Wednesday, June 5, 2013

အကြမ်းဖက်မှုအန္တရာယ် ဘယ်လိုအမြစ်ဖြတ်ကြမလဲ

အကြမ်းဖက်မှု အန္တရာယ် ဘယ်လိုအမြစ်ဖြတ်ကြမလဲ
===============
ဒေါ်ဒွဲဘူ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
Popular Myanmar News Journal 

ဒါကပြောဖို့ ခက်ပါတယ်။ တကယ် ပဲ ဘာသာရေး အသွင်ဆောင်တာလား။ နိုင်ငံရေးအကျိုးအမြတ် တစ်ခုအတွက် ဘာသာရေးကို ခုတုံးလုပ်တာ လား ဆို တာကို အဓိကလေ့လာဖို့လိုအပ်ပါ တယ် ။အရင် အစိုးရခေတ်ကဆို ဗုဒ္ဓ ဘာသာကလွဲပြီးတခြားဘာသာတွေကို တော်တော်လေး အခွင့် အရေး မပေးခဲ့ ဘူးလေ။ အဲ့ဒီတုန်းက ဒီလိုမျိုး ပြဿ နာတွေ သိပ်မရှိခဲ့ဘူးလေ။ ကျွန်မတို့ ခရစ်ယာန်ဆိုလည်း တော်တော်လေး လှိမ့်ခံရတာပဲလေ။ ဒါပေမဲ့ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ဖြစ်မှ မဖြစ်ခဲ့တာပဲ။

    အခု ကျွန်မ အမြင်တော့ ဘာသာ ရေးမဟုတ်ဘူးလို့ မြင်တာပဲ။ နိုင်ငံရေး အကျိုးအမြတ်တစ်ခုအတွက် ဘာသာ ရေးအကြောင်းပြပြီး ဝင်အကြမ်း ဖက် တယ်လို့ပဲ မြင်ပါတယ်။ ဗုဒ္ဓဘာသာက လည်း သည်းခံခြင်းတရားနဲ့ပဲ၊ မွတ်ဆ လင်ရော၊ ကျွန်မတို့ ခရစ်ယာန်တွေရော အကုန်လုံး သည်း ခံခြင်းတရား အဆုံး အမနဲ့ နေလာခဲ့တာပဲ။

 မဖြစ်ခင်ကတည်းက ကြိုတင် ဖော်ထုတ် အရေးယူတဲ့အပိုင်းမှာ အ ရမ်းအားနည်းပါတယ်။ အခုလိုမျိုး ပဋိ ပက္ခတွေဖြစ်၊ မီးလောင်ဆုံးရှုံးမှုဖြစ် ပြီးမှ ဖမ်းဆီး အပြစ်ပေးတာထက်စာရင် ကြိုတင်ကာကွယ်နိုင်ရင် ပြည်သူတွေ အတွက် ပိုကောင်းတာပေါ့။ တရား ဥပဒေစိုးမိုးမှု ပိုရှိလာတယ်လို့ ပြော လို့ရ မှာပေါ့။ ကျွန်မအမြင်ကတော့ ရဲ ထောက်လှမ်းရေးတို့၊ြှ တို့လိုမျိုးဟာ တွေဟာ တော်တော်အားနည်းတယ်လို့ မြင်ပါတယ်။ အဲ့ဒီဘက်မှာ အင်အား လည်း တိုးသင့်တယ်လို့ ထင်ပါတယ်။ ပြီးတော့ နိုင်ငံတကာနဲ့အညီဖြစ်အောင်သင်တန်းတွေ၊ နိုင်ငံတကာမှာ ဘယ်လို လုပ်ကိုင်ဆောင်ရွက် လဲ သိရအောင် ပညာသင်တွေလည်း အများကြီးလွှတ်ဖို့ လိုပါလိမ့်မယ်။ အဲ့ဒါမှ ကိုယ့်နိုင်ငံမှာ အကြမ်းဖက်မှုတွေက ကာကွယ်နိုင်မှာ ပေါ့။ ဒါဟာ တရားဥပဒေစိုးမိုးရေး ကိုလည်း အများကြီးအထောက်အကူ ပြုပါလိမ့်မယ်။ 

အခုလိုမျိုး ပြည်နယ်နဲ့ တိုင်းတွေမှာ အကြမ်းဖက်မှုေ တွ တောက်လျှောက် ဖြစ်နေတာဟာ နိုင်ငံ ရဲ့ အပြောင်းအလဲဖြစ်စဉ်ကို ထိခိုက် လာနိုင်တာ သတိထားရပါမယ်။ ပြီး တော့ ပဋိပက္ခဖြစ်တဲ့နေရာတွေဟာ ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ နေရာအနီးတစ်ဝိုက်မှာ ဖြစ်တဲ့ကိစ္စ အပေါ်လည်း ဂရုစိုက်သင့်တယ်။ ပဋိ ပက္ခဖန်တီးလိုတဲ့သူတွေဟာ အဲ့ဒါတွေ ကို သွားထိလိုက်ရင် ဆုံးရှုံးမှု အရမ်း ကြီးမှာဆိုတော့လေ။ ကျွန်မတို့နိုင်ငံက လည်း အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့ပိုက် လိုင်းနဲ့ဆိုတော့ အဲဒီနေရာတွေမှာ ဖြစ် ခဲ့ရင်ဘယ်လို ကာကွယ်မလဲဆိုတာ ကြိုပြီး ပြင်ဆင်ထားသင့်တယ်။ ဒါဟာ အစိုးရတစ်ခုတည်းရဲ့ တာဝန်မဟုတ် ဘူး။ ပြည်သူတွေမှာလည်း တာဝ န်ရှိ တယ်။ ဒီလို အဖျက်လုပ်ငန်းတွေကို တားဆီးကာကွယ်ဖို့ဆိုတာ အစိုးရမှာ တင် မဟုတ်ဘဲ ပြည်သူတစ်ဦးချင်းစီက အသိစိတ်အပြည့်နဲ့ တာဝန် ယူစေချင် တယ်။

ဒီလို ပဋိပက္ခတွေ လုံးဝရပ်ဆိုင်း သွားဖို့က အချင်းချင်း ချစ်ခြင်းမေတ္တာ ထားဖို့ပဲ။ ဒို့နိုင်ငံရဲ့ သွားနေတဲ့ နိုင်ငံ ရေးလမ်းကြောင်းကိုလည်း အားလုံးက ဝိုင်းဝန်းကူညီဖို့ လိုပါလိမ့်မယ်။ ပဋိပက္ခ ဆိုတာကတော့ တကယ့် ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံတွေမှာတောင် လုံးဝ ချုပ်ငြိမ်းတယ်မှ မရှိတာ။ အားလုံး စုစည်းထိန်းသိမ်းရမှာပါ။ လုံးဝချုပ်ငြိမ်း သွားဖို့ဆိုတာ အင်မတန် ခဲယဉ်းပါ တယ်။ လူအမျိုးမျိုး၊ စိတ်အထွေထွေဆို တော့လေ။

Popular Myanmar News Journal မှ ကူးယူဖော်ပြပါသည်။ 
 http://popularmyanmar.com/mpaper/?p=70620

No comments:

Post a Comment