Showing posts with label သမိုင်း. Show all posts
Showing posts with label သမိုင်း. Show all posts
Wednesday, July 10, 2013
Sunday, April 7, 2013
Proto-Australoid Negritos (သို့) အာရ်ကာန် ဒေသ၏ ရှေးအကျဆုံး လူမျိုး
အမ်၊ အက်စ်၊ အဏ္ဏ၀ါ
RB သမိုင်း
6.4.2013
သမိုင်း ပညာရှင် များ၏ အဆိုအရ အာရ်ကာန်ဒေသတွင် အစောဆုံး ရောက်ရှိ အခြေချ
ခဲ့သော ကျောက် ခေတ် နှောင်းပိုင်း Proto-Australoid များကို Negritos
ဟုခေါ်သည်။ ထိုသူတို့သည် အသားမဲ ကြပြီး၊ ယခု ကပ္ပလီကျွန်းစု များရှိ မူလ ဘူတ
လူမျိုးများနှင့် ဆင်တူသော လူမျိုးများ ဖြစ်ပြီး၊ ၎င်း တို့ကို လူသား
စားသူများဟု အဓိပ္ပာယ် ရသော Rakhasha (ပါဠိ) သို့မဟုတ် Rakhshasa (Sanskrit)
ဟူ၍လည်း သိခဲ့ကြသည်။ သို့သော်ငြားလည်း သမိုင်း ပညာရှင်များ၏ သုံးသပ်ချက်အရ
အာရ်ကာန် ဒေ သတွင် ၎င်းတို့ တည်ရှိခဲ့မှုကို ရှေးဟောင်း သုတေသနဆိုင်ရာ
အကြွင်းအကျန် ရှားပါး မှုကြောင့် သက်သေ ပြရန် လွန်စွာ ခဲယဉ်း ပေသည်။
ထို့ကြောင့် ဤအကြောင်း အရာကို ဆွေးနွေး ရန် မ လိုတော့ပေ။
Indo-Aryans (သို့) အာရ်ကာန် ဒေသရှိ အစောပိုင်း လူမျိုးများ
ပထမဆုံး အာရ်ကာန် လူမျိုး ဘုရင်များသည် Ganges ချိုင့်ဝှမ်းမှ Indo-Aryans
များဖြစ်သည်။ (ရှေးဟောင်း အာရ်ကာန် လူမျိုး သမိုင်း မှတ်တမ်း)
Indo-Aryan လူမျိုး များသည် ယနေ့ ရခိုင်များ ဟုခေါ်သော မြန်မာ အဆက်အနွယ်များ
မရောက်မှီ ရာစုနှစ် တစ်ခုပြီး တစ်ခု၊ နန်းဆက် အုပ်ချုပ် ခဲ့သည်။ (Maurice
Collis နှင့် ဦးစံရွှေဘို Into hidden Burma Chapter, Arakan)
Indo-Aryan လူမျိုး၊ မြို (ခမီ) လူမျိုး နှင့် သက် (စက်) လူမျိုး တို့သည်
ဘီစီ ၃၃၂၃ မတိုင်မီကပင် ဒွါရ၀တီ၊ ဓည၀တီ မြို့တော်တို့ကို တည်ထောင်ပြီး
အခြေချ နေထိုင် ခဲ့ကြောင်း။ (ဇာလုပ် ကတ်ဖို့လေး - စံကျော်ထွန်း (မဟာဝိဇ္ဇာ)
- စာမျက်နှာ ၈၁)
Negriots ပြီးနောက် ရှေးဟောင်း သုတေသန ဆိုင်ရာ
သက်သေ အထောက် အထားများ အရ Indo-Aryan တို့သည် အာရ်ကာန် ဒေသ၌ ဒုတိယ အစောဆုံး
အခြေချ ခဲ့သူများ ဖြစ်ကြပြီး၊ ၎င်းနောက် သက်နှင့် ခမီ များဖြစ် ကြသည်။
(ခမီနှင့် သက်တို့သည် တောင်တန်း ဒေသများနေ လူမျိုးနွယ် စုများဖြစ်ပြီး
၎င်းတို့၏ အဆက် အနွယ်ကို တောင်တန်း ဒေသများတွင် ယခု အချိန်ထိ ရှာဖွေ
တွေ့ရှိနိုင် ပါသည်။) ၎င်း Indo-Aryan များသည် အဘယ် သူများနည်း။ ရှေးဦးစွာ
Indo-Aryan အသုံးအနှုံးကို အနက် အဓိပ္ပာယ် ဖွင့်ဆို ရမည်။
http://bit.ly/2tD2Dd
တွင် Indo-Aryan သည် အိန္ဒိယ တိုက်ငယ် အတွင်း ဟင်ဒီ၊ ဘင်္ဂလီ၊ ပန်ဂျာဘီ အစ
ရှိသည့် ဘာသာ စကား အပါအ၀င် Indo-European ဘာသာ စကား ပြောဆို ကြသော
သူများကို ခေါ်ဆိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆို ထားသည်။ ယေဘုယျ အားဖြင့်
Indo-Aryan များသည် Dravidians (တောင်ပိုင်း အိန္ဒိယန်း) များမှအပ ကျန်သည့်
အိန္ဒိယန်းများ ဖြစ်ကြသည်။ သို့ဖြစ်ပါ၍ ယနေ့ အာရ်ကာန်ဒေတွင် Indo-Aryan
၏မျိုးရိုး စဉ်ဆက် များမှာ ရိုဟင်ဂျာများမှ တစ်ပါး အခြား လူမျိုး တစ်မျိုး
ဖြစ်စရာ အကြောင်း လုံးဝ မရှိပေ။
အာရ်ကာန် ဒေသတွင် အေဒီ ၁၀ ရာစု
မတိုင်မီတွင် အိန္ဒိယန်း လူမျိုးများ၊ အိန္ဒိယန်း ယဉ်ကျေးမှု များနှင့် စာပေ
များကိုသာ ရှာဖွေ တွေ့ရှိခဲ့ ရသည်။ မြန်မာနှင့် မြန်မာ အဆက်အနွယ် တို့၏
ယဉ်ကျေးမှုကို ၁၀ ရာစု နောက်ပိုင်းမှ သာလျှင် ရှာဖွေ တွေ့ရှိခဲ့သည်။ (H. W.
Wilson; the history of Indian people, စာမျက်နှာ ၁၈၉ - ၂၀၄)
အာရ်ကာန် ဒေသတွင် ၁၀ ရာစု မတိုင်မီ နေထိုင်ခဲ့သော လူမျိုးများနှင့် လူမှု
အဖွဲ့အစည်း များမှာ အိန္ဒိယန်းများ ဖြစ်ကြသည်။ (Gordon H. Luce; Early Burma
Pre-Bagan)
[အာရ်ကာန် ဒေသ၏ နန်းဆက် သမိုင်းများကို သမိုင်း
ပညာရှင်များ ပြောကြားချက်အရ ၉၅၇ CE မတိုင်မီ ဓည၀တီ (ကာလပိုင်းခြား ၃
ပိုင်း) နှင့် ဝေသာလီ နန်းဆက် များနှင့် ၉၅၇ CE နောက် လေးမြို့နှင့် မြောက်
ဦး တို့တွင် ထင်ရှားသော ထီးနန်းများ တည်ရှိခဲ့သည်။ (အသေးစိတ် ကို
နောက်ပိုင်း တွင် ရေးသေား ဖော်ပြ ပါမည်။)]
ယနေ့ အာရ်ကာန် ဒေသတွင်
ရိုဟင်ဂျာနှင့် ရခိုင် ဟူသော လူမျိုးစု နှစ်စု ရှိသည်။ ၎င်းတို့ အနက် မည်သည့်
လူမျိုးစုသည် အာရ်ကာန် ဒေသတွင် လူမျိုးစု၊ ယဉ်ကျေးမှု၊ ဘာသာ စကားတို့ဖြင့်
အစောဆုံး လွှမ်းမိုး အုပ်ချုပ် ခဲ့သည့် Indo-Aryan (အိန္ဒိယန်း) များ၏ အဆက်
အနွယ်များ ဖြစ်နေကြ သနည်း။ ဤမေး ခွန်း ကို ဖြေကြား ရာတွင် မလို မုန်းတီး
မှုကို ဖယ်ရှား၍ ရိုးသားစွာ ဖြေဆိုရန် လိုအပ် ပေသည်။
ရခိုင်များ၏ မူရင်းဇစ်မြစ်
ရခိုင်များနှင့် ဗမာများသည် တူညီသော လူမျိုးများ ဖြစ်ကြသည်။ ရခိုင်များသည်
ရှေးဦးဗမာ များ ပြောဆိုခဲ့ သည့် စကားကို ပြောဆို ကြသည်။ ပိုမို
အရေးကြီးသည်မှာ ၎င်းတို့၏ ကိုးကွယ်သည့် ဘာသာလည်း တူညီသည်။ (ဒေါက်တာ ထင်အောင်၊
Burma before AD 1280; ၂၀၀၃ ခုနှစ်တွင် ဦးအောင်သန်း အင်္ဂလိပ် ဘာသာပြန်သည်။
စာမျက်နှာ ၄၀)
ရခိုင်သည် ဗမာလူမျိုးစုဝင် တစ်ခုဖြစ်သည်။
ရခိုင်တို့၏ အစောပိုင်း စာပေများကို ဗမာ ဘာသာဖြင့် ရှာဖွေ တွေ့ရှိ ခဲ့သည်။
(ဒေါက်တာ သန်းထွန်း၊ အသက် ၈၀ နှစ်ပြည့် သတင်းလွှာ)
ယခု အင်အားကြီး
လွှမ်းမိုး နေသော ရခိုင် များသည် အာရ်ကာန် ဒေသသို့ ၁၀ ရာစု နောက်ပိုင်းတွင်
ဝင်ရောက် လာသော တိဘက် - ဗမာ မျိုးနွယ်စု များအနက် ထင်ရှားသည့် အုပ်စု
ဖြစ်သည်။ (Dr. Pamela Gutman, Ancient Arakan, 1976)
ရခိုင်
လူမျိုး များသည် ဧရာဝတီ အထက်ပိုင်းသို့ ရောက်ရှိ အခြေချ ခဲ့သော
ဗမာများနှင့် နီးကပ်စွာ ဆင်တူသော Mongoloid မျိုးနွယ်စု များမှ ဆင်းသက်
လာသူများ ဖြစ်ကြသည်မှာ သံသယ ၀င်စရာ ပင်မရှိပေ။ ၎င်းတို့သည် ယခု မြန်မာ
စကားနှင့် ကွဲပြား ခြားနားသော အသုံးအနှုန်း၊ စကားသံ အချို့များမှ အပ တူညီသော
မြန်မာ စကားကိုသာ ပြောဆို ကြသည်။ (History of Burma, Lieut. General Sir
Aurthur P. Phayre, စာမျက်နှာ ၄၁၊ ၁၈၈၃)
ထို့အပြင် ထင်ပေါ်
ကျော်ကြားသော ပညာရှင်များမှ ရခိုင်များ၏ မူရင်း ဇစ်မြစ်ကို ရေးသား ဖော်ထုတ်
ထားသော သက်သေ အထောက် အထား အများ အပြား ရှိသော်ငြားလည်း အထက်တွင် ရည်ညွန်း
ထားသည့် အထောက် အထား များမှာ ဤအကြောင်း အရာအတွက် လုံလောက်ပြီ ဟုထင်ပါသည်။
သို့ပေမယ့်လည်း ယခု အချိန်ထိ ရခိုင် များသည် Indo-Aryan များမှ ဖြစ်သည်
သို့မဟုတ် ၁၀ ရာစု မတိုင်မီ စိုးစံခဲ့သော အိန္ဒိယ မင်းဆက်များမှ ဖြစ်သည်ဟု
ဆိုချင် ပါသလား? သို့တိုင်အောင် တစ်ယူသန် ရခိုင် ပညာရှင် များက ရှက်ဖွယ်
လိလိ ထင်ရာစိုင်း၍ ရခိုင် တို့သည် ၁၀ ရာစု မတိုင်မီ ထီးနန်း စိုးစံခဲ့သော
Indo-Aryan များမှ ဆင်းသက် လာသော မျိုးနွယ်စု ဖြစ်သည်ဟု ပြောဆို ကြသည်။
ဥပမာ အချို့ကို အောက်တွင် ဖော်ပြ ထားသည်။
ရခိုင် တယူသန် များ၏ ထင်ရာစိုင်းမှု
ရခိုင် လူမျိုး များသည် ရှေးဦးပိုင်း ကာလတွင် အိန္ဒိယ ဘာသာကို ရေးသားခဲ့
ကြသည်ဟု ထင်ရသည်။ (ဝေသာလီခေတ် အနန္ဒ စန္ဒရ ကျောက်စာ၊ ဦးစံသာအောင် - စာမျက်နှာ
၁၂)
သူတို့၏ သမိုင်း အထောက် အထားများသည် မှတ်တမ်းများ ကဲ့သို့
မူရင်း ဇစ်မြစ် မှတ်တမ်း စစ်စစ်များ မဟုတ်ဘဲ ရာစုနှစ်ပေါင်း များစွာ
အကြာတွင် ဟုတ်သယောင်ယောင် ကြံရာလိုက် လုပ်ထားခြင်း များသာုဖြစ်သည်။ ယခုအခါ
ထိုသူ တို့သည် ဘီစီအီး ၅၀၀၀ ကတည်းပင် နိုင်ငံတွင်း၌ ရှိနေ သယောင် ဖော်ပြနေ
ကြသည်။ အိန္ဒိယ ထီးနန်းများ ဖြစ်သော ဓည၀တီနှင့် ဝေသာလီ တို့ကိုလည်း ၎င်းတို့၏
လူမျိုးများ ထီးနန်းများ အဖြစ် ပြင်းထန်စွာ ပြောဆိုနေ ကြသည်။ (Noel F.
Singer’s Vaishali and Indianization of Arakan, စာမျက်နှာ ၁၄ , ရည်ညွန်း
“ရွှေဇံ, The Golden Mrauk U, စာမျက်နှာ ၁၄၉”)
နိုင်ငံရပ်ခြားတွင်
နေထိုင်သော တယူသန် ထင်ရာစိုင်း ရခိုင်ပညာရှင် အရှင်နာယက၏ Indo-Aryan
ဖြစ်ကြောင်း ပြောဆိုရန် ကြံစည် အားထုတ် နေမှုကိုလည်း ဥပမာ တစ်ခု အဖြစ်
အောက် တွင် ဖော်ပြ ထားသည်။
Indo-Aryan များသည် အာရ်ကာန် ဒေသသို့
ပြောင်းရွှေ့ မလာခင် အရှေ့အိန္ဒိယမှ Mongoloid အနွယ်ဝင် များနှင့် လက်ထပ်၍
ရောထွေး လာခဲ့သည်ဟု ယူဆရသည်။ http://bit.ly/10eZtIL
ဤသည်မှာ ယင်းသူတို့ တွေးတော ကြံစည် ကြခြင်းပင် ဖြစ်သည်။ထို့ကြောင့်
ယုတ္တိမရှိ အခြေ အမြစ် မရှိ ကြံစည် အားထုတ်ခြင်းပင် ဖြစ်သည်။ အကယ်၍
ထိုကဲ့သို့ ပြောဆိုနေ မှုများကို အမှန်ဟု ယူဆ ရလျှင် မေး ခွန်းပေါင်း
များစွာ မေးမြန်း ရန်ရှိပြီး ၎င်းတို့ကို ဖြေဆိုပေး ရမည် ဖြစ်သည်။ ၎င်းမေးခွန်း
တို့မှာ-
အိန္ဒိယ ဘာသာ စကား ပြောဆို နေသည့် ရခိုင်များ ၁၀ ရာစု
နောက်ပိုင်းတွင် ရုတ်တရက် မည်ကဲ့ သို့ မေ့ပျောက်ခဲ့ပြီး Tibeto-Burman
မူရင်း ဇစ်မြစ်မှ ဖြစ်သော ဘာသာ စကား တစ်ခုကို စပြောနေ ခဲ့ရ သနည်း။ ထီးနန်း
စိုးစံ ခဲ့သည့် အိန္ဒိယန်း ဘုရင်များ၏ အိန္ဒိယန်း အမည် များကို တိဘက်-မြန်မာ
အမည် များသို့ ပြောင်းရန် အဘယ် အကြောင်းအရာက ဦးတည်ပေးခဲ့ သနည်း။ (ဥပမာ
အားဖြင့် အစောဆုံး ထီးနန်း စိုးစံခဲ့သည့် “Chandra” အမည်)။ ထို့အပြင်
အိန္ဒိယန်း များနှင့် တူညီ ခဲ့သော ရခိုင် လူမျိုး များ၏ ရုပ်ပုံ သဏ္ဍန်သည်
ရုတ်တရက် အားဖြင့် မည်ကဲ့သို့ ကွဲပြားသွား သနည်း။ မေးခွန်း များစွာ
ရှိပါသည်။ ထိုအရာ များသည် Missing-Link ခေါ် ဆက်စပ်မှု ပျောက်ဆုံး နေခြင်း
ဖြစ်သည်။
ရခိုင် များသည် တခါတရံတွင် Tibeto-Burma အုပ်စုဟု
ပြောဆို ကြပြီး တခါတရံတွင် Indo-Aryan မျိုးနွယ်ဟု ပြောဆို ကြသည်။ မတူညီ
ကွဲလွဲရာ နှစ်မျိုးကို ပြောလေ့ ရှိသည်။ ရယ်မောဖွယ် တစ်ခု မဟုတ် သလော။
ဖြစ်နိုင်ချေ အားဖြင့် မူရင်း ဇစ်မြစ်နှင့် ၎င်းတို့ ကိုယ်ကို ၎င်းတို့ ဆက်နွယ်မှု
မပြတ်စေရန် Tibeto-Burman များဟု ပြောဆိုလေ့ ရှိသည်။ အစောပိုင်း ရခိုင်
သမိုင်း မှတ်တမ်း များတွင်လည်း Tibeto-Burman အနွယ်ဝင် များဟု ပြောဆို
ခဲ့သည်။ အခြား တစ်ဖက်တွင် Mongoloid အနွယ်ဝင်များ ဖြစ်သည် Tibeto-Burman
ရခိုင်များ ကျူးကျော် ၀င်ရောက် မလာမှီ အချိန်ထိ လူနေမှု ပတ်ဝန်းကျင် ဒေသကို
ခမ်းနားခမ်း ညားစွာအုပ်ချုပ်ခဲ့သော လူမျိုးများနှင့်ဆက်နွယ်ရန်အတွက်
Indo-Aryan များဟု ပြောဆိုသည် မှာ ဖြစ်နိုင်ချေရှိသည်။
စိတ်ဝင်စား ဖွယ်ရာ မေးခွန်း တစ်ခုမှာ “ဗမာများနှင့် ရခိုင်များမှ
ရိုဟင်ဂျာများ၊ ဘင်္ဂလီများ၊ အိန္ဒိယန်းများနှင့် ပါကစ္စတန်များကို မည်ကဲ့သို့
ခေါ်သည်ကို သိပါသလော”။ မြင့်မြတ်သော လူမျိုးဟု မူရင်း အဓိပ္ပာယ် ရသည့် “ကုလ”
ဟူသည့် ဝေါဟာရကို အိန္ဒိယန်းများ အတွက် နှိမ့်ချရန် သဘောဖြင့် သုံးစွဲ
နေခြင်း မဟုတ်လော။ ရခိုင် များသည် Indo-Aryan (အိန္ဒိယ မူရင်း ဇစ်မြစ်)
အနွယ်ဝင် များဟု မှတ်ယူလျှင် ထိုသူ များသည်လည်း “ကုလ” များပင် ဖြစ်ကြသည်။
ရခိုင် များသည်ပင် ကုလား ဖြစ်လျှင် အဘယ်ကြောင့် အခြားသူများ
(ရိုဟင်ဂျာများ) ကို ကုလားဟု ခေါ်နေကြ သနည်း။ နောက်တနည်း အားဖြင့် ရခိုင်
များသည် မိမိတို့ကိုယ် မိမိ ကုလား များဟု ခေါ်ကြ သလား။ ဗမာများမှ
ရခိုင်များကို ကုလားဟု ခေါ်ကြသလား။ စင်စစ် အားဖြင့် ရခိုင်များကို မည်သူ
များက “ကုလားများ” ခေါ်ကြ သနည်း။ စဉ်းစား စရာပင်။
ဆက်လက် ဖော်ပြ ပါမည်။
Saturday, March 16, 2013
အလောင်းဘုရားက ဗြိတိန်ဘုရင် George (2) ထံ ရွှေသားအစစ် ပေစာရွက် တစ်ရွက် ပေးပို့ခဲ့
Saturday, March 16, 2013
အေဒီ ၁၇၅၆ ခုနှစ်တွင် မြန်မာဘုရင် အလောင်းဘုရားက ဗြိတိန်ဘုရင် George (2) ထံ ပေးပို့ခဲ့သည့် ရွှေပေ ရွက်လွှာ သည် ယနေ့အထိ ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ Gottfried Wilhelm Leibniz စာကြည့်တိုက်၌ ထိန်းသိမ်းထားရာ အေဒီ ၁၇၅၆ ခုနှစ်တွင် အလောင်းဘုရားက ဗြိတိန်ဘုရင် George(2) ထံ မြန်မာနှင့် ဗြိတိန် ချစ်ကြည်ရေး တိုးမြှင့် ဆောင်ရွက် ရန် ရေးသားခဲ့ကာ အင်္ဂလိပ် ကုန်သည် အဖွဲ့အား ဟိုင်းကြီးကျွန်းတွင်နေထိုင်၍ ကုန်သွယ် ခွင့်ပြုထားကြောင်း၊ ဆက်လက်၍ လည်း နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တို့ကို
ဖော်ပြထားသည်။
လွတ်လပ်သော ပြည်ထောင်မင်း အချင်းချင်း တန်းတူ ညီမျှမှုဖြင့် သဝဏ်လွှာ ပေးပို့ခြင်းဖြစ်ကာ ဗြိတိန်ဘုရင် George (2) က ၎င်း၏ မွေးဖွားရာ ဇာတိ ဟန်နိုဗာမြို့ စာကြည့်တိုက်သို့ လွှဲပြောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရွှေပေ ရွက်လွှာသည် အရည်အသွေး ကောင်းသော ရွှေအစစ်ကို ပါးလွှာအောင် အပြား ခတ်ထားပြီး အလျား ၅၅ စင်တီမီတာ၊ အနံ ၁၂ စင်တီမီတာရှိ ပေရွက် ပုံသဏ္ဌာန် ပြုလုပ်ထားကာ ထိပ်တစ်ဖက်စီတွင် အရည်အသွေး တူညီသော ပတ္တမြား ၁၂ လုံးစီ မြှုပ်ထားသည်။
ရွှေပေရွက်လွှာ ပေါ်တွင် ကညစ်ဖြင့် ရေးသား ထားသော စာကြောင်း ၁ဝ ကြောင်း ပါဝင်ပြီး သက္ကရာဇ် ၁၁၁၈ ခု ကဆုန်လဆန်း ၁ဝ ရက်(၇-၅-၁၇၅၆)ဟူ၍ ရက်စွဲ ပါရှိသည်။ အဆိုပါ ရွှေပေရွက်လွှာကို လိပ်၍ ဆင်စွယ်ကြုတ်တွင် ထည့်သွင်းထားသည်။ နှစ်ပေါင်း ၂၅ဝ ကြာမြင့်ပြီးနောက် ၂ဝဝ၇ ခုနှစ်တွင် ဟန်နိုဗာမြို့ရှိ စာကြည့် တိုက်မှ ပညာရှင် Dr. Fri-edrich Hulsmann က တွေ့ရှိခဲ့ပြီး လူဇင်ဘတ် နိုင်ငံသား သမိုင်း ပညာရှင်၏ အကူ အညီဖြင့် လေ့လာ သုတေသန ပြုခဲ့ရာမှ မြန်မာဘာသာဖြင့် ရေးသားထားကြောင်း သိရှိခဲ့ပြီး ကွန်ပျူတာ အကူ အညီဖြင့် ဘာသာပြန်ခြင်း၊ အက္ခရာ ဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဟန်နိုဗာမြို့ရှိ စာကြည့်တိုက်၌ အလောင်းဘုရား ပေး ပို့သည့် ရွှေပေရွက်လွှာကို ဓာတ်ပုံ စက္ကူဖြင့် ပုံအကြီးချဲ့၍ ချိတ်ဆွဲ ပြသထားပြီး မူရင်း ရွှေပေ ရွက်လွှာ အစစ်ကို စနစ် တကျ ပြုပြင်ထိန်းသိမ်း၍ အထူး သိမ်းဆည်း ထားကြောင်း သိရှိရသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူနှင့် ယဉ်ကျေးမှု အဖွဲ့က ဟန်နိုဗာရွှိ Gottfried Wilhelm Leibniz စာကြည့်တိုက်သို့ ရောက်ရှိစဉ် အဆိုပါ ရွှေပေ ရွက်လွှာအား ကြည့်ရှု လေ့လာ ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။
http://bit.ly/Yxysh9
အေဒီ ၁၇၅၆ ခုနှစ်တွင် မြန်မာဘုရင် အလောင်းဘုရားက ဗြိတိန်ဘုရင် George (2) ထံ ပေးပို့ခဲ့သည့် ရွှေပေ ရွက်လွှာ သည် ယနေ့အထိ ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ Gottfried Wilhelm Leibniz စာကြည့်တိုက်၌ ထိန်းသိမ်းထားရာ အေဒီ ၁၇၅၆ ခုနှစ်တွင် အလောင်းဘုရားက ဗြိတိန်ဘုရင် George(2) ထံ မြန်မာနှင့် ဗြိတိန် ချစ်ကြည်ရေး တိုးမြှင့် ဆောင်ရွက် ရန် ရေးသားခဲ့ကာ အင်္ဂလိပ် ကုန်သည် အဖွဲ့အား ဟိုင်းကြီးကျွန်းတွင်နေထိုင်၍ ကုန်သွယ် ခွင့်ပြုထားကြောင်း၊ ဆက်လက်၍ လည်း နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တို့ကို
ဖော်ပြထားသည်။
လွတ်လပ်သော ပြည်ထောင်မင်း အချင်းချင်း တန်းတူ ညီမျှမှုဖြင့် သဝဏ်လွှာ ပေးပို့ခြင်းဖြစ်ကာ ဗြိတိန်ဘုရင် George (2) က ၎င်း၏ မွေးဖွားရာ ဇာတိ ဟန်နိုဗာမြို့ စာကြည့်တိုက်သို့ လွှဲပြောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရွှေပေ ရွက်လွှာသည် အရည်အသွေး ကောင်းသော ရွှေအစစ်ကို ပါးလွှာအောင် အပြား ခတ်ထားပြီး အလျား ၅၅ စင်တီမီတာ၊ အနံ ၁၂ စင်တီမီတာရှိ ပေရွက် ပုံသဏ္ဌာန် ပြုလုပ်ထားကာ ထိပ်တစ်ဖက်စီတွင် အရည်အသွေး တူညီသော ပတ္တမြား ၁၂ လုံးစီ မြှုပ်ထားသည်။
ရွှေပေရွက်လွှာ ပေါ်တွင် ကညစ်ဖြင့် ရေးသား ထားသော စာကြောင်း ၁ဝ ကြောင်း ပါဝင်ပြီး သက္ကရာဇ် ၁၁၁၈ ခု ကဆုန်လဆန်း ၁ဝ ရက်(၇-၅-၁၇၅၆)ဟူ၍ ရက်စွဲ ပါရှိသည်။ အဆိုပါ ရွှေပေရွက်လွှာကို လိပ်၍ ဆင်စွယ်ကြုတ်တွင် ထည့်သွင်းထားသည်။ နှစ်ပေါင်း ၂၅ဝ ကြာမြင့်ပြီးနောက် ၂ဝဝ၇ ခုနှစ်တွင် ဟန်နိုဗာမြို့ရှိ စာကြည့် တိုက်မှ ပညာရှင် Dr. Fri-edrich Hulsmann က တွေ့ရှိခဲ့ပြီး လူဇင်ဘတ် နိုင်ငံသား သမိုင်း ပညာရှင်၏ အကူ အညီဖြင့် လေ့လာ သုတေသန ပြုခဲ့ရာမှ မြန်မာဘာသာဖြင့် ရေးသားထားကြောင်း သိရှိခဲ့ပြီး ကွန်ပျူတာ အကူ အညီဖြင့် ဘာသာပြန်ခြင်း၊ အက္ခရာ ဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဟန်နိုဗာမြို့ရှိ စာကြည့်တိုက်၌ အလောင်းဘုရား ပေး ပို့သည့် ရွှေပေရွက်လွှာကို ဓာတ်ပုံ စက္ကူဖြင့် ပုံအကြီးချဲ့၍ ချိတ်ဆွဲ ပြသထားပြီး မူရင်း ရွှေပေ ရွက်လွှာ အစစ်ကို စနစ် တကျ ပြုပြင်ထိန်းသိမ်း၍ အထူး သိမ်းဆည်း ထားကြောင်း သိရှိရသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူနှင့် ယဉ်ကျေးမှု အဖွဲ့က ဟန်နိုဗာရွှိ Gottfried Wilhelm Leibniz စာကြည့်တိုက်သို့ ရောက်ရှိစဉ် အဆိုပါ ရွှေပေ ရွက်လွှာအား ကြည့်ရှု လေ့လာ ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။
http://bit.ly/Yxysh9
Monday, March 11, 2013
တံတားဖြူကနေ တံတားနီဖြစ်သွားတဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားသူများ ဝင်ဖတ်သွားကြပါ။
(အဖြစ်အပျက်အား ပြန်လည်ဖေါ်ပြ ရေးသားပေးသော မပျိုပျိုမေ အား အထူး ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ပြောကြားအပ်ပါသည်)။
၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက် နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဖြစ်ပွားခဲ့မှုများအကြောင်း အခြားကောလိပ်နဲ့ တက္ကသိုလ်တွေကို ပျံ့နှံ့သွားခဲ့တယ်။ ရန်ကုန်တက္ကသိုလ်(ပင်မ)၀င်းအတွင်
ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဟောပြောပွဲများ ပြုလုပ်ကြပြီး စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကြတယ်။ မွန်းလွဲ (၁) နာရီမှာ ရန်ကုန်တက္ကသိုလ် ဒုပါမောက္ခချုပ် ဦးဘသန်းဟက် ကျောင်းသားများကို စကားပြောခဲ့ပါတယ်။ အာဏာပိုင်များ၏ ကိုယ်စားလှယ်ဆိုသူက ကျောင်းသားများရဲ့ လိုလားချက်ကို မေးမြန်းတဲ့ အခါ ကျောင်း သားအုပ်ကြီးက “ဖက်ဆစ်အစိုးရ ဖြုတ်ချရေး .. ဒို့အရေး” လို့ သံပြိုင်ဖြေကြားခဲ့တယ်။ ဒုပါမောက္ခချုပ် ဦးဘသန်းဟက်လည်း ကျောင်းသားများရဲ့ စိတ်ကို နားလည်သွားပြီး တားမရတဲ့အဆုံး ကျောင်းဝင်းတွင်းက မထွက်ရင် ဘာမှ မဖြစ်စေရဘူးလို့လည်း အာမခံချက် ပေးခဲ့ပါသေးတယ်။
အဲ့ဒီနောက် ကျောင်းသားတွေလည်း တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းဆောင်များဖြစ်တဲ့ မန္တလေး၊ အမရ၊ တောင်ငူဆောင်တွေကို လှည့်လည်ချီတက် လူစုရင်း ဆန္ဒပြခဲ့ကြတယ်။ ကျောင်းဆောင်တွင်း မှာ ကျောင်းသားများ ပူးပေါင်းလာကြပြီး ထောင်ပေါင်းများစွာသော ကျောင်းသားအုပ်ကြီး ဖြစ်သွားခဲ့ကြ တယ်။ ဆေးတက္ကသိုလ် ကျောင်းသားအချို့လည်း ပါဝင်လာကြတယ်။
ကျောင်းသားများထဲမှအလှည်ကျ ဟောပြောသူ ကျောင်းသားတစ်ဦးက ရန်ကုန်စက်မှုတက္ကသိုလ်သို့ ချီတက်ကြရန် လှုံ့ဆော်လိုက်ရာ ကျောင်းသားများအားလုံးက လက်သီးလက်မောင်းတန်းကာတပြိုင်နက
ပြည်လမ်းတလျှောက် ချီတက်ကြပြီး လှိုင်ကောလိပ်ကိုဝင်ပြီး သမိုင်းဝင်းတစ်ခုလုံးရှိ ကျောင်းသား အင်အားစုရန် ခရီးစဉ် ရေးဆွဲခဲ့ကြတယ်။ ပြည်လမ်းတခုလုံး ကျောင်းသားများနဲ့ ပြည့်နှက်နေပြီး အစိုးရဆန့်ကျင်ေ
အဓိပတိလမ်းမထိပ် ကျောင်းသားထုကြီးရဲ့ ရှေ့ဆုံးမှာတော့ ခေတ်အဆက်ဆက် ကျောင်းသားတော်လှန်ရေးတိုင်းမှာ
ကျောင်းသားအုပ်ကြီး ပြည်လမ်းမအတိုင်း ဆက်လက်ချီတက်လာရာ အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့် တံတားဖြူကန်ဘောင်
စစ်သားမြောက်များစွာက ကျောင်းသားအုပ်ဆီကို သေနတ်များနဲ့ ချိန်ထားပြီး တိုက်ပွဲဝင် အသင့်အနေ အထားနဲ့ စောင့်နေကြတယ်။ ဘရင်းကယ်ရီယာများကလည်းစစ်သားမျာ
အဲ့ဒီ အချိန်မှာပဲ ကျောင်းသားအုပ်ရဲ့ နောက်ဖက်ကနေ ရာပေါင်းများစွာသော လုံထိန်းများက သေနတ်များ ဒိုင်းများ တုတ်များနဲ့ ပိတ်ဆို့ ၀ိုင်းရံလိုက်ကြတယ်။ ကျောင်းသားများ အသက်ရှုရပ်မတတ် ရုတ်တရက် ကြက်သေသေသွားကြတယ်။ ပိတ်မိနေကြပြီ။ အရှေ့မှာ စစ်တပ်၊ အနောက်မှာ လုံထိန်းတပ်၊ ညာဘက်မှာ အင်းလျားကန်ဘောင်၊ ဘယ်ဘက်မှာ ကာရံထားသော ခြံစည်းရိုးများ နဲ့ လေးဘက်လေးတန် ပိတ်မိနေကြကာ သတ်ကွင်းထဲ သို့ အလိုလို ရောက်သွားရတယ်။
ထိုအချိန်မှာပဲ အမိန့်ပေးသံ ထွက်ပေါ်လာပြီး လုံထိန်းများက ကျောင်းသားအုပ်ထဲသို့ နံပါတ်တုတ်များ နဲ့ ၀င်ရိုက်ကြတော့တယ်။ နံပါတ်တုတ်များ နဲ့ ရိုက်သံက ကျောင်းသားများ အော်ဟစ်ပြေးလွှားကြသံနဲ့ အတူ အတိုင်းသား ကြားနေရတယ်။ ကျောင်းသားများ ခြေဦးတည့်ရာကို ထွက်ပြေးကြတယ်။ ကန်ဘောင်ပေါ်တက်ပြေးကြတယ်။ အချို့လည်း အင်းလျားကန်ထဲ ခုန်ဆင်းကြပြီး လွတ်မြောက်ရာလမ်းကို ရှာကြတယ်။ လုံထိန်းများက မပြေးနိုင်သော ကျောင်းသူများကို ပိုမဲပြီး ရိုက်ကြတယ်။
ပြည်လမ်းမပေါ်မှာ ကျောင်းသူကျောင်းသားများ သွေးအလိမ်းလိမ်းနဲ့ အတုန်းအရုံး လဲကျကုန်ကြ တယ်။ ကျောင်းသားအချို့ကလည်း နီးစပ်ရာ အိမ်ခြံတံခါးများကို ကျော်ဝင်ပြီး ပြေးပုန်းကြတယ်။ ကန်ဘောင်ပေါ် တက်ပြေး ကြတဲ့ ကျောင်းသားတွေနောက်ကို လိုက်ရိုက်ပြီး မပြေးနိုင်သူ ဖမ်းမိသူ ကျောင်း သားကျောင်းသူတွေကို အင်းလျားကန်ထဲ မောင်းသွင်းပြီး ခေါင်းကို ရေနှစ်သတ်ကြတယ်။ အင်းလျားကန် ရေပြင် လည်း သွေးချင်းချင်းနီလို့ တံတားဖြူ ကန်ဘောင်လည်း ကျောင်း သားကျောင်း သူဆို့ ရဲ့ သွေးတွေနဲ့  တံတားနီအဖြစ် ရောက်ခဲ့ရတယ်။
အဲ့ဒီနောက်အသင့်စောင့်နေသောလုံထ
ထိုသို့ ကျောင်းသားများအား ရိုက်နှက်သတ်ဖြတ်ရန်မှာ ကြိုတင်စီစဉ် အကွက်ချထားပြီး မြန်မာ့အသံ အဆောက်အဦးအတွင်းမှ အမိန့်ပေး ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အမိန့်ပေး ညွှန်ကြားခဲ့သူမှာ မဆလ အစိုးရ အရှင်သခင် ဦးနေ၀င်း၏ ညာလက်ရုံး ဦးစိန်လွင် ( စိန်လွင် ၆ တန်း တစ်ဇောက်ကန်း ဟု အမည်တွင်ခဲ့သူ) ဖြစ်တယ်။
တံတားဖြူ လူသတ်ပွဲကြီး ဖြစ်ပွားခဲ့ပြီး မတ်လ (၁၆) ရက်နေ့ ည (၁၂) နာရီ ခန့်မှာ အနီရောင် ပစ်ကပ်ကား တစ်စီး အင်းလျားကန်ဘောင်မှာ ရပ်လိုက်ပါတယ်။ ကားပေါ်တွင် ပါလာသော လုံထိန်းမျာ:က မိန်းကလေး (၃) ယောက်ကို ကားပေါ်မှ ဒရွတ်တိုက် ဆွဲချပြီး ကန်ဘောင်ပေါ်မှာ ပစ်ထားခဲ့တယ်လို့ မျက်မြင် သက်သေများက ပြောပါတယ်။ မိန်းကလေး (၃) ယောက်မှာ အောက်ပိုင်း တစ်ခုလုံး သွေး များနှင့် မြင်မကောင်းအောင် ဖြစ်နေရတယ်။ အသက်တော့ ရှိနေသေးတယ်။ သတိရ တစ်ချက် မရတစ်ချက် ဖြစ်နေတဲ့ မိန်းကလေး (၃) ယောက်ကို တွေ့ခဲ့တဲ့ ကျောင်းသားအချို့က အနီးဆုံး လဘက်ရည်ဆိုင်ထဲ တိတ်တဆိတ် သယ်လာခဲ့တယ်။
မနက်မိုးလင်းတဲ့အထိ စောင့်ပြီး မနက် (၅) နာရီ လောက်မှာ ဆေးရုံကြီးကို ပို့ခဲ့ရတယ်။ ရန်ကုန်ဆေးရုံကြီးမှာလည်း အခြားသော မတရားပြုကျင့်ခံရတဲ့ မိန်းကလေးများ ရောက်လာခဲ့တယ်လို့ သူနာပြုဆရာမ တစ်ယောက်က ပြောပြပါတယ်။ မိန်းကလေးတစ်ယောက်မှာ အုပ်စုလိုက် လူမဆန်စွာ မတရားပြုကျင့်ခံရတဲ့အတွက် သားအိမ်ကွဲပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
၁၉၈၈ ခုနှစ် မတ်လ (၁၇) ရက်နေ့ တွင် ရန်ကုန်တက္ကသိုလ် (ပင်မ) မှာ ကျောင်းသားများ ထောင်နဲ့ ချီပြီး ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ စုဝေးခဲ့ကြပြီး၊ လွတ်လပ်သော ကျောင်းသားသမဂ္ဂကို ဖွဲ့စည်း လိုက်ကြောင်း ကြေညာ ခဲ့ကြတယ်။ အဲဒီနောက် အပန်းဖြေရိပ်သာအနီးမှာရှိတဲ့စင်
ကိုဖုန်းမော်၏ ဈာပနကို ကြံတောသုဿာန်တွင် မီးသင်္ဂြိုဟ်မှာဖြစ်လို့ ကျောင်းသား ထောင်ပေါင်းများစွာက ကြံတောသုဿာန်မှာ အကြာကြီး စောင့်နေခဲ့ကြတယ်။ ဒါပေမယ့် မွန်းလွဲ (၁) နာရီခန့်မှာ ကိုဖုန်းမော် အလောင်းကို တာမွေသင်္ချိုင်းမှာ မဆလအာဏာပိုင်တွေကတိတ်တဆိတ်သင်္ဂြို
ကျောင်းသားများရန်ကုန်တက္ကသိုလ်ေ
ကျောင်းဝင်းကို ၀ိုင်းထားတဲ့ စစ်သားတွေ လုံထိန်းတွေက နေ့လည် (၂) နာရီလောက်မှာ ကျောင်း ၀င်းထဲ သေနတ်များ နံပါတ်တုတ်များနဲ့ ကျောင်းဝင်းကို ၀င်စီးလိုက်ကြတယ်။ မျက်ရည်ယိုဗုံးတွေ ကို ကျောင်းသားအုပ်ထဲ ပစ်သွင်းကြတယ်။ အချုပ်ကားတွေလည်း ကျောင်း ၀င်းထဲဝင် လာပြီး ကျောင်းသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ကျောင်းဆောင်တွေထိပါ ၀င်လာပြီး ကျောင်း သားတွေကို ထွက်ခိုင်းကာ အချုပ်ကားပေါ် တင်သွားကြတယ်။ အချုပ်ကားထဲကို ကျောင်း သားကျောင်း သူများ အဆမတန် တင်ဆောင်လာတဲ့အတွက် ကားထဲမှာ မွန်းကျပ်ပြီး သေဆုံးခဲ့တဲ့ ဒဏ်ရာရ ကျောင်းသားတွေလည်း ရှိခဲ့ပါတယ်။ ဖမ်းဆီခေါ်လာတဲ့ ကျောင်းသားတွေကို အင်းစိန်ထောင်ထဲ ပို့လိုက်ကြတယ်။
၁၉၈၈ ခုနှစ် မတ်လ (၁၈) ရက်နေ့မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ကျောင်းသားသမဂ္ဂက ကိုဖုန်းမော် အရေးအခင်းနှင့် တံတားဖြူအရေးအခင်းအပြင် ဆက်စပ်နေသော ပြသနာများကို ဖြစ်ရပ်မှန် အတိုင်း ကြေညာပေးရန် မ.ဆ.လ အစိုးရကို တောင်းဆိုလိုက်တယ်။ အစိုးရက အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်သ
အဲဒီနောက် တက္ကသိုလ်ပေါင်းစုံ ကျောင်းသားများက မြို့ထဲသို့ ၀င်ရောက်ဆန္ဒပြရန်ဆုံးဖြတ်လိုက်ြ
ဒီလိုနဲ့  ကျောင်းသူကျောင်းသားတွေဦးဆောင်
၁၉၈၈ခုနှစ်၊မတ်လကာလအတွင်းမှာ ပေးဆပ်ရင်းနှီးဆုံးရှုံးခဲ့ကြရတ
by niknayman blog- Sat/March/2009 At 4:49am
photo: တံတားနီနေ့ (သို့) တံတားဖြူ အရေးအခင်း – မတ်လ (၁၆) ရက်
Kyaw Naing
Sunday, February 3, 2013
လူသားသမိုင်းမှာ ဖြစ်ပွါးခဲ့တဲ့ လူအသေအပျောက် အများဆုံးဖြစ်စဉ်တွေထဲမှ ကိန်းဂဏန်း အများဆုံးနဲ့ အရက်စက်ဆုံး အကြမ်းတမ်းဆုံး ဖြစ်စဉ်တခုကို သင်သိပါသလား
အဖြေမှန်ကတော့ ၁၉၅၈ ခုနှစ်မှ ၁၉၆၁ ခုနှစ်အတွင်းမှာ ကျွန်တော်တို့ အိမ်နီးချင်း တရုတ်နိုင်ငံ မှာ ဖြစ်ပွါး ခဲ့တဲ့ အငတ်ဘေးဆိုက်မှု ကြီးပဲဖြစ်ပါတယ်။
ထုံးစံအတိုင်း တရုတ်အစိုးရရဲ့ တရားဝင် ကိန်းဂဏန်း ထုတ်ပြန်မှူများအရ လူဦးရေ ၁၅ သန်းလောက်သာ ဖိတ်စင်ခဲ့တယ်လို့ ဆိုခဲ့ပေမဲ့ ပညာရှင်များရဲ့ ခန့်မှန်းမှူအရ အနည်းဆုံး ၄၅သန်းထက် မလျော့နိုင်ဘူးဟု သိရပါတယ်။
ဒီကိန်းဂဏန်းတွေထဲမှာ အငတ်ဘေးကြောင့် သေဆုံးခဲ့သူများအပြင် တရုတ် ဗဟို အစိုးရရဲ့ နိုင်ငံရေး ပြိုင် ဖက် အတိုက်အခံများကို ဖမ်းဆီး နှိပ်စက် ညှင်းပန်းခြင်းကြောင့် သေဆုံးရသူ အရေအတွက်ပါ ပါဝင်ပါတယ်။
ဒီလို ဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးကြီး စတင်ဖြစ်ပွါးခဲ့ရတဲ့ အခြေခံ အကြောင်းရင်းကတော့ တရုတ်နိုင်ငံ မြောက် ပိုင်း မှာ ရှိတဲ့ စိုက်ပျိုးမြေများ ဟာ မိုးရေလုံးဝမရရှိပဲ မိုးခေါင်မှူမှ စတင်ပါတယ်။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ တခြားဒေသတွေမှာ ရေကြီးခြင်းနဲ့ ပုံမှန်မဟုတ်တဲ့ရာသီ ဥတုဖောက်ပြန်ခြင်း တို့ တချိန်တည်းမှာပဲ ဖြစ်ပေါ်ခဲ့ပါတယ်။ လေလာသူများရဲ့ သုံးသပ်ချက်အရ ဒီဆိုးရွားလှတဲ့ ဖြစ်စဉ်ကြီးရဲ့ တရားခံ အကြောင်းရင်း ၃၀ရာခိုင်နှုန်းဟာ သဘာဝဘေး အန္တရယ်ကြောင့်သာ ဖြစ်ပြီး ကျန်တဲ့ ၇၀ရာခိုင်နှုန်းကတော့
ထုံးစံအတိုင်း တရုတ်အစိုးရရဲ့ တရားဝင် ကိန်းဂဏန်း ထုတ်ပြန်မှူများအရ လူဦးရေ ၁၅ သန်းလောက်သာ ဖိတ်စင်ခဲ့တယ်လို့ ဆိုခဲ့ပေမဲ့ ပညာရှင်များရဲ့ ခန့်မှန်းမှူအရ အနည်းဆုံး ၄၅သန်းထက် မလျော့နိုင်ဘူးဟု သိရပါတယ်။
ဒီကိန်းဂဏန်းတွေထဲမှာ အငတ်ဘေးကြောင့် သေဆုံးခဲ့သူများအပြင် တရုတ် ဗဟို အစိုးရရဲ့ နိုင်ငံရေး ပြိုင် ဖက် အတိုက်အခံများကို ဖမ်းဆီး နှိပ်စက် ညှင်းပန်းခြင်းကြောင့် သေဆုံးရသူ အရေအတွက်ပါ ပါဝင်ပါတယ်။
ဒီလို ဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးကြီး စတင်ဖြစ်ပွါးခဲ့ရတဲ့ အခြေခံ အကြောင်းရင်းကတော့ တရုတ်နိုင်ငံ မြောက် ပိုင်း မှာ ရှိတဲ့ စိုက်ပျိုးမြေများ ဟာ မိုးရေလုံးဝမရရှိပဲ မိုးခေါင်မှူမှ စတင်ပါတယ်။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ တခြားဒေသတွေမှာ ရေကြီးခြင်းနဲ့ ပုံမှန်မဟုတ်တဲ့ရာသီ ဥတုဖောက်ပြန်ခြင်း တို့ တချိန်တည်းမှာပဲ ဖြစ်ပေါ်ခဲ့ပါတယ်။ လေလာသူများရဲ့ သုံးသပ်ချက်အရ ဒီဆိုးရွားလှတဲ့ ဖြစ်စဉ်ကြီးရဲ့ တရားခံ အကြောင်းရင်း ၃၀ရာခိုင်နှုန်းဟာ သဘာဝဘေး အန္တရယ်ကြောင့်သာ ဖြစ်ပြီး ကျန်တဲ့ ၇၀ရာခိုင်နှုန်းကတော့
Saturday, February 2, 2013
လူမျိုးရှိပြီး အမည်ပျောက်နေသူများ
မြန်မာပြည် အထက်ပိုင်းဒေသ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တလျှောက် နေထိုင်ကြသည့် ရှမ်းနီတိုင်းရင်းသား လူငယ်အများစုသည် ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုများ ကန့်သတ်ခံနေရသည့်အတွက် မိမိကိုယ်မိမိ ရှမ်းနီ လူမျိုးဖြစ်ကြောင်း သိရှိသူ နည်းပါးလာနေသည်။
ရှမ်းနီ တိုင်းရင်းမျိုးနွယ်စုများသည် ကချင်ပြည်နယ် အတွင်းရှိ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုင်းနား၊ အင်းတော်ကြီး၊ ဖားကန့်၊ မိုးညှင်း၊ ဟိုပင်၊ ဗန်းမော်၊ မိုးကောင်း၊ မိုးမိတ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ၀န်းသို၊ နှင့် ချင်းတွင်းမြစ် တလျှောက်ရှိ ပင်လည်ဘူး၊ ဗန်းမောက်၊ ဟုမ္မလင်းမြို့ စသည့် မြို့နယ်များ တွင် နေထိုင်ကြသည်။
မြန်မာပြည် အထက်ပိုင်း၊ ကချင်ပြည်နယ်အတွင်း နေထိုင်သူ ရှမ်းနီ လူဦးရေ စုစုပေါင်း ၅ သိန်းခန့်ရှိပြီး၊ စစ်ကိုင်းတိုင်း၊ ကသာခရိုင်တွင် (၁၀) သိန်းခန့်ရှိကြောင်း ၁၉၉၃ ခုနှစ်၊ အမျိုးသားညီခံတွင် တင်သွင်းခဲ့သည့် ရှမ်းနီလူမျိုးစု အစီရင်ခံစာက ဖော်ပြ ရေးသားထားသည်။
စစ်အစိုးရအာဏာပိုင်များက ရှမ်းနီစာပေ၊ ဘာသာစကား တရားဝင် သင်ကြားခွင့် နှင့် ယဉ်ကျေးမှု ပွဲတော်များ ကျင်းပခွင့်တို့ကို ပိတ်ပင်ထားသည်သာမက ရှမ်းနီ လူမျိုးစုများ၏ နိုင်ငံ သားဖြစ်ခြင်း အပေါ် ကန့်သတ်မှုများ ရှိနေသည့်အတွက် လူငယ်များအကြား စာပေ၊ စကား၊ ယဉ်ကျေးမှုများ သိရှိနားလည်မှု ဆိတ်သုဉ်း ပျောက်ကွယ်မည့် အလားလာများ တွေ့ကြုံနေရသည်။
“ကိုယ့်ကိုကိုယ် ရှမ်းနီလူမျိုးဆိုတာ အရင်က မသိခဲ့ဘူး။ အခုနောက်ပိုင်း လူကြီးမိဘတွေ ပြောစကားအရ သိရတာ။ ရှမ်းနီစာလည်း သင်ကြားခွင့်အပိတ်ခံထားရတော့ စာရော၊ စကားပါ မတတ်ပါဘူး။ ကျနော်မိဘတွေလည်း မတတ်ပါဘူး။ အဘိုးအဘွားတွေလောက်ပဲ တတ်တာ” ဟု ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ နန်းမား ဒေသခံ ရှမ်းနီလူငယ် စိုင်းထွန်းက နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ကို ပြောသည်။
အလားတူ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်ဒေသတလျှောက်တွင်နေထို
“ကျနော်အပါအဝင် လူငယ်အတော်များများက စကားကို ကောင်းကောင်းမွန်မွန် ပြောတတ်ပါတယ်။ ရှမ်းစာပေကြတော့ လုံးဝ သင်ကြားခွင့်မရဘူးဆိုတော့ ရွာမှာရှိတဲ့သူတွေအားလုံးလိုပဲ မရေးတတ်၊ မဖတ်တတ်ကြဘူး။ ရေးတတ် ဖတ်တတ်တဲ့လူကြီးတွေ လည်း သေဆုံးကုန်တော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။
ဘိုးဘွားအစဉ်အဆက် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုများဖြင့် နေထိုင်လာခဲ့ကြသည့် ရှမ်းနီလူမျိုးစု များသည် ၁၉၄၇ခုနှစ် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပု
မြန်မာပြည်အထက်ပိုင်းတွင်နေထိုင
၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးနောက် ရှမ်းနီလူမျိုးနွယ်စုများ၏ နိုင်ငံသားစိစစ်ရေး ကဒ်ပြားတွင် လူမျိုးအမည်ဖော်ပြရာ၌ ‘ရှမ်း - ဗမာ’ ဟုသာ ထည့်သွင်းရေးသားစေခဲ့ပြီး၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်မူ ‘ဗမာ’ ဟုသာ ယနေ့အထိ ထည့်သွင်း သုံးနှုန်းစေခဲ့သည်။
ယခုလို အမည်ပြောင်း သတ်မှတ်ခံရခြင်းဖြင့် ရှမ်းနီလူမျိုးစုမှာ ပျောက်ကွယ်တော့မည့်အလားအလာရှိနေ
“အခုမှတ်ပုံတင်လုပ်တဲ့အခါ မင်းတို့က ရှမ်းစကားလည်းမတတ်ဘဲနဲ့ ဘာလို့ ရှမ်း -ဗမာဆိုပြီးထည့်ရမှာလဲ၊ ရှမ်းဗမာဆိုတာမရှိဘူး။ ရှမ်းဆိုရင်ရှမ်းပေါ့၊ ဗမာဆိုရင် ဗမာပေါ့ဆိုပြီး၊ အခုတော့ ရှမ်းနီစကား မတတ်တဲ့ရှမ်းတွေအားလ
သူက “ရှမ်းနီလူမျိုး တွေအနေနဲ့ ဗမာလို့ မထည့်ချင်ပေမဲ့ သူတို့ရဲ့ အာဏာကိုမဖီဆန်နိုင်တော့ ထည့်ရတာပေါ့။ လူငယ်တွေကလည်း ဗမာလိုပဲတတ်ကြတဲ့အတွက် တဖြည်းဖြည်း ကွယ်ပျောက်တော့မယ့် အန္တာရယ်နဲ့ ကြုံတွေ့နေရပါတယ်” ဟု ဆိုသည်။
မြန်မာပြည်တွင် နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားနှင့် စာပေများကို ယနေ့ထိ တိုင် တရားဝင်သင်ကြားခွင့်မရရှိခြင်းသ
အလားတူ ရှမ်းနီလူမျိုးစုများ၏ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များကို အာဏာပိုင်များက လွန်ခဲ့သည့် ၅ နှစ်ခန့်မှ စတင်ကာ တရားဝင်ကျင်းပခွင့် ပိတ်ပင်ခြင်းခဲ့သည့်အတွက် လူငယ်များအကြား ရိုးရာပွဲတော်များအကြောင်း သိသူရှားပါးလာနေကြောင်း ရှမ်းနီလူငယ်များက ဆိုသည်။
“ကျနော်တို့ဆီမှာ ရိုးရာပွဲတော်ဆိုလို့ ဘာပွဲမှ မကျင်းပဖြစ်တာ အတော်ကို ကြာနေပါပြီ။ နှစ်သစ်ကူး ပွဲတော်တွေတောင် မကျင်းပဖြစ်တာတောင်ကြာပါပြီ။ ရိုးရာပွဲလမ်းသဘင်ဆိုလို့ ဘာမှမရှိပါဘူး” ဟု စိုင်းခမ်းတီ ကဆိုသည်။
သူက “ဥပုဒ်နေ့တွေမှာ ၆ အိမ်၊ ၇ အိမ်စုပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တာ၊ လာတဲ့ပရိသတ်တွေကို ဧည့်ခံကျွေးမွေးတာမျိုးလောက်ပဲရ
ရှမ်းနီတိုင်းရင်းသား အများစုသည် ယခင်က တနိုင်တပိုင် ရွှေကျင်သည့်လုပ်ငန်းများတွင် ၀င်ရောက် လုပ်ကိုင်ခြင်း၊ လယ်ယာလုပ်ငန်းနှင့် သီးနှံစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ထို့ကြောင့် အထက်တန်းပညာရေးအဆင့် ကျော်လွန်ကာ၊ တက္ကသိုလ်ဘွဲ့ရ သူများ နည်းပါးနေသေးကြောင်း ကချင်ပြည်နယ်၊ မိုင်းနားရှမ်းရွာနေထိုင်သူ ကိုစိန်မောင်က ယခုလိုပြောသည်။
“ကျနော်တို့ လူမျိုးတွေက ပညာလည်းမတတ်တော့ မိဘတွေလုပ်ကိုင်တဲ့ အရက်ချက်တာတို့၊ ဝက်မွေး တာတို့၊ အခင်းစိုက် ပျိုးတာတို့၊ လယ်ယာလုပ်ကိုင်တာတို့ပဲ လုပ်တတ်တယ်။ လက်လုပ် လက်စားတွေပဲများတယ်။ လေးတန်းအောင်ရင်ပြီးတာပဲ။ ဘာမှမလိုဘူး၊ အလုပ်လုပ်စားလို့ရရင်ပြီးတာပဲလိ
ရိုးရာစာပေ၊ ယဉ်ကျေးမှု၊ ပွဲတော်၊ ဘာသာစကားအပြင် ရိုးရာအ၀တ်အစားများမှာလည်း တဖြည်းဖြည်း ကွယ်ပျောက်လာသည့်အတွက် ဓလေ့ထုံးတမ်းအစဉ်လာများကို ထိမ်းသိမ်းလိုသည့် ရှမ်းနီခေါင်းဆောင် တချို့က အာဏာပိုင်များပိတ်ပင်သော်လည်း နွေရာသီအားလပ်ရက်တွင် လူငယ်များကို တတ်နိုင်သရွှေ့ လက်ဆင့်ကမ်း သင်ကြားပေးရန် စီစဉ်ထားသည်။
“အာဏာပိုင်တွေက ရှမ်းနီစာဆိုတာ မရှိဘူးဆိုပြီး၊ ပိတ်ပင်ခံရတယ်။ ဒါပေမယ့် ရှမ်းနီစာပေ သင်ကြားရေးတွေကို မြို့နယ်တချို့နဲ့ ကျေးရွာတွေကို ဆင်းပြီး၊ အသက် အရွယ်မရွေး သင်ကြားပေးနေပါတယ်” ဟု ရှမ်းနီစာသင်ကြားရေးတွင် ကူညီဆောင်ရွက်ပေးနေသူ ကချင်ပြည်နယ်၊ ဗန်းမော်ဒေသနေထိုင်သူ နန်းရှန်ဟွမ်က ပြောသည်။
လတ်တလောတွင် ရှမ်းနီစာပေသင်ကြားရေးကို ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ ရွှေကူဒေသ တို့တွင် လုပ်ဆောင်ပေးနေကြောင်း နန်းရှန်ဟွမ် က ဆိုသည်။
၁၉၉၃ ခုနှစ်၊ ဇန်န၀ါရီလတွင် ကျင်းပပြုလုပ်ခဲ့သည့် ညောင်နှစ်ပင်အမျိုးသားညီလာခံတွင
စစ်အစိုးရရေးဆွဲထားသည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံဥပဒေတွင်မူ တိုင်းရင်းသားလူနည်းစုတချို့ဖြစ
Friday, January 25, 2013
ကျောက်စာ သက်သေ
Thursday, January 25, 2013 History,
ကျွန်တော်ပြောခဲ့သမျှ စကားတွေထဲမှာ ၁၉၈၂ ခု နိုင်ငံသား ဥပဒေကို ကန့်ကွက်တယ်၊ ဖျက် သိမ်းပေးပါလို့ တောင်းဆိုခဲ့တာ တစ်ခါမှ မရှိသေးပါ။ နိုင်ငံတိုင်းမှာ ဥပဒေ ဆိုတာ ရှိတယ်။ အဲ့ဒီ ဥပဒေကို ချမှတ်တဲ့ လူတွေ ရော-၊ အများပြည်သူတွေကပါ- အဲ့ဒီ ဥပဒေကို လိုက်နာဘို့သာ လိုပါတယ်။ ဒါကြောင့် ဥပဒေနဲ့ ကန့်သတ်ပြီး တိုင်းရင်းသား နိုင်ငံသား သတ်မှတ်မယ့် ကိစ္စရပ်ကို ကျွန်ုပ်တို့ ဘက် မှ ကြောက်နေစရာ၊ ကန့်ကွက်နေစရာ မလိုပါ။
၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ--၊ လူတစ်ဦးဟာ မြန်မာနိုင်ငံထဲမှာ မျိုးစဉ်မျိုးဆက်အားဖြင့် ၁၈၂၃ မတိုင် မှီ ကတည်းက ရှိနေတဲ့ လူ၊ လူမျိုးဖြစ်ရင် အဲ့ဒီ လူ၊ လူမျိုးကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုရမယ်။ တိုင်းရင်း သား မိဘက ဆင်းသက်လာသူဟာ နိုင်ငံသား ဖြစ်ခွင့်ရှိတယ်။ အမိဘက်မှ ဖြစ်စေ၊ အ ဘ ဖြစ်မှ ဖြစ်စေ တိုင်းရင်းသား တစ်ဦးဦး ဖြစ်ခဲ့ရင် အဲ့ဒီလူဟာ လည်း နိုင်ငံသား ဖြစ်ခွင့် ရှိ တယ်-၊ နိုင်ငံသား တိုင်းဟာ နိုင်ငံသား ကာကွယ်စောင့်ရှောက်မှုများ ဥပဒေ အောက်မှာ ဥပဒေရဲ့ အကာအကွယ်ကို အပြည့်အ၀ ရရှိစေရပါမယ်။ ဒီ ဥပဒေဟာ ရခိုင်နယ်က အစ္စလာမ် သာသနာ ကိုးကွယ်တဲ့ ရိုဟင်ဂျာများ၊ ကမန်များ၊ ရခိုင်တိုင်းရင်းသား အစ္စလာမ် သာသနာဝင်များ နဲ့ မြန် မာနိုင်ငံ အ၀ှမ်းနေအစ္စလာမ် သာသနာဝင်အများစု
- ကိုလံဘတ်က အမေရိကတိုက်ကို “ရှာဖွေတွေ့ရှိသူ” ဖြစ်တယ်လို့ ကျွန်တော်တို့ ဘ၀ တစ်လျှောက်လုံး ကမ္ဘာ့ သမိုင်းပြဌာန်းချက်မှာ သင်ခဲ့ရတယ်၊ သိခဲ့ရတယ်။ အမေရိ ကန်ပြည်ထောင်စု အပါအ၀င် ကမ္ဘာ့နိုင်ငံတိုင်းက လည်း ဒီအတိုင်း ပဲ ရေးသား မှတ်တမ်း တင်ခဲ့ကြတယ်။---၊ ဒါပေမယ့် ဒီနေ့မှာ ကိုလံဘတ်သည် အမေရိကတိုက်အား ကျူးကျော် ၀င်ရောက်သူ Invader ဖြစ်တယ်၊ သူမတိုင်မှီ ကတည်းက အမေရိကတိုက်မှာ လူသားတွေ ရှိပြီး ဖြစ်တယ်-၊ အဲ့ဒီ Native လူမျိုးတွေက မျိုးမပြုတ်ဘဲ ရှိနေတယ်။ ဒီတော့ သမိုင်းမှန်က မဟာဥရောပလူမျိုးကြီးတို့ရဲ့ သမိုင်းမှိုင်းတိုက်မှုကို အရောင်ပြယ်စေခဲ့ တယ် ဆိုတာပါပဲ။ အမေရိကန် ပြည်ထောင်စု ကိုယ် တိုင် က ကျောင်းသုံး သမိုင်းမှာ ကိုလံဘတ်သည် ကျူးကျော် ၀င်ရောက် လာ သူ ဖြစ်တယ်လို့ ပြုပြင်ပြဌာန်းခဲ့တာ ဆယ်စုနှစ် ကျော်လာပါပြီ။ သမိုင်းဆိုတာ ဖုံးလို့ လုံနိုင်တဲ့ အရာ မဟုတ်ပါ။
မြန်မာပြည်မှာ ဗမာလူမျိုးစုကြီးက မွန်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ ဗမာအင်ပါယာကို ထူထောင် ခဲ့တယ်- အောက်မြန်မာပြည်က မွန်တွေ အများစုကြီး မွန်စကားပျောက်ကာ ဗမာစကားကို ပြောပြီး ဗမာတွေ ဖြစ်ခဲ့ရ တယ်- ဒါဟာ သမိုင်းမှန်ဖြစ်ရပ်ပါ။ အဲ့သလို ဗမာတွေက မွန်တွေကို တိုက်ခိုက် သိမ်း ပိုက်ခဲ့တယ် ဆိုတဲ့ အကြောင်းပြချက်ကြောင့် ဗမာတွေ သိက္ခာကျသွားခြင်း မရှိပါ။ မြန်မာ့သမိုင်းမှာ ရှမ်း၊ ဗမာ၊ မွန် ဆိုတာများက သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်ပြီး နန်းလုခဲ့ကြတာပါပဲ။ အဲ့ဒီ ခေတ် ကာလက မြန်မာ့သမိုင်းမှာ လူမျိုး အင်အားစု ကြီးတဲ့ အုပ် စုက နိုင်ငံတော်ရဲ့ အာဏာကို ရယူ တဲ့ ခေတ် ကာလသာ ဖြစ်ခဲ့ပါတယ်။ လူမျိုးကို ပါတီ တစ်ခုလိုသာ မြင်ယောင်နိုင်ဘို့ လိုပါမယ်။ ဘယ် လိုဖြစ်ဖြစ် နှစ်ပေါင်းတစ်ထောင်လောက် ဗမာလက်အောက်မှာ နေနေရပေမယ့်-၊ မွန် ဆိုတာ ပျောက် သွားခြင်း မရှိသေးတော့-၊ မွန်သမိုင်းဟာ ပေါ်လာတာပါပဲ။
ရခိုင်သမိုင်းကို ပြည်ကြည့်ရင်- လက်ရှိ ရခိုင်လို့မိမိကိုယ်မိမိ ခေါ်နေတဲ့ လူမျိုးစုက ပျူ၊ ဗမာများသာ ဖြစ်ခဲ့ပါ တယ်။ အေဒီ ၁၁ ရာစု မြန်မာအင်ပါယာ ထူထောင်ပြီးကတည်းက ရခိုင်နယ်ကို အုပ်ချုပ်ဘို့ မင်းအဆက်ဆက် ဗမာဘုရင်တွေဆီက တောင်းခံခဲ့ရပါတယ်။ တစ်ခါတစ်ရံ မြန်မာအင်ပါယာက မင်းဆက် အပြောင်းအလဲဖြစ်ခိုက် ရခိုင်ကို ပို့ထားတဲ့ ရခိုင်နယ်ခံမင်းဆက်များရဲ့ သားစဉ်မြေးဆက် အင်အားကောင်း လာခိုက်နဲ့ တိုက်ဆိုင်တော့မှ ဗမာများကို တစ်သီးတစ်ခြား အာခံတဲ့သဘော- ငါ့နယ်၊ ငါ့မြေ၊ ငါ့မင်းငါ့ချင်းနဲ့ အုပ်ချုပ်တာလို့ ပြောဆိုခဲ့တဲ့ အဖြစ်က မပိုခဲ့ပါ။ (ဒါက ဗမာပြည်မထဲမှာလည်း နန်းတွင်း ပဋိပက္ခတွေ ဖြစ်ခဲ့တာပဲ)။
ရခိုင်ဒေသကို ရှေးဦးဗမာများ စရောက်ခဲ့တာ ၇ ရာစုလောက်မှ ဖြစ်ခဲ့ပါတယ်။ ဒီမတိုင်မှီ ပျူလူမျိုးများက ဘီစီ ၃ ရာစုလောက်က စတင်ရောက် ခဲ့နိုင်ပါတယ်။ ရခိုင်ရိုးရဲ့ အနိမ့်ပိုင်း သံတွဲနယ်ဟာ သီးခြားလွတ် လပ်တဲ့ နေရာ ဒေသတစ်ခု ဖြစ်ခဲ့ပါတယ်။ ရှေးဦးရောက်လာတဲ့ ပျူများ၊ ဗမာများက ရခိုင်မြောက် ပိုင်းကို အေဒီ ၇ ရာစုလောက် မှာသာ စတင်ထိုးဖေါက်နိုင်ခဲ့ကြောင်း ရခိုင်ကျောက်စာပါ အသုံးအနှုန်း၊ စာပေများက သက်သေဖြစ်နေပါတယ်။ ရခိုင်မင်း အာနန္ဒစန္ဒြအမည် ခံထားတဲ့ ကျောက်စာများကို မှတ်တမ်း တင်ခဲ့တာ- အေဒီ ၇၂၀ ရဲ့ ရှေ့နောက် နှစ် ၂၀၀ လောက်စီ ဖြစ်ခဲ့တယ်။ နောက်အကျဆုံး အေဒီ ၉၀၀-၊ ၁၀၀၀ လောက်မှာမှ မြန်မာအက္ခရာနဲ့ ဆင်တူတဲ့ စာများကို စတင်ရေးသားခဲ့ပါတယ်။ ဒီမတိုင်မှီ ကျောက်စာ အားလုံးကို နာဂရီ (ရှေးဟောင်း မာဂဓ အင်ပါယာသုံး ဘင်္ဂလီ) စာနဲ့ပဲ ရေးထိုး ခဲ့ပါတယ်။
စာလုံး အက္ခရာတူညီခြင်းကို ပြောဆိုခြင်းမဟုတ်ပါ။ အာနန္ဒစန္ဒြကျောက်စာမူရင်းကို နာဂရီစာ မူရင်းအသံနဲ့ ဖတ်လိုက်တဲ့ အခါ- စာတစ်ကြောင်းလုံးရဲ့ ၇၅ ရာနှုန်းက လက်ရှိ ရိုဟင်ဂျာစကားနဲ့ နီးစပ်တူညီနေပြီး- လက်ရှိ ရခိုင်စကားနဲ့ လုံးဝ (လုံးဝ) ဝေးကွာနေပါတယ်။
ဒီနေရာမှာ- သျှစ်သောင်းဘုရား ကျောက်စာတိုင်ရဲ့ မြောက်ဘက်မျက်နှာစာ အပိုဒ် ၄ လောက်ကို နမူ နာ ဖေါ်ပြပါ မယ်။--၊ (ရှေ့ဟောင်းနာဂရီ စာလုံး ကျွန်ုပ်၏ ကွန်ပြူတာ၌ font မရှိ၍ အသံထွက်ကို သာ ရေးပြပါမည်၊)
ဤစကားလုံးများကို နှိုင်းယှဉ်ကြည့်ပါ။ ရိုဟင်ဂျာ ယခုခေတ်စကားနဲ့ နာဂရီ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင် ကျော်က စာဟာ မဆိုစလောက်ပဲ ကွဲပြားပြီး ( ခူရီ = ၂၀၊ နဲ့ ၀ါရီ = ပိုကျော်သည် ဆိုတဲ့ စကားလုံးနှစ်လုံးပဲ ကွဲ ပြားတာကို တွေ့ရပါတယ်။) ရခိုင်စကားနဲ့ နာဂရီ စကားက လုံးဝ၊ လုံးဝ ကို မတူညီပါ။
သမိုင်းပညာရှင်တွေ၊ မနုဿဗေဒ ပညာရှင်တွေ-၊ မှန်ကန်စွာတွေးပါ။ မှန်ကန်စွာဆင်ခြင်ပါ။ ဘယ်သူတွေက လက်ရှိရခိုင်ဒေသရဲ့ မူလဘူတ လူမျိုး ဖြစ်နေပါသလဲ။ ရှေးဟောင်းရခိုင်မင်းများက သူတို့နားလည်း နားမလည်၊ သူ့တိုင်းသူပြည်သားများလည်း လုံးဝ မသိမတတ်တဲ့ စာ၊ စကားနဲ့ သမိုင်းရေးထိုးခဲ့ပါသလား။
သမိုင်းမှန်ကို စစ်ဆေးပြီးရင် 82 law မဟုတ်လို့- AD ၇၂၀ law ကို ပြန်လည် ပြဌာန်းရင်လည်း ရိုဟင်ဂျာတွေ ဟာ ရခိုင်နယ် မြောက်ပိုင်းရဲ့ မူလဘူတ လူမျိုးဖြစ်ပြီး- ကျန်လူများကသာ နိုင်ငံခြားသား ကျူးကျော်သူများ ဖြစ် နေပါလိမ့်မယ်။
အသွေးအရောင်မတူလို့၊ ကိုးကွယ်ရာ မတူလို့၊ အယူဝါဒ မတူလို့၊ အယူအဆ မတူလို့ ကြီးနိုင် ငယ်ညှင်းစိတ်နဲ့ လူမျိုးတစ်မျိုးရဲ့ သမိုင်းကို ဖျောက်ဖျက်ခြင်း၊ အတင်းအဓမ္မဖိနှိပ် မျိုးဖြုတ်ခြင်းများဟာ ပညာမဲ့ လူဆိုးလူမိုက်များ ရဲ့ အကျင့်စရိုက်သာ ဖြစ်ပါတယ်။ ယဉ်ကျေးပါတယ်လို့ မိမိကိုယ်မိမိ ဂုဏ်ယူနေတဲ့ မြန်မာ လူမျိုးများ အနေနဲ့ လူ ဆိုးလူမိုက်တို့ရဲ့ အကျင့်စရိုက်များကို မခံမင်သင့်တော့ပါ။ မထောက်ခံသင့်တော့ပါ။ အမှန်ကို အမှန်အတိုင်း လက်ခံရဲတဲ့ သတ္တိရှင်များ၊ အမှန်ဘက်က ခုခံတော်လှန်ရဲတဲ့ သတ္တိရှင်များ သာ ဖြစ်သင့်ပါတော့တယ်။
(အထူး မှတ်ချက်။- ဖေါ်ပြပါ ကျောက်စာကို ငြင်းပါ၊ ခံငြင်းပါ-၊ ငြင်းလိုသူများ အတွက် လမ်းဖွင့်ပေး ထားပါတယ်။ ကျွန်ုပ်ဘက်က ရိုဟင်ဂျာများကို နာဂရီ စာကို “အ”သုံးလုံး သင်သလို သင်ပေးလိုက်ယုံပါပဲ။ အာနန္ဒစန္ဒြ ကျောက်စာ တစ်ခုလုံးကို ရိုဟင်ဂျာ သာမန်လူတစ်ဦးနဲ့ ရခိုင်ပညာရှင် ဒေါက်တာဘွဲ့ယူသူ တစ်ဦး- လူထုရှေ့မှာ ပြိုင်ဖတ်ခိုင်းကြည့် လိုက်ရင် အဖြေပေါ်သွားပါလိမ့်မယ်)
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန်ပြည်ထောင်စု
ဆန်းလွင် မွတ်စလင်မ် ဖြစ်ခဲ့လေသလား။
ကျနော်ဟာ ငယ်စဉ်ကတည်းက စာအုပ်စာပေတွေကို လေ့လာဆည်းပူးခဲ့သော်လည်း တွေ့ကရ
စာအုပ်ကို ဖတ်ရှုလေ့မရှိပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ဘ၀ဆိုတာ အရမ်း
တိုတောင်းတယ်။ တိုးတောင်းတဲ့ ဘ၀ထဲမှာ လုပ်စရာတွေ၊ လေ့လာစရာတွေက
အများကြီးပဲ။ အဲဒီတော့ စာအုပ်တစ်အုပ်ကို မဖတ်ခင်မှာ အဲဒီ စာအုပ်ရေးတဲ့သူကို
အရင် လေ့လာ ဆန်းစစ်လေ့ ရှိပါတယ်။
ကောင်းပြီ။ ယနေ့မနက်
ကျနော့အနေနဲ့ ဆန်းလွင်ဆိုတဲ့ စာရေးသူက ရေးသားခဲ့တဲ့ “ရတနာသုံးပါးကို
ယုံကြည်ကိုးကွယ်လာသူ တစ်ယောက်အကြောင်း”ဆိုတဲ့ စာအုပ်ကို နည်းနည်းလေး စပြီး
ဖတ်ကြည့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစာအုပ်ကို ဗုဒ္ဓဘာသာဝင်တွေကနေပြီး
အစ္စလာမ်ဘာသာဝင်တွေကို “ဟေ့-လူ၊ ဒီစာအုပ်ကို လေ့လာကြည့်စမ်းပါ။ ဒါ
မင်းတို့ရဲ့ အစ္စလာမ်ဘာသာဝင်အဖြစ်ကနေပြီး ဗုဒ္ဓဘာသာကို ကူးပြောင်းလာတဲ့
သူရေးထားတဲ့ စာအုပ်။ ဘာသာကြီးလေးမျိုးစလုံး အကြောင်းတွေ
အကုန်လုံးပါတယ်” စသည်အားဖြင့် ညွှန်းလေ့၊ လက်ဆောင်ပေးလေ့ရှိကြောင်း
သိရှိခဲ့ရလို့ပါ။
ဒါပေမဲ့ စာအုပ်ရဲ့အစမှာတင် ကျနော်တွေ့လိုက်ရတဲ့
အချက်ကတော့ ဆန်းလွင်ဟာ အစ္စလာမ်ဘာသာဝင် အလျဉ်း မဟုတ်ခဲ့ပါ။ ဒီလို
ပြောလိုက်လို့ အံ့သြသွားလိမ့်မယ်။ သူဟာ ကာဒီယာနီတစ်ဦး ဖြစ်တယ်။
ကာဒီယာနီဆိုတာက အစ္စလာမ်ရဲ့ အမည်ခံထားသော်လည်း အစ္စလာမ်နဲ့ မည်သို့မျှ
မပတ်သက်တဲ့ အုပ်စု ဖြစ်တယ်။ ရှုပ်သွားမှာဆိုးလို့ ဥပမာ ပေးလိုက်မယ်။
အစားအသောက်မှာ ဟလာလ်တံဆိပ် ရိုက်နှိပ်ထားတိုင်း ဟလာလ် မဟုတ်သလိုပေါ့ဗျာ။
ဒီအချက်ကို သူ့စာအုပ်ရဲ့ စာမျက်နှာ (၂၇) နဲ့ (၂၈) မှာ လေ့လာနိုင်တယ်။
ဆန်းလွင် ဖတ်ရှုလေ့လာခဲ့တဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ ဘာသာပြန်နဲ့ပတ်သက်ပြီး
သူက ဒီလို ရေးသားထားတယ်။ “ဘာသာပြန်သူ မည်သူနည်း။ ဟာဇရတ်မီးရ်ဇာဂူလမ်အဟ်မာဒ်
(Hazrat Mirza Ghulam Ahmad) ဆိုသော အမည်ကို တွေ့ရပါသည်။”
စာလုံးပေါင်းအသံဖလှယ်မှုကလည်း မှားနေပါတယ်။ သူ့အနေနဲ့ ကမ္ဘာပေါ်မှာ သန်း (၄၀၀)
ကျော်သော လူထုကြီးက ပြောဆိုနေတဲ့ အူရ်ဒူစာပေနဲ့ ဘာသာစကားကို
လေ့လာသင်ယူဆည်းပူးခဲ့ရဖူးဟန် မတူပါ။ ‘ဟ’မှာ သံရှည်သရ မူရင်းမှာ မပါရှိပါ။
ထို့ကြောင့် ‘ဟာ’ဟု ဖလှယ်လျှင် မှားသွားပါလိမ့်မယ်။ ရှည်နေမှာမို့ အမှန်ကို
ဖလှယ်ပြလိုက်ပါ့မယ်။ ဟဇရသ်မိရ်ဇာဂိုလာမ်အဟ်မဒ်ပါ။ အဲဒီသူဟာ ကျနော် စောစောက
တင်ပြခဲ့တဲ့ ကာဒီယာနီဂိုဏ်း ရဲ့ ခေါင်းဆောင်ပါ။ သူ့အကြောင်းကို
သိချင်သူများ တစ်ချို့ စာရေးဆရာတွေက မြန်မာစာပေ နဲ့ ရေးသားထားတဲ့
ဆောင်းပါးရှည်၊ တိုတွေ ရှိနိုင်တာမို့ ရှာဖွေပြီး၊ လေ့လာလိုပါက
လေ့လာနိုင်ပါတယ်။
ရှေ့ဆက်ပါ့မယ်။ ယင်းစာမျက်နှာ (၂၇) မှာပဲ “
‘လာရဟမားနီးရ်ရဟင်းမ်’ တတိယပါဒ၏ အဓိပ္ပါယ်မှာလည်း ....”ဆိုပြီး
ရေးထားပြန်တယ်။ အသံထွက် ချွတ်ချော်တိမ်းပါးနေပြီး၊ အသံဖလှယ်မှုက အနည်းငယ်
လွဲချော်နေပါတယ်။ လာရဟ်မားနိရ်ရဟင်းမ်ဟု ဖလှယ်မှသာ မှန်ပါလိမ့်မယ်။ ဤသို့
ဖြစ်ရခြင်းမှာ United Nations ရဲ့ ရုံးသုံး ဘာသာစကားလည်းဖြစ်၊ ကမ္ဘာပေါ်တွင်
သန်းပေါင်းများစွာ ပြောဆို၊ ရေးသား သုံးစွဲနေသော၊ ရှင်သန်လျှက်ရှိတဲ့
ဘာသာစကားဖြစ်သော အရဗီစာပေနဲ့ ဘာသာစကားကို အနှီ ဆန်းလွင်အနေနဲ့ လေ့လာသင်ယူ
ဆည်းပူးခဲ့ဖူးဟန် မတူပါ။
၎င်းဆန်းလွင်က စာမျက်နှာ (၂၈) တွင် ဆက်လက်၍
ရေးသားတင်ပြထားတာက “ငါ့တပည့် တစ်ခုတော့ သတိထားနော်၊ တို့ဘာသာမှာ ...
”ဆိုပြီး သူ့ရဲ့ ဥပဇ္ဈာယ် ကာဒီယာနီဆရာကြီးရဲ့ အဆုံးအမ သြ၀ါဒတစ်ရပ်ကို
တင်ပြထားပါတယ်။ အဲဒီ အဆုံးအမကို ထောက်ရှုပြီး၊ သူ့ရဲ့ ဆရာဟာ
ကာဒီယာနီဂိုဏ်းသားတစ်ဦးဖြစ်ကြောင်း သိရှိရပါတယ်။ အဲဒီအတွက် ဆန်းလွင်ရဲ့
မိဘတွေဟာလည်း ကာဒီယာနီဂိုဏ်းသားများ ဖြစ်ခဲ့ကြဟန်တူပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ စစ်မှန်တဲ့ မွတ်စလင်မ်တွေဟာ
ကာဒီယာနီဂိုဏ်းက ဆရာတွေရဲ့ထံမှာ အစ္စလာမ့်ပညာရပ်တွေကို သင်ယူလေ့မရှိကြသလို၊
ကျနော်တို့ရဲ့ မိဘတွေဟာလည်း အပ်နှံ့လေ့မရှိကြပါဘူး။ ကာဒီယာနီဂိုဏ်းကို
ကမ္ဘာ့မွတ်စလင်မ် လူထုကြီးတစ်ရပ်လုံးက ကာဖိရ်ဂိုဏ်းဖြစ်ကြောင်း
တစ်ညီတစ်ညွတ်တည်း အကွဲအလွဲ မရှိ လက်ခံထားပါတယ်။ ကမ္ဘာကျော်
အစ္စလာမ်အာလင်မ်ပညာရှိ သုခမိန်ကြီးများကလည်း တစ်ညီတစ်ညွတ် တည်း အကွဲအလွဲမရှိ
ကာဖိရ်ဂိုဏ်းဖြစ်ကြောင်း လက်ခံထားကြပါတယ်။ ကာဖိရ်ဆိုတာကတော့ တစ်ဆူတည်း၊
တစ်ပါးတည်းဖြစ်တော်မူသော၊ အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းတော်မူသော၊
အနှိုင်းမဲ့ ကိုးကွယ်ရာအရှင် အလ္လာဟ်အရှင်မြတ်အား သွေဖည်ငြင်းဆန်
ပုန်ကန်သောင်းကျန်းသူကို ခေါ်ပါတယ်။ ဒါကြောင့် ဆန်းလွင်ဟာ အစ္စလာမ်ဘာသာဝင်၊
မွတ်စလင်မ်အဖြစ်ကနေပြီး၊ တခြား ဘာသာကို ကူးပြောင်းသွားခဲ့တယ်ဆိုတဲ့ အချက်ဟာ
လုံးဝ လုံးဝ မဟုတ်ပါ။ ထိုသို့ အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်အဖြစ်မှ အခြား
ဘာသာသို့ ကူးပြောင်းသွားတယ်ဆိုတဲ့ အချက်ဟာ မဟုတ်မမှန် လုပ်ကြံဖန်တီးထားတဲ့
လုပ်ကြံမှုတစ်ရပ်သာဖြစ်ကြောင်း၊ အများပြည်သူကို လိမ်လည်လှည့်စားခဲ့ခြင်း သာ
ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
နိဂုံးချုပ်အားဖြင့် မည်သူမဆို
လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတဲ့အတွက် ကြိုက်တဲ့ဘာသာကို ကိုးကွယ်လို့
ရပါတယ်။ သို့သော် အစ္စလာမ်ဘာသာက ဘာဖြစ်လို့၊ ညာဖြစ်လို့ စတဲ့၊ စတဲ့
အကြောင်းပြချက် အမျိုးမျိုးပေးပြီး၊ မိမိရဲ့ ချို့ယွင်းမှုများကို
ဖုံးကွယ်လိုသူများရဲ့ အမှားများကိုတော့ ဖော်ထုတ်သွားရမှာပါ။ အကယ်၍
သက်ရှိထင်ရှား ရှိနေသေးတယ်ဆိုရင်လည်း Debate လုပ်သွားရမှာပါ။ ဒါမှသာလျှင်
လူသားတွေဟာ အမှားနဲ့ အမှန်ကို ခွဲခြားပြီး လိုက်နာနိုင်ပါလိမ့်မယ်။
အစ္စလာမ်သာသနာတော်သည်ကား ၎င်းတို့ မဟုတ်မမှန် လီဆည်ဖန်တီး၍
ပြောဆိုရေးသားခဲ့ခြင်း အမျိုးမျိုးမှ ကင်းစင်၍ အလွန်တရာ မြင့်မြတ်ကာ
ပြီးပြည့်စုံသော သာသနာဖြစ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။
မြန်မာပြည်သူလူထု တစ်ရပ်လုံး မုသားဝါဒီများ၏ မဟုတ်မမှန်
လုပ်ကြံဖန်တီးထားသော အလိမ်အညာ အမျိုးမျိုးကင်းဝေးပြီး၊ လှည့်စားခြင်း
ခံနေရခြင်းမှ လွတ်မြောက်ကြပါစေ။ ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး
အေးချမ်းကြပါစေ။ အာမီးန်။
ချမ်းမြေ့
25-01-2013
မှတ်ချက် ။ ။ စာရေးသူ ဆန်းလွင်၏ အမည်အား ၎င်း၏ စာအုပ်အဖုံးတွင် ဖော်ပြထားတဲ့အတိုင်း ဆန်းလွင်ဟုသာ သုံးနှုန်းခဲ့ခြင်းဖြစ်ကြောင်း။
Monday, January 21, 2013
ရက္ခပူရ ဘယ်မှာလဲ | ဌေးလွင်ဦး
ကျွန်တော်အပါအ၀င် ဒီနေ့ သံကွဲမြန်မာ
စကားကို ပြောနေတဲ့ ရခိုင် တစ်ဦးမှ တိုင်းရင်းသား မဟုတ် ပါ။ တိုင်းရင်းသား
မဟုတ်ဘူး ဆိုလို့ နိုင်ငံခြားသားလို့လည်း မဆိုလိုပါ။ မြန်မာနိုင်ငံက
ပြဌာန်းထားတဲ့ ဥပဒေမှာ တိုင်းရင်းသား ဆိုတာ ကိုယ်ပိုင်ဘာသာစကား၊
ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ် ပိုင်ဓလေ့တွေ ရှိရပါမယ်။
ရှမ်း၊ ချင်း၊ မွန်၊ ကရင်၊ ကချင်၊ စတဲ့ လူမျိုးနွယ်တွေမှာ ကိုယ်ပိုင်စကား၊
ကိုယ်ပိုင်စာပေ၊ ကိုယ် ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့တွေ သီးခြားစီ
ရှိနေပါတယ်။ သူတို့တွေကသာ ဥပဒေနဲ့ညီတဲ့ တိုင်း ရင်းသားများ ဖြစ်ပါတယ်။
ဒီနေ့ ရခိုင်လို့ ဖြစ်နေသူများ အားလုံးဟာ သမိုင်းလိမ်ခံထားရတဲ့
လူမျိုးတစ်မျိုးသာ ဖြစ်ပါတယ်။ ဘာ သာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ အားလုံး
ဗမာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ စကားပြော အသံကွဲ ယုံမျှသာ ဖြစ်ပြီး-
အသံကွဲတိုင်းသာ တိုင်းရင်းသား ပေးရမယ် ဆိုရင်- အညာသားများကိုလည်း အညာ
တိုင်းရင်းသား၊ အကြေသားများကိုလည်း အကြေတိုင်းရင်းသား အဖြစ်
သတ်မှတ်ပေးရပါတော့မယ်။
ဒီနေ့ ကျွန်တော်တို့ ရခိုင်တွေက- မိမိတို့တိုင်းပြည်သည် “ရက္ခပူရ”
တိုင်းပြည် ဖြစ်ခဲ့တယ်၊ ကျွန်တော် တို့ ဟာ ရက္ခ တွေ ဖြစ်တယ်လို့
ပြောဆိုနေခြင်းဟာ- လုံးဝ မှားယွင်းနေပါတယ်။ မြန်မာနိုင်ငံ ဧရိယာထဲ မှာ
“ရက္ခပူရ” ဆိုတဲ့ နိုင်ငံက မွန်လူမျိုးများ မရောက်မှီ သထုံဒေသ နေ
မူလဘူတလူမျိုး သို့မဟုတ် မွန် များမရောက်မှီ ကတည်းက အရင်အဦးရောက်နေတဲ့
လူမျိုးသာ ဖြစ်ပါတယ်။ အဲ့ဒီ ရှေ့ဦးလူမျိုးဟာ သူတို့ ကိုယ်သူတို့ ရက္ခလို့
ခံယူခဲ့ပါတယ်။ သထုံမြို့ကိုလည်း “ရက္ခပူရ”လို့ အမည်နာမနဲ့ တိုင်းပြည် ထူ
ထောင် ခဲ့ ပါတယ်။ ခရစ်နှစ် ၁၄၈၀မှာ ရေးထိုးတဲ့ ရာမာဓိပတိမင်းရဲ့
ပဂိုးကလျှာဏီကျောက်စာမှာ အဲ့ဒီ ဒေသ အကြောင်းကို အတော် အတန် ပြည့်စုံအောင်
ဖေါ်ပြ ထားတာကို တွေ့ ရပါတယ်။
သထုံကျောက်စာ တစ်ချို့မှာ သထုံကို “ရက္ခပူရ”ဟု ခေါ်ကြောင်းဖေါ်ပြထားပြီး-
ရခိုင်ကျောက်စာများ မှာ ရခိုင်ဒေသကို “အရက္ခဒေသ”ဟုသာ ခေါ်ကြောင်း တွေ့ရပါတယ်။
(အာနန္ဒစန္ဒြ အမည်ကို သုံး ၍ ရေး ထိုးသည့် သျှစ်သောင်းပုတိုး ကျောက်စာတိုင်)
“အရက္ခဒေသ” ဆိုတာ ရက္ခ တို့ ရဲ့ ဒေသ မဟုတ် ဘူးလို့ပဲ အဓိပ္ပါယ်ကို ပေးပါတယ်။
ဒီစကားကို အခြေခံပြီး အရ်ကန် ပြည်လို့ ဖြစ်လာခြင်းပါ။
ကျောက်စာပညာရှင်များက သထုံ (ရက္ခပူရ)က လူမျိုးတွေဟာ မွန်တို့နဲ့
အကြီးအကျယ် စစ်ဖြစ် ခဲ့ပြီး အောက်ဘက်ကို ဆင်းပြေးခဲ့တယ်၊
“ဘီလူးကျွန်း”ဆိုတာ သူတို့တွေနေခဲ့လို့ အမည်ဖြစ် တည်လာတာ လို့
သုံးသပ်ပါတယ်။ နောက်ဆုံး ပင်လယ်ထဲကို ဆင်းပြေးပြီး မလေး ကျွန်း ဆွယ်တွေက
လူမျိုးတွေ ဖြစ် လာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီနေ့မှာ မလေးကျွန်းဆွယ်နေ
လူ မျိုးနွယ်များက သူတို့ကိုယ်သူတို့ ရက္ခ လို့ ခံယူသူများကို မတွေ့ရပါ။
ဒီနေရာမှာ “ရက္ခ” ဆိုတာ ဘယ်သူလဲ။ သူတို့တွေ ဘယ်ကလာသလဲ၊ ဆိုတာ
နောက်ကြောင်းပြန် လိုက်ဘို့ လိုပါမယ်။ အန္ဒိယဘက်က သမိုင်းအရ- အသားမဲပြီး
နှခမ်းထူတဲ့ လူမျိုးကို ရက္ခုလို့ ခေါ် ကြောင်းတွေ့ ရပါတယ်။ တနည်းအားဖြင့်
အိန္ဒိယတောင်ပိုင်းသား မျိုးနွယ်စုကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ သူ တို့တွေ
ထဲမှာလည်း လူမျိုးစုပေါင်းများစွာ ရှိနေပြီး- ဘာသာစကားမတူညီမှုတွေ ရှိပါတယ်။
အိန္ဒိ ယ တောင် ပိုင်း လူမျိုးစုတွေဟာ မွန်လူမျိုးများ မြန်မာနိုင်ငံထဲကို
မရောက်မှီ နှစ်ရာပေါင်းများစွာ ကတည်း က မြန်မာ၊ ထိုင်း၊ မလေး၊ ကမ္ဘောဒီးယား
ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်ကို သွားလာအခြေချနေ ခဲ့ပါပြီ။ သူတို့နဲ့ အတူ
သူတို့ရဲ့ ဟိန္ဒူဘာသာထဲက ဂိုဏ်းတွေဟာလည်း ပါလာခဲ့ပါတယ်။ ( သမိုင်းကို
လေ့လာသူများ သတိထား ရမယ့် အချက်က ဟိန္ဒူများက သာသနာမပြုပါ။ ဟိန္ဒူဘာသာမှာ
ဇာတ်စနစ် ရှိနေပြီး- သူမျိုးနွယ်နဲ့ သူဂိုဏ်းဘာသာစနစ် ဖြစ်ပါတယ်။
အခြားသူတစ်ဦး၊ လူမျိုးတစ်မျိုးက ဟိန္ဒူ ဘာသာထဲကို ၀င်ဘို့ရာ- ဇာတ်မရှိပါ၊
တနည်းအားဖြင့် နေရာ မရှိပါ။ ဟိန္ဒူဘာသာထဲကမှ အခြားဘာ သာများ ဖြစ်တဲ့
ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာများကို ကူးပြောင်းခဲ့တာပဲ ရှိပါ တယ်။
ကမ္ဘာ့ ဘာသာကြီးများထဲမှာ အဲ့ဒီ သုံးဘာသာကပဲ ဇာတ်စနစ်မရှိ၊ ဘာသာထဲကို
ဝင်ရောက်နိုင် ခွင့် ပိတ်ပင် ဟန့်တားထားခြင်းမရှိ- ယုံကြည်ရင်
ဝင်ခွင့်ရှိတဲ့ ဘာသာဖြစ်ပါတယ်။)
တနည်းအားဖြင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းတစ်လျှောက်မှာ စတင်နေထိုင်
အခြေချခဲ့တဲ့ လူမျိုးနွယ် အားလုံး ကို ရက္ခုလို့ ခေါ်တွင်ခဲ့ခြင်း ဖြစ်ပြီး-
မြန်မာနိုင်ငံအောက်ပိုင်းဒေသမှာ သူတို့ဟာ မွန်တို့ရဲ့ နှိမ် နှင်းခြင်းကို
ခံလိုက်ရပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက မြန်မာနိုင်ငံအောက်ပိုင်းက ရက္ခတွေ
အားလုံး စစ်ရှုံးပြီး ပင်လယ်ထဲကို ဆင်းပြေးသလား- ဆိုတဲ့ အချက်ပါ။
သေချာတဲ့ အချက်က အချို့လည်း စစ်ပွဲမှာ သေဆုံးတယ်၊ အချို့လည်း
မွန်တို့နဲ့ ကပြားဖြစ်သွားတယ်၊ အချို့လည်း ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်
လွတ်ရာကျွတ်ရာကို ထွက်ပြေးတယ်-လို့ပဲ ဆိုရမှာပါ။ မွန်လူမျိုးစုထဲမှာ
“တလိုင်း”လို့ ခေါ်တဲ့ မျိုးစုက သီးခြားလို ဖြစ်နေပါတယ်။ မွန်တွေဟာ သူတို့
မွန် အစစ် တွေကို “တလိုင်း”လို့ မခေါ်ပါ။ “တလိုင်း”လို့ အခေါ်ခံရရင်လည်း
မနှစ်မြို့ပါ။ ဒါဆို “တလိုင်း” ဆိုတာ ဘယ်သူတွေလဲ–၊ ဒီလိုလေ့လာရင်
တလိုင်းဆိုတာ “မွန်နဲ့ ကုလား ကပြားများ”ကို ခေါ်တွင်တဲ့ အမည် ဖြစ်နေပြီး
မွန်တို့က သွေးမစစ်သူများလို့ သတ်မှတ်ပါတယ်။ ထူးခြားတာက မွန်နဲ့ကရင် ကပြား
ကို ကပြား ဖြစ်လင့်ကစား- တလိုင်းလို့ မခေါ်တွင်ခြင်းပါပဲ။ (ဒီ
သမိုင်းကြောင်းကို လိုအပ်တဲ့အခါ ထပ်ရှင်း ပါမယ်။)
မြန်မာပြည်အောက်ပိုင်းမှာ ရက္ခတို့နဲ့ မွန်တို့ အကြီးအကျယ် တိုက်ပွဲ
ဖြစ်ခဲ့တဲ့ ခံတပ် အထောက်အထား ကို တွံတေးအနီး ရွှေဆံတော် တောင်ဘက်မှာ
တွေ့ရပါတယ်။ အဲ့ဒီအရပ်က စစ်ရှုံးသူများက ပင် လယ် ပြင်ကို ကျော်ဖြတ်ပြီး ယခု
တနင်္သာရီတိုင်းဘက်ကို ဆင်းသွားနိုင်သလို၊ကမ်းရိုးတန်းတစ်လျှောက် ယခု
ရခိုင်လို့ ခေါ်တဲ့ အရပ် ဘက်ကိုလည်း ပတ်တက်သွားနိုင်ပါတယ်။ ဒီအချိန်မှာ
ရခိုင် လို့ ခေါ်နေ တဲ့ အရပ်မှာလည်း ရက္ခ မဟုတ်တဲ့ နောက်ထပ်လူမျိုးစုများ
ရှိနေပါတယ်။ ဒါကြောင့် ရက္ခ တွေ ဟာ မြောက်ပိုင်းဘက်ကို တိုးပေါက်ဘို့ရာ
မလွယ်ကူခဲ့ပါ။
မွန်တွေနဲ့ ခေတ်ပြိုင် သို့မဟုတ် နောက်အနည်းကျပြီး ၀င်လာတဲ့ ဗမာတွေဟာ-
အခု ရခိုင်လို့ ခံယူထား သူများနေထိုင်ရာ ဒေသကို ရက္ခိုင် လို့
ခေါ်ဆိုနေခြင်းက “ရက္ခပူရ” နိုင်ငံက ထွက်ပြေးခဲ့တဲ့ ရက္ခ လူမျိုး များကို အခု
ရခိုင်ခေါ်ဒေသဘက်ကို ထွက်ပြေး အခြေချ နေခဲ့ကြောင်းကို သက်သေ ထုတ်ပြ သ လို
ဖြစ် နေပါတယ်။
ရန်ကုန် တွံ့တေးဘက်နဲ့ ပိုမိုနီးစပ် ထိစပ်တဲ့ ရခိုင်တောင်ပိုင်းနယ်ကို
ရောက်တဲ့ ရက္ခများကိုလည်း ပျူတွေ က၊ ကမ်းယံ၊ သက်တို့က စတင်မြိုခဲ့ တယ်၊
မြန်မာအင်ပါယာ မဖြစ်မှီကတည်းက မြန်မာပြည် အနှံ့ ဟိုတစ်စု
ဒီတစ်စုရောက်နှင့်ပြီး ဖြစ်တဲ့ ဗမာတို့ကလည်း ရခိုင်တောင်ပိုင်းဘက်ကို
ဆင်းလာပြီး မြိုခဲ့ပါတယ်။
ဗမာများက အခု ရခိုင်ဆိုတဲ့ ဒေသကို- ရက္ခ (ရက္ခိုင်)ဒေသ လို့ခေါ်တွင်ပေမယ့်-
အမှန်တကယ်မှာ ရက္ခ လူမျိုးများ မဟုတ်တော့ပါ။ အထူးသဖြင့် ဒီနေ့ ရခိုင်လို့
ခံယူထားသူများထဲက အများစုကြီးဟာ ရက္ခသွေးပါခဲ့ရင်တောင်
အင်မတန်မှေးမှိန်ခဲ့ရပါပြီ။ သရက်ပင်ကို ညောင်ပင်က မြိုလိုက်လို့- သရက်
ကိုင်း တစ်ကိုင်းလောက် ကျန်နေရင်တောင်- အဲ့ဒီအပင်က ငါ- သရက်ပင်ဟေ့ လို့
အော်နိုင်ပေမယ့်၊ အခုအခါမှာ သရက်တစ်ပင်လုံးကို ညောင်က မြိုလိုက်ပါပြီ။
ရှိကို မရှိတော့ပါ။ ဆိုလိုတာက ရက္ခ မျိုးနွယ် တစ်ခုလုံးဟာ
အမြိုခံလိုက်ရပါပြီ။ အခုအချိန်မှာ ငါတို့က “ရက္ခပူရ” နိုင်ငံသားများ၊
ငါတို့က “ရက္ခ- ရခိုင်”များလို့ ခံယူ ထားပြီး- ရက္ခပူရ ဇာတိစိတ်
သွေးကြွနေသူများဟာ အာဏာရမက်အောက် က လှုံ့ဆော်မှု များ သာ ဖြစ် ပါတယ်။
ရခိုင်နယ်-ဒေသဟာ မြန်မာအင်ပါယာစတင် ထူထောင်ကတည်း က မြန်မာနိုင်ငံထဲမှာ ပါ
ဝင်ကြောင်း အဲ့ဒီခေတ်ကာလ အိန္ဒိယ ချိုလာမင်းဆက်ကလည်း အသိအမှတ်ပြု ပေးခဲ့
ပါတယ်။ ရှေးမြန် မာမင်းဆက်များရဲ့ အုပ်ချုပ်ရေး ဖွဲ့စည်းပုံအရ
အလှမ်းဝေးတဲ့နေ ရာဒေသများကို ကိုယ်ပိုင် အုပ်ချုပ်ရေး သဖွယ်
နယ်စားပါယ်စားသဘော ထားပေးခဲ့တယ်။ မင်းဆက်ပြတ်လတ် အုပ်ချုပ် မှု
မထိန်းသိမ်းနိုင်ချိန်မှာ- နယ်စား ပါယ်စားများက တစ်မင်းတစ်ချင်း
ထူထောင်ခဲ့တယ်၊ မင်းဆက်များ အင်အားကောင်းလာပြန် ရင် နိုင်ငံပိုင်
နယ်နမိတ်ကို မပွန်းပဲ့အောင် ပြန်ထိမ်းပြန်တယ်-၊ ဒီလို ရှိခဲ့တဲ့ သမိုင်းကို
ကိုယ့်ထီးကိုယ့်နန်းနဲ့ ထာဝရ ရပ်တည်ခဲ့တယ်လို့ မဆိုနိုင်ပါ။ အလားတူ လက်ရှိ
ရခိုင်လူမျိုး ဆိုတာလည်း- လက်ရှိဥပဒေနဲ့ ညီညွတ် တဲ့ တိုင်းရင်းသား
မဟုတ်တော့ပါ။
အရက္ခဒေသ ကို ရက္ခပူရ လို့ ဘာသာပြန်သူများဟာ (၁) ပါဠိစာပေကို မတတ်လို့ (၂) ကျောက်စာမူ ရင်းများကို မဖတ်တတ်လို့သာ ဖြစ်ပါတယ်။
လက်ရှိ ရခိုင်နယ်မှ လူမျိုးများ အကြောင်း- ဆက်လက်တင်ပြပါမယ်။
ကျွန်တော်နဲ့ သမိုင်းကို ငြင်းချင် သူများ မြန် မာကျောက်စာ မူရင်းများ၊
နာဂရီ (ရှေးဟောင်း မာဂဓ အင်ပါယာသုံး ဘန်ဂေါအက္ခရာ) ရခိုင်ကျောက် စာမူရင်း
များကို ဖတ်တတ်အောင် အရင်ကြိုး စားဘို့ လိုပါမယ်။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန်ပြည်ထောင်စု
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန်ပြည်ထောင်စု
Saturday, January 12, 2013
ဖေဖော်ဝါရီလ ၁၆ရက် ၁၉၄၆ ခုနှစ်မှာ နုရင်ဘတ် စစ်ခုံရုံးကနေ ကြိုးပေးခံလိုက်ရတဲ့ ဝါဒဖြန့် မီဒီယာသမား Julius Streicher (ဂျူးလီယက် စတိုက်ချာ)
မီဒီယာသမား Julius Streicher (ဂျူးလီယက် စတိုက်ချာ)
ကို သေဒါဏ်ပေးပြီးနောက်ရိုက်ကူးထားပုံဖြစ်ပါတယ်။
နိုင်ငံရေးသမား၊စာရေးဆရာနဲ့ သတင်းစာတိုက် ပိုင်ရှင် စတိုက်ချာဟာ
သူကိုယ်ပိုင် သတင်းစာတိုက်မှနေ၍ နာဇီပါတီရဲ့ အာဘော်တွေနဲ့ အတူ ဂျူးလူမျိုး
တွေကို ခွဲခြား ဆန့်ကျင်ရေးအတွက် ဆောင်းပါးများရေးသားခြင်း၊
စာအုပ်များထုတ်ဝေခြင်းတို့ဖြင့်
အင်မတန်မှ ကလောင်စွမ်းထက်မြက်ခဲ့ပါတယ်။ အထင်ရှားစုန်းနဲ့
အအောင်မြင်ဆုံးစာအုပ်ကတော့ အဆိပ်ရှိသောမှိုများ လို့နာမည်ရတဲ့
ဂျူးတွေကိုသတ်ဖြတ်ချင်စိတ်မျာြး ဖစ်ပေါ်လာအောင်လှုံ့ဆော်ထားတဲ့ ကလေးဖတ်ပုံပြင်စာအုပ်ဖြစ်ပြီး ကျောင်းသုံးဗလာစာအုပ် အဖြစ် ပြဋ္ဌာန်းရတဲ့ အထိ အောင်မြင်မှူရခဲ့ပါတယ်။
စတိုက်ချာရဲ့ ကလောင်စွမ်းထက်မြက်မှူကြောင့် နာဇီ ဗိုလ်ချုပ်ကြီးများရဲ့
မြောတ်စားမှူကို ခံရပြီး ဂျာမဏနိုင်ငံတလွှားမှာ စတိုက်ချာရဲ့ ဩဇာအာဏာဟာ
အလွန်ပဲတန်ခိုးထွားခဲ့ပါတယ်။စစ် ကြီးပြီးတဲ့ အချိန်မှာတော့ စတိုက်ချာဟာ သူရဲ့ ချစ်လှစွာသော ဗိုလ်ချုပ်ကြီးများနှင့်အတူ နုရင်ဘတ် ရုံးကိုတတ်ခဲ့ရပါတယ် ။
တချိန်တုန်းက အောင်မြင်ကျော်ကြားခဲ့သမျှ၊ ကလောင်စွမ်း ထက်ခဲ့သမျှတွေဟာ
ခုံရုံးအရောက်မှာတော့ သူနဲ့သူ့ရဲ့ ဗိုလ်ချုပ်တွေကို စွဲချက်တင်ဖို့ သက်သေ
အထောက်အထားကောင်းကောင်းကြီး အဖြစ်တင်ပြနိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ မီဒီယာသမားတဦးဖြစ်တဲ့ စတိုက်ချာဟာလည်း သူရဲ့ ချစ်လှစွာသော
နာဇီဗိုလ်ချုပ်ကြီး ကိုးယောက်နဲ့ အတူ နုရင်ဘတ်တရားရုံးမှ
ကြိုးပေးကွပ်မျက်ခြင်းကို ခံခဲ့ရပါတော့တယ်။ မကောင်းမှူဟူသည်
ဆိတ်ကွယ်ရာမရှိပါ။
မီဒီယာသမား Julius Streicher (ဂျူးလီယက် စတိုက်ချာ)
ကို သေဒါဏ်ပေးပြီးနောက်ရိုက်ကူးထားပုံဖြစ်ပါတယ်။
နိုင်ငံရေးသမား၊စာရေးဆရာနဲ့ သတင်းစာတိုက် ပိုင်ရှင် စတိုက်ချာဟာ
သူကိုယ်ပိုင် သတင်းစာတိုက်မှနေ၍ နာဇီပါတီရဲ့ အာဘော်တွေနဲ့ အတူ ဂျူးလူမျိုး
တွေကို ခွဲခြား ဆန့်ကျင်ရေးအတွက် ဆောင်းပါးများရေးသားခြင်း၊
စာအုပ်များထုတ်ဝေခြင်းတို့ဖြင့်
အင်မတန်မှ ကလောင်စွမ်းထက်မြက်ခဲ့ပါတယ်။ အထင်ရှားစုန်းနဲ့
အအောင်မြင်ဆုံးစာအုပ်ကတော့ အဆိပ်ရှိသောမှိုများ လို့နာမည်ရတဲ့
ဂျူးတွေကိုသတ်ဖြတ်ချင်စိတ်မျာြး ဖစ်ပေါ်လာအောင်လှုံ့ဆော်ထားတဲ့ ကလေးဖတ်ပုံပြင်စာအုပ်ဖြစ်ပြီး ကျောင်းသုံးဗလာစာအုပ် အဖြစ် ပြဋ္ဌာန်းရတဲ့ အထိ အောင်မြင်မှူရခဲ့ပါတယ်။
စတိုက်ချာရဲ့ ကလောင်စွမ်းထက်မြက်မှူကြောင့် နာဇီ ဗိုလ်ချုပ်ကြီးများရဲ့ မြောတ်စားမှူကို ခံရပြီး ဂျာမဏနိုင်ငံတလွှားမှာ စတိုက်ချာရဲ့ ဩဇာအာဏာဟာ အလွန်ပဲတန်ခိုးထွားခဲ့ပါတယ်။စစ် ကြီးပြီးတဲ့ အချိန်မှာတော့ စတိုက်ချာဟာ သူရဲ့ ချစ်လှစွာသော ဗိုလ်ချုပ်ကြီးများနှင့်အတူ နုရင်ဘတ် ရုံးကိုတတ်ခဲ့ရပါတယ် ။
တချိန်တုန်းက အောင်မြင်ကျော်ကြားခဲ့သမျှ၊ ကလောင်စွမ်း ထက်ခဲ့သမျှတွေဟာ ခုံရုံးအရောက်မှာတော့ သူနဲ့သူ့ရဲ့ ဗိုလ်ချုပ်တွေကို စွဲချက်တင်ဖို့ သက်သေ အထောက်အထားကောင်းကောင်းကြီး အဖြစ်တင်ပြနိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ မီဒီယာသမားတဦးဖြစ်တဲ့ စတိုက်ချာဟာလည်း သူရဲ့ ချစ်လှစွာသော နာဇီဗိုလ်ချုပ်ကြီး ကိုးယောက်နဲ့ အတူ နုရင်ဘတ်တရားရုံးမှ ကြိုးပေးကွပ်မျက်ခြင်းကို ခံခဲ့ရပါတော့တယ်။ မကောင်းမှူဟူသည် ဆိတ်ကွယ်ရာမရှိပါ။
ကို သေဒါဏ်ပေးပြီးနောက်ရိုက်ကူးထားပ
စာအုပ်များထုတ်ဝေခြင်းတို့ဖြင့်
စတိုက်ချာရဲ့ ကလောင်စွမ်းထက်မြက်မှူကြောင့် နာဇီ ဗိုလ်ချုပ်ကြီးများရဲ့ မြောတ်စားမှူကို ခံရပြီး ဂျာမဏနိုင်ငံတလွှားမှာ စတိုက်ချာရဲ့ ဩဇာအာဏာဟာ အလွန်ပဲတန်ခိုးထွားခဲ့ပါတယ်။စစ်
တချိန်တုန်းက အောင်မြင်ကျော်ကြားခဲ့သမျှ၊ ကလောင်စွမ်း ထက်ခဲ့သမျှတွေဟာ ခုံရုံးအရောက်မှာတော့ သူနဲ့သူ့ရဲ့ ဗိုလ်ချုပ်တွေကို စွဲချက်တင်ဖို့ သက်သေ အထောက်အထားကောင်းကောင်းကြီး အဖြစ်တင်ပြနိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ မီဒီယာသမားတဦးဖြစ်တဲ့ စတိုက်ချာဟာလည်း သူရဲ့ ချစ်လှစွာသော နာဇီဗိုလ်ချုပ်ကြီး ကိုးယောက်နဲ့ အတူ နုရင်ဘတ်တရားရုံးမှ ကြိုးပေးကွပ်မျက်ခြင်းကို ခံခဲ့ရပါတော့တယ်။ မကောင်းမှူဟူသည် ဆိတ်ကွယ်ရာမရှိပါ။
Subscribe to:
Posts (Atom)


