံထိန်း တစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ရာ ညာဘက် ခြေထောက်တွင် ဒဏ်ရာ ရရှိသွားကြောင်း သိရှိ ရပါသည်။

ကိုနူရ်အာမီးန်သည် ပေါက်တောမြို့မှ ဖြစ်ပြီး၊ ပေါက်တော မြို့တွင်လည်း ယခုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ် ခံရပြီး ၀ဲဘက် ခြေထောက် ဒဏ်ရာ ရရှိခဲ့သည်။ ၎င်း၏ ဒဏ်ရာကို ဆေးကုသရန် အတွက် စစ်တွေမြို့သို့ ရောက်ရှိ နေပြီး၊ သဲချောင်း ဒုက္ခသည် စခန်းတွင် နေထိုင်လျက် ရှိခြင်း ဖြစ်သည်။

ကြာသပတေးနေ့ မှစ၍ လုံထိန်းများ၏ လူမဆန်သည့် သတ်ဖြတ်မှု၊ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၈ ဦး သေဆုံး ခဲ့ရပြီး၊ ယခု ကိုနူရ်အာမီးန် အပါအ၀င် ၁၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။

“ဒီမှာတော့ လူတွေ ပွဲချင်းပြီး သေတဲ့သူ သေတယ်။ ဒဏ်ရာ ရပြီးမှ သေတဲ့သူ သေနေတယ်။ ဒါပေမယ့် သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရ၊ ပြန်ကြားရေး ဒုတိယ ၀န်ကြီး ဦးရဲထွဋ် ကတော့ မရှက် မကြောက် လိမ်မြဲ လိမ်နေတာကို တွေ့နေ ရတယ်။ အစိုးရက ဘယ်လောက် လိမ်လိမ်၊ ကျွန်တော်တို့ရဲ့ အခြေ အနေမှန်ကို မြင်သွားတဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတွေ၊ မီဒီယာတွေ ရှိပါတယ်” ဟု စစ်တွေမြို့မှ ဒေသခံ ဒုက္ခသည် တစ်ဦးက RB News သို့ပြောပါသည်။

RB News Web တွင်ဖတ်ရန် -- http://bit.ly/16Ajgpq

Friday, July 19, 2013

ဆော်ဒီနိုင်ငံရှိ ရိုဟင်ဂျာ များကို စီစစ်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ကူညီမည်

RB News
19.7.2013
ဂျစ်ဒါ ။ ။ ဆော်ဒီ အာရေဗျာ နိုင်ငံရှိ မြန်မာ နိုင်ငံမှ ရိုဟင်ဂျာ များကို နေထိုင်ခွင့် လက်မှတ်များ ထုတ်ပေး ရာတွင် မှန်ကန်စွာ စီစစ် နိုင်ရန် အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ကူညီ သွားမည်ဟု ဗုဒ္ဓဟူးနေ့ထုတ် ဘင်္ဂ လားဒေ့ရှ် သတင်းစာ များတွင် ရေးသား ဖော်ပြ ခဲ့သည်။

၁၉၉၀ နှောင်းပိုင်းတွင် မြန်မာ နိုင်ငံရှိ ရိုဟင်ဂျာ များထံမှ အမျိုးသား မှတ်ပုံတင် ကဒ်ပြား များသိမ်းယူ၍ ယာယီ နိုင်ငံသား စီစစ်ရေး ကဒ်ပြားများ ထုတ်ပေး ခဲ့သည့်အပြင် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့ သို့သွားလာ ခွင့်ကို လုံးဝ ပိတ်ပင် ထား ခဲ့သည်။ စားဝတ် နေရေး ခက်ခဲမှု များ ပြေလည် စေရန် အတွက် နိုင်ငံခြားထွက် အလုပ် လုပ်ရန် အိမ်နီးချင်း နိုင်ငံ ဘင်္ဂလားဒေ့ရှ် မှတဆင့် သွားရန်က လွှဲပြီး အခြား နည်းလမ်း မရှိခဲ့ပေ။ ထို့ကြောင့် ဆော်ဒီ အာရေဗျာ နိုင်ငံသို့ ရောက်ရှိ နေသော ရိုဟင်ဂျာ အများစုမှာ ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှ ပွဲစား များကို ငွေပေး၍ နိုင်ငံကူး လက်မှတ် ရယူခဲ့ပြီး ရောက်ရှိ နေသူများ ဖြစ်သည်။

လွန်ခဲ့သည့်နှစ် ဇွန်လမှ စ၍ မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးများကို လူမျိုး သတ်ဖြတ် နေခြင်းကို ဆော်ဒီ အာရေဗျာ နိုင်ငံမှ စာနာ၍ ဆော်ဒီ နိုင်ငံသို့ ရောက်ရှိ နေသော ရိုဟင်ဂျာ များကို လေးနှစ် သက်တမ်း ရှိ နေထိုင် ခွင့်များ ထုတ်ပေးရန် စတင် ပြောဆို ခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကူး လက်မှတ် ကိုင်ထားပြီး နေထိုင်ခွင့် လက်မှတ် မရှိသူ များကို စီစစ်ရန် ဆော်ဒီ အစိုးရမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အကူအညီ တောင်းခံ ခဲ့ရာ ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ပ အလုပ်သမား ရေးရာ ၀န်ကြီး Mr. Khandker Mosharraf Hossain မှဘင်္ဂလား ဒေ့ရှ် နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားသူ များကို သက်သေခံ လက်မှတ်များ ထုတ်ပေးပြီး မြန်မာ နိုင်ငံသား များအဖြစ် အသိအမှတ် ပြုနိုင်ရန် အတွက် ကူညီ သွားမည်ဟု ပြောကြား ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရိုဟင်ဂျာ ငါးသိန်း အတွက် သက်သေခံ လက်မှတ် များထုတ်ပေး သွားမည် ဟု ပြောကြား ခဲ့သော်လည်း ဆော်ဒီ အာရေဗျာ နိုင်ငံရှိ Arakan Rohingya Union မှ ဥက္ကဌ ဖြစ်သူ Dr. Tahir Mohammed Siraj မှ ရိုဟင်ဂျာ သုံးသိန်းကျော်သာ ဆော်ဒီ အာရေဗျာ နိုင်ငံတွင် ရှိလိမ့်မည်ဟု ကြာသပတေး နေ့နံနက်ပိုင်း ဘီဘီစီ မြန်မာပိုင်းနှင့် တွေ့ဆုံ မေးမြန်းခန်း တွင်ပြောကြား ခဲ့သည်။

ဆော်ဒီ အာရေဗျာ နိုင်ငံမှ လာမည့် နိုဝင်ဘာလ ၄ ရက်နေ့ အတွင်း စီစစ်မှု များအားလုံး အပြီး သတ် ပြု လုပ်မည် ဖြစ်ပြီး ရိုဟင်ဂျာ များကို လေးနှစ် သက်တမ်းရှိ နေထိုင်ခွင့် လက်မှတ် များကို ထုတ်ပေး သွား မည် ဖြစ်သည်။ ရိုဟင်ဂျာ ကလေး များ၏ ပညာရေး ကိုလည်း ကူညီ ပံ့ပိုး သွားမည်ဟု သိရပါသည်။

ဆော်ဒီ အာရေဗျာ နိုင်ငံရှိ ရိုဟင်ဂျာ များတွင် ၁၉၄၂ ခုနှစ် နောက်ပိုင်းတွင် ရောက်ရှိ သွားသူ အနည်းငယ် ရှိပြီး အများစုမှာ ၁၉၇၈ နောက်ပိုင်းတွင် အစုလိုက် အပြုံလိုက် ရောက်ရှိ သွားသူများ ဖြစ်ကြသည်။ စာရင်း ကိန်းဂဏန်း အတိအကျ မရှိသော်လည်း ငါးသိန်းခန့် အထိရှိမည်ဟု ယူဆရကြောင်း ဆော်ဒီ သတင်းဌာန များမှ ရေးသား လေ့ရှိသည်။

ရိုဟင်ဂျာ အများစုမှာ ကိုယ်ပိုင် ပရိဘာဂ လုပ်ငန်း ငယ်များ၊ ဈေးဆိုင်များနှင့် လူငယ် အများစုမှာ ကွန်ပျူ တာ ရောင်း/၀ယ် ပြုပြင်ရေး လုပ်ငန်း များတွင် လုပ်ကိုင် ကြသည်။ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းကြီး လုပ် ကိုင် နေသည့် စီးပွားရေး လုပ်ငန်းရှင် အချို့လည်း ရှိကြသည်။

Tuesday, July 16, 2013

သမ္မတ ဦးသိန်းစိန်အား ဗြိတိန် ၀န်ကြီးချုပ်မှ တိုက်တွန်းချက်

မြန်မာ နိုင်ငံရှိ ရိုဟင်ဂျာ လူမျိုးများနှင့် ပတ်သက်၍ ဗြိတိန် ၀န်ကြီးချုပ်မှ ရခိုင် ပြည်နယ်၏ အခြေ အနေများကို အမြန်ဆုံး တည်ငြိမ် အောင် ပြုလုပ်ရန် လိုကြောင်း၊ ရိုဟင်ဂျာ မွတ်စလင် များ၏ အခွင့် အရေး များကို ကာကွယ် ပေးရန် လိုအပ်ကြောင်း။ ရိုဟင်ဂျာ မွတ်စလင် များကို ကလေး နှစ်ယောက် သာ မွေးရမည်ဟု ကန့်သတ်သည့် အမိန့်ကိုလည်း ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း ။ ဗြိတိန်အနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေ၊ ရိုဟင်ဂျာမူဆလင် ပြဿနာတွေနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း .. လူ့အခွင့်အရေး အခြေအနေတွေ ပိုပြီး အားကောင်းမောင်းသန် ဖြစ်လာအောင် ၊ ပြည်တွင်းပဋိပက္ခတွေ လျော့နည်းချုပ်ငြိမ်းသွားအောင် ဆောင်ရွက်တဲ့ လုပ်ရပ်တွေကိုလည်း တွေ့မြင် ချင်ပါတယ် လို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက သမ္မတ ဦးသိန်းစိန် ကို တိုက်တွန်းလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန် ဟာ ဗြိတိန်နိုင်ငံမှာ နှစ်ရက်နေပြီး ပြင်သစ်နိုင်ငံကိုထွက်ခွာမှာဖြစ်ပါတယ်။
ဇူလိုင်လ (၁၅) ရက်

ဗြိတိန် နိုင်ငံ ၀န်ကြီးချုပ်ရုံး ရှိရာ အမှတ် (၁၀) ဒေါင်းနင်း လမ်း

Friday, July 12, 2013

ဘာသာရေး ဖိနှိပ်မှု ရပ်ရန် မြန်မာကို ဘန်ကီမွန်း တောင်းဆို

မြန်မာနိုင်ငံသည် အများအမြင်တွင် ယုံကြည်လေးစားခံရသည့် နိုင်ငံတခုဖြစ်ချင်ပါက ဗုဒ္ဓဘာသာဝင်များက လူနည်းစု မူဆလင်များအပေါ် ဖိနှိပ်တိုက်ခိုက်နေမှုများကို ရပ်တန့်ပစ်ရမည်ဟု ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေး ပြောဆိုလိုက်သည်။

“မြန်မာအာဏာပိုင်တွေဖက်ကနေ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ နိုင်ငံသားဖြစ်ခွင့် တောင်းဆိုမှုတွေ အပါအ၀င် လူနည်းစု အသိုင်းအ၀ိုင်းရဲ့တရားဝင်မှုကို အသိအမှတ်ပြုပေးဖို့ လိုအပ်တာတွေ ဆောင်ရွက် သွားနိုင်ဖို့ အရေးကြီးပါတယ်” ဟု မစ္စတာ ဘန်ကီမွန်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

ဗုဒ္ဓဟူးနေ့ ညနေက ကျင်းပခဲ့သည့် သြစတြေးလျ၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေ၊ ရုရှား၊ စင်္ကာပူ၊ ထိုင်း၊ ဗြိတိန်၊ အမေရိကန်၊ ဗီယက်နမ် နှင့် ဥရောပသမဂ္ဂ၏ လက်ရှိဥက္ကဌ တာဝန်ယူထားသည့် လစ်သူယေးနီးယား နိုင်ငံများမှ သံအမတ်ကြီးများ တက်ရောက်ကြသည့် “မြန်မာ့မိတ်ဆွေများအဖွဲ့” ၏ အစည်းအဝေးတွင် မစ္စတာ ဘန်ကီမွန်းက “အန္တရာယ်ကြီးသော သွေးကွဲမှု”ကို ခိုင်ခိုင်မာမာဖြင့် အရေးပေါ် မကိုင်တွယ်ခဲ့လျှင် “ရှိပြီးသား တင်းမာမှုများဟာ ပေါက်ကွဲထွက်လာဖို့ လှုံ့ဆော်လာနိုင်တယ်၊ ဒါဟာ ပြုပြင်ပြောင်းလဲရေးကို ဖျက်ဆီးပစ်လိမ့်မယ်၊ မလိုလားအပ်တဲ့ ဒေသတွင်း လက်တုံ့ပြန်မှုတွေကိုလည်း ပေါ်ပေါက်စေနိုင်တယ်”ဟု ပြောဆိုခဲ့သည်။

ယင်းမိန့်ခွန်းသည် သေချာပြင်ဆင် ဖတ်ကြားခြင်းဖြစ်ပြီး မြန်မာပြည် ပြုပြင်ပြောင်းလဲရေးများ စတင်ပြီး နောက်ပိုင်း အပြင်းထန်ဆုံး သုံးနှုန်းဝေဖန်ခဲ့ခြင်းဖြစ်သည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ နိုင်ငံသား ဥပဒေသည် လူဦးရေ ၈ သိန်းခန့်ရှိမည့် “ရိုဟင်ဂျာ”ဟု ၎င်းတို့ကိုယ်ကို ခေါ်ဆိုသော ရခိုင်ပြည် မြောက်ပိုင်းရှိ မွတ်စလင်များကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ထားသည်။ လွန်ခဲ့သောနှစ်က ဖြစ်ပွားခဲ့သည့် ဆူပူမှု အဓိကရုဏ်းများကြောင့် လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ပြီး တစ်သိန်းလေးသောင်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

မြန်မာနိုင်ငံသည် စစ်တပ်က အာဏာသိမ်းယူပြီး စစ်အုပ်ချုပ်ရေးစနစ်ကျင့်သုံးခဲ့သည့် နှစ် ၅၀ ကြာ ကာလအတွင်း ဖယ်ကျဉ်ခံခဲ့ရသည်။ သို့သော်လည်း ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် နိုင်ငံရေး အကျဉ်းသား အမြောက်အများကို ပြန်လွှတ်ပေးခြင်း၊ နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်း စုကြည်ကို ပြန်လွှတ်ပေးခြင်း နှင့် ပြုပြင်ပြောင်းလဲရေးများ စတင်လာခဲ့ခြင်းတို့ ကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက သတိရှိရှိဖြင့် ကြိုဆိုခဲ့ကြသည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမား ကလည်း မြန်မာနိုင်ငံ၏ အကောင်းဖက်သို့ ဦးတည်လာသော ပြောင်းလဲမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ယမန်နှစ် သူ၏ အာရှခရီးစဉ် အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။

မြန်မာနိုင်ငံသည် လူနည်းစုတို့၏ အခွင့်အရေးကို ကာကွယ်ပေးခြင်းမရှိပါက ဒီမိုကရေစီ နိုင်ငံများ အသိုင်းအ၀ိုင်းသို့ ပြန်လည်ဆက်သွယ်နိုင်လိမ့်မည် မဟုတ်ဟုလည်း ကုလသမဂ္ဂရှိ မွတ်စလင် သံအမတ်ကြီးများက ပြောသည်။

“မြန်မာနိုင်ငံဟာ ကမ္ဘာနဲ့ အတူ ပျားရည်ဆမ်းခရီး ထွက်နေပါပြီ။ ဒါပေမယ့် သူ့ရဲ့ ပျားရည်ဆမ်းခရီးက မူဆလင် ဒုက္ခသည် အလောင်းတွေပေါ်မှာ တည်ဆောက်ထားတာ တခုပဲ ပြဿနာ ရှိပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီအာရေးဗီးယားနိုင်ငံ သံအမတ်ကြီး Abdullah al-Mouallemi က သတင်းထောက်များကို ပြောဆိုလိုက်သည်။

ကုလသမဂ္ဂ ဆိုင်ရာ ဂျဘူးတီနိုင်ငံ သံအမတ်လည်းဖြစ်၊ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဌလည်းဖြစ်သူ Roble Olhaye ကလည်း ရခိုင်ပြည် မြောက်ပိုင်းနေ မွတ်စလင်များကို ဆန့်ကျင်တိုက်ခိုက်မှုတွေကို “လူမျိုးတုံး သန့်စင်ရေး” ဟု ခေါ်ဝေါ်လိုက်သည်။

ဆော်ဒီ သံအမတ်ကြီးနှင့်အတူ သတင်းစာရှင်းလင်းပွဲတွင် “ကုလသမဂ္ဂကို ကျနော်တို့တောင်းဆို ချင်တာကတော့ ကမ္ဘာရဲ့ ပူပန်နေရမှုတွေကို ရှင်းရှင်းလင်းလင်း ဆက်ပြီးပြော ပြနေပေးဖို့ ပါပဲ” ဟု Olhaye ကဆိုသည်။ မွတ်ဆလင်နိုင်ငံများ အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ နှင့် တွေ့ဆုံ ကာ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်သည်ဟုလည်း သူက ဆိုသည်။

ထို့ပြင် Olhaye နှင့် Mouallemi တို့က ကုလသမဂ္ဂ ခေါင်းဆောင်များကလည်း မြန်မာနိုင်ငံရှိ မွတ်ဆလင်များဖက်မှ ပိုမို၍ ကာကွယ်ပြောကြားပေးသွားမည်ဟု ကတိပြုခဲ့ကြကြောင်း ပြောဆိုသည်။