Monday, September 23, 2013

ထေရ၀ါဒရောက်ဖို့ မွတ်စလင်မ်က အသက်ပေးခဲ့ရတာပါ (ဒေါက်တာမြင့်သိန်း - မြန်မာမွတ်စလင်မ်ကွန်ရက်)

စက်တင်ဘာ ၂၃၊ ၂၀၁၃
ကိုပေါက်( မြန်မာမွတ်စလင်မ်မီဒီယာ)

“ပုဂံမှာကြည့်ရင် ဘာသာ ၃ မျိုးရှိတယ်။ထေရ၀ါ မရောက်မှီ မှုရင်းနတ်ကိုးကွယ်တာ၊ မပာာယာန နောက် အစ္စလာမ်ရှိမယ် ။ထေရ၀ါဒက နောက်မှရောက်တာပါ။ထေရ၀ါဒရောက်ဖို့ မွတ်စလင်မ်တွေက အသက်ပေးရတာပါ။ သမိုင်းကို သေချာလေ့လာပါ”လို့ ဒေါက်တာမြင့်သိန်း( မြန်မာမွတ်စလင်မ်ကွန်ရက်)က ယခုလ ၂၂ ရက်နေ့မှာပြောကြားလိုက်ပါတယ်။

ပုဂံပြည်ကို ထေရ၀ါဒ ဗုဒ္ဓဘာသာစတင်ရောက်ရှိဖို့ အရေးအပါဆုံးဖြစ်ရပ်ဖြစ်တဲ့ ပိဋကတ်သုံးပုံ ကိုသထုံ ဘုရင် မနှုပာာမင်းထံက အနော်ရထာမင်းက စစ်ခင်းရယူခဲ့ရာမှာ စစ်အောင်နိင်ဖို့ မြို့တံခါးပွင့်အောင် အသက်ပေးတာဝန်ထမ်းဆောင်ခဲ့ တဲ့ မွတ်စလင်မ်သူရဲကောင်း ဗျတ္တရဲ့စွမ်းဆောင်ချက်ကို ရည်ညွန်းပြီး ဒေါက်တာ မြင့်သိန်းက အထက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက်(PCN) ကကြီးမှုးကျင်းပတဲ့ ပောာပြောပွဲကို ယခုလ ၂၂ ရက်နေ့က အဆိုပါ ကွန်ရက်ရုံးခန်းမှာ ကျင်းပခဲ့ပြီး မြန်မာမွတ်စလင်မ်တွေရဲ့သမိုင်းကြောင်းနဲ့ ယခုလာမယ့် သန်းခေါင်စာရင်း ဖြည့်စွက်ရမယ့် အချိန်မှာ မြန်မာမွတ်စလင်မ်တွေ အတွက် ဆောင်ရန်ရှောင် ရန်တွေ့ကို ဒေါက်တာမြင့်သိန်းက တင်ပြခဲ့ပါတယ်။(ဆောင်ရန်ရှောင်ရန် အချက်များဖတ်ရန်- https://www.facebook.com/MyanmarMuslimMedia/posts/560383614011439 )

ဒါ့အပြင် ပုဂံခေတ်မှာ မွတ်စလင်မ်မရှိဘူးဆိုတဲ့ ပြောကြားချက်တွေနဲ့ပတ်သက်လို့လည်း ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ၁၉၇၆ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ထုတ် The Working People Daily သတင်းစာ ၊စာမျက်နှာ ၃ က Mandalay Historical Research 3 ဆိုတဲ့ ဆောင်းပါးမှာ ပုဂံခေတ်ကျောက်စာတွေမှာ ပသီ ဆိုတဲ့စာလုံးတွေ့ရှိကြောင်းရေးသားထားတယ်လို့လည်း ဒေါက်တာမြင့်သိန်းက ပြောကြားပါတယ်။

“ပုဂံခေတ်ကျောက်စာတွေကို လေ့လာတဲ့အခါမှာ ပသီဆိုတဲ့ဝေါပာာရကို အစောဆုံး အေဒီ ၁၂၂၄ ခုနှစ်ကတည်းက စတင်တွေ့ရှိရတဲ့အတွက် ပုဂံမှာ အဲဒီ့ခေတ်ကတည်းက အရဗ်တွေ၊ တူရကီတွေ ဆက်သွယ်နေပြီဆိုတာ မှတ်ယူလို့ရပါတယ်လို့ ဒေါက်တာသန်းထွန်းကိုယ်တိုင် ရေးသားသွားခဲ့ပါတယ်” လို့လည်း မြန်မာမွတ်စလင်မ်ကွန်ရက် နာယက ဒေါက်တာ မြင့်သိန်း က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိင်ငံအဖြစ်မပေါ်ပေါက်သေးတဲ့ ပုဂံခေတ်ကာလကတည်းက ပုဂံနဲ့ မွန် တွေ တိုက်ခိုက်ခဲ့ကြတဲ့ စစ်ပွဲပာာ ဗုဒ္ဓဘာသာ အချင်းချင်းတိုက်ခိုက်တဲ့ စစ်ပွဲတွေသာဖြစ်ပြီး ဒီလိုဖြစ်ရပ်တွေပာာ ပဒေသရာဇ် စနစ်ရဲ့ ဆိုးမွေတွေကို မဆက်ခံကြပဲ သင်ခန်းစာအနေနဲ့ပဲထားခဲ့ကြဖို့လည်း ဒေါက်တာမြင့်သိန်းက မေတ္တာရပ်ခံခဲ့ပါတယ်။

“ပုဂံနဲ့မွန်တိုက်တာပာာ ဗုဒ္ဓဘာသာအချင်းချင်းတိုက်တာ။အဲဒါ ပဒေသရာဇ်စနစ်။ မြန်မာပြည်မပာုတ်ဘူး။ ဘာသာတူချင်းတိုက်တာ။ အဲဒီ့ခေတ်က ဆိုးမွေတွေယူမလာကြပါနဲ့ သင်ခန်းစာ အနေနဲ့ထားခဲ့ကြပါတော့။ ကိုယ့် ဗုဒ္ဓဘာသာအချင်းချင်းတိုက်တာကျတော့ မေ့ထားပြီး မွတ်စလင်မ်တွေကျတော့ ပိာုလိုလုပ်တယ် ဒီလိုလုပ်တယ်ဆိုတာပာာ သမိုင်းကို အဲသလိုတော့ မဖြစ်သင့်ပါဘူး ။ပြည်ထောင် စု မြန်မာ နိင်ငံတော်ကြီးဖြစ်နေပါပြီ”လို့ လည်း ဒေါက်တာမြင့်သိန်းက အထက်ပါ ပောာပြောပွဲမှာပြောကြားခဲ့ပါတယ်

သီရိလင်္ကာ နိင်ငံမှ ရှင်အရပာံ ပင့်ဆောင်လာတဲ့ ပိဋကတ်သုံးပုံ ပာာ မွန်ဘုရင် မနှုပာာ မင်းထံမှာရှိကြောင်း သိရှိသွားတဲ့ အနော်ရထာမင်းက ထေရ၀ါဒ ကျမ်းစာဖြစ်တဲ့ ပိဋကတ်သုံးပုံရဖို့အတွက် မွန်ဘုရင်နဲ့ စစ်ခင်းခဲ့တာဖြစ်ပါတယ်။ဒီလို စစ်ပွဲဖြစ်ပွားရာမှာ မွန်ဘုရင်ရဲ့ မြို့တံခါးပွင့်ဖို့ အတွက် အစ္စလာမ်ဘာသာဝင် ဗျတ္တက မြို့တွင်းဝင်ရောက်ပြီး ဖွင့်ပေးခဲ့တာဖြစ်ပြီး အထက်ပါ တိုက်ပွဲမှာ ဗျတ္တကျဆုံးခဲ့ပါတယ်။

No comments:

Post a Comment