Wednesday, August 14, 2013

ပဲခူးတိုင်း အနောက်ခြမ်းအတွက် ဆွဲခန့်နှင့် နေ့စားဆရာ၊ ဆရာမ ၂၀၀၀ နီးပါးခန့်အပ်

ရေခဲ (ပြည်) | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၄ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၀၈ မိနစ်

ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင်နှင့် ပြည်ခရိုင်အတွင်း ၂၀၁၃၊ ၂၀၁၄ ပညာသင်နှစ်အတွက်နေ့စား၊ လစားဆွဲခန့် ဆရာ၊ ဆရာမ၊ စာရေးဝန်ထမ်း၊ အောက်ခြေ၀န်ထမ်း စုစုပေါင်း ၂၀၀၀ နီးပါးခန့်အပ်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးမှသိရသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်) သာယာဝတီခရိုင်နှင့် ပြည်ခရိုင်တွင် စုစုပေါင်း ဆရာ၊ ဆရာမ၀န်ထမ်း ၃၈၉ ၉ ဦးခန့်အပ်ရန်ရှိနေရာ သြဂုတ်ဒုတိယအပတ်အတွင်း ၀န်ထမ်း ၁၉၀၈ ဦးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ဆက်လက် ခန့်အပ်ရန်နေရာ ၁၉၉၁ နေရာကျန်ရှိနေကြောင်း ပဲခူးတိုင်းဒေသကြီး အနောက်မှ ဒုတိယပညာ ရေးညွှန်ကြားရေးမှူး ဦးဝင်းမြင့်ကပြောသည်။

ဝန်ထမ်းခန့်ထားခြင်းနှင့်ပတ်သက်ပြီး ၎င်းက “စာမေးပွဲဖြေထားတဲ့အတိုင်း ဆုံးဖြတ်တယ်။ ဝေးလံတဲ့ နေရာတွေ မှာနေရာ ချပေးတယ်။ မြို့ပေါ်နဲ့ ပတ်ဝန်းကျင်မှာ မခန့်ဘူး။ ငါးမိုင်နဲ့အထက်ဘဲခန့်တယ်။ လစာတော့မပေးသေးဘူး။ ရက်နှစ်ဆယ် ကျော်မှ ညွှန်ကြားချက်လာလိမ့်မယ်။ လူတစ်ယောက်ရဲ့ တစ်နေ့လုပ်အားခနဲ့ တွက်ပေးလိမ့်မယ်ထင်တယ်” ဟုပြောသည်။

ခန့်အပ်သည့် ရာထူးများတွင် ဆွဲခန့် ဆရာ၊ ဆရာမ၊ ဓါတ်ခွဲခန်းအကူ၊ အငယ်တန်းစာရေး၊ ယာဉ်မောင်း၊ စက်မောင်း၊ သိပ္ပံခန်းအကူ၊ ဥယျာဉ်မှူး၊ ရုံးအကူ၊ သန့်ရှင်းရေး၊ ကျောင်းစောင့်နေရာများဖြစ်သည်။

ပညာရေးအတွက် အထွေထွေလုပ်သား ၂၃၅၁ ဦး ခန့်အပ်ရန်ရှိပြီး (၄၅၀) ဦးသာ ခန့်ထားပေးခဲ့ပြီး ဖြစ်သည်။ အခြား ၀န်ထမ်းများကို ခန့်ထားရန်ရှိသည်ဟုလည်း ပညာရေးမှူးရုံးမှသိရသည်။

No comments:

Post a Comment