Dysoon AM05 Hot + Cool ပန်ကာ ဖြစ်ပါတယ်။ ပန်ကာ မပါပဲ အေးအောင် ဘယ်လိုလုပ်လဲ ဆိုတာက ဗြိတိန် Dyson အီလက်ထရောနစ် ကုမ္မဏီက စတင်ထုတ်လုပ်တဲ့ ပစ္စည်း ဖြစ်ပါတယ်။
ပုံမှာမြင်တွေ့ရတဲ့အတိုင်း အလယ်ကနေ လေများ လွတ်ပေးမှာ ဖြစ်ပါတယ်။ မော်တာ ပါရှိပြီး ယင်းမော်တာကနေ Air Flow ကို Multiply လုပ်ပေးတဲ့ သဘောပါပဲ။ ၁ ကနေ ၂၈ ဒီဂရီ စတီဂရိတ် အထိလည်း ပူအောင် လုပ်ပေးနိုင်ပါတယ်။ အခန်း အပူချိန် အနေအထားကို အာရုံခံလို လိုသလိုချိန်ညှိပေးမယ့် အော်တို စနစ်လည်း ပါရှိပါတယ်။
၂၀၀၉ ခုနှစ်ကနေ စတင်ထုတ်လုပ်တဲ့ Air Multiplier များဟာ နည်းပညာ ဒီဇိုင်းဆုများစွာရရှိထားပါတယ်။
ကာလတန်ဖိုးအားဖြင့် ဗြိတိန်ပေါင် ၃၅၀ ဖြင့် စတင်ရောင်းချမယ့် ပစ္စည်း ဖြစ်ကြောင်း သိရပါတယ်။
No comments:
Post a Comment