Sunday, September 1, 2013

ဂျပန်နိုင်ငံတွင် ရိုဟင်ဂျာ ဘာသာ စကား သင်ကြားသည့် ကျောင်း ဖွင့်လှစ်

RB News
1.9.2013

တိုကျို ။ ။ ရိုဟင်ဂျာ ဘာသာ စကား သင်ကြားသည့် ကျောင်းတစ်ကျောင်းကို ဂျပန် နိုင်ငံ၊ တိုကျိုမြို့ အခြေစိုက် မြန်မာ နိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်ပြည်) BRAJ ၏ ပညာရေး ဌာနမှ ကြီးမှူး၍ ဖွင့်လှစ် လိုက်ကြောင်း သတင်း ရရှိပါသည်။

ကျောင်းဖွင့်လှစ်ပွဲ အခမ်းအနား တွင် BRAJ ၏ အထွေထွေ အတွင်းရေးမှူး ဦးဆယာဒုလ် အာမီးန်က ရိုဟင်ဂျာ ဘာသာ စကား၏ သမိုင်းကြောင်း ကိုအကျယ် တ၀န့် ရှင်းလင်း ပြောကြား ပါသည်။ ၎င်းက ရိုဟင်ဂျာ ဘာသာ စကား အရေး အသား ကို ၁၆၅၀ ခုနှစ်တွင် အာရ်ကာန်၏ နာမည်ကျော် ကဗျာဆရာ ရှားဟ် အလ်အ၀ဲလ် က အရဗီ အက္ခရာ ဖြင့် ပထမဆုံး တီထွင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၅၀ ကျော်က ရိုဟင်ဂျာ ဘာသာ စကား ရေးသားရန် တီထွင် ခဲ့သော်လည်း အာရ်ကာန်ကို မြန်မာ ဘုရင်များ သိမ်းပိုက်ပြီးနောက် ရိုဟင်ဂျာ စာပေ ဖွံ့ဖြိုးနိုင်အောင် လုပ်ဆောင် နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ အခြားသော ပညာရှင် များမှ အရဗီ၊ အူရ်ဒူ၊ မြန်မာ နှင့် ဟနီဖီ အက္ခရာများ ဖြင့်တီထွင် ခဲ့ကြပြီး၊ နောက်ဆုံး Rohingyalish ကို ဦးမိုဟာမတ် ဆီးဒိတ်က ၂၀၀၀ ပြည့်နှစ်တွင် လက်တင် အက္ခရာ ၂၈ ခုဖြင့် တီထွင် ခဲ့သည်ဟု ပြောကြားသည်။

Rohingyalish ကို နိုင်ငံတကာ စံနှုန်း သတ်မှတ်သည့် အဖွဲ့မှ ၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ISO 639-3 “rhg” ဟူ၍ သီးခြား သင်္ကေတ ပေး၍ နိုင်ငံတကာတွင် ရှိသော ဘာသာစကား များအနက် ဘာသာ စကား တစ်ခု ဖြစ်သည်ဟု အသိအမှတ် ပြုခြင်း ခံရသည်။

No comments:

Post a Comment